curatnskl

curatnskl

ဘုရား ရှိနေခြင်း

၂၆ ကြိမ် အင်္ဂါနေ့။ စက်တင်ဘာ ၂၇ ရက်။ ယောဘဝတ္ထု ၃ ၊ ၁ မှ၂၃ လုကာ၊ ၉ ၊ ၅၁ မှ ၅၆ ဘုရား ရှိနေခြင်း ယောဘ ဒုက္ခ ကြီးမားလှသည်၊နှစ်ချက် ညည်းတွားတာ ဖတ်ရသည်မမွေးခဲ့ရင် ကောင်းမယ်၊ သေဖို့သာပိုကောင်းတော့တယ်၊ဒီနှစ်ချက်အကြားမှာ ဘုရား ရှိနေဘုရားကို မျက်မှောက် ပြုနေတယ်။ဘုရားချုပ်နှောင်တဲ့သင်္ချိုင်းတွင်းရှိသူတို့ရဲ့ အစုအဝေးထဲ ရောက်ဖို့ ပိုကောင်းမယ်၊ညည်းသံမှာ ဘုရား ဆိုတဲ့ ပုဂ္ဂိုလ်ဟာ၊သူ့ဘဝထဲမှာအခြေခံအဖြစ် ရှိနေတာကိုဖော်ပြတယ်။ သူ့မှာ မျှော်လင့်ချက်၊အားထားရတဲ့ အရာများ၊မရှိတော့ဘူး၊…

စွမ်းအားမဲ့ခြင်းအာဏာမဲ့ခြင်း

၂၆ ကြိမ် တနင်္လါနေ့ စက်တင်ဘာ ၂၆ ရက်။ ယောဘ၊ ၁ ၊ ၆ ၂၂။ လုကာ၊၉ ၊ ၄၆ ၅၀။ စွမ်းအားမဲ့ခြင်းအာဏာမဲ့ခြင်း တစ်ပတ်လုံး ယောဘကျမ်း ဖတ်ရမှာ ဖြစ်လို့ အခြေခံ အချက်ကြည့်စို့။ယောဘ ချမ်းသာတယ်၊ပျော်ရွှင်တဲ့ မိသားစု ပိုင်တယ်၊ဖြောင့်မတ်တယ်၊ယုံကြည်ခြင်းပြည့်ဝတယ်။ဒုက္ခများစွာခံရလည်း၊ဇွဲရှိတယ်၊ခံနိူင်ရည်ရှိနေ တယ်၊ဘုရားအပေါ်ယုံကြည်တယ်။ယခင်က ယောဘဝတ္ထုရဲ့ အဓိကအကြောင်း main theme ၊ဇွဲရှိလွန်း တဲ့ယောဘ အဖြစ် သတ်မှတ်ခဲ့ပြီး၊နောက်ပိုင်း၊ယောဘဝတ္ထုရဲ့ အဓိကအချက်၊ဘုရားရဲ့မျက်မှောက်တော်၊ presence of God. လို့ပညာရှင်များမှတ်ချက်ပြုတယ်။အကြောင်းမှာယောဘက အသည်းအသန်ခံရသော်လည်း၊…

သူဌေးကြီး နှင့် လာဇရူး ပုံဥပမာ၊ စာနာစိတ် ကင်းမဲ့ခြင်း

၂၆ ကြိမ် တနင်္ဂနွေနေ့၊ စက်တင်ဘာ ၂၅ ရက်။ ရှင်လုကာ ၁၆ ၊ ၁၉ မှ ၃၁ သူဌေးကြီး နှင့် လာဇရူး ပုံဥပမာ၊ စာနာစိတ် ကင်းမဲ့ခြင်း။ သူဌေးကြီးက စာနာစိတ် ကင်းမဲ့ခြင်းဖြင့်၊ပညတ်တော်များကိုလည်းဖောက်ဖျက်ရာလက်မခံရာ ကျတယ်ပညတ်တော်များရဲ့ အချုပ်ဖြစ်တဲ့ကိုယ့်အချင်းချင်း အထူးသဖြင့် လိုအပ်တဲ့လူကို ကူညီရမဲ့ ပညတ်တော်ကို တိတိပပ ဖောက်ဖျက်လိုက်ခြင်းတွေ့ရတယ်။ ရှင်လုကာ အခန်းကြီး၁၆ တစ်ခုလုံး ငြင်းပယ်သူတွေကိုသခင်က နောက်ဆုံး ပြုပြင်ပေးနေတယ်၊ပြင်ဆင်ပေးနေတယ်၊ဒါကိုဘဲသူတို့က ပြောင်လှောင်လာတော့၊ဒီ ပုံဥပမာ အားဖြင့် နောက်ဆုံးလမ်းကတော့ ဒါဘဲ…

ဒုက္ခ ဝေဒနာအား တန်ဖိုးပေးခြင်း။

၂၅ ကြိမ် စနေနေ့၊ စက်တင်ဘာ ၂၄ ရက်။ ရှင်လုကာ ၉ ၊ ၄၃ မှ ၄၅။ ဒုက္ခ ဝေဒနာအား တန်ဖိုးပေးခြင်း ဘုရားသခင်က ဒုက္ခ ရောက်နေသူတို့အား၊ စကားလုံးသက်သက်မျှဖြင့်ကူညီခဲ့တာ မဟုတ်ပါ။သနားတယ် ဝမ်းနည်းတယ်၊အပြင်းထန်ရှုံချတယ်ပြော၊လုပ်ရပ်မပါ၊ပုဂ္ဂိုလ်မဟုတ်ပါ။တစ်ပါးသူရဲ့ လိုအပ်ချက်၊ ဒုက္ခတွေကို ကိုယ်တိုင် ပါဝင်ထမ်းတယ်၊ကိုယ်တိုင်ကိုယ်ကျ နက်ရှိုင်းပါဝင်လာခြင်းက သူတပါးအား သူ့ကိုယ်တိုင်ကိုဘဲ ပေးအပ်လိုက်ခြင်းပါ။သူပိုင်တဲ့ဟို အရာဒီအရာတွေကို၊ပေးခြင်းမျိုးမဟုတ်၊ကိုယ်ကိုယ်တိုင်ကိုပေးတာ။ ဒီလိုပေးနိူင်ဖို့ လူအဖြစ်ကို ယူတယ်။ လူသားစင်စစ် ဖြစ်တယ်၊ လူတို့ခံရဒုက္ခဝေဒနါကို ကိုယ်တိုင်ကိုယ်ကျခံ ယူတယ်၊ သေခြင်းကိုပင် ခံယူပြီးလူသားတစ်ဦးစီ…

သခင့်ကို နှလုံးသားဖြင့် သိခြင်း

၂၅ ကြိမ် သောကြာနေ့ စက်တက်ဘာ ၂၃ ရက်။ စိန့်ပါဒရေ ပီအို ပွဲနေ့။ ရှင်လုကာ ၉ ၊ ၁၈ မှ ၂၂။ Knowing with the heart. သခင့်ကို နှလုံးသားဖြင့် သိခြင်း။ ဒီနေ့ ကျမ်းပိုဒ်မှာ သခင်က၊ တပည့်တွေကို သူက ဘယ်လိုပုဂ္ဂိုလ်မျိုးလဲမေးလာတယ်။ သူဘယ်လိုကယ်တင်ခြင်းပေးမလဲဆိုတာ ဖွင့်ဟလာတယ်သူ့ရဲ့ identity and mission.သူ့ရဲ့ နောက်လိုက်တမန်တော်များကလည်း၊ကိုယ်တိုင်ဘဝ ဘယ်လိုပုံစံနဲ့လိုက်ရမလဲသိဖို့၊မီးမောင်းထိုးပြသလို ဖြစ်တယ်။ ရှင်လုကာ ဧဝံဂေလိကျမ်းက ဆုတောင်းခြင်းကို အလေးပေးရေးသားဖော်ပြတယ်၊ဆုတောင်းခြင်းဧဝံဂေလိကျမ်း၊ Gospel…

သမ္မာတရားကို ငြင်းပယ်ခြင်း

၂၅ ကြိမ် ကြာသပတေးနေ့၊ စက်တင်ဘာ ၂၂ ရက်။ ရှင်လုကာ ၉ ၊ ၉ မှ ၁၃ ။ သမ္မာတရားကို ငြင်းပယ်ခြင်း ဟေရုဒ်ဘုရင် စိတ်ရှုပ်ထွေးနေတယ်သမ္မာတရားကို လစ်လျူပြုဖို့ နည်းမျိုးစုံ သုံးတယ်၊ သမ္မာတရားကို နှိပ်ကွပ်ဖို့ သူတို့ ကြိုးစားတယ်၊ငြင်းပယ်ဖို့ အပြီးတိုင် ဖယ်ထုတ်ပစ်ဖို့၊ အမျိုးမျိုး ကြိုးစားတယ်၊ဒီလိုလုပ်တဲ့ လူများဟာ၊ အတွင်းစိတ် ငြိမ်သက်ပါသလား၊မငြိမ်ကြပါ၊သူတို့ရဲ့ သြတ္တပ္ပစိတ်ဟာအမြဲတန်းမငြိမ်သက် ကိုယ့်ကိုယ်ကိုပင်ကြောက်နေတဲ့အနေထားမှာရှိနေတယ်။ ဒီကနေ့ကြားရတဲ့ ဟေရုဒ် အခြေနေဒီလိုဖြစ်တယ်၊ဇဝေဇဝါဖြစ်၊ရှုပ်ထွေးသခင့်အကြောင်း သတင်းကြား ရတာအမျိုးမျိုးဖြစ်နေ၊ပိုဆိုးတာက သူကွပ်မျက်ခဲ့၊ယောဟန်အကြောင်းပါလာတော့ ပိုစိတ်ရှုပ်ခဲ့၊…

တမန်တော်ကြီး၊ကျမ်းရေးပုဂ္ဂိုလ်။

၂၅ ကြိမ် ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာ ၂၁ ရက်။ ရှင်မဿဲ ပွဲနေ့မြတ်။ တမန်တော်ကြီး၊ကျမ်းရေးပုဂ္ဂိုလ် ဘုရားသခင်ရဲ့ သနားခြင်းကိုလက္ခံရာမှာ စံနမူနာပြ ပုဂ္ဂိုလ် ဖြစ်တယ်၊နောက်လိုက် တပည့်ဆိုတာ၊သူ့ရဲ့ လူသားအားနည်းချက်ကို တွေ့ကြုံရပြီး ၊ လက်ခံပြီးတော့ဆရာသခင်ရဲ့အကူအညီကို တောင်းခံဖို့ နှိမ့်ချတဲ့၊ ရိုးသားတဲ့ ပုဂ္ဂိုလ် ဖြစ်တယ်။သခင့်နောက်တော်လိုက်ရင်း၊ ကုသခြင်းခံရပြီး ချိန်မှာ တစ်ဆင့်ပြီး၊ ဘုရားရဲ့ချစ်ခြင်းမေတ္တာ ၊သနားခြင်းစွမ်းအားကို ယုံကြည်သူ ဖြစ်တယ်။ဘုရားချစ်ခြင်းက သူ့မှာရှိတဲ့ မပြည့်စုံ ချက်တွေကို ကုသဖို့ လုံလောက်တာကိုလည်း ယုံကြည်တယ်။ဘုရားရဲ့ ချစ်ခြင်း သနားခြင်းဟာ အပြစ်ရဲ့ဒဏ်ချက်တွေကို…

ယုံကြည်ခြင်းရဲ့ အကျိုးကျေးဇူး

၂၅ ကြိမ် အင်္ဂါနေ့၊ စက်တင်ဘာ ၂၀ ရက်။ ရှင်လုကာ ၈၊ ၁၉ မှ ၂၁။ ယုံကြည်ခြင်းရဲ့ အကျိုးကျေးဇူး ဘုရားနုတ်တော်ထွက်စကားများကိုကြားနာ၍ လိုက်နာကျင့်သုံးသောသူတို့သည်၊ ငါ့အမေ နှင့် ငါ့ညီများဖြစ်ကြ၏၊ သခင်ပြောတဲ့ သူ့ရဲ့နူတ်တော်ထွက်စကားများကို လိုက်နာကျင့်သုံးတယ် ဆိုတာ၊ အခန်းကြီးတစ် ကတည်းကပြောထားတယ်၊စင်စစ် မင်္ဂလာ ရှိတယ်။ ဒီနေ့ အသုံးနှုံးအတိုင်းဘဲ ခန်းကြီး ၁၁ ငယ် ၂၈မှာ နုတ်ကပတ်တော် ကြားနာ လိုက်နာ ကျင့်သုံးသူတို့ စင်စစ် မင်္ဂလာရှိတယ်။ရှေ့နားလေးမှာဘဲ ဒီနေ့ဂျူးခေါင်းဆောင်တွေရဲ့ မယုံကြည်နိူင်ခြင်း၊…

ရှိသူအား ထပ်ပေးဦးမည်

၂၅ ကြိမ် တနင်္လါ နေ့ စက်တင်ဘာ ၁၉ ရက်။ ရှိသူအား ထပ်ပေးဦးမည်။ ပညာ အလိမ္မာကျမ်း။ ရှင်လုကာ ၈ ၊ ငယ် ၁၆ မှ ၁၈။ ဖြောင့်မတ်သူနေထိုင်အသက်ရှင်ပုံ ရိုးသားဖြူစင်၊သည်ထက်ဘုရားရှင်တည်ရှိကြောင်းစွဲမြဲ ယုံကြည်သော ပုဂ္ဂိုလ်ဖြစ်တယ်၊ဘုရားရှင် ရှိနေ၊သိနေကြည့်နေတယ်ဆိုတဲ့ အသိကြောင့် ကောင်းမွန်စွာ အသက်ရှင် နေထိုင်တယ်။အကျင့်ကောင်းမွန်လို့ ဖြောင့်မတ်သူ ဆိုခြင်းထက် စွဲမြဲ နက်ရှိုင်းတဲ့ ယုံကြည် ခြင်းရှိ ခြင်းကြောင့်၊သူတို့နေထိုင်သက်ရှင်မှုကလည်း ယုံကြည်ခြင်းအပေါ်မူတည် အသက်ရှင်ကြလို့ဖြောင့်မတ်သူလို့ သတ်မှတ်ခြင်းဖြစ်တယ်။ အားလုံးသိပြီး ရင်းနှီးပုဂ္ဂိုလ်ကတော့ယောဘ ဖြစ်တယ်၊…

ဘုရားရဲ့ကျေးဇူးတော်အပြည့်အဝလိုအပ်ခြင်း

၂၅ ကြိမ် တနင်္ဂနွေနေ့၊ စက်တင်ဘာလ ၁၈ ရက်။ Absolute Necessity of Grace! ဘာလုပ်ရမယ်သိငြား၊မလုပ်ဖြစ်၊မလုပ်ချင်ဘူး၊ငြင်းနေတယ်၊အဲဒီအခြေနေဟာ၊ကျေးဇူးတော် လုံးဝလိုအပ်တဲ့ဘအခြေနေပါ။ ရှင်သြဂတ်စတင်း၊အတည်ပြုတယ်။ဘုရားဆီကနေ အဝေးသို့ ရောက်စေတဲ့ အရာမှန်သမျှ မာမံ ဖြစ်တယ်။ဘုရားထံမှ လွဲချော်သွားအောင်၊ကျွန်ပ်တို့ကို လုပ်တဲ့ အရာမှန်သမျှမာမံ သတ်မှတ်ရမယ်။ သူတို့ရှိနေရင်ကိုယ့်ကိုယ် လုံခြုံနေပြီထင်တဲ့အရာမှန်သမျှ ၊ အရေးကြီးဆုံးသောအရာအဖြစ် ကျွန်ပ်တို့ မှတ်ယူသောအရာမှန်သမျှ အားလုံးဟာ မာမံ လို့ဘဲသတ်မှတ်ရမယ်။  ဒါတွေ ကို မှန်ကန်တဲ့ နည်းလမ်းဖြင့်ရှာရမယ် သုံးရမယ်။ဘုရားကိုတော့ ဟိုး အဝေးမှာဘဲ ရှိနေတဲ့ ၊ မြင်လည်း မမြင်နိူင် ပုဂ္ဂိုလ်၊…