Pathein Catholic Diocese
ဘုရားရဲ့ ချစ်ခြင်းမေတ္တာကိုမယုံ နိူင်ကြခြင်း

၂၃ ကြိမ်မြောက်၊တနင်္လါနေ့။ စက်တင်ဘာလ၊ ၅ ရက်။ ရှင်လုကာ၊ ၆ : ၆ မှ ၂၁။ ဘုရားရဲ့ ချစ်ခြင်းမေတ္တာကိုမယုံ နိူင်ကြခြင်း သခင်နဲ့ ကျမ်းတတ်များ၊ဖရိရှဲများတို့ရဲ့ ပဋိပက္ခ။ ဥပုသ်နေ့မှာ သခင်တရားဟောတယ်၊ ကုသခြင်းပေးတယ်၊ လူတို့ကို ကယ်တင်ဖို့ တစ်ခုတည်းသော၊ သာသနာ့ လုပ်ငန်းပါ။ဒါကို သူတို့က အကောင်းလို့ မမြင်၊တရားရုံးမှာ စွဲချက်တင်ဖို့ အပြစ်ရှာနေကြတယ်။ ဥပုသ်နေ့မှာ လူ့အသက်ကို ကယ်အပ်သလော၊ ဖျက်ဆီးအပ်သလော၊လို့သူတို့ကို သခင်က ပြန်မေးတယ်၊လူအသက်ကို ဖျက်ဆီးဖို့လာခြင်းမဟုတ်ကြောင်း သခင်ပြောလိုတယ်။တည်ဆောက်ပေးဖို့၊ အသက်ကိုပေးဖို့အတွက် လာတာဖြစ်ကြောင်းကိုသခင်ပြောပြတယ်၊ရှင်မာကု…









