curatnskl

curatnskl

မျိုးစေ့ပုံဥပမာ

၂၄ ကြိမ် စနေနေ့၊ စက်တင်ဘာ၊ ၁၇ ရက်။ ၁ ကော၊ ၁၅၊ ၃၅ မှ ၄၉။ လုကာ၊ ၈ ငယ် ၄ မှ ၁၅။ စိန့်ပေါကို အဖွဲ့သားများကမေးတယ်၊ ရှင်ပြန်ထမြောက်ပြီးရင် ကိုယ်ခန္ဓာ၊ဘယ်လို ရှိမလဲ၊ ပြန်ဖြေတာကို၊ပထမကျမ်းမှာ ဖော်ပြဖတ်ရတယ်။မနေ့က ကျမ်းပိုဒ်မှာ စိန့်ပေါကဘဲ၊သခင်ရဲ့ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ပြောခဲ့ပြီး၊ဒီနေ့မှာတော့၊ကျွန်ပ်တို့ တစ်ယောက်စီ ထမြောက်ခြင်းအကြောင်း၊ ရှင်းပြနေတာကိုဆက်စပ် နားလည်ကြရမယ်။ ဘယ်ပုံရှင်မလဲ၊ သခင်ရှင်သလိုဘဲရှင်ကြမယ်၊အသစ်သော ရှင်ပြန်၊အသစ်သော တည်ရှိပုံမျိုး၊ တွေးထင်ထားတဲ့ပုံမျိုးမဟုတ်၊ သခင့်ရဲ့ပုံအတိုင်း ၊…

စိတ်ချရတဲ့ ယုံကြည်ခြင်း။

၂၄ ကြိမ်၊သောကြာနေ့။ စက်တင်ဘာ ၁၆ ရက်။ တရားတော်အတွက်၊အသက်ပေး၊ ဓမ္မ အာဇာနည်များ၊စိန့်ကော်နေလီ နှင့် စိန့် စီပရီအမ်း တို့၏ ပွဲနေ့။ စိတ်ချရတဲ့ ယုံကြည်ခြင်း။ ရှင်လုကာ ၈၊ ငယ် ၁ မှ ၃ တို့ယုံတဲ့ ယုံကြည်ခြင်းဟာစိတ်ချရပါတယ်လို့ ရှင်ပေါလု အခိုင်အမာပြောတယ်။ အသေအချာ ရှင်းပြ ပါတယ်။ယုံကြည်ထိုက်၊ယုံကြည်ရမဲ့အရာဖြစ်တယ်၊ပြီးခဲ့ရက်များကြားခဲ့ရတဲ့ အတွင်းပိုင်းအခက်ခဲများ ကွဲပြားမှုများ၊ မညီညွတ်ပုံများ၊အပြင်ဖက် အခင်းအကျင်း အနေထားမှာလည်း၊ တစ်ချို့နေရာမှာ၊ဖော်ပြတာ တွေ့ရတယ်၊ အတွင်းနဲ့အပြင် ဘယ်လိုဆက်စပ် နားလည်ရမယ်ကိုလည်း၊ စိန့်ပေါကတစ်ခါတစ်ခါ ဆက်စပ်…

နာကျင်ခြင်း မယ်တော်ပွဲ

၂၄ ကြိမ် ကြာသပတေးနေ့။ စက်တင်ဘာလ ၁၅ ရက်။ နာကျင်ခြင်း မယ်တော်ပွဲ ဒုက္ခ ဝေဒနါများကို ၊ဘယ်လိုအသုံးချမလဲ။မနေ့က ကားတိုင်တော်ပွဲနှင့်ဆက်စပ်ပြီး၊ထောက်ရှုပါမှ၊ နားလည်ကြရမှာဖြစ်တယ်။လူသားအားလုံးကယ်တင်ခြင်းအတွက်၊သခင်ကိုယ်တိုင်ခံထမ်းခဲ့တဲ့ ဒုက္ခဝေဒနါကို၊ မယ်တော်လည်းသူမတူတဲ့ နည်းနဲ့ သတ္တိရှိစွာ မျှဝေခံထမ်းနေခြင်း ပုံရိပ်ဟာ၊သာသနာတော်တွက် အမြတ်တနိူးထောက်ရှုပြီး သဒ္ဒါကြည်ညိုကြဖို့ ပုံရိပ် တစ်ခုဖြစ်တယ်၊ လူတို့တွက်အလွန်ထင်ရှားစံနမူနာ တစ်ခုဖြစ်တယ်။ သာယာပျော်ရွှင်တဲ့ အချက်တွေ မကဘဲ၊ ဒုက္ခ ဝေဒနါရဲ့ နက်နဲတဲ့ အချက်မှာလည်း ဗဟိုထားပြီး မယ်တော်ကိုသဒ္ဒါကြည်ညို ကြတာ သတိရကြရပါမယ်။ပျော်စရာချည်းဘဲထောက်ရှုလို့မရပါ၊ လူ့ဘဝသက်တာဟာ၊ဒုက္ခဝေဒနါကနေလုံးဝလွတ်ကင်း အောင်လုပ်လို့ရသလားဆိုရင် မရဘူးအားလုံးသိကြတယ်၊ မရအတူတူ…

ခရုစူးတိုင် အောင်ပွဲ

၂၄ ကြိမ် ဗုဒ္ဓဟူးနေ့ စက်တင်ဘာ ၁၄ ရက်။ ခရုစူးတိုင် အောင်ပွဲ။ ကယ်တင်ခြင်းလက်နက် ခရုစူးတိုင်ရဲ့ အောင်ပွဲကို အသင်းတော်က၊ကြွေးကြော် အောင်ပွဲခံတဲ့နေ့ဖြစ်ပါ တယ်။ချစ်ခြင်းမေတ္တာကို အယုံအကြည်မရှိကြတော့သူများ၊ရှိနေကြသည်။မျက်မှောက်ခေတ် လူမှုကွန်ယက်များမှာ ပိုလိုပင် မြင်နေရပါတယ်။တစ်ယောက်ကို တစ်ယောက်က မယုံနိူင်ကြ၊ ချစ်ခြင်းမေတ္တာပေါ်သံသယရှိကြတယ်။မချစ်ဝံ့ကြသလို၊ချစ်တာလည်းမခံလိုကြ၊အပြစ်မဆိုသာပါ။ အကြောင်းရှာကြည့်တော့။ဦးစွာစစ်မှန်တဲ့ ချစ်ခြင်း မရခဲ့ မကြုံခဲ့ကြလို့ပါ၊ အတ္တမကင်းတဲ့ ချစ်မေတ္တာ၊ သစ္စာသွေဖည်၊လိမ်ညာဟန်ဆောင်၊ချစ်ခြင်းမျိုးနဲ့ ကြုံတွေ့ခဲ့ကြရတယ်၊ ဒီလိုနဲ့ စစ်မှန်တဲ့ ချစ်ခြင်းဆိုတာ၊ ရှာမရလောက်တာမျိုးလို့ မှတ်ယူကြပါတယ်၊ ချစ်ခြင်းအပေါ်သံသယဝင်၊ကောက်ချက်ချတာက ချစ်မိရင်တော့ရှုံးပြီလို့သဘောထားတယ်၊ပိုချစ်တဲ့သူက၊ ပိုခံရတယ်၊ဆိုကြပြန်တယ်။ချစ်ခြင်းက ပျော့ညံ့သူတို့အလုပ်၊ချစ်ခြင်းစွမ်းအားကို မယုံကြတော့ပါ။ ဒုတိယ…

ဘုရားဟုစတင်သုံးစွဲခေါ်ကြခြင်း

၂၄ ကြိမ် အင်္ဂါနေ့။ စက်တင်ဘာ ၁၃ ရက်။ ရှင်လုကာ ၇ ၊ ငယ် ၁၁ မှ ၁၇။ ဘုရား ဟုစတင်သုံးစွဲခေါ်ကြခြင်း။ မုဆိုးမ၏ သားသေကို သခင်ကအသက်ပြန်ရှင်စေတဲ့ အချိန်ကစပြီးသခင် ကို ဘုရား ဟုစတင်သုံးစွဲခေါ်ဝေါ်ကြတော့သည်။ရှင်လုကာကျမ်းအစပိုင်းမှာမသုံးခဲ့တဲ့၊ဘုရားအခန်း ၇ မှစတင် ဆက်တိုက်သုံးတော့သည်။သခင် ကို ဘုရားအဖြစ်လူတို့တွေ့မြင်သိလက်ခံလာကြတယ်အကြည့်အရှု ပြုခြင်း၊ အလည်လာ၊ visitation နားလည်ဖို့ တစ်ခုက၊မျက်မှောက်လူတို့တွေ့သိနေတဲ့၊လူကြီး ခရီးလမ်းကြောင်း၊ရောက်လာ၊ မေးမြန်း မှာကြား ပြန်သွားသည်၊မျိုးမဟုတ်၊မတူသည်ကိုသိထားရပါမည်။ သခင်ရဲ့ လာခြင်းက သမိုင်းထဲကိုဝင်လာ၊ Historical…

သာသနာတော်နှင့် ကိုယ်တော်မြတ်၊ အပေါ် ထားရှိသော ယုံကြည်ခြင်း

၂၄ ကြိမ် တနင်္လါနေ့ စက်တင်္ဘါ ၁၂ ရက်။ ၁ ကော ၁၀၊ ၁၇ ၂၆၊၃၃ ရှင်လုကာ ၇၊ ၁ မှ ၁၀။ သာသနာတော်နှင့် ကိုယ်တော်မြတ်၊ အပေါ် ထားရှိသော ယုံကြည်ခြင်း။ The Church and the faith in the Eucharist. ယုံကြည်ခြင်းဆိုတာ၊ မိမိကိုယ်တိုင်ဖော်ပြလာ၍ ပေးအပ်လာသော၊ဘုရားသခင်အား၊လူသားဖက်မှ၊တုံ့ပြန်ခြင်းကို ဆိုလိုသည်။ဤကဲ့သို့ တုံ့ပြန်လိုက်သည်နှင့် ဘဝရဲ့ အမြင့်မားဆုံးသော အဓိပ္ပါယ်ကို ရျာဖွေနေကြတဲ့ လူသားများကိုဘုရားက အတောက်ပဆုံး အလင်းတော်ဆီသို့…

ပျောက်သောသိုး၊ငွေဒင်္ဂါး၊သား

၂၄ ကြိမ် တနင်္ဂနွေ နေ့ စက်တင်ဘာ ၁၁ ရက်။ ရှင်လုကာ ၁၅၊ ၁ မှ ၃၂ ပျောက်သောသိုး၊ငွေဒင်္ဂါး၊သား ကျွန်ပ်တို့ တစ်ဦးစီ၊ငါ့ကိုယ်ငါ၊ပျောက်နေကြသူများ ဖြစ်နေတယ်။စစ်မှန်တဲ့ ငါ့ကိုမတွေ့ဘဲ၊စစ်မှန်တဲ့ငါ့ထံမှ ဝေးကွာနေကြတယ်။ကျွန်ပ်တို့ trueself မှဝေးနေကြတယ်။ကိုယ့်ကိုယ်ကို မသိကြ၊မပိုင်ကြပါ။ကိုယ့်အတွင်းမှာကိုယ် အမြဲတန်းမတည်ရှိနိူင်ကြသေးပါ၊ကျွန်ပ်တို့အားလုံးနီးနီးဟာ၊ကိုယ့်ကိုယ် အပြည့်အဝ မသိကြ၊မပိုင်ကြသေးပါဘူး၊အတွင်းသက်အထဲ၊ ကိုယ်မတည်ရှိ၊ဟိုသည်ရောက်နေတာ၊လူသားတို့တွေ့ကြုံခံစားရတဲ့ ဘဝအတွေ့ကြုံဖြစ်တယ်။ အချို့က ငါ့ကိုယ်ငါ သိတာပေါ့ ၊ပိုင်တာပေါ့၊ငါ့အထဲ ငါမနေလို့ ဘယ်မှာသွားနေမလဲ၊ ပြောကြ၊စောဒကတက်ကြမယ်၊ သို့သော် သေချာဆန်းစစ်ပါငါ့ကိုငါသိ တဲ့အသိဟာ စစ်မှန်တဲ့သိခြင်းမျိုး မဟုတ်သေးပါ၊စစ်မှန်တဲ့ငါ့ကိုလည်း မပိုင်၊ အတွင်းသက်ထဲမှာလည်း…

ကိုယ်တော်မြတ်သည်  အသင်းတော်၏ နှလုံးသား

၂၃ ကြိမ် စနေ နေ့၊ စက်တင်္ဘါ ၁၀ ရက်။ ပထမကျမ်း၊ ၁ ကော ၁၀၊ ၁၄ မှ ၂၂ ကိုယ်တော်မြတ်သည် အသင်းတော်၏ နှလုံးသား။ ကောရင်သူးမြို့ရှိ အဖွဲ့အစည်းက၊ကျွန်ပ်တို့ လက်ရှိ အဖွဲ့အစည်းထက်အရောင်သွေးစုံ၊ လူမျိုးစုံ၊အတွေးအခေါ်စုံလင်ကြတယ်၊ချမ်းသာကြွယ်ဝမှု အဆင့်တန်း ပေါင်းစုံ ရှိလို့နေတယ်၊စိတ်ဝင်စားမှု မတူညီကြ၊ယဥ်ကျေးမှု၊ အသိပညာ၊ ဘာသာတရားကိုင်းရှိုင်းမှု၊ ယုံကြည်ခြင်းမှာလည်း၊ယုံကြည်သူများ ဖြစ်လာကြပြီးပင်၊ အတိမ်အနက်၊မတူကြပါ။အခြေနေပေါင်းစုံ၊ကွဲပြားရှိနေငြား၊ခန္ဓာကိုယ် တစ်ခုတည်းမှာဘဲ ပေါင်းစည်းမိနေကြတယ်။ ကျစ်လျစ်လွန်းတဲ့ပေါင်းစည်းမှုဖြစ်လို့ ခန္ဓာကိုယ်တစ်ခုတည်းအဖြစ် ရှင်ပေါလု မြင်ပါတယ်၊ သူ ဒီလို သတ်မှတ်တယ်။…

မျက်မမြင်က ​အခြားမျက်မမြင်ကို  ဦးဆောင်နိူင်သလား

၂၃ ကြိမ်မြောက် သောကြာနေ့။ စက်တင်ဘာ၊ ၉ ရက်။ ရှင်လုကာ၊၆ ငယ် ၃၉ မှ ၄၂ မျက်မမြင်က ​အခြားမျက်မမြင်ကို ဦးဆောင်နိူင်သလား။ မျက်မမြင်ဟု ဆိုရာမှာ ကာယမျက်စိမဆိုလို၊ယုံကြည်ခြင်းမျက်စိအမြင်ကိုဆိုလိုသည်၊ ဘုရားကို မမြင်၊တရားကို မမြင်ခြင်း ဖြစ်တယ်။ဘုရားကို မြင်ဖို့ ခက်ပါသလား၊ဘုရားကို မြင်ဖို့က ပုံမှန်အခြေနေဆို၊ခက်တဲ့အပြင်၊ ဖြစ်ကို မဖြစ်နိူင်ပါ။လူဖက်က လိုက်ရှာမှ၊တွေ့ရမှာလား၊လူလိုက်ရှာလို့တော့ ထာဝစဥ်၊ထာဝရဘယ်တော့မှ တွေ့မှာမဟုတ်ပါဘူး။ မဖြစ်နိူင်တဲ့၊ ခက်လွန်းတဲ့ အရာကိုဘုရားကလွယ်ကူအောင်လုပ်ခဲ့တယ်လူက ဘုရားကို မရှာမီကပင်၊ဘုရားလာရောက်ပြီး သူ့ကိုယ်ကို ပြခဲ့တယ်၊နည်းမျိုးစုံနဲ့ ပြလာ အထဲမှာ၊အထွဋ်ထိပ် ဖြစ်တာကတော့၊…

မယ်တော် မွေးနေ့ပွဲ

စက်တင်ဘာ ၈ ရက်။ မယ်တော် မွေးနေ့ပွဲ။ လူတို့ မွေးနေ့ပွဲ ကျင်းပကြတယ်။ဘယ်လိုဘဲ ကျင်းပကြစေ၊မယ်တော်မွေးနေ့ပွဲ ကျင်းပသည်နှင့် မတူကွဲကွာခြား တယ်ဆိုတာ ဦးစွာ သတိပြုကြရမယ်၊ ကျင်းပရခြင်းအကြောင်း၊ကျင်းပခြင်း ရည်ရွယ်ချက် မတူပါ။ သမိုင်းတစ်လျှောက်၊ ဧကရာဇ်၊ ရှင်ဘုရင်တို့ မွေးနေ့ပွဲ ခန်းနားကြီးစွာကျင်းပခဲ့ကြတယ်၊ ဂရိ တို့ ရောမ တို့ခေတ်မှာ အစဥ်အလာ ကြီးခဲ့ကြ၊ဆီဇာ တို့ သြဂတ် စတပ် တို့ရဲ့မွေးနေ့ပွဲများ ခန်းနားခဲ့ကြတယ်။ သူတို့ကိုယ်ကို ကယ်တင်သူများ၊လို့ကြေညာပြီး၊ သူတို့ရဲ့မွေးနေ့ဟာ၊ကယ်တင်ခြင်း ပေးတဲ့နေ့ အဖြစ်သတ်မှတ်ပြီးအင်ပိုင်ယာထဲမှာ ခမ်းနားကြီးစွာ ကျင်းပစေခဲ့တယ်။ အမှန်လောကကို…