ဖန်ခါးကုန်းကျေးရွာ စာပေဟောပြောပွဲ

ဂရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်း ပုသိမ်နှင့် Stromme Foundation တို့ ပူးပေါင်းဆောင်ရွက်ပြီး Dream စီမံကိန်းကျေးရွာအတွင်းရှိလူငယ်များအတွက် ” မျှော်လင့်ခြင်းခြေလှမ်း ( ၂) စာပေဟောပြောပွဲကို သာပေါင်းမြို့နယ် ရွေးကုန်းသာသနာ ဖန်ခါးကုန်းကျေးရွာတွင် ယနေ့ညနေ ၄ နာရီခွဲမှ ၉ နာရီထိ ပြုလုပ်ကျင်းပဖြစ်ပါသည်။ ဤစာပေဟောပြောပွဲတွင် စာရေးဆရာ ဗေလုဝ၊ ဆရာညီမင်းညို ၊ဆရာကြီး ဦးတိုးဝေ တို့က ဟောပြောပို့ချမည်ဖြစ်ပါသည်။