Pathein Catholic Diocese
(ဃ) ခရစ်တော်၌ အားလုံးပြီးပြည့်စုံစေခြင်း (CCC 522,518,668,2748)

အရာအားလုံးကိုယ်တော်၌ အသစ်ပြန်လည်ပြုပြင်ခြင်း (ဧဖက်ဆု ၁း၁၀၊ ၁း၂၂) (ပထမကောရိန်သု ၁၅း၄၇)၊ (ကော်လော်သဲ ၁း၁၈) သခင်ယေဇူးသသည် လူသားများနှင့်အပြည့်အဝ ထပ်တူပြုပေါင်းစည်းကာမပြည့်စုံခြင်းအားလုံးကို ပြည့်စုံခြင်းသို့ရောက်စေသည်။ ကိုယ်တော်၏လုပ်ဆောင်ပေးချက်များကို ပို၍နားလည်လက်ခံနိုင်စေရန်အခြားရှုထောင့်တစ်ခုကို တင်ပြလိုက်ရပေသည်။ (Recapitulation) ကို “ပြီးပြည့်စုံစေခြင်း” ဟု ဤနေရာ၌ အဓိပ္ပာယ်ဖွင့်ရမည်ဖြစ်သည်။ သူသည် သမိုင်းတစ်လျှောက်လူသားအားလုံးကို ပြီးပြည့်စုံသူများအဖြစ်သို့ရောက်စေသည်။ သူသည်အားလုံးတွေ့ဆုံရာ ဆုံမှတ်လည်းဖြစ်သည်။ သူ၏ရှေ့မှပေါ်ထွန်းခဲ့သော ပုဂ္ဂိုလ်များနှင့် နောင်မှတည်ရှိလာကြသောသူများအားလုံးကို စုံလင်းခြင်းသို့ ရောက်စေခဲ့သည်။ ဥပမာ-ဒါဝိတ်မင်းကြီးကိုကြည့်ကြပါစို့။ သူသည် အီစရာအဲလ်လူမျိုးများအတွက် စံပြပုဂ္ဂိုလ်ဖြစ်သည်။ အီစရာအဲလ်နိုင်ငံတော်ကို တည်ထောင်ပေးမည့် ပုဂ္ဂိုလ်အဖြစ်မျော်လင့်ထားကြသည်။သို့သော်သူသည် ရာနှုန်းပြည့်ပြီးပြည့်စုံကောင်းမွန်သူတစ်ဦးတော့မဟုတ်ပေ။ကောင်းကွက်များရှိသကဲ့သို့…




