curatnskl

curatnskl

စပျစ်ဥယျာဥ် အလုပ်သမားများ

၂၀ ကြိမ် ဗုဒ္ဓဟူးနေ့ သြဂုတ်၊ ၁၇ ရှင်မဿဲ၊ ၂၀ ၊ ၁ – ၁၆။ စပျစ်ဥယျာဥ် အလုပ်သမားများ အလုပ်သမားတွေက ဇာတ်ပို့များ၊အဓိက ဇာတ်ကောင်မှာ၊စပျစ်ခြံပိုင်ရှင် ဖြစ်နေတော့၊နောက်ပိုင်း ကောင်းတဲ့ စပျစ်ဥယျာဥ်ပိုင်ရှင်။ဘုရားသခင်အကြောင်း ပိုပြီး ကွက်ကွင်း မြင်စေအောင် ဖော်ပြ၊နိူင်ငံတော် ရက်ရောမှူ ပိုပီပြင်စွာဖော်ပြတဲ့ ပုံ ဥပမာ ဖြစ်တယ်။ နိူင်ငံတော်ဝင်ခွင့်ကို၊ဘုရားနည်းဟန်နှင့်ဖော်ပြတယ်။အလုပ်ရှင်ကတော့ဘုရား ဖြစ်တယ်။ပထမကျမ်း၊ဟေရှာယ၊ ၃: ၁ မှ ၁၄ ။လူမျိုးတော်ကို သိုး နှင့်ခိုင်းနှိုင်းထားသိုးတွေကို သိုးထိန်းဖြစ်တဲ့ လူမျိုးခေါင်းဆောင်တွေက၊ လစ်လျူပြု၊ယကိုယ်ကျိုးရှာ…

နိူင်ငံတော်ရောက်ဖို့ ခက်သူများ

၂၀ ကြိမ်မြောက် အင်္ဂါနေ့၊ သြဂုတ်၊ ၁၆ ရက်။ ရှင်မဿဲ၊ ၁၉ ၊ ၂၂ – ၃၀ နိူင်ငံတော်ရောက်ဖို့ ခက်သူများ ချမ်းသာကြွယ်ဝလူငယ်၊ဝမ်းနည်းစွာထွက်ခွာသွား၊ ကောင်းမြတ်ခြင်း၊အရှင်တစ်ပါးတည်းရှိသည်၊ ကောင်းမြတ်ခြင်း အားလုံးရဲ့ အရင်းမြစ်ဘုရားကိုညွှန်ပြတယ်၊သူ့ကိုယ်သူသခင်က ညွှန်ပြတယ်၊သူကြွယ်လေးကသိတယ်၊ ဆွဲဆောင်ခံရ၊ချဥ်းကပ်မေးပြီး၊ပိုကောင်းတဲ့အရာကို မရွေးချယ်နိူင်ခဲ့။ သူကြွယ်တစ်ယောက်၊ နိူင်ငံတော်ရောက်ဖို့ထက်၊ ကုလားအုပ်က၊အပ်နဖားအတွင်းလျှိုဝင်ရဖို့ ပို၍လွယ်ကူမယ်၊ သခင်မိန့်တော်မူတယ်၊ချမ်းသာကြွယ်ဝခြင်း၊ ပစ္စည်းဥစ္စာ မကောင်းဘူး မပြောပါ၊ ဘုရားကိုအားကိုး အသက်ရှင်ဖို့တွက်အတားဆီးတစ်ခု ဖြစ်စေတယ်၊မိမိလုံခြုံ စိတ်ချရပြီ စိတ်က၊ ဘဝထဲဘုရားကိုမထား၊ ဝေးဝေးတွန်းပို့စေတဲ့ အရာ ဖြစ်နေတတ်လို့ပါ၊ မရောက်ဘူးမပြော၊သိပ်ခက်မယ်…

အာဒံနှင့်ခရစ်တော်၊ ဧဝနှင့် မာရိယား ကျမ်းစာထောက်ရှုချက်များ

အာဒံနှင့် ခရစ်တော် အကြောင်းမူကား သေခြင်းတရားသည် လူတစ်ယောက်အားဖြင့် ဖြစ်ပေါ်လာသကဲ့သို့ သေခြင်းမှရှင်ပြန်ထမြောက်ခြင်း တရားသည်လည်း လူတစ်ယောက်အားဖြင့်ပင် ဖြစ်ပေါ်လာလေပြီ။- လူအပေါင်းတို့သည် အာဒံ၌ သေကြရသကဲ့သို့ ထိုသူအားလုံးတို့သည် ခရစ်တော်၌ အသက်ရှင်ကြရလိမ့်မည်။ (ကောရိန်သုဩဝါဒစာ ပထမစောင် 15:21-22) သို့ဖြစ်၍ ပထမဆုံး လူသားဖြစ်သော အာဒံသည် သက်ရှိသတ္တဝါဖြစ်လာ၏ဟု ကျမ်းစာတော်မြတ်တွင် ရေးထားခြင်း ဖြစ်၏။ နောက်ဆုံးသော အာဒံသည်ကား အသက်ကိုပေးသော ဝိညာဉ်တော်ဖြစ်၏။- သို့ရာတွင် ဝိညာဉ်နှင့်ဆိုင်သောခန္ဓာသည် ပထမဦးစွာ ဖြစ်ပေါ်လာသည်မဟုတ်ပေ။ ရုပ်ခန္ဓာဖြစ်ပေါ်ပြီးမှသာ ဝိညာဉ်နှင့်ဆိုင်သောခန္ဓာ ဖြစ်ပေါ်လာ၏။- ပထမဆုံးလူသား အာဒံသည်…

လူငယ်သူကြွယ်ကလေးရဲ့ အမေး

၂၀ ကြိမ်မြောက် တနင်္လါ သြဂုတ် ၁၅ ရက်။ ရှင်မဿဲ၊၁၉ ၁၆ – ၂၂။ လူငယ်သူကြွယ်ကလေးရဲ့ အမေး ထာဝရ အသက်ရဖို့ ဘာလုပ်ရမလဲ။ဥစ္စာရှိ၊ပျိုရွယ်၊ကျန်းမာသူ၊လောကအမြင် ပြည့်စုံ၊အားကျစရာ။လိုလေသေး မရှိသူ လို့ မြင်မယ်။နှလုံးသားထဲ၊နက်ရှိုင်းနေရာက၊လိုအပ်နေတဲ့အရာ၊သူဘဲသိနေတယ်၊သခင်ထံပါး ချဥ်းကပ်ပြီး မေးတယ်။တို့များတစ်ဦးစီလည်း မဖြစ်မနေမေးရမဲ့၊မေးခွန်း၊ ရှောင်လွဲမရတဲ့၊မေးခွန်းပါ။လက်ရှိလောက လူတွေပိုင်ဆိုင်တဲ့ အရာတွေထက် သာလွန်၊ပြည့်ဝ စုံလင်တဲ့ထာဝရအသက်ကို ရဖို့ဘာလုပ် ရမလဲ၊အမြဲမေးနေရမဲ့မေးခွန်းပါ။လူရွယ်လေးက ပြည့်စုံကြွယ်ဝမှုနဲ့လူ့ကျင့်ဝတ် အကြား၊အဆက်သွယ်ကိုအသေချာ သတိထားမိတယ်။ ဂျူး ဖြစ်ပြီး ဘုရားအဆုံးမအောက်မှာ တည်နေတဲ့သူပါ၊မသိလို့မေးတာမဟုတ်ဘဲ၊ သခင်က သူ့ကိုတစ်နည်းနည်းနဲ့ ဆွဲဆောင်နေလို့ ဖြစ်တယ်၊…

ဘုရားနိူင်ငံတော်၊  တမန်တော်များ ဘယ်လိုနားလည်

၁၉ ကြိမ်သာမန် အင်္ဂါနေ့။ သြဂုတ်၊ ၉ ရက်။ ရှင်မဿဲ၊ ၁၈  ငယ် ၁ မှ ၅၊ ၁၀၊၁၂ မှ ၁၄။ ဘုရားနိူင်ငံတော်၊ တမန်တော်များ ဘယ်လိုနားလည်။ နိူင်ငံတော်မှာ ဘယ်သူက အကြီးမြတ်ဆုံး ဖြစ်မှာလဲ၊တမန်တော်များက မေးကြသည်။သူတို့သိတဲ့ လူ့လောက နိူင်ငံလိုရာထူး၊ ဌာနန္တရ၊ အဆင့် ကွာခြား၊ကြမည် ယူဆကြသည်။ကြိုးစားအားထုတ်မှု၊ ပေးဆက် မှုပေါ်မူတည် ကွားခြားမည် တွက်ဆသည်၊နိူင်ငံတော်ဟာ လူလုပ်လို့ ရတာမျိုးမဟုတ်ဘူး၊သခင် ရှင်းပြသည်။ တမန်တော်များ နားလည်ထားမှုလွဲနေပါတယ်။အခြေခံကစပြီးကိုလွဲမှားနေခြင်းပါ။လူက ကျင့်ကြံအားထုတ်လို့ ရလာတာမျိုး ပုံဆောင်နေတယ်။သူတို့က…

အသင့် ပြင်ဆင် စောင့်နေသူ

သြဂုတ် ၇၊ ၁၉ ကြိမ် သာမန် တနင်္ဂနွေ။ ရှင်လုကာ ၁၂ : ၃၂ မှ ၄၈ အသင့် ပြင်ဆင် စောင့်နေသူ။ နောက်ဆုံးတရားစီရင်ရာနေ့။ရောက်လာမှာသေချာ၊စျာပန မစ္ဆား ဖတ်လေ့ရှိကျမ်းပိုဒ်၊အချိန်ပေးမသိ၊ခန့်မှန်းမရ၊လုပ်ရမှာက အသင့်ရှိနေဖို့ပါ။တည်မြဲတဲ့ ကောင်းကင် ဘဏ္ဍာကိုဆည်းပူးထား၊နောက်ဘဝတွက်စုဆောင်း ပြင်ဆင်ထားဖို့ ပြောတယ်၊အသင့်ပြင်ထား ဆိုတာ ဘာမှမလုပ်ထိုင်စောင့်ဖို့ သက်သက်မဟုတ်ဘူးဆိုတာ စိန့်ပေါက ဆုံးမတယ်။ဒီနေ့အသက်ရှင်တဲ့ မိမိဘဝ ပီပြင်အသက်ရှင် နေဖို့ပါ။နေ့စဥ် လုပ်ငန်းဆောင်ရွက်ကြရင်း နိုးကြားနေဖို့ပါ၊ပိုင်ရှင် သူဌေး မဟုတ်တဲ့ တာဝန်ခံအနေဖြင့် စောင့်နေကြရမှာဖြစ်တယ်ပစွည်းထိန်း၊ ဘဏ္ဍာစိုး၊ တာဝန်ရှိသူအဖြစ် စောင့်ရှောက်နေရမယ်။မိမိရာထူး…

ဝိညာဥ် တန်ဖိုး

သြဂုတ် ၅၊ သောကြာ။ ရှင်မဿဲ ၁၆ : ၂၄ ၂၈။ ဝိညာဥ် တန်ဖိုး ဝိညာဥ် တစ်လုံးတန်ဖိုးက၊စကြဝဠာ အလုံးစုံထက် ကြီးသည်။လူသားတို့ ရှာနေကြတာ၊အသက်ဝိညာဥ် ရှင်သန်ခြင်း ဖြစ်တယ်။ဘဝသက်တာကို မနှမြော၊တန်ဖိုးမထားသူ၊ မရှိပါ။ အသက်တာကိုအခမ်းနားဆုံးဖြစ်လိုကြတယ်၊မိမိအသက်တာကို ရှည်နိူင်သမျှ ရှည်လိုကြတယ်။လူတို့ စိတ်ဓာတ်ကျခြင်း၊ စိတ်အားငယ်ခြင်း၊ စိုးရိမ် ထိတ်လန့်ခြင်းစတဲ့ပြဿနာ များအကြောင်းရင်းက၊ဘဝ အဓိပ္ပါယ် ရှာဖွေ တွေ့ရှိခြင်း၊မတွေ့ရှိခြင်း၊ အပေါ်မူတည်တယ်။မိမိအသက်ဝိညာဥ်ရဲ့ တန်ဖိုးကိုသိထားပါလျှင်၊ စိတ်ဓာတ်ကျစရာအကြောင်း မရှိပါ။ အပြင်ပိုင်းအကြောင်းအရာ များက စိတ်ပျက်၊စိတ်ဓာတ် ကျစရာဖြစ်ကောင်းပေမဲ့အတွင်း အကျဆုံးနေရာမှာ တန်ဖိုးကြီးဆုံး…

ရဟန်းတော်များကို မှိုင်းမသူ

သြဂုတ် ၄၊ ကြာသပတေး။ စိန့် ဂျွန် မာရီ ဗီအာနေ ပွဲ့နေ့၊ ရဟန်းတော်များကို မှိုင်းမသူ ရှင်မဿဲ ၁၆ : ၁၃ မှ ၂၃ ရှင်ပေတရုက ဆရာသခင်ကို၊ကိုယ်တော်သည် အသက်ရှင်သောဘုရား၏သားတော် ခရစ်တော် ဖြစ်တော်မူပါသည်၊ ဟုဆိုပြီးယုံကြည်ခြင်း ကို ဝန်ခံထားတယ်။ပေတရုရဲ့ဝန်ခံဖော်ပြခြင်းဟာ၊ခရစ်ယန် အားလုံးရဲ့ ယုံကြည်ခြင်းအချုပ်၊ဗဟိုချက် ဖြစ်တယ်။သခင်ဟာ ကယ်တင်ရှင် ခရစ်တော်ဖြစ်တယ်၊ ဘုရား ဖြစ်တယ်၊ဆိုတဲ့ အချက်ကို အဓိက ထားပြီး၊ ကျန်တဲ့ယုံကြည်ရာ အချက်များ ဆက်စပ်နားလည် တွေ့ကြုံရတယ်။ ရှင်ပေတရု ရဲ့…

ကာနန် အမျိုးသမီးရဲ့ ယုံကြည်ခြင်း

သြဂုတ် ၃၊ ဗုဒ္ဓဟူးနေ့။ ရှင်မဿဲ ၁၅ : ၁၁ မှ ၂၈။ ကာနန် အမျိုးသမီးရဲ့ ယုံကြည်ခြင်း သမီး နေမကောင်းလို့သခင့်ထံ ရောက်လာ တောင်းပန်၊နေရာက တိုင်ရာ၊ဆီဒုံ ခရီးလမ်းအသွား​ပေမဲ့၊ဂျူးတို့ နယ်မြေထဲမှာ၊အစဥ်လာအရ ဂျူးနယ်မြေမှာ၊ဂျူး မဟုတ်တဲ့သူ၊ လူမျိုးခြားအထူးသဖြင့်တော့၊အမျိုးသမီး၊ စကားပြောဖို့ အကြောင်းမရှိ၊မပြောကြ၊ မပြောရ၊အခု ရှင်မဿဲစကားပြောနေပုံကို သေချာဖော်ပြ။အမျိုးသမီးက အကူညီတောင်း၊သခင်က နှစ်ကြိမ် ငြင်းပယ်ခဲ့၊တမန်တော်များက တစ်ကြိမ်ဝင်ပြော၊သခင်က နှစ်ကြိမ်ပြော။ လူမျိုးခြားများ၊ အမျိုးသမီးများတို့လည်း ဆုတောင်းခွင့်ရှိတာသိစေလို။လူမျိုးခြားများဖြစ်တဲ့ တို့တွေတစ်ယောက်စီကလည်း ဆုတောင်းခွင့်ရှိတယ်၊ သခင်နားထောင်ပေးပြန်ပြောပေးတယ် သိစေလိုတယ်။ ကာနန်…

သခင်၏ ဖော်ပြခြင်း၊ပေးခြင်

သြဂုတ် ၂၊ အင်္ဂါနေ့။ သခင်၏ ဖော်ပြခြင်း၊ပေးခြင်း ယုံကြည်ခြင်း အခြေခံ သဘောအရ၊ဘုရားသခင်က အဖြစ်တော်ကို ဖွင့်လှစ် ပြသ သည်မက၊ပေးလည်း ပေးပါတယ်၊ ရှိတာအကုန်ပေးတယ်။ အသက်တာ ၊ ဘုန်းဂုဏ်တော် ၊ချစ်ခြင်း ၊ ရှိသမျှ အားလုံး လူသားတွေကို ပေးတယ်။ဘုရားရှင်က၊ သခင်အားဖြင့် ဖော်ပြသည်သာမက၊ ပေးလာတဲ့ ဘုရားလို့ကျွန်ပ်တို့ နားလည် လက်ခံ ယုံကြည်ကြတယ်။ မဿဲ ၁၄၊ ၂၂ ၃၆ မှာ သခင်ရေပေါ်လမ်းလျှောက်တာကို ဖတ်ရတယ်။တမန်တော်ပေတရု၊ရေပေါ်လျှောက်ကာ အထံတော်သို့ လာပါရစေ၊တဲ့သခင်က သူဘာလဲဆိုတာ…