curatnskl

curatnskl

(၃)ကောင်းသော ဆာာမာရီတန် (လုကာ ၁၀း ၂၅-၃၇)

“နာကျင်၊ ညစ်ထေး၊ စွန်းပေသော” ဘဝကို သန့်ရှင်းစင်ကြယ် ကုသပေးကာ ဘဝသစ်တစ်ခုကို အပ်နှင်းလိုက်ခြင်းဖြစ်သည်။ လူသည် အသက်အရွယ်ရလာသည်နှင့် အမျှ မိမိဘဝ၏အဖြစ်အနေအနေမှန်ကို တိုး၍သိရှိလာကာ နဂိုမူရင်းအပြစ်မရှိသာအခြေအနေသို့ တမ်းတလျက်ရှိကြသည်။ ပြန်လည်ရောက်ရှိလိုစိတ် ပြင်းပြလျက်ရှိသည်။ လူသားထုတစ်ရပ်လုံး၏အခြေခံကျသော မြည်တမ်းခြြင်တစ်ခုဖြစ်သည်။ အရေးကြီးသည့် အချက်တစ်ချက်ကို အမြဲမှတ်သားထားရန် လိုအပ်ပါသည်။ ထိုအချက်မှာ လူသားသည် မိမိစွမ်းအားတစ်ခုတည်းဖြင့် ထိုအခြေအနေသို့ပြန်လည်၍ မရနိုင်သည့်အချက်ပင်ဖြစ်သည်။ (ရှင်လုကာ ၁၀း ၂၅-၃၇) ကျမ်းပိုဒ်ကို သေချာစွာထောက်ရှုရန် လိုအပ်သည်။ လူသားသည် သေလုမျောပါးရိုက်နှက်ခံရကာ မိမိ၌ရှိသမျှလုယူခံရ၍ သွေးအိုင်ထဲတွင် စွန့်ပစ်ခံရသူနှင့်တူ၏။ မိမိအစွမ်းဖြင့်…

(၂) ခရစ်တော်၏ လူသားအဖြစ်တော်

လူသား၏ ပြည့်ဝစုံလင်ခြင်းအားလုံးကို သခင်ခရစ်တော်၌တွေ့ရပါသည်။ အစဉ်အမြဲပြည့်ဝစုံလင်သော လူသားအဖြစ်ကို ခရစ်တော်၌ တွေ့ရပါသည်။ ထာဝရပြည့်ဝစုံလင်သော၊ ပြန်လည်ယုတ်လျော့သွားရန်မရှိသော လူပီသလှသည့် “လူသားဖြစ်ခြင်းကို” ကိုယ်တော်၌တွေ့ရသည်။ ကျွန်ုပ်တို့ အားလုံး ရှာဖွေလျက်ရှိကြသော ဘဝ၏အဓိပ္ပာယ်အားလုံးကို ကိုယ်တော်၌ တွေ့ရပါသည်။ ဖန်ဆင်းခြင်း၌ ဘုရားသခင်၏ရည်ရွယ်ချက်ကို ယေဇူးသခင်၏လူသားအဖြစ်တော်တွင် တွေံရသည်။ လူအားလုံးသည် သူ့၌ပြည့်ဝစုံလင်ခြင်းသို့ရောက်စေရန်ဖြစ်သည်။ ဖန်ဆင်းခြင်းသည် ခရစ်တော်ကို ညွှန်ပြလျက်ရှိသော ပုံကြမ်းတစ်ခုဖြစ်လေသည်။ ဖန်ဆင်းခြင်းအားလုံးသည် သူ့၌ပြီးပြည့်စုံခြင်းသို့ ရောက်ရှိလေသည်။ ထို့ကြောင့် ကျွန်ုပ်တို့ လူသားများသည် ခရစ်တော်၏ညီအစ်ကို မောင်နှမဖြစ်နိုင်သူများဖြစ်ကြသည်။ လူသားများသည် ခရစ်တော်နှင့် “တစ်လုံးတစ်ဝတည်း” ဖြစ်နိုင်သော…

(၁) လူဆိုသည်မှာ မည်သို့သောသူ ဖြစ်သနည်း

ဤမေးခွန်းသည် သမိုင်းတစ်လျှောက်လုံးတွင် လူအများရှာဖွေခဲ့ကြသောမေးခွန်းဖြစ်သည်။ “ဘဝ၏အဓိပ္ပာယ်” ကို နည်းအမျိုးမျိုးဖြင့် အဖြေပေးခဲ့ကြသည်။ အပြည့်ဝအစုံအလင်ဆုံးသော လူသားကိုရှာဖွေကြရင်း လူ့ ဘဝ၏အဓိပ္ပာယ်ကိုဖွင့်ဆိုရန် ကြိုးစားခဲ့ကြသည်။ လက်ရှိမြင်တွေ့နေကြရသော လူသားများထက် အစစအရာရာသာလွန်၍ ပြီးပြည့်စုံသောလူသားသည် တစ်နေရာရာတွင် ရှိနိုင်ဦးမည်ဟု ယုံကြည်ခဲ့ကြပါသည်။ ယုံကြည်သူများအတွက် သမ္မာကျမ်းစာသည် ဤအဖြေကို တစ်ဆင့်တက်ရှာဖွေရန်အရင်းအဖြစ်တစ်ခုဖြစ်သည်။ အသင်းတော်သွန်သင်ထားသည့်အတိုင်း ဓမ္မဟောင်းနှင့်ဓမ္မသစ်ကျမ်းကို အတူတကွဖတ်ရှုရမည်ဖြစ်သည်။ မည်သည့်ကျမ်းကိုမျှ တစ််ဆင့်နိမ့်သည့်အဖြေအနေအဖြစ် မမှတ်ယူပါ။ ဓမ္မဟောင်း၏ အနက်ရှိုင်းဆုံးသော အဓိပ္ပာယ်ကို ဓမ္မသစ်၌သာ တွေ့ရှိနိုင်သောကြောင့်ဖြစ်ပါသည်။ ဓမ္မသစ်၌ ခရစ်တော်ကို ဒုတိယအာဒံအဖြစ် ရည်ညွှန်းထားသည်။ ဘုရား၏ ပုံသဏ္ဍာန်တော်အဖြစ်လည်း…

(ဂ) ဆက်သွယ်ခြင်း

“ဘုရားသခင်၏ပုံသဏ္ဍာန်တော်” ဆိုသည်မှာ အတိုချုပ်အားဖြင့်”အဆက်အသွယ်ပြုရမည့်အရာ” ဟု အဓိပ္ပာယ်ရသ်။ လူကို ဘုရားမှ အဆက်အသွယ်ပြုရန် ဖန်ဆင်းခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် “ဘုရားသခင်၏ပုံသဏ္ဍာန်တော်” ဟု ဆိုလိုက်သည်နှင့် “အဆက်အသွယ်ပြုရမည်”ဟူသောအချက်ကိုဖော်ပြလျက်ရှိသည်။ လူ၏ဇာတိအတွင်းသို့ လှုပ်ရှားမှုပြုရန် ထည့်သွင်းပေးလိုက်ခြင်းဖြစ်သည်။ ဤအချိန်မှစတင်ကာ လူသား၏ပင်ကိုယ်သဘာဝအတွင်း၌ အပြင်ဘက်နှင့်ဆက်သွယ်လိုသော သန္ဓေတစ်ခုတည်ရှိလာရသည်။ မိမိ၏အတွင်းမှ အပြင်ဘက်သို့ တစ်နည်းမဟုတ်တစ်နည်းအားဖြင့် ထွက်ရောက်ကာ ဆက်သွယ်ခြင်းပြုရန် ကြိုးစားလျက်ရှိသည်။ လူအမြောက်အများ၌ သိသာထင်ရှားစွာတွေ့နိုင်သည်။ မိမိတစ်ဦးတည်း အချိန်အနည်းငယ်မျှပင် မနေနိုင်ပေ။ ထွက်ဖို့အစဉ်အမြဲကြိုးစားလျက်ရှိသည်။ ယနေ့ခေတ်၏အလွန်အမင်း စွဲလမ်းတပ်မက်ခြင်းရောဂေါ (Addiction) အထူးသခြင့် (Online Addiction) သည်…

(ခ) ဘုရားသခင်၏ပုံသဏ္ဏာန်တော် (ကမ္ဘာဦးကျမ်း ၁း ၂၆-၂၇)

“လူသားများသည် မည်သည့်နေရာမှလာ၍မည်သည့်နေရာသို့ သွားနေကြသနည်း”ဟူသော မေးခွန်းနှစ်ခုသည် ခွဲထုတ်၍မရသော မေးခွန်းများဖြစ်ကြသည် (CCC 282)။ ဤမေးခွန်းများသည် ဘဝ၏အဓိပ္ပာယ်နှင့် သွားရမည့်လားရာကို ညွှန်ပြရာမေးခွန်းများလည်းဖြစ်ပါသည်။ ဘုရား၏ပုံသဏ္ဏာန်တော်အတိုင်း ဖန်ဆင်းခြင်းခံရသည်ဆိုသည် အချက်သည် ဘဝကိုအဓိပ္ပာယ်ပေး၍ သွားရမည့်ပန်းတိုင်းကိုလည်း ညွှန်ပြသည်။ ထို့ကြောင့် အသင်းတော်၏ဖခင်ကြီးများ ဖွင့်ဆိုခဲ့သော အဓိပ္ပာယ်ကို အနည်းငယ်ထောက်ရှုရမည်ဖြစ်ပါသည်။ အထူးသဖြင့် ရှင်ဩဂုတ်စတင်းနှင့် ရဟန်းမင်းကြီး ဘေနေဒစ် (၁၆)တို့၏ ထောက်ရှုချက်များကို ဤအပိုင်းတွင် အဓိကအခြေပြုထားပါသည်။ (၁) ပုံရိပ်ယောင်နှင့်အစစ်အမှန် (Image and Reality) ကြေးမုံမှန်သားပြင်တွင် မြင်ရသော ‘ငါ’ သည်…

(၂) အကန့်အသတ်မဲ့လိုသောဆန္ဒ

မိမိကိုယ်တိုင်က အကန်ု့အသတ်ရှိသာသူဖြစ်သော်လည်း လူသားများမှာ အကန့်အသတ်မရှိသောအဖြစ်အခြေအနေသို့ အစဉ်အမြဲတမ်းတလျက်ရှိကြသည်။ ကြိုးစားအားထုတ်လျက်ရှိကြသည်။ အသက်တစ်ရာမက ဖြစ်နိုင်လျှင် နှစ်ရာထောင်ပေါင်းများစွာ ဆွဲဆန့်လိုသူများပင် ဖြစ်ကြသည်။ သူ၏ကိုယ်၌ အကန့်အသတ်ရှိမှုကို တွေ့ကြုံနေရသကဲ့သို့ ၎င်းအကန့်အသတ်ကိုကျော်လွှားလိုသော စိတ်ဆန္ဒလည်း ကိန်းအောင်းလျက်ရှိပါသည်။ ဤယနေ့ခေတ်ဒဿနပညာရှင်များမှာ ဤသို့ကျော်လွှားလိုစိတ်ကို ပြ၍လက်ခံလာကြသည်။ လူသားသည် မိမိ၏လက်ရှိအခြေအနေအတိုင်းကို မည်သည့်အခါမျှတင်းတိမ်ရောင့်ရဲမှုမရှိသည်ကို တွေ့ရသည်။ အကန့်အသတ်ရှိသော သတ္တဝါအဖြစ် မိမိကိုယ်ကို လက်ခံရမည်ဖြစ်ပါသည်။ အခြားတစ်ဘက်မှလည်းလူ၌ အကန့်အသတ်ဘောင်ထက်ကျော်လွန်လိုသော စိတ်ဆန္ဒများ ပြင်းပြစွာ ကိန်းဝပ်လျက်ရှိနေသည်။ ဤအရာနှစ်ခုယှဉ်တွဲတည်ရှိမှုကို အစဉ်အမြဲလက်ခံရန် လိအပ်ပါသည်။ နှစ်ခုစလုံးကိုလည်း သမ္မသမတ်ကျကျ ရှုမြင်သုံးသပ်သဘောပေါက်ရန် လိုအပ်ပါသည်။…

လူဆိုသည်မှာ

၁။ ဆက်သွယ်လိုသော လူ့ဇာတိ (က) အခြေခံတူညီချက် လူသားမျိုးနွယ်စုတစ်ခုလုံး၌ အခြေခံကျသော တူညီချက်များစွာရှိပါသည်။ ၎င်းတို့အနက်မှ အချို့သောအချက်အနည်းငယ်ကို ထုတ်ယူကာ ထောက်ရှုစဉ်းစားကြပါစို့။ ဤအချက်များသည် ဝိညာဉ်နှင့်ကာယအသက်ရှင်မှုအတွက် မရှိမဖြစ်သိရှိထားရမည့် အချက်များပင်ဖြစ်ပါသည်။ ဤအချက်များသည် ကျန်ုပ်တို့ဘဝတစ်ခုလုံးကို အခြေခံကျကျနားလည်ရန်လည်း အထောက်အကူပြုမည်ဟု ယုံကြည်မိပါသည်။ မိမိဘဝကို ခိုင်မာသည့်အခြေခံအုတ်မြစ်တစ်ခုပေါ်၌ တည်ဆောက်လိုက်ခြင်းဟုလည်း ပြော၍ရပါသည်။ ဤအချက်များကို ရှေးဦးစွာယုံကြည်လက်ခံထားပါက ဘဝတစ်ခုလုံး မယိမ်းမယိုင် ကျောက်တိုင်ပမာ နေထိုင်အသက်ရှင်ကြမည်ဖြစ်ပါသည်။ လူ့အဖွဲ့အစည်းကိုလည်း အကျိုးပြုနိုင်မည်ဖြစ်ပါသည်။  (၁) အကန့်အသတ်များနှင့်လူသား လူသားတစ်ဦးစီသည် တန်ဖိုးမဖြတ်နိုင်အောင် မြင့်မြတ်လှပေသည်။ ဘဝနေထိုင်မှုအဆင့်အတန်းနှင့်မသက်ဆိုင်ပါ။ “လူသားတစ်ဦးဖြစ်သည်”…

Teachings of the Catholic Church on using Media

459 What ethical responsibilities are connected with the communications media? ဆက်သွယ်ရေးမီဒီယာနှင့် ကျင့်ဝတ်တာဝန်ဝတ္တရားများ မည်သို့ ချိတ်ဆက်နေသနည်း။ Media producers have a responsibility toward media consumers. Above all they must truthfully inform. In both the gathering and the publication of real news, the rights…

ဖာသာရ် အန္ဒြူးစိုးဝင်းနှင့် နာဂစ်မုန်တိုင်း ၁၄ နှစ်ပြည့်အောက်‌မေ့သတိရခြင်း

“မပြန်လို့မဖြစ်ဘူး။ ‌‌ကျောင်းမှာ ကျောင်းအိပ်ကျောင်းစားကလေးတွေကျန်ခဲ့တယ်။စိတ်မချဘူး။ ပြန်မှဖြစ်မယ်။“ မေလ ၂ ရက်နေ့ဟာ မြန်မာပြည်သူများအတွက် အထူးသဖြင့် ဧရာဝတီးတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးရှိပြည်သူများအတွက် သမိုင်းဝင်နေ့တစ်နေ့ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နေ့က နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြီးရန်ကုန်တိုင်းဒေသကြီးနဲ့ဧရာဝတီတိုင်းဒေသကြီးတို့ကို တိုက်ခိုက်ခဲ့တယ်။ ဒီကနေ့ မေလ၂ ရက်နေ့ဆိုရင် ၁၄ နှစ်တိုင်တိုင်ပြည့်ခဲ့ပါပြီး။ နာဂစ်မှာဘာဖြစ်သလဲလို့မေးရင် လူပေါင်းများစွာသေခဲ့ရသလို အိမ်ခြေပေါင်းများစွာ လည်းပျက်စီး ဆုံးရှုံးခဲ့ကြရတယ်။ သေသွားကြသူတွေထဲမှာ ရဟန်းရှင်လူများစွာပါဝင်ခဲ့ကြပါတယ်။ ပါဝင်ခဲ့ကြ သူတွေထဲမှ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ ဖာသာရ် အန္ဒြူးစိုးဝင်းလည်း တစ်ပါးအပါ အဝင်ဖြစ်ခဲ့ပါတယ်။ ဖာသာရ်အန္ဒြူးစိုးဝင်းဟာဆိုရင်…