curatnskl

curatnskl

မင်္ဂလာတရားတော်များအကြောင်း

၇ စက်တင်ဘာ ၂၀၂၂ (ဗုဒ္ဓဟူးနေ့) ရှင်လုကား ၆း ၂၀-၂၆ မင်္ဂလာတရားတော်များအကြောင်း မင်္ဂလာတရားတော်ရဲ့အဓိပ္ပာယ်ကို အခြေခံသဘော ဘယ်လိုနားလည်ရမလဲ ဆိုရင် ဘုရားရှေ့တော်မှာ နေရာရခြင်း၊ မျက်နှာရခြင်း၊ ဘုရားနဲ့ ဆက်သွယ်ရခြင်းလို့ အဓိပ္ပာယ်အခြေခံပြန်လို့ရပါတယ်။ တစ်ချို့ကပျော်ရွှင်ခြင်း ပြည့်ဝစုံလင်တဲ့ ပျော်ရွှင်ခြင်း လို့လည်းအဓိပ္ပာယ်ဖွင့်ကြပါတယ်။ အင်္ဂလိပ် ဘာသာပြန်တစ်ချို့မှာ။ ဒါကလည်းမမှားပါဘူး။ ဒါပေမဲ့ ဒီကျမ်းပိုဒ်ကို အသေအချာကြည့်မယ်ဆိုရင် ပထမဆုံးတစ်ကြောင်းဟာ ရှင်လုကားမှာပါ ပါတယ်။ ရှင်မာသဲမှာမပါတဲ့အကြောင်းရှိပါတယ်။ သခင်ယေဇူးက စေ့စေ့ကြည့်တယ်လို့ဆိုပါတယ်။ Look intently. Jesus faces His eyes…

အပြင်သက်သာ မဟုတ် အတွင်းသက်ကို ပို၍အဓိကထားရန်

၆ စက်တက်ဘာ၊ အင်္ဂါနေ့ ရှင်လုကာ ၆း ၁၂-၁၉ အပြင်သက်သာ မဟုတ် အတွင်းသက်ကို ပို၍အဓိကထားရန် မနေ့ကသူ့ရဲ့ အတိုင်းအဆမရှိတဲ့မေတ္တာတော်ပေးအပ်လာခြင်းကို ဖာရီအရှဲနဲ့ ကျမ်းတတ်ဆရာတွေ ငြင်းပယ်လိုက်တဲ့အကြောင်းကို ကြားခဲ့ပြီဖြစ်ပါတယ်။ သူတို့ ငြင်းပယ်ခြင်းကို သခင်ယေဇူးကပဲ တုန့်ပြန်တဲ့အနေနဲ့ တမန်တော် ၁၂ ပါးကို ခန့်အပ်ပြီး သာသနာတော်ကို စတင်တည်ထောင်လိုက်ပါတယ်။ ဂျူးဘာသာရေးခေါင်းဆောင်တွေနေရာမှာ သူတို့ကို နေရာယူစေဖို့ပဲဖြစ်ပါတယ်။ သခင်ခရစ်တော်ရဲ့ လာရောက်ပေးအပ်ခြင်းကိုလက်ခံတဲ့ပုဂ္ဂိုလ်များကို သူဘက်ကနေပြီးတော့ အပေါင်းလက္ခဏာဆောင်တဲ့ တည်ဆောက်ခြင်းကို ပေးအပ်လျှက်ရှိပါတယ်။ သူ့ရဲ့ပေးအပ်လာခြင်းကိုလက်ခံသူ သူတို့စီကို သခင်ခရစ်တော်က လှည့်လာခြင်းပဲဖြစ်ပါတယ်။ အဲဒီလက်ခံသူများအနက်မှ…

ဥပုသ်နေ့ရဲအရှင် သခင်

စက်တင်ဘာ ၃၊ စနေ နေ့။ ၁ ကော၊ ၄ : ၆ မှ ၁၅ ရှင် လုကာ၊ ၆ : ၁ မှ ၅။ ဥပုသ်နေ့ရဲ့ အရှင် သခင် ဘုရား ဖြစ်ကြောင်း သခင်ကိုယ်တိုင်မိန့်ကြား ဖော်ပြတယ်၊ဥပုသ်နေ့ဟာသူ့မှာ အဆုံးသတ်ရမယ်၊ ဥပုသ်နေ့ပန်းတိုင်က သူဘဲ ဖြစ်တယ်။ခေါင်းဆောင် အမျိုးအစား နှစ်မျိုး၊ဥပုသ်တစ်နေ့၊ သခင်နှင့်တပည့်များခရီးသွား၊ လမ်းမှာ ဆာမွတ်တော့တပည်များ ဂျုံ နှံ များဆွတ်စားကြ၊အပြစ် ရှိသည် မရှိသည်ကိုသခင်နှင့်ဖရိရှဲတို့ ပြဿနာဖြစ်ကြသည်။ဒါဝိတ်မင်းကြီးနှင့်နောက်လိုက်များအရေးပေါ်…

စပျစ်ရည် အဟောင်းအသစ်

စက်တင်ဘာ ၂၊ သောကြာနေ့။ လုကာ ၅ ၊ ၃၃ မှ ၃၉ စပျစ်ရည် အဟောင်းအသစ် စပျစ်ရည်ဟောင်း သောက်ပြီးသူအသစ်ကို အလိုမရှိပြီ၊အဟောင်းကပို၍ ကောင်းသည် ဆိုလိမ္မည်။ အဟောင်းကိုဘဲ စွဲမက်သူများကိုရည်ညွှန်းသည်။ ကျမ်းတတ်များ၊ဖရိရှဲများရဲ့ အစွဲ၊ဥပဒေ၊ပညတ်များ လိုက်နာလို့ကယ်တင်ခြင်း ရရှိကြတယ် လို့ ယူဆထားကြတယ်၊သူတို့ကျင့်ကြံအားထုတ်မှုကြောင့် သူတို့တွက် ကယ်တင်ခြင်းသေချာနေပြီ၊သူတို့အစွမ်းဖြင့် နိူင်ငံတော်ကိုရပြီ မှတ်ယူတယ်။ကျင့်ဝတ် ပညတ်များ လိုက်နာခြင်းကောင်းမွန်သည်။ လိုက်နာရပါမည်။သခင်ပြောလိုသည်ကပညတ်များလိုက်နာသူများ အပြင်အပြစ်ရှိသူ၊အခွန်ခံ တံငါသည် စသူများလည်းဖိတ်ခေါ် ခံကြရတယ်ကြားခဲ့ရပြီးသူတို့တွေလည်း အခွင့်ရေးပေးခြင်းခံကြရပါတယ်။ နိူင်ငံတော်ရဲ့ သဘောသဘာဝ ဟာကျင့်ကြံကြသူများသာမကဘဲကျင့်ကြံဖို့ ပျက်ကွက်သူ အပြစ်သားတို့ကိုလည်း…

အသင်းတော်၏ ဖွဲ့စည်းပုံ ရှုထောင့်

စက်တင်ဘာ၊ ၁ ကြာသပတေးနေ့။ ၁ ကော ၃ : ၁၈ မှ ၂၃။ လုကာ ၅ ၊ ၁ မှ ၁၁။ အသင်းတော်၏ ဖွဲ့စည်းပုံ ရှုထောင့် ရှင်ပေါလုက တပည့် ယုံကြည်သူတွေကို ပြောတယ် ငါတို့က ပေါလ်ပိုင်တာအာပေါလို ပိုင်ကေးဖပိုင်ပြောတတ်ကြ အရေးမကြီးဘူးသူတို့တွေက မင်းတို့ပိုင်တာဒီပုဂ္ဂိုလ်တွေက မင်းတို့ရဲ့ အစေခံတွေပါ။အသင်းတော်ရဲ့ ခေါင်းဆောင်များသဘော သဘာဝ အစေခံ အဖြစ်အဓိပ္ပါယ်ဖွင့်ဆိုတယ်ကျွန်ပ်တို့နားလည်တယ် ခရစ်တော်လိုဘဲခေါင်းဆောင်တယ် လောကီခေါင်းဆောင်များလိုမဟုတ်ဘဲ ချစ်ခြင်းအစေခံခြင်းပေါ်အခြေခံတဲ့ခေါင်းဆောင် မျိုးဖြစ်တယ်။ခရစ်တော်ကို မင်းတို့ပိုင်တယ်၊ ခရစ်တော်ကလည်းမင်းတို့ကိုပိုင်တယ်၊ခရစ်တော်ကို…

ကလေးငယ်ကဲ့သို့ ယုံကြည်သူများ

သြဂုတ် ၃၁၊ဗုဒ္ဓဟူးနေ့။ ၁ ကော ၃ : ၁ မှ ၉။ ကလေးငယ်ကဲ့သို့ ယုံကြည်သူများ၊ ယုံကြည်ခြင်းမှာ ချစ်ခြင်းမှာအားထုတ်မှုမှာနုနယ်ကြသေးတဲ့အဖက်ဖက် ပေါင်း အစုံမှာ နုနယ်တဲ့တပည့်များကိုရှင်ပေါလုကအစာမာမာ မကျွေးနိူင်သေး ရင့်ကျက်တဲ့လူကြီးအဆင့် မရောက်ကြသေးပါ။ သွေးသား၏ လူများ ကျင့်ကြံမှုအသက်ရှင်မှုမှာဇာတိပကတိအဆင့်က မကျော်သေး သင်တို့သည် အဆင်သင့် မဖြစ်သေးသွေးသားအလိုအတိုင်း လိုက်ကျင့်ဆဲ ဖြစ်၏။ယုံကြည်သူများတော့ ဖြစ်လာတယ်သမ္မာတရားကို လက်ခံလာကြတယ်ဒါပေမဲ့ အချင်းချင်း မနာလို ဝန်တိုခိုက်ရန်ဖြစ်ပွားနေကြသေးတယ်ဟုသူပြောသည်။ သွေးသားအလိုအတိုင်း ပြုမူကျင့်ကြံတယ် ထူးခြားပြီးလုပ်တဲ့အရာတွေသူမမြင်ရသေး ငါက ပေါလု လူကွ ငါက…

ဘုရား နှင့် လူသား ကွာခြားမှု

သြဂုတ် ၃၀၊ အင်္ဂါနေ့။ ၁ ကော ၂ : ၁၀ – ၁၆။ ဘုရား နှင့် လူသား ကွာခြားမှု ဘုရားက မြင့်မြတ်သာလွန်အားကြီးပြီး လူသားက အကန့်အသတ်ရှိနေ၊ အားနည်း ချို့ယွင်းချက်များကြောင့် ကွာခြားမှုက အတိုင်းဆမရှိခြားနား၊ ဒီလို အနေထားကနေ ဘုရားကပြုပြင် ဖန်တီးကာ လူနှင့် နီးစပ်ဖို့အနက်ရှိုင်းဆုံးအတွင်းသက်ထိတိုင် ဝင်ရောက်ထိုးဖောက်၊ အနှစ်သာရကို တွေ့မြင် ရရှိအောင်ကို ပေးခဲ့သည်။ ဝိညာဥ်တော်အားဖြင့် ကျွန်ပ်တို့တစ်ဦးစီက သူ့ရဲ့ အနက်ရှိုင်းဆုံးအနှစ်သာရကို သိခဲ့ရပြီး ဖြစ်တယ်။ အတိုင်းဆမရှိ…

ဆေးကြောခြင်းပေးသူ ရှင်ယောဟန်ဦးခေါင်းဖြတ်ခြင်းခံရခြင်း

သြဂုတ် ၂၉၊ တနင်္လါ နေ့။ ဆေးကြောခြင်းပေးသူ ရှင်ယောဟန်ဦးခေါင်းဖြတ်ခြင်းခံရခြင်း ဆေးကြောခြင်းပေးသူ ယောဟန် အကျဥ်းချတိုက်ပိတ် ခံနေရချိန်၊အခန်းကျဥ်း၊စိုစွတ်မှောင်မိုက်၊ ဘာမမြင်ရအခါ၊ချောက်ခြားဖွယ်၊ တစိမ်းဆန်လွန်း၊အမှောင်ကြီးစိုး အကျဥ်းခန်းထဲကသူထင်ရှား သေချာ မြင်သိနေတာ၊သူ့အရှင် ဘုရားရဲ့ အစီအစဥ်ပါ။မေးခွန်းမထုတ်၊ ချွင်းချက်မရှိ၊လက်ခံကာ၊ ဘုရားအစီစဥ်ကို၊အကောင်ထည် ဖော်လျက်ရှိတယ်။ခံယူချက် မပြောင်းလဲ၊တည်ရှိနေ။ ပြတ်သား သဲကွဲ မဟုတ်ပေမဲ့၊ဘုရားအလိုတော် သေချာမှန်းသိလို့၊ လုံးဝလက်ခံတယ်၊ ကျွန်ပ်တို့လက် ရှိအခြေအနေ၊အမိုက်မှောင်တွေ၊ နတ်ဆိုးကြီးစိုးမှုတွေ၊များလွန်းနေချိန်မျိုးမှာ၊ဘုရားက တိတ်နေသ လိုလို၊ဒီမှာရှိမနေတော့သလိုလို၊တွေးထင်မိတာဖြစ်နိူင်တယ်၊ဘုရားသခင်ရဲ့အလိုတော်ဘာမျိုးလဲ၊ဘယ်နေရာရောက်နေလဲ၊ ရှာဖို့ ညွှန်ပြဖို့ ခက်ပေမယ်၊ကိုယ်တစ်ဦးစီ၊ အပြင်ပိုင်း ဖြစ်ပျက်အခြေနေကြောင့်၊ ဘဝထဲမှာ ဘုရားတကယ်ရှိပါရဲ့လားလို့၊တွေးမိပါမယ်။ ယောဟန်ကြုံခဲ့ရတာ၊အမိုက်မှောင်ဖုံးနေတဲ့နေရာ၊မှုံရည်ဝါး အချိန်မှာ၊အလိုတော်က…

နှိမ့်ချခြင်း ပါရမီ

သြဂုတ် ၂၈၊ တနင်္ဂနွေ။ လုကာ၊ ၁၄ : ၁ ၊ ၇ – ၁၄ ပထမကျမ်း ဆီရတ် သြာဒ၊ နှိမ့်ချခြင်း ပါရမီ လူတို့ အဆင့်မြင့်မြင့်၊နေလိုကြတယ်ယုံကြည်ခြင်းအရဆိုပါရင်၊ လူတို့အဲလို ဖြစ်အောင် ဖန်ဆင်းခြင်းခံရ၊အဆင့်မြင့်နေလိုတဲ့ သဘာဝ ကိုဘုရားကလည်း မချိုးနှိမ် လိုပါ၊အမြင့်မှာထားဖို့၊အစီစဥ် ရည်ရွယ်ချက်၊ရှိပါတယ်၊။ဒီကနေ့ သခင်မိန့်တဲ့ နှိမ့်ချခြင်း၊ရှိပါကလည်း၊အမြင့်နေဖို့ ကြိုးစားကြသူတွေကို၊အမြင့်ဆုံးမှာ နေရာပေးဖို့ပါ။လောကလူသား၊ပင်ကိုယ်စွမ်းရည်နဲ့လိုက်မမီနိူင်တဲ့၊ဘုရားန်ူင်ငံတော်မှာနေရာပေးဖို့ ရည်ရွယ်တယ်။ ဒုတိယ ကျမ်း ဟေဗြဲ သြဝါဒ စာမှာ၊ဘုရားက၊လူကို မွေးစားသားသမီးများ အဖြစ်ထားဖို့ ရည်ရွယ်တယ်။နှိမ့်ချပါ ဆိုတော့…

ပညာ သတိ ရှိတဲ့အပျိုကညာများ

သြဂုတ် ၂၆၊ သောကြာနေ့။ ၁၊ကော ၁ ၊ ၁၇ – ၂၅။ မဿဲ ၂၅ ၊ ၁ – ၁၃။ ပညာ သတိ ရှိတဲ့အပျိုကညာများ ဂရိလူမျိုးတို့ အတွေးအခေါ်ယူဆဉာဏ်ပညာသည် အမြင့်ဆုံးသောကောင်းမြတ်ခြင်း၊အမှားအမှန်၊အကောင်း အဆိုး အလင်း အမှောင်အသက်ရှင်သန်ခြင်း သေဆုံးခြင်း၊ခွဲခြားနိူင်စွမ်းတယ်၊ဥာဏ်ပညာကိုအသက်နဲ့ ထပ်တူပြုကြတယ်။ဉာဏ်ပညာ တန်ဖိုးထား၊အသဲအမဲဆာငတ် အားထုတ် ရှာဖွေ ကြသည်၊ပညာအရာမှာ တော်ကြငူများလို့ကျော်ကြားကြသည်။ဒီနေ့ ရှင်ပေါလုက လောက ဥာဏ်ပညာဖြင့်တော့၊ထာဝရ အသက်ကို မရနိူင်ပါ လို့ဆုံးမသည်။ ဂျူးလူမျိုးတို့ ဘုရားသခင်၊ပဋိညာဥ်ပြုထားတဲ့အမျိုး၊ဘုရားရွေးထားတဲ့မြင်မြတ်တဲ့အမျိုး၊သူတို့ဘုရားက လောကထက်မြင့်မြတ်…