curatnskl

curatnskl

ပုသိမ်ဂိုဏ်းအုပ်သာသနာမှ စီစတာရ်ကြီးများ ဂျူဗလီ

နိုဝင်ဘာလ ၁၇ရက်နေ့ နံနက် ၆ နာရီ ခွဲတွင် ပုသိမ်ဂိုဏ်းအုပ်သာသနာမှ  စိန်ဖရန်စစ်ဇေးဗီးယား သီလရှင်ဂိုဏ်းမှ စီစတာရ်ကြီး ၅ပါးတို့သည် စိန်ဂျူဘီလီ၊ စီစတာရ်ကြီး ၂ပါး တိုသည် ရွှေဂျူဗလီ နှင့် စီစတာရ်ကြီး ၁၀ ပါးတို့သည် ငွေဂျူဗလီကို အသီးသီးခံယူကြပါသည်။  ဘုရားသခင်အား ကျေးဇူး တင် ချီးမွမ်ကြစို့….

နိုင်ဝင်ဘာ ၂ ရက်နေ့ သေလွန်ကုန်သော ဝိညာဉ်များအတွက်ဆုတောင်းပေးရသောနေ့ ..

နိုင်ဝင်ဘာ ၂ ရက်နေ့ သေလွန်ကုန်သော ဝိညာဉ်များအတွက်ဆုတောင်းပေးရသောနေ့ .. ပုသိမ် မရမ်းချောင်း တွင် ပျံလွန်တော်မူသော ပုသိမ်သာသနာမှ ဆရာတော်များ ရဟန်းများ Bro. Srများ ဘာသာသူများ ၏ ဝိညာဉ်များအတွက် မစ္ဆား တရားပူဇော်ပေးခဲ့စဉ်…

ရဟန်း ၇၀ ပါးအား ၄ရက်တာသင်တန်းပေး

ရဟန်းဘဝရဲ့ ပျော်ရွှင်ခြင်း ခေါင်းစဉ်ဖြင့် မြန်မာကက်သလစ်သာသနာများမှ  ရဟန်းတော် (၇၀) ပါးကို ၄ ရက်တာ သင်တန်းပေး ########  ရဟန်းဘဝရဲ့ ပျော်ရွှင်ခြင်း  (Priestly Joy – Renewal Course For Priests) ခါင်းစဉ်ဖြင့် ရဟန်းတော်များ ဝတ်စောင့်ပွဲ ကို ပုသိမ်ဂိုဏ်းအုပ်သာသနာ မရမ်းချောင်း တွင် သြဂုတ်လ ၂၁ မှ ၂၄ ထိ ၄ ရက်တာ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံရှိ ကက်သလစ် သာသနာအသီးသီးမှ ရဟန်းတော် (၇၅)…

ပုသိမ်ဆရာတော် ဂျွန်မန်းဆိန်းဟှီ၏ ဆရာတော် ဝါ ၁၅ ဝါ ဂျူဘီလီ

24 Aug, 2018 ယနေ့သည် ပုသိမ်ဆရာတော် ဂျွန်မန်းဆိန်းဟှီ၏  ပုသိမ်ဂိုဏ်းအုပ်သာသနာ တွင် ဆရာတော်အဖြစ် တာဝန်ထမ်းဆောင်သည်မှာ ၁၅ ွှ် နှစ် ပြည့်ပြီဖြစ်ပါသည်။ ဒါကြောင့် ယနေ့နံနက် ၆ နာရီတွင် ကျေးဇူး တင် မစ္ဆား ကို စိန်ပီတာကယ်သီဒြယ်တွင် ဧည့်သည်ဆရာတော်နှင့် ရဟန်းတော်များ ၈၀ ကျော် နှင့်အတူ ပူဇော်ပေးခဲ့ပါသည်။ အဖဆရာတော် ဘုရား၏ သာသနာ့သိုးထိန်းအမှုတော် ဆက်လက်ထမ်းဆောင်နိုင်စေရန်နှင့် ကျန်းမာရေး ကောင်းမွန်စေရန် ဆုတောင်းခြင်းဖြင့် ဝိုင်းဝန်းကူညီ ဆုတောင်းပေးကြပါစို့လား…

၂၀၁၈- ၂၀၁၉ ပညာသင်နှစ် စိန်ပီတာနေ့အထူးကျောင်း ဖွင့်ပွဲ

၂၀၁၈- ၂၀၁၉ ပညာသင်နှစ် စိန်ပီတာနေ့အထူးကျောင်း ဖွင့်ပွဲ ကို ယနေ့နံနက် ၁၀နာရီတွင် ပုသိမ်မြို့ စိနိပီတာကယ်သီဒြယ်ကျောင်းဝန်းတွင်ဖွင့်လှစ်ခဲ့ပါသည်။ ဤ ဖွင့်ပွဲတွင် အဖဆရာတော် ဂျွန်မန်းဆိန်းဟှီ ကြွရောက်ပြီး ကျောင်းသူကျောင်းသားများအား အားပေးစကားပြောကြားခဲ့ပါသည်။စိန်ပီတာနေ့အထူးကျောင်းတွင် ဆယ်တန်းကျရှုံးခဲ့သော ကျောင်းသူကျောင်းသားများ တက်ရောက်ပညာသင်ယူသောကျောင်းဖြစ်ပါသည်။

တောင်ယာကုန်းသာသနာအတွင်းရှိ ငကြွက်ကုန်း ရွာ မယ်တော်ဂူဖွင့်ပွဲ

ပုသိမ်ဂိုဏ်းအုပ်သာသနာပိုင် တောင်ယာကုန်းသာသနာအတွင်းရှိ ငကြွက်ကုန်း ကျေးရွာတွင် ယနေ့နံနက်  ၈း၃၀တွင် အပြစ်မဲ့သန္ဓေယူသောသခင်မ မယ်တော်လှိုဏ်ဂူကို အဖဆရာတော်ဘုရားကောင်းချီးပေး ဖွင့်လှစ်ပေးခဲ့ြပ်ီ မိစ္ဆားတရားတော်မြတ်ပူဇော်ပြီး တရားရေအေးတိုက်ကြွေးခဲ့ပါသည်။။။။။။