Pathein Catholic Diocese
ငယ်စဉ်ကလေးဘဝစစ်ပြေးဒုက္ခသည်အဖြစ်မှ ရဲရင့်နှလုံးလှကက်သလစ်သီလရှင်ဘဝ

လွန်ခဲ့တဲ့ မေလ ၂၇ ရက်က RFA သတင်းဌာနကနေတင်ထားတဲ့သတင်းထောက်စောဖိုးခွားရဲ့ ရုပ်သံဗီဒီယိုနဲ့ဆောင်းပါးလေးတစ်ပုဒ်ကိုကြည့်လိုက်ဖတ်လိုက်ရတယ်။ ဆောင်းပါးရဲ့အကြောင်းအရာကတော့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အောင်းနန်းရပ်ကွက်မှာသာသနာ့အမှုတော်ကို ထမ်းဆောင်နေတဲ့ ကက်သလစ်သီလရှင်တစ်ပါးဖြစ်တဲ့ စိန်ဖရစ်စစ်ဇေးဗီယားအသင်းဂိုဏ်းက စစ္စတာရ်အန်းရိုးစ်နူးတောင်အကြောင်းလေးပဲဖြစ်ပါတယ်။ အဲဒီဆောင်းပါးထဲမှာ မြန်မာပြည်ဟာ နကစ လက်ထဲရောက်ပြီနောက် မြစ်ကြီနားမြို့မှာအခြေအနေတွေရှုပ်ထွေးနေချိန် စစ္စတာရ် နူးတောင်က အခြေအနေတွေကို မျက်ခြေမပြတ်ဆိုသလို စောင့်ကြည့်နေခဲ့တယ်လို့ဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာတော့ လူတိုင်းက အံ့အားသင့်စရာလုပ်ဆောင်မှုတစ်ခုကို စစ္စတာရ်က လုပ်ဆောင်ခဲ့ပါတယ်။ တိုင်းပြည်အာဏာထိန်းသိမ်းထားတာကို မကျေနပ်ကြလို့ ဆန့်ကျင်ဆန္ဒပြကြတဲ့ မြစ်ကြီးနားလူထုကို လုံခြုံရေးတပ်ဖွဲ့များ ပစ်ခတ်ဖြိုခွင်းဖို့ ပြင်ဆင်နေချိန်…







