curatnskl

curatnskl

သခင်တည်ခင်းတဲ့ စားပွဲကြီး

သြဂုတ် ၁၊ တနင်္လါ ရှင်မဿဲ၊ ၁၄ : ၁၃ မှ ၂၁။ သခင်တည်ခင်းတဲ့ စားပွဲကြီး ဧဝံဂေလိ ကျမ်းအားလုံးကဖော်ပြ။ ရှင်မဿဲ၊ရှင်မာကု၊ နှစ်ကြိမ်ဖော်ပြ။ ရှင်မဿဲ စီစဥ်ချိတ်ဆက်မှုကြည့်ပါ။ စနေနေ့ကထောက်ရှုခဲ့ကြရာမှာ၊ယောဟန် နှင့်သခင်တို့တူညီချက်။ ဒီကနေ့ စားပွဲ နှစ်ခုနှိုင်းကြည့်ရန်။ ဟေရုဒ်မင်း တည်ခင်းတဲ့ စားပွဲ၊ သခင် တည်ခင်းတဲ့ စားပွဲ။ ဟေရုဒ်မင်း တည်ခင်းတဲ့ပွဲ၊ နန်းတော်မှာ ကျင်းပ၊ မင်းစိုးရာဇာ လူကုံတံအထက်တန်းလွှာများတက်၊ မာန ၊ ပကာသန၊ ကခုန် ဆူညံ၊ခြင်း ကြွားဝါမှု…

ကောင်းကင်နိူင်ငံတော်

ဇူလိုင် ၂၇၊ ဗုဒ္ဓဟူးနေ့။ ရှင်မဿဲ၊ ၁၃ : ၄၄ – ၄၆။ ကောင်းကင်နိုင်ငံတော် လယ်ကွင်းပြင်ရှိ ဝှက်ထား ရတနာ၊ အလွန် အဖိုးထိုက် ပုလဲ ရတနာ တို့ဖြင့် ခိုင်းနှိုင်း ပုံဖော်သည်။ ဧဝံဂေလိ တရားတော်ဟာ ကျွန်ပ်တို့ လက်ဗလာ ဖြစ်သွားအောင်ကျွန်ပ်တို့ ထံမှအားလုံးယူသွားတဲ့အရာမဟုတ်၊ အားလုံး ရှိသမျှ ယူသွားတဲ့ အရာ မဟုတ်ပါ။ အပေါ်ယံကြည့်က တောင်းဆိုမှုတွေ များပုံပေါက်နေ၊ နောက်တော်သို့ လိုက်ပါ၊ ခရုစူးထမ်း ပါ၊ စွန့်လွှတ်ပါ၊ ပူဇော်ဆက်ကပ်ပါ၊…

အာဏာ ပါဝါ သည် ဟိန်းဟောက် ချိန်ခြောက်ဖို့မဟုတ် အစေခံဖို့ဖြစ်သည်

ဒီကနေ့ဧဝံဂေလိကျမ်းစာထဲမှာသခင်ယေဇူးကသူ့ရဲ့တပည့်တော်ကြီး၁၂ပါးကိုစေလွှတ်တဲ့အကြောင်းကိုကြားကြရတယ်။စေလွှတ်တဲ့အခါမှာလည်းဒီအတိုင်းစေလွှတ်လိုက်တာမဟုတ်ပဲနဲ့အနာရောဂါအမျိုးမျိုးကိုပျောက်ကင်းစေနိုင်သော၊ ညစ်ညူးသောနတ်ဆိုးတို့ကို နှင်ထုတ်နိုင်သောအခွင့်အာဏာကိုပေးပြီး စေလွှတ်လိုက်တယ်။ သခင်ယေဇူးက သူ့တပည့်တော်တွေကို ကုသပိုင်ခွင့်၊ နှင်ထုတ်ပိုင်ခွင့်အာဏာတွေကိုပဲ ပေးပြီးစေလွှတ်တယ်ဆိုတာတွေ့ရတယ်။ ဘာဖြစ်လို့ ရွှေ၊ငွေ၊ရတနာတွေကို ပေးပြီး မစေလွှတ်ခဲ့တာလဲ။ သိချင်ခဲ့တယ်။ တကယ်တမ်းတရားသဘောနဲ့စဉ်းစားသုံးသပ်ကြည့်တဲ့အခါကျတော့ ရွှေငွေရတနာတွေဆိုတာ လောကစည်းစိမ်ဥစ္စာကြွယ်ဝချမ်းသာမှုတွေပဲဖြစ်တယ်။ ရုပ်ဝတ္ထုဆိုင်ရာ ချမ်းသာမှုတွေသာ​ဖြစ်တယ်။ ဒါပေမဲ့ စိတ်ချမ်းသာမှုတွေတော့မဟုတ်ဘူး။ ဘာ့ကြောင့်လဲဆိုရင် ကျွန်ုပ်တို့သိကြတဲ့အတိုင်း ရွှေငွေရတနာတွေရှိလာရင် အခိုးခံရမလား၊ဓားပြအတိုက်ခံရမလား၊အလုခံရမလားစိတ်ပူပင်နေကြရတယ်။အခုခေတ်အခြေအနေနဲ့ဆိုပိုတောင်ဆိုးသေးတယ်။ကိုယ့်ပိုက်ဆံတောင်ကိုယ်ပြန်ထုတ်ရခက်လို့စိတ်ညစ်တဲ့သူတွေတောင်ရှိတယ်။သတင်းတွေကနေတဆင့်ကြားခဲ့ဖူးတာကရွှေငွေရတနာပိုင်ဆိုင်တဲ့သူဌေးမိသားစုအသတ်ခံရတာတွေတောင်ရှိတယ်။ စိတ်မချမ်းသာစရာတွေပါပဲ။ ဒီတော့ သခင်ယေဇူးက သူ့တပည့်တွေကို ခိုးယူ၊ လုယူ၊ဓားပြတိုက်ယူလို့ရတဲ့ ရွှေငွေရတနာတွေကို မပေးပဲနဲ့ ခိုးယူလို့မရ၊ လုယူလို့မရ၊ ဓားပြတိုက်ယူလို့မရတဲ့ အခွင့်အာဏာတွေကို ပေးခဲ့တယ်။ မြင်နိုင်တဲ့အရာတွေကို မပေးပဲ…

ဘုရားတရားနဲ့နီးဖို့သာအဓိက

ဒီနေ့ ဇွန်လ ၁၅ ရက်ဗုဒ္ဓဟူနေ့၊ သာမန် ၁၁ ကြိမ်မြောက်အပတ်ရဲ့ ဗုဒ္ဓဟူးနေ့ဖြစ်ပါတယ်။ ဖတ်ရတဲ့ဒီနေ့ကျမ်းပိုဒ်မှာ ၆း ၁-၆၊ ၁၆-၁၈ ဖြစ်ပါတယ်။ ဘာသာတရားကျင့်ကြံအားထုတ်ခြင်းရဲ့ ရည်ရွယ်ချက်ပန်းတိုင်ဟာ ဘုရားပဲ၊ ခမည်းတော်ပဲဖြစ်တယ်ဆိုတာကို ပြောထားခြင်းဖြစ်ပါတယ်။ ဘာသာတရားကိုင်းရှိုင်းဖို့ ကျင့်ကြံအားထုတ်ဖို့အတွက် အဓိကလုပ်ငန်းကြီးတွေကတော့ ဆုတောင်းခြင်း ပေးကမ်းစွန့်ကြဲခြင်းနဲ့ ခြိုးခြံဝါရှောင်ခြင်းပဲဖြစ်ပါတယ်။ ဒီလုပ်ငန်းကြီးတွေလုပ်ကိုင်တဲ့နေရာမှာ ကျွန်တော်တို့လူတွေရဲ့ ပတ်ဝန်းကျင်ရဲ့ အသိအမှတ်ပြုဖို့ မျှော်မှန်းတာဟာ နောက်ဆုံးပန်းတိုင်မဟုတ်ဘူး။ နောက်ဆုံးပန်းတိုင် ကျွန်တော်တို့ရရမဲ့ဆုလဒ်၊မျှော်မှန်းရမဲ့ဆုလဒ်က ခမည်းတော်သာလျှင်ဖြစ်တယ်ဆိုတာကို သူကတည့်မတ်ထားခြင်းဖြစ်ပါတယ်။ ရည်ရွယ်ချက်ကို။ ကျွန်တော်တို့ ဘာသာတရားကျင့်ကြံအားထုတ်ခြင်းရဲ့နောက်ဆုံးပန်းတိုင်ဟာ ခမည်းတော်ပဲဖြစ်ပါတယ်။ ဒီပန်းတိုင်ဟာ ဘုရားစီက…

ရန်သူကိုချစ်ပါ

အင်္ဂါနေ့ ရဲ့ ဇွန် ၁၄ ရက်နေ့မှာ ဒီကနေ့ကြားခဲ့ရတဲ့ကျမ်းရော၊ ၆ ရက်လုံးလုံးကြားခဲ့တဲ့သွန်သင်ချက်တွေဟာ နိုင်ငံရေးနယ်ပယ်ထဲကို ဆွဲသွင်းပြီးနားလည်လို့မဖြစ်ပါဘူး။ ဒါကို ကျွန်တော်တို့သတိထားရပါမယ်။ ပထမဆုံးအချက်အနေနဲ့။ လူမှုကျင့်ဝတ်ပိုင်း၊ စာရိတ္တပိုင်း၊ Moral Teaching၊ Ethical Teaching အဆင့်လောက်ပဲလည်းနားမလည်ရပါဘူး။ အဲဒါတွေထက်နက်ရှိုင်းပါတယ်၊ အဲဒါတွေထက်ပိုပါတယ်။ သူပြောချင်တာက သခင်ယေဇူးကိုယ်တိုင် အပြည့်အဝဖြည့်စွက်ခဲ့သူဖြစ်တယ်ဆိုတာကို ပြောလိုခြင်းဖြစ်တယ်။ ကျန်တဲ့ယုံကြည်သူတွေကိုလည်းပဲ လိုက်နာနိုင်ဖို့အခွင့်အရေးပေးခြင်းပဲဖြစ်တယ်။ အမှန်တကယ်အနှစ်သာရအထိပညတ်တော်များကို ဖြည့်စွက်ခဲ့သူဟာ သခင်ခရစ်တော်ဆိုတာကိုပဲ သိရမှာပါဖြစ်တယ်။ လက်တွေ့ဘဝမှာလုပ်ဖို့ခက်လှကြီလားဆိုပြီးတော့ ကိုယ်တော်ချမှတ်ပေးထားတဲ့ဒီကျင့်ဝတ်တွေဟာ အသုံးချလို့မရနိုင်ပါဘူးဆိုပြီးတော့ စိတ်ဓာတ်ကျပစ်ထားဖို့မဟုတ်ပါဘူ။ အမှန်တကယ်ပြည့်စုံစွာဖြည့်စွက်ခဲ့သူဟာ ဘယ်သူလဲ နံပါတ်တစ် သတိရရမှာဖြစ်ပါတယ်။…

ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရားနှင့်သက်ဆိုင်သောကျမ်းချက်များ

The Most Holy Trinity ၁။ ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူအကြောင်း သမ္မာကျမ်းစာ၏ ဖော်ပြချက် က။ ဓမ္မဟောင်းကျမ်း တဖန် ဘုရားသခင်က၊ ငါတို့ပုံသဏ္ဍန်နှင့်အညီ တစ်သဏ္ဍန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးကို လည်းကောင်း၊ မိုဃ်းကောင်းကင် ငှက်တို့ကို လည်းကောင်း၊ သားယဉ်တို့ကို လည်းကောင်း၊ မြေတစ်ပြင်လုံးနှင့်တကွ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို လည်းကောင်း အုပ်စိုးစေဟု အမိန့်တော်ရှိ၏။  (Gen 1:26) ထာဝရအရှင် ဘုရားသခင်ကလည်း၊ လူသည် ငါတို့တွင် တစ်ပါးပါးကဲ့သို့ ဖြစ်၍…

ချစ်ခြင်းမေတ္တာဥပဒေကိုသာလိုက်ကျင့်ရန်

ရှင်မာတေဦး ၅း ၁၇-၁၉  ၁၉ ထို့ကြောင့်မည်သူမဆို ဤအငယ်ဆုံးသောပညတ်တို့ တွင် တစ်ပါးပါးကိုကိုယ်တိုင် ကျူးလွန် ၍ အခြားသူတို့အား လည်း ထိုနည်း အ တိုင်း သွန်သင် လျှင် ထိုသူ သည် ကောင်းကင် နိုင်ငံတော် တွင် အသိမ်ငယ်ဆုံး သော သူ ဟုအ ခေါ် ခံရ လိမ့်မည်။ သို့ ရာ တွင် မည်သူမဆို ပညတ်တော် များ ကို ကိုယ်တိုင်ကျင့် ၍ အခြားသူတို့အား လည်း…

ရှောင်ရန်နှင့်ဆောင်ရန်များ

ရှင်မာတေဦး ၅း ၂၀-၂၆ ဒီကနေ့ ခရစ်တော်ဘုရားက ကျန်ုပ်တို့ကို ကျမ်းစာကနေတစ်ဆင့် ဆုံးမသွန်သင်ထားတာကတော့ “လူ့အသက်မသတ်ဖို့၊ ဒေါသအမျက်မထွက်ဖို့၊ တစ်ယောက်နဲ့တစ်ယောက်ကဲ့ရဲ့စော်ကားကျိန်ဆဲခြင်း တွေမလုပ်ဖို့တားမြစ်ထားပါတယ်။ လုပ်ဆောင်ဖို့ပြောထားတဲ့အချက်တွေကတော့ ကျန်ုပ်တို့ရဲ့ အကျင့်ပါရမီဟာ ကျမ်တတ်ဆရာနဲ့ ဖာရီဇေဦးတွေရဲ့အကျင့်ပါရမီထက်သာလွန်ဖို့၊ ပြန်လည်ကြေအေးဖို့၊ ပြန်လည်သင့်မြတ်ဖို့နဲ့ ခွင့်လွှတ်ကြဖို့ပဲဖြစ်ပါတယ်။ ဘာ့ကြောင့်ဘုရားက ကျန်ုပ်တို့ကို လူမသတ်ဖို့တားမြစ်ရတာလဲဆိုရင် ကိုယ်က လူတစ်ယောက်ကိုသတ်ရင်၊ ကိုယ့်ကိုယ်လည်းလာပြန်သတ်တတ်တယ်။ လူတစ်ယောက်ကို သေစေချင်ရင် ကိုယ့်ကိုလည်းသေစေချင်တတ်တယ်။ ခတ်ရိုင်းရိုင်းပြောရရင်တော့ “သူမသာ ကိုယ်အသုဘ ဖြစ်မယ်။ သူ့ရွာမီးသွားရှို့ရင် ကိုယ့်ရွာလည်း ပြာပုံဖြစ်မယ်”အခုပြောတဲ့အချက်က ကျန်တော့စကားလို့မထင်လိုက်ပါနဲ့။ ဝန်ကြီးဟောင်းတစ်ဦးရဲ့စကားပဲဖြစ်ပါတယ်။ လက်ရှိကျန်ုပ်တို့ ကြားကြရမြင်ကြရတဲ့…

Who Is The Holy Spirit?

The Holy Spirit is mentioned often in the Bible, mostly in the New Testament. He is called by various names, such as “Spirit of God” (Genesis 1:2, 1 Samuel 10:10), “Spirit of the Lord” (Isaiah 61:1), “Spirit of truth” (John…

မြေမျက်နှာပြင် အသစ်ပြင်

ဝိညာဉ်တော်မြတ်ကို စေလွှတ်တော်မူလျှင်ဘာသာဝင်တို့၏စိတ်နှလုံးတို့သည် သန့်ရှင်းစင်ကြယ်ခြင်းသို့ရောက်ပါလိမ့်မည်။ ဒီဆုတောင်းပဌနာစာသားဟာ ဆာလံ ၁၀၄: ၃၀ ကနေယူထားတာဖြစ်တယ်။ “တစ်ဖန်ဝိညာဉ်တော်ကို စေလွှတ်၍ သူတို့ကိုဖန်ဆင်းတော်မူသဖြင့် မြေကြီးမျက်နှာပြင်ကို အသစ်ပြုပြင်တော်မူ၏။ လူသားတွေနဲ့မြေကြီးဟာ နီးစပ်စွာဆက်နွယ်နေတယ်။ လူသားတွေရဲ့ စိတ်နှလုံးလှပမှ ကမ္ဘာမြေလှပမှာဖြစ်တယ်။ လူသားတွေရဲ့ နှလုံးသားမျက်နှာပြင်သန့်စင်မှ ကမ္ဘာမြေမျက်နှာပြင် သန့်စင်မှာဖြစ်တယ်။ မြေမျက်နှာပြင်ကို ကြည့်ရင် နှလုံးသားမျက်နှာပြင်ကို မြင်နိုင်တယ်။ ပြာကျတာတွေ မသာချတာတွေများနေရင် နှလုံးသား မျက်နှာပြင်ကြမ်းနေတယ်ဆိုတာ သိသာတယ်။ ကမ္ဘာဦးကျမ်း ၆း ၁၂ မှာ “ဘုရားသခင်သည် မြေကြီးကို ကြည့်ရှုသောအခါ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။…