Pathein Catholic Diocese

ယုံကြည် အစေခံ ဦမြဟန်ရဲ့ ဘဝနောက်ကြောင်း (အဆုံးပိုင်း)
ဆိုးသွမ်းတဲ့ ဖခင်ဖြစ်သူက မိသားစုတစ်ခုလုံးကို စွန့်ခွာထားခဲ့တဲ့အတွက် ဦးဂျိုးဇက်မြဟန်ဟာ ငယ်စဉ်ကလေးဘဝက မိဘနှစ်ပါးတကွဲတပြားဖြစ်ခဲ့ပြီး မိခင်နဲ့သာနေခဲ့ရတယ်လို့ ဇနီသည်ရဲ့ ပြောပြချက်အရ သိခဲ့ရပါတယ်။ ဘဝကမလှ ငယ်စဉ်က သူ့ဘဝပါပဲ။
