Pathein Catholic Diocese

ရဟန်း ၇၀ ပါးအား ၄ရက်တာသင်တန်းပေး
ရဟန်းဘဝရဲ့ ပျော်ရွှင်ခြင်း ခေါင်းစဉ်ဖြင့် မြန်မာကက်သလစ်သာသနာများမှ
ရဟန်းတော် (၇၀) ပါးကို ၄ ရက်တာ သင်တန်းပေး
########
ရဟန်းဘဝရဲ့ ပျော်ရွှင်ခြင်း (Priestly Joy – Renewal Course For Priests) ခါင်းစဉ်ဖြင့် ရဟန်းတော်များ ဝတ်စောင့်ပွဲ ကို ပုသိမ်ဂိုဏ်းအုပ်သာသနာ မရမ်းချောင်း တွင် သြဂုတ်လ ၂၁ မှ ၂၄ ထိ ၄ ရက်တာ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံရှိ ကက်သလစ် သာသနာအသီးသီးမှ ရဟန်းတော် (၇၅) ပါး ပါဝင်တက်ရောက်ခဲ့ပါသည်။
ဝတ်စောင့်ပွဲခြင်း အခမ်းအနားကို ဖိ လစ်ပိုင်နိုင်ငံ ဖိုကိုလာရီအဖွဲ့ (Work Of Mary ) မှ စန်ကားလို့စ် သာသနာဆရာ တော် Most Rev. Gerardo Alminaza. D.D. (Spirituality နှင့် ရောမမြို့. Collegio Filippino ကျောင်းမှ ဝိညာဉ် လမ်းညွန် Rev. Fr. Andrew G. Recepcion, STD မှ ဦး ဆောင် ပို့ချကာ ခဲ့ကြသည်။
သင်တန်းတွင် ယနေ့ခေတ်တွင် ရ ဟန်းတစ်ပါးအတွက် စဉ်ဆက်မပြတ် ပြုပြင် ပြောင်းလဲမှုဆီသို့ ဦးတည်လျှောက်လှမ်း နိုင်ရေးအတွက် သံဓိဌာန်တခု လိုအပ်ပြီး အ ခြေအ နေကို သုံးသပ် ခြင်းသည် လုပ်ငန်း ဆောင်တာအမျိုးမျိုးဖြင့် သိုးထိန်းတာဝန် ထမ်း ဆောင်လျှက် အချိန် ကုန်ဆုံးရသော ရဟန်းတစ်ပါး၏ ပုံရိပ်ကို ဖမ်းဆုတ်မိ စေ ကြောင်း ရဟန်းများစွာတို့သည် သိုးထိန်း တာဝန်ကို တက်ကြွစွာထမ်းဆောင် နေရာ မှ ခေတ္တအားယူရန် ၊ စဉ်ဆက်မပြတ် သင် ယူ လေ့လာရန် အချိန် မရှိကြသောကြောင့် ယခုသင်တန်းသည် ရဟန်းဘဝ၏ ပျော်ရွှင် ခြင်းကို ရှာဖွေနိုင်ရန် ကူညီပေးခြင်း ဖြစ် ကြောင်း သင်းတန်းဦးဆောင်သူများက ရ ဟန်းတော်များကို ယခုသင်တန်းနှင့် ပတ် သက်၍ မိတ်ဆက်ပြောကြားခဲ့သည်။
ထို့အပြင် ဘာသာဝင်များသည် အတိတ် ကာလထက် ပို၍ ရဟန် းများအား အသင်းတော်၏ အခက်အခဲများ အထူး သဖြင့် ဆင်းရဲသားများအတွက် နားလည် နိုင် စွမ်းရှိသူများ၊ စေ့စပ်ဆွေးနွေးနိုင် သူ များ၊ ပေါင်းစည်းပေးသူများ၊ ဘုရားရှင် နှင့် သူတို့ကိုယ်တိုင် တွေ့ကြုံခဲ့ရခြင်းကို ပြော ဆိုသည့် သိုးထိန်းအစစ် အမှန်များ၊ ပျော် ရွှင်ခြင်းနှင့် စုံလင် ခြင်းကို ရောင် ပြန် ဟပ် စေလိုသူများအဖြစ် မြင်လိုကြကြောင်း ဆ ရာတော် ကြီး Most Rev. Gerardo Alminaza. D.D. ဆိုသည်။
ယခု သင်တန်းပေးခြင်း၏ ရည်ရွယ် ချက်များမှာ
၁) ရဟန်းများသည် ကိုယ်၊ စိတ် ၊ နှ လုံး သုံးပါးအား အနားယူနိုင်သည့် အငွေ့အ သက်ပေးခြင်းဖြင့် သိုးထိန်းလုပ်ငန်းမှ ခေတ္တ အနားယူနိုင်ရန်၊
၂) ပေါင်းစည်းခြင်း နည်းလမ်းဖြင့် သန့် ရှင်း မြင့်မြတ်သော လမ်းသို့ လျှောက် လှမ်း နိုင်ရေးအတွက် သာသနာဆိုင်ရာ ဝိညာဉ် အသက်တာကို ထောက်ရှုဆင်ခြင်ရန် ၊
၃) သိုးထိန်းခေါင်းဆောင် နှင့် သာသ နာ ပြန့်ပွားရေးဆိုင်ရာ ဗဟုသုတများ ရစေ ရန် တို့ဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် ပါဝင် တက်ရောက်သူ ရဟန်းများသည် မိမိတို့၏ တစ်ဦးခြင်းနှင့် ရ ဟန်းဆိုင်ရာ အတွေ့အကြုံများနှင့် အတူ ဝိညာဉ်ရေးဆိုင်ရာ ၊ အသင်းတော် ဆိုင်ရာ ဓမ္မဗေဒနှင့် ရဟန်း ခေါင်းဆောင်မှုဆိုင်ရာ ခေါင်းစဉ်များကို ထောက်ရှုုဆင်ခြင် ခဲ့ကြပါ သည်။ သင်တန်းတက် ရောက်သူများ အ နေဖြင့် အတူတကွ ဝတ်ပြုဆုတောင်းခြင်း၊ ဟောပြောပွဲများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ အပြန်အလှန် ဆွေးနွေးခြင်းများနှင့် အတွေ့ အကြုံ ဝေမျှခြင်းများဖြင့် တက်ကြွစွာ ပါဝင် ခဲ့ကြပါသည် ။
