curatnskl

curatnskl

သန်းခေါင်ယံည နာတာလူးပွဲတော်ကြီး

နာတာလူးပွဲတော်ကြီး (သန်းခေါင်ယံည) ရှင်လုကာ ၂း ၁-၁၄ ယနေ့ညသည် သခင်ယေဇူးဖွားမြင်ခြင်းကို ခံတော်မူသော ခရစ္စမတ်ပွဲတော်ညဖြစ်၏။ ရောမဧကရာဇ်ဘုရင်ကြီး ဆေဇာဩဂုတ်စတုစ်သည် ဂျူဒေယာပြည်၌နေထိုင်သောသူ အပေါင်းတို့ကို သန်းခေါင်စားရင်းကောက်ခံစေခဲ့၏။ ဒါဝိတ်မင်းကြီးသည်ဂျူဒေယာပြည်နယ်ရှိဗက်သလင်ဟင်မြို့၌နေထိုင်ခဲ့၏။အဖသံဇူဇယ်သည်ဒါဝိတ်မင်းကြီး၏အမျိုးအနွယ်ဖြစ်၏။ ထို့ကြောင့် အဖသံဇူဇယ်နှင့်အမိမယ်တော် မာရီယားတို့သည် သန်းခေါင်စာရင်းပေးသွင်းရန်အတွက် ဗက်သလင်ဟင်မြို့သို့ သွားကြရ၏။ ထိုအချိန်မယ်တော်မာရီယားသည် ကိုယ်ဝန်အရင့်အမာရှိနေပြီဖြစ်၏။ ဗက်သလင်ဟင်ရှိ တည်းခိုခန်းများသည် သန်းခေါင်စာရင်းပေးသွင်းရန် အနယ်နယ်အရပ်ရပ်မှ လာသော ဧည့်သည်များနှင့် ပြည့်နှက်လျှက်ရှိ၏။ အဖသံဇူဇယ်သည် တည်းခိုစရာနေရာကို ကြိုးစား၍ရှာဖွေခဲ့သော်လည်း မရရှိခဲ့ပေ။ ထို့ကြောင့်အဖသံဇူဇယ်နှင့် အမိမယ်တော်တို့သည် နွားတင်းကုတ်၌ သွားရောက်၍တည်းခိုခဲ့ကြရ၏။ မယ်တော်သည် သူငယ်တော်ယေဇူးကို…

အာဒ်ဝင်တူးကာလ စတုတ္ထတနင်္ဂနွေနေ့အတွက်သြဝါဒ

အာဒ်ဝင်တူးကာလ စတုတ္ထတနင်္ဂနွေနေ့ ၂၀၂၂ ဒီဇင်ဘာ ၁၈။ ရှင်မာတေဦး ၁း ၁၈-၂၄ ခရစ္စမတ်ပွဲတော်ကြီးသည် အလွန်နီးကပ်လာနေပြီဖြစ်၏။ ကျွန်ုပ်တို့သည် ခရစ္စမတ်ပွဲတော်အတွက် ကြိုတင်ပြင်ဆင်နေကြသည်မှာ ဥပုဒ်သုံးပတ်ခန့်ရှိခဲ့ပြီဖြစ်၏။ ဤယနေ့ ကျမ်းစာအားဖြင့် အမိအသင်းတော်ကြီးက ကြွလာတော်မူမည့် ကယ်တင်ရှင်မက်ဆီးယားသည် မည်သို့သောပုဂ္ဂိုလ်ဖြစ်ကြောင်းကို ကျွန်ုပ်တို့အား သိရှိစေပါသည်။ ကျွန်ုပ်တို့သည် အမိမယ်တော်နှင့် အဖသံဇူဇယ်တို့ကဲ့သို့ ကယ်တင်ရှင်မက်ဆီးယားကို လက်ခံကြရမည်။ ဘုရားသခင်၏အလိုတော်အတိုင်း လိုက်နာဆောင်ရွက်ကြရမည်။ ကယ်တင်ရှင်သည် ဘုရားစင်စစ်လူစင်စစ်ဖြစ်တော်မူ၏။ အမိမယ်တော်နှင့် အဖသံဇူဇယ်တို့သည် ကယ်တင်ရှင်ကို မည်သို့မည်ပုံ လက်ခံကြသည်ကို ယနေ့ကျမ်းစာ၌ဖော်ပြထားလျှက်ရှိ၏။  အမိမယ်တော်က သူမ၏ဘဝနှင့် သူမပိုင်ဆိုင်သမျှအရာအားလုံးကို…

အာဒ်ဝင်တူးကာလ တတိယတနင်္ဂနွေနေ့အတွက် ထောက်ရှုချက် (သြဝါဒ)

အာဒ်ဝင်တူး တတိယတနင်္ဂနွေ ၁၁ ဒီဇင်ဘာ ၂၀၂၂ ရှင်မာတေဦး ၁၁း ၂-၁၁ ယနေ့ကျမ်းစာ၌ သခင်ယေဇူးက ရှင်ယောဟန် ဗတ္တဇံကို ချီးမွမ်းထားကြောင်းတွေ့ရ၏။ သခင်ယေဇူးက “ငါဧကန်အမှန်ဆိုသည်ကား မိန်းမများမှဖွားမြင်သောသူတို့သည် ယောဟန်ထက်ကြီးမြတ်သောသူ မပေါ်ထွန်းသေး” ဟု မိန့်တော်မူ၏ (ရှင်မာတေဦး ၁၁း ၁၁)။ ယောဟန်သည် အမှန်တရားကို ချစ်မြတ်နိုးသူဖြစ်၏။ မှန်လျှင် ဟေရုဒ်မင်းကြီးကိုပင် ပြောရဲ၏။ ဟေရုဒ်မင်းကြီးအား ညီဖြစ်သူ၏ ဇနီးနှင့် တရားမဝင်ပေါင်းသင်းခြင်းအတွက် ရှုတ်ချခဲ့၏။ ယောဟန်သည် ကြီးမြတ်သော ပရောဖက်ဖြစ်သည်။ သူသည် ကယ်တင်ရှင်မက်ဆီးယား၏ ရှေ့တော်ပြေးဖြစ်ကြောင်းကို…

အာဒ်ဝင်တူးကာလ ဒုတိယတနင်္ဂနွေနေ့အတွက် တရားဒေသနာတော် (ဩဝါဒ)

အာဒ်ဝင်တူးကာလ ဒုတိယတနင်္ဂနွေနေ့ ၄ ဒီဇင်ဘာ ၂၀၂၂။ ရှင်မာတေဦး ၃း ၁-၁၂ အာဒံနှင့် ဧဝတို့၏အပြစ်ကြောင့် ကောင်းကင်တံခါးပိတ်သွားခဲ့၏။ သို့သော် ဘုရားသခင်သည် ကမ္ဘာလူသားတို့ကို စွန့်ပစ်၍မထားပေ။ ကယ်တင်ရှင်ကို စေလွှတ်ပေးမည်ဟု ကတိထားခဲ့၏။ ကယ်တင်ရှင်သည် ကမ္ဘာလူသားတို့၏ အပြစ်ကိုဆပ်ဖြေ၍ ကောင်းကင်တံခါးကိုဖွင့်ပေးရန် ဤလောကသို့ဆင်းကြွလာခဲ့၏။ ကယ်တင်ရှင်သခင်ယေဇူး သည် နာဇရက်မြို့ကလေး၌ နှစ်ပေါင်းသုံးဆယ်တိုင်တိုင် မထင်မရှားနေထိုင်ခဲ့၏။ ကမ္ဘာလူသားတို့ကို ကယ်တင်ရန်အချိန်ကျရောက်လာသောအခါ ကယ်တင်ရှင်ယေဇူးသည် လူ့ဘုံအလယ်လို့ပေါ်ထွက်လာခဲ့၏။ လူအပေါင်းတို့သည် ကယ်တင်ရှင်ကို ထိုက်တန်စွာကြိုဆိုလက်ခံနိုင်စေရန် ရှေ့တော်ပြေးတစ်ယောက်ကို စေလွှတ်ခဲ့၏။ ဘုရားသခင်သည် ကယ်ကယ်ရှင်၏ရှေ့တော်ပြေးကို စေလွှတ်ပေးမည့်အကြောင်းကို…

အာဒ်ဝင်တူးကာလ ပထမတနင်္ဂနွေနေ့ အတွက် ဩဝါဒ

အာဒ်ဝင်တူးကာလ ပထမတနင်္ဂနွေနေ့ (၂၀၂၂ နိုဝင်ဘာ ၂၇)။ ရှင်မာတေဦး ၂၄း ၃၇-၄၄ ယနေ့မှစ၍ ကျွန်ုပ်တို့သည် အာဒ်ဝင်တူး အချိန်ကာလကို ရောက်ရှိနေကြပြီဖြစ်သည်။ အာဒ်ဝင်တူးကာလသည် ဥပုဒ်လေးပတ်ခန့်ကြာမြင့်၏။ ဤအချိန်ကာလသည် သခင်ယေဇူးကြွလာခြင်းအတွက် ပြင်ဆင်ရသော အချိန် ကာလ ဖြစ်၏။ သခင်ယေဇူးကြွလာခြင်းမှာ နှစ်ကြိမ်ဖြစ်မည်။ ပထမအကြိမ်တွင် ကိုယ်တော်သည် လူ့အဖြစ်နှင့် ဤလောကသို့ ကြွလာခဲ့၏။ အမိမယ်တော်၏ ဝမ်းတော်၌ ပဠိသန္ဓေစွဲယူခဲ့၏။ ဗက်သလင်ဟင်မြို့ နွားစားခွက်တွင် ဖွားမြင်ခြင်း ကိုခံခဲ့၏။ နာဇရက်မြို့၌ ကြီးပြင်းလာပြီး အဖသံဇူဇယ်နှင့်အတူ လက်သမားအလုပ်ကို လုပ်ကိုင်ခဲ့၏။…

လိုအပ်နေသူများကိုသာ ဖိတ်ကြားဧည့်ခံခြင်း

၃၁ ကြိမ်မြောက် တနင်္လါနေ့။ အောက်တိုဘာ ၃၁ ရက်။ လုကာ ၁၄ ၊ ၁၂ မှ ၁၄ လိုအပ်နေသူများကိုသာ ဖိတ်ကြားဧည့်ခံခြင်း ညစာပွဲ စားသောက်ပွဲ၊ကျွေးမွေးတည်ခင်းသောခါ၊ မိတ်ဆွေ ညီကိုချမ်းသာအိမ်နီးချင်းများ မဖိတ်နဲ့ဖိတ်ကြားပါက သူတို့လည်း သင့်ကိုပြန် လည်ဖိတ်ကြား ကျေးဇူးတုန့်ပြန်ကြလိမ္မည်။ဆင်းရဲသောသူ အင်္ဂါချို့တဲ့ ခြေမသန် မျက်စိမမြင်သူတို့ကို ဖိတ်ကြားလော့၊သင်သည်မင်္ဂလာရှိမည်၊အကြောင်းမှာသူတို့ကသင့်ကိုကျေးဇူး မတုန့်ပြန်နိူင်သောကြောင့်ဖြစ်၏ရှင်ပြန်သောကာလသင်သည်ကျေးဇူးတုန့်ပြန်ခြင်း ခံရလိမ့်မည်။ခရစ်ယန် ယုံကြည်ခြင်းအရ လောကအလယ် ကျင့်ဝတ် ပြုမူလုပ်ဆောင်ရာမှာ၊သာခြင်းနာခြင်း၊အရှုံး အမြတ်ပေးရန်ရှိ ရရန်ရှိ၊ အရာများကို လောကအတိုင်း မတွက်ရပါ။ ဘုရားတွက်နည်းဖြင့်သာ တွက်ပါ၊အားလုံးအဆုံးမှာ…

ပြောင်းလဲခြင်း၊ conversion.

၃၁ ကြိမ် သာမန် တနင်္ဂနွေနေ့၊ အောက်တိုဘာ ၃၀ ရက်။ လုကာ ၁၉၊ ၁ မှ ၁၀ ဇာခေဦး အကြောင်း၊ ပြောင်းလဲခြင်း၊ conversion. သဘောထား၊အတွေးခေါ်၊အပြုမူပြောင်းလဲရုံ၊ဆိုသည်ထက်၊ ဘုရားသခင်ဖက်သို့ ပြန်လှည့်ခြင်း၊ဘုရားသခင်ကို လက်ခံလိုက်ခြင်းပါလို့၊အဓိပ္ပါယ် ဖွင့်ဆိုသည်။ပုဂ္ဂိုလ်တစ်ခုလုံး ဘုရားလူ၊တရားသူ ဖြစ်လာခြင်းဒီလူဟာမိမိကိုယ်တိုင် ပြည့်စုံတယ်လုံလောက်တယ်၊ဘာမှမလို အခြေနေမှ ဘုရားဖက်ကို ပြန်လှည့်၊ငါ့ရဲ့လုံလောက်ခြင်းတွေ အဆင်မပြေပါလား၊လုံလောက်မှုမရှိပါလားသိပြီးဘုရားထံပါးကိုယ့်ကိုယ်ကို အပ်နှံလိုက်ခြင်းက ပြောင်းလဲမှု အစပါ၊ခရစ်တော်ရဲ့ ကတိတော်ကို လုံးဝယုံကြည် လိုက်ခြင်း ဖြစ်တယ်။ ဇာခေဦးဟာ အခွန်ခံသူများရဲ့အရာရှိပါ၊ဥစ္စာကြွယ်ဝတဲ့ လူကုံတန်၊သူ့ကိုယ်သူ လုံလောက်တယ်လို့မသတ်မှတ်ဘူး၊မလုံလောက်နေဘူးဒါ့ကြောင့် ကယ်တင်ခြင်းကိုမျှော်နေရှာတယ်၊…

လူသား အဓိက လိုအပ်ချက်။

၃၀ ကြိမ်မြောက် စနေနေ့ အောက်တိုဘာ၊ ၂၉ ရက်။ ဖိလိပိ ၁ ၊ ၁၈ မှ ၂၆ လုကာ ၁၄ ၊ ၁၊ ၇ မှ ၁၁ ဆာလံ ၄၂။ လူသား အဓိက လိုအပ်ချက်။ ရုပ်ဝတ္ထု ပစ္စည်း၊လောကအရာများ၊အသက်ရှင် နေထိုင်ဖို့ မရှိမဖြစ် လိုအပ်တယ်၊အဓိက လိုအပ်ချက်တော့မဟုတ်ပါ၊ဒါတွေ ရှိပေမဲ့ ဘဝ အနှစ်သာရ၊ အဓိပ္ပါယ် ပျောက်နေတဲ့၊ လူတွေ အများရှိနေတယ်။ဒီအရာတွေလုံလောက်မရှိ၊ဒုက္ခ ခက်ခဲ ကြုံပေမဲ့အဓိပ္ပါယ် အနှစ်သာရ…

တမန်တော်ကြီး နှစ်ပါး ပွဲနေ့။

အောက်တိုဘာ ၂၈ ရက်။ ရှင်ဆိုင်မွန် နှင့် ရှင်ဂျုဒ် တမန်တော်ကြီး နှစ်ပါး ပွဲနေ့။ ဆိုင်မွန် ကာနန်နယ်သား၊တချို့နေရာဆဲလပ်စ် ဆိုင်းမွန်း၊အတူတွဲကာရှေ့နောက် တလှည့်စီဖော်ပြခံရကြ။ဆိုင်းမွန်း အမည်က စိတ်အားထက်သန်သူ၊ဖြစ်တယ်၊လူမျိုးကို ချစ်သူဂျူး ဖြစ်ရခြင်းကို တန်ဖိုးထားမြတ်နိူးသူပါ၊ဘုရားအတွက်၊လူမျိုးတွက်ဇွဲ စိတ်ထက်သန်စွာ ဦးဆောင်ခဲ့သူ၊ရှင်မဿဲက အခွန်ခံသူ၊နှစ်ယောက်အလုပ်အကိုင်သဘာဝ မတူကြပါ။မတူကွဲပြားသဘာဝရှိကြပေမဲ့၊သခင်ခေါ်တယ် သုံးတယ်။တပည့်တပန်းနောက်လိုက်ခေါ်တဲ့နေရာ၊ ဘာသာရေး လူမှုရေး အခြေခံ နယ်ပယ်ပေါင်းစုံ ကနေ ခေါ်တာ တွေ့ရတယ်။ လူမှု အဆင့်တန်း ရာထူးခေါင်းစဥ်နှင့်မဆိုင် ဘဲ သူ့ကိုစိတ်ဝင်စားသူမှန်သမျှခေါ်နေတယ်ဆိုတာ သိရမယ်အမျိုးမျိုးသော ကွဲပြားမှုတွေ ရှိငြားသော်လည်း အတွေးခေါ် အခြေခံနောက်ခံ…

ရှင်လုကာက သခင့်ကိုပရောဖက်တစ်ပါး အဖြစ်လည်း နားလည်စေလိုပါတယ်၊

၃၀ ကြိမ် ကြာသပတေးနေ့။ အောက်တိုဘာ ၂၇ ရက်။ ဧဖက် ၆ ၊ ၁၀ မှ ၂၀၊လုကာ ၁၃ ၊ ၃၁ မှ ၃၅။ ရှင်လုကာက သခင့်ကိုပရောဖက်တစ်ပါး အဖြစ်လည်း နားလည်စေလိုပါတယ်၊ ပြီးခဲ့ရက်များကလည်းကျွန်ပ်တို့ ထောက်ရှုခဲ့ပြီးပြီ၊ဘုရားစင်စစ် လူသားစင်စစ် ဖြစ်ပြီးပရောဖက် တစ်ပါးအခန်းကဏ္ဍ၊ပရောဖက်တစ်ပါးရဲ့ အလုပ်များလုပ်ဆောင်ခဲ့တာကို အသားပေးဖော်ပြတဲ့ ဧဝံဂေလိ ကျမ်းတစောင်လည်း ဖြစ်တယ်။ ဂျေရုဇလင် ခရီးအဆုံးမှာ ပရောဖက်များအသေခံရတဲ့ အရာဟာ အားလုံးသိပြီးပါ၊သခင်လည်း ဒီလို အသေခံရဦးမယ်၊အကြောင်းပါလာလို့၊မလွဲမရှောင်သာလို့စိတ်လက်မပါ လုပ်ရတာမျိုး မဟုတ်မူဘဲ…