curatnskl

curatnskl

သန့်ရှင်းသောဝိညာဉ်တော်သည် အဘယ်သူနည်း။

၁။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသည် ပုဂ္ဂိုလ်တစ်ပါး ဖြစ်သည်။ ၁။ (က)သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသည် ပုဂ္ဂိုလ်တစ်ပါး ဖြစ်သည့်အတွက် ခံစားချက်ရှိသည်။ ဝမ်းနည်းတတ်သည်။ ဒေါသထွက်တတ်သည်။ စော်ကားခံရသည်။ ကျိန်ဆဲခြင်း၊ ကျိန်ဆိုခြင်းခံရနိုင်သည်။   သူတို့သည်လည်း ပုန်ကန်၍ သန့်ရှင်းသော ဝိညာဉ်တော်ကို နာစေကြ၏။ (Isa 63:10)         ဝိညာဉ်တော်မြတ်အား ထိခိုက်ပြောဆိုသောသူ မည်သူမျှ ယခုဘဝ၌သော် လည်းကောင်း၊ နောင်ဘဝ၌သော် လည်းကောင်း ခွင့်လွှတ်ခြင်း ခံရလိမ့်မည် မဟုတ်။ (Mat 12:31) အရေဖျားလှီးခြင်း မခံထားသော စိတ်နှလုံးနှင့် နားတို့ဖြင့် ခေါင်းမာကြသောသူတို့၊…

“သူတို့သည်တစ်လုံးတစ်ဝတည်းရှိကြပြီးအကျန်ုပ်တို့၌လည်းတည်ရှိစေတော်မူပါ။”

ဒါဟာသခင်ယေဇူးကသူ့ရဲ့တပည့်တော်ကြီးတွေစည်းလုံးခြင်းရှိကြဖို့ ဆုတောင်းပေးတဲ့ဆုတောင်းချက်ကို ကျန်ုပ်တို့ကြားကြရတာဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင် သခင်ယေဇူးက စည်းလုံးခြင်း၊ငြိမ်းချမ်းခြင်းကိုလိုလားပြီး ပြိုကွဲခြင်း မငြိမ်မသက်ဖြစ်ခြင်းကိုမလိုလားဘူးဆိုတာကို ပေါ်လွင်စေပါတယ်။ အချင်းချင်းစည်းလုံးရင်ဘုရားဘုန်းဂုဏ်တော်ကို ထင်ရှားစေပြီး အချင်းချင်းဖရိုဖရဲပြိုကွဲနေရင် ဘုရားဘုန်းတော် မှေးမှိန်ပျောက်ကွယ်သွားစေပါတယ်။ Not division but unity ပြိုကွဲခြင်းမဟုတ်စည်းလုံးခြင်းကသာ အင်အားဖြစ် စေသလိုဘုရားလိုလားတဲ့အရာလည်းဖြစ်ပါတယ်။ စည်းနေ လုံးနေရင် ဖြိုခွဲဖို့ခက်သလို ကွဲနေရင် ခွဲဖို့ကအင်မတန်လွယ်ကူပါတယ်။ ဒါကြောင့် သခင်ယေဇူးက ခမည်းတော်၊သားတော်၊ သန့်ရှင်းသောဝိညဉ်တော်ဟာ တစ်လုံးတစ်ဝတည်းရှိသကဲ့သို့ သူ့ရဲ့တပည့်တွေကိုလည်း တစ်လုံးတစ်ဝတည်းရှိစေချင်ခဲ့တယ်။ စည်းလုံးချင်းက ဘုရားတည်ရှိခြင်းအမှတ်လက္ခဏာဖြစ်ပြီးတော့ ပြိုကွဲခြင်းက နတ်ဆိုးတည်ရှိခြင်းရဲ့အမှတ်သင်္ကေတဖြစ်ပါတယ်။ စည်းလုံးရင် ငြိမ်းချမ်းခြင်းတည်းလုံးတွေကို အတူတကွ…

နတ်ဆိုးလူမဟုတ်၊ ဘုရားလူ

ချစ်လှစွာသောဓမ္မမိတ်ဆွေတို့… ဒီကနေ့ဟာ ဇွန်လရဲ့ ပထမနေ့ရက်ဖြစ်သလို ဒီလဟာဆိုရင် ကက်သလစ်ခရစ်ယန်များဖို့ ယေဇူးရွှေနှလုံးတော်ကို ပိုမိုသဒ္ဒါကြည်ညိုရတဲ့လလည်းဖြစ်ပါတယ်။ ဦးစွာပထမ ယေဇူးရွှေနှလုံးတော်ရဲ့ သနားကြင်နာခြင်း တွေရရှိပြီး မိမိတို့လိုရာဆုကျေးဇူးများယေဇူးရွှေနှလုံးတော်ထံမှ အပြည့်အဝရရှိခံစားရပါစေလို့ ဆုတောင်း ပေးပါတယ်။ ဒီကနေ့ ဧဝံဂေလိကျမ်းစာထဲမှာသခင်ယေဇူးခရစ်တော်က ဒီလောကမှာဆက်ရှိနေအုံမဲ့ သူ့တပည့်တော်ကြီး တွေအတွက်အထူးဆုတောင်း ပေးတယ်ဆိုတာကို ကြားရပါတယ်။ “သန့်ရှင်းမြင့်မြတ်တော်မူသောအဖ၊ အကျန်ုပ်အား ကိုယ်တော်အပ်နှံ ထားသောသသူတို့သည် အကျန်ုပ်တို့ကဲ့သို့ တစ်လုံးတစ်ဝတည်း ရှိကြစေရန်ကိုယ် တော်၏ နာမတော်၌ စောင့်ရှောက်တော်မူပါ…ကိုယ်တော်သည်သူတို့ကိုဤလောကအတွင်းမှထုတ်ဆောင်တော်မူရန်အကျန်ုပ်မတောင်းလျှောက်ပါ။ သို့သော်သူတို့ကိုနတ်ဆိုး၏လက်မှကင်းလွှတ်စေတော်မူပါမည့်အကြောင်းအကျန်ုပ်တောင်းလျှောက်ပါ၏။” လို့ဆုတောင်းပေးတာကိုတွေ့ရတယ်။ သူဒီလောကနေထွက်ခွာသွားပြီးတဲ့နောက် သူ့တပည့်တွေဟာ သူ့အပေါ်မှာဆက်လက်သစ္စာရှိဖို့၊ သမ္မာတရား၌ခိုင်မြဲကြဖို့ဆုတောင်းပးတယ်။ သူစိုးရိမ်တဲ့ပုံပေါ်တယ်။  တပည့်တွေအပေါ်မှာထားတဲ့…

ဝိညာဉ်တော်ကိုစေလွှတ်မည့်အကြောင်း

မေလ ၂၄၊ ၂၀၂၂ အင်္ဂါနေ့ ရှင်ယောဟန် ၁၆း ၅-၁၁ ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့. ဒီနေ့သခင်ခရစ်တော်ပြောနေတဲ့စကားတွေ ဒီရက်တွေမှာ ဖတ်ရတဲ့ဧဝံဂေလိကျမ်းတွေအားလုံးဟာ သခင်ခရစ်တော်ဟာ ဒီလောက ကနေထွက်ခွာသွားရမဲ့အချိန်နီးကပ်လာတယ် သူ့ရဲ့တပည့်တော်တွေကို စွန့်ခွာပြီးတဲ့နောက်ထွက်ခွာသွားရမှာဖြစ်တဲ့အတွက် မှာသင့်မှားကြားအပ်တဲ့စကားလေးတွေမှာကြားပြီးတော့ သတိပေတာဖြစ်တယ်။ မိမိဒီလောက ကနေတကယ်ပဲထွက်သွားတဲ့အခါမှာ မိမိတပည့်တော်တွေအနေနဲ့စိတ်ပျက်ဝမ်းနည်းပြီးတဲ့နောက် စိတ်ဓာတ်ကျလက်လျော့နောက်ဆုတ်သွားတာမျိုးမဖြစ်ပဲနဲ့ ဆရာသခင်သူတို့နဲ့မရှိတော့တဲ့နောက်ပိုင်းအချိန်လေးမှာ စိတ်ဓာတ်အင်အားအပြည့်နဲ့ သတိရှိရဲရင်စွာဖြတ်ကျော်နိုင်ဖို့ရန်အတွက် ကိုယ်တော်ဘုရားက သတိပေးနှိုးဆော်နေတာဖြစ်ပါတယ်။ သူတို့ကိုခွန်အားပေးနေတာဖြစ်ပါတယ်။ အမှန်တော့ သခင်ခရစ်တော်က နုတ်ဆက်စကား၊ ခွဲခွာစကားသူတို့ကိုပြောနေတာြဖစ်ပါတယ်။ ဒီနုတ်ဆက်စကားသံ၊ ခွဲခွာစကားသံလေးတွေကို ကြားနေရတဲ့အခါမှာ တပည်တော်တွေအနေနဲ့ လွန်စွာဝမ်းနည်းပြီးတဲ့နောက် စိတ်နှလုံးမသာမယာဖြစ်ခဲ့ကြတာအမှန်ပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ဆရာသခင်ရဲ့နောက်ကို…

ဝိညာဉ်တော်ကိုအားကိုးခိုလှုံခြင်း

မေလ ၂၃၊ ၂၀၂၂ တနင်္လာနေ့ ရှင်ယောဟန် ၁၅း ၂၅, ၁၆-၄ ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့. ဒီကနေ့ဧဝံဂေလိကျမ်းမှာ သခင်ခရစ်တော်က သန့်ရှင်းသောဝိညာဉ်တော်ဘုရားကို တပည့်တော်ကြီးများထံစေလွှတ်မဲ့အကြောင်းကို ကြိုတင်ပြီးပြောပြနေတာဖြစ်ပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားကို သခင်ခရစ်တာ်သုံးနှုန်းထားတဲ့စကားကတော့ ကူညီစောင်မမည့်သူဟူသော သမ္မတရားနှင့်သက်ဆိုင်သည့် ဝိညာဉ်တော်ဆိုပြီးသုံးထားတာဖြစ်ပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်က တပည့်တာ်ကြီးတွေကို သမ္မတရားနဲ့ဆိုင်တဲ့ အသိတရားတွေသိလာဖို့ သမ္မတရားနဲ့ဆိုင်တဲ့အရာတွေကို နားလည်ဖို့ရန်အတွက် ကူညီစောင်မပေးတဲ့ အရှင်သခင်ဖြစ်ပါတယ်။ ဒီသခင်ကနေပြီးတော့ သမ္မာတရားနဲ့ဆိုင်တဲ့အရာတွေကို တပည်တော်တွေကို ဖွင့်ဟပေးပြီးတဲ့နောက်မှာ တပည့်တော်တွေဟာ ဒီအရာတွေနားလည်လာပြီး သခင်ဘုရားကိုလည်း သက်သေခံလာနိုင်မယ်ဆိုတာကို သခင်ခရစ်တော်က မိမိရဲ့တပည့်တော်ကြီးတွေကို သတိပေးနေတာဖစ်ပါတယ်။ ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့.…

ပညတ်တော်နှင့် ငြိမ်းချမ်းသာယာခြင်း

ပါစကားပွဲတော်ကာလ ဆဌမမြောက်တနင်္ဂနွေ ယောဟန် ၁၄း ၂၃-၂၉ ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို.. ဒီနေ့သခင်ခရစ်တော်မိန့်မှာတဲ့စကားလေးကတော့ အကြင်သူဟာ ငါ့ကို ချစ်ရင် ငါ့ရဲ့စကာတွေကို လိုက်နာစောင့်ထိန်းမယ်လို့ ပြောပါတယ်။ ငါ့ကို မချစ်တဲ့သူဟာ ငါ့စကာတွေကိုလည်း လိုက်နာစောင့်ထိန်းခြင်းမပြုဘူးလို့လည်း ဆက်ပြီးတော့ပြောထားပါတယ်။ အဲဒီစကားလေးကို ကြားတဲ့အခါမှာ ကျန်ုပ်အနေနဲ့ မိမိကိုယ်ကို မေးခွန်းပြန်မေးမိပါတယ်။ ငါသခင်ခရစ်တော်ကို ငါချစ်ရဲ့လာ။ သခင်ရစ်တော်ဆုံးမထားတဲ့စကားတွေကို ငါကောင်းကောင်းလိုက်နေရဲ့လာ စသဖြင့်ပြန်ပြီးတော့နောက် မေးမိပါတယ်။ မိမိကိုယ်ကို ပြန်လည် ဆင်ခြေသုံးသပ်လိုက်တဲ့အခါမှာ ငယ်စဉ်အခါကတည်းက ဘုရားရဲ့ ပညတ်တော်တွေကို လိုက်ကျင့်ရမယ်ဆိုတာကို သိခွင့်ရခဲ့တယ်။ စစ္စတာရ်တွေ ဘုန်းကြီးတွေကနေပြီးတော့ သင်ကြားပေးခဲ့တဲ့အတွက်…

အောင်မြင်ခြင်းထက် အကျိုးပြုခြင်း

“ယေဇူးက ငါသည် စစ်မှန်သော စပျစ်နွယ်ပင်ဖြစ်၍ ငါ၏ခမည်းတော်သည် စပျစ်ဥယျာဉ်မှူးဖြစ်တော်မူ၏။ ကိုယ်တော်သည် ငါ၌အသီးမသီးသော အကိုင်းအခက်ဟူသမျှတို့ကို ဖြတ်တောက်ပစ်၍ အသီးသီးသော အကိုင်းအခက်ဟူသမျှတို့ကိုမူကား ပို၍သီးစေရန် ရှင်းလင်းပြုပြင်ပေးတော်မူလိမ့်မည်” လို့ ဒီကနေ့ ဧဝံဂေလိကျမ်းစာမှာကြားကြရပါတယ်။ ဒီကျမ်းပိုဒ်ကို အခြေခံပြီးလိုရင်းတိုရှင်းပြောရမယ်ဆိုရင်တော့ ဘုရားက ကျန်ုပ်တို့ကို အောင်မြင်တဲ့ လူသားတွေ ဖြစ်ဖို့ထက်၊ အကျိုးပြုတဲ့လူသားတွေဖြစ်ဖို့ ဖိတ်ခေါ်နေခြင်းပဲဖြစ်ပါတယ်။ အောင်မြင်းခြင်းဆိုတာက မတည် မြဲပါဘူး။ ယခုအချိန်မှာ အောင်မြင်နေပေမဲ့ နှောင်တစ်ချိန်မှာ ရှုံးနှိမ့်ခြင်းတွေနဲ့ မကြုံရနိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ကြဘူး။ အာမမခံနိုင်ကြဘူး။ ဒါပေမဲ့ လောကကြီးကတော့ အောင်မြင်ကြော်ကြားတဲ့သူတွေကိုတော့…

ငြိမ်းချမ်းသာယာခြင်း

ရှင်ယောဟန် ၁၄း ၂၇-၃၁ ၁၇ မေလ ၂၀၂၂ ချစ်လှစွာသောညီအစ်ကို မောင်နှမအပေါင်းတို့.. ဒီကနေ့ ဧဝံဂေလိကျမ်းမှာ ကျန်ုပ်တို့ကို အဓိက သခင်ဘုရားမှာကြားတဲ့အချက်ကတော့ ငြိမ်းချမ်းသာယာခြင်းကို သင်တို့အား ငါထားပေး၏။ ငါ၏ငြိမ်းချမ်းသာယာခြင်းကို သင်တို့အား ငါပေး၏ဆိုတဲ့ စကားလေးဖြစ်ပါတယ်။ ငြိမ်းချမ်းခြင်းစကားကို အင်္ဂလိပ်လိုတော့ Peace လို့ခေါ်ပါတယ်။ မြန်မာလိုပြန်မယ်ဆိုရင် ငြိမ်းချမ်းခြင်းလို့ပြောလို့ရသလို ငြိမ်းချမ်းသာယာခြင်း၊ ငြိမ်သက်ခြင်းစသဖြင့် အမျိုးမျိုးဘာသာပြန်လို့ ရမယ်လို့လည်း ယူဆပါတယ်။ ဘာကြောင်းလည်းဆိုတော့ သခင်ခရစ်တော်ပေးတဲ့ ငြိမ်းချမ်းခြင်းဟာ ဒီလောကမှာ ရှိတဲ့ လူတွေပေးတဲ့ ငြိမ်းချမ်းခြင်းနဲ့ မတူတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ကျန်ုပ်တို့တွေ…

ချစ်ခြင်းမေတ္တာ

“ခမည်းတော်သည် ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည် သင်တို့ကို ချစ်၏။”  ဒီစကားလေးတစ်ခွန်းကို ထောက်ရှုကြည့်တဲ့အခါမှာတော့ ဘုရားက ကျန်ုပ်တို့ကို ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေချစ်နေတယ်ဆိုတာကို ဖော်ပြခြင်းဖြစ်တဲ့လို့ ထောက်ရှုမိပါတယ်။ သင်တို့ကောင်းမှ သင်တို့ကို ငါချစ်မယ်။ သင်တို့မကောင်းရင် မချစ်နိုင်ဘူးလို့ ချွင်းချက်ထားတာကိုမတွေ့ရပါဘူး။ ဒီထက်ပိုသေချာတာက “ဘုရားသခင်သည် ကောင်းသောသူမကောင်းသောသူတို့အပေါ်၌ နေကိုထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ မဖြောင့်မတ်သောသူတို့အပေါ် ၌ မိုးကိုရွာစေတော်မူ၏” ရှင်မာတေဦး ၅း ၄၅ ကျမ်းချက်က သက်သေပါပဲ။ ဘုရားသခင်က အပြစ်ကိုမုန်းပေမဲ့ အပြစ်သားတွေကိုတော့ ချစ်တယ်၊ သနားတယ်၊ စိတ်ရှည်စွာနဲ့စောင့်ဆိုင်းပေးတယ်။ သူကကျန်ုပ်တို့ကိုချစ်သလို ကျန်ုပ်တို့တတွေကိုလည်းပဲ…

၂။ သခင်ယေဇူး၏ ဆုတောင်းခြင်းကိုတွေ့ရှိကြခြင်း

(က) ဒဏ်ရာရှင်အား ဖူးမြင်ရခြင်း သခင်ခရစ်တော်မှလူ့အဖြစ်ယူကာ ပါစကားနက်နဲရာများဖြင့် လူများနှင့်မည်ကဲ့သို့ မိတ်သဟာယဖွဲ့ကာ ပေါင်းစည်းခဲ့ပုံကို အထက်၌ ဖော်ပြထောက်ရှုခဲ့ပြီးဖြစ်ပါသည်။ ဆက်လက်၍ ဤကဲ့သို့လုပ်ဆောင်ခဲ့သည့်အချက်များကို ထပ်မံအတည်ပြုထောက်ပြဖို့ရန် အောက်ပါအချက်အချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါသည်။ တမန်တော်ကြီးများသည် သခင်ယေဇူးသည် မည်သူဖြစ်သည်ကို တွေ့ရှိခဲ့ကြရသည်။ ထိုတွေ့ရှိချက်များစွာထဲမှ ကိုယ်တော်၏ဆုတောင်းခြင်းသည် အခြေခံကျသောအချက်တစ်ချက်ပင်ဖြစ်သည်။ ထို့ကြောင့် သခင်ယေဇူး၏ဆုတောင်းခြင်းကို အနည်းငယ်လေ့လာကြပါမည်။ သခင်ယေဇူး၏ဆုတောင်းနေခြင်းကို တွေ့ရှိခွင့်ရခဲ့သည့် တပည့်တော်တို့၏အတွေ့အကြုံ သက်သေခံချက်များအပေါ်အခြေခံကာ ကိုယ်တော်၏ဆုတောင်းခြင်းကို လေ့လာကြမည်။ သခင်ယေဇူးဆုတောင်းနေခြင်းကို တွေ့လိုက်ရခြင်းသည် သူ၏အဖြစ်တော်ကို တွေ့ရှိလိုက်ရခြင်းဖြစ်သည်။ သူ၏အသက်တာကို တွေ့ရှိလိုက်ရခြင်းလည်းဖြစ်သည်။ ထို့အပြင် အနက်ရှိုင်းဆုံးသော သူ၏နက်နဲရာများကိုလည်းတွေ့လိုက်ရခြင်းဖြစ်သည်။…