Pathein Catholic Diocese Untitled Document
Untitled Document
ကက်သလစ်ကျောင်းထိုင်သာသနာ့ (၇၅) နှစ်ပြည့် စိန်ရတုကျင်းပ


ရွာသစ်ကုန်းကျောင်းထိုင်သာသနာ့ဗဟိုရှိခရစ်ယာန်တို့အားမိုင်းမတော်မူသောမာရီယားအမည်ခံဘုရားရှစ်ခိုးကျောင်း
ကက်သလစ်ကျောင်းထိုင်သာသနာ့ (၇၅) နှစ်ပြည့် စိန်ရတုကျင်းပ

ဧဝတီတိုင်းဒေသကြီး ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာအပိုင် ရွာသစ်ကုန်းကျေးရွာကက်သလစ် ကျောင်းထိုင်သာသနာ့ ၇၅ နှစ်ပြည့်စိန်ရတုပွဲကို မေလ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြသည်

ထိုပွဲသို့ သာသနာ့စီမံခန့်ခွဲရေးတာဝန်ခံ ဘုန်းတော်ကြီ ဟင်နရီအိုင်ခလိန်မှ လက်ရှိကျောင်းထိုင်ဘုန်းတော်ကြီး မာကု အပါအဝင် ဧသည်ဘုန်းတော်ကြီးများနှင့်အတူ ဝတ်ပြုဆုတောင်းခြင်းကို မစ္တားတရားဖြင့် နံနက် ၇ နာရီတွင်စတင်ခဲ့သည်။ ဘုန်းတော်ကြီးအားလုံး ၁၄ ပါး ပါဝင်ခဲ့ကြသည်

ရည်ရွယ်ချက်တစ်ခုအဖြစ် ကွယ်လွန်သွားခဲ့ကြသောကျောင်းထိုင်ဘုန်းတော်ကြီးများအားအောက်မေ့ သတိ ရခြင်းနှင့် ကျောင်းထိုင် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့အသက်ရှင်လျှက်ရှိကြသော ကျောင်းထိုင်ဟောင်းများအား ကျေးဇူးတင်ခြင်းတို့ကိုလည်း ထည့်ဝင်ခဲ့သည်။

ဝတ်ပြုဆုတောင်းခြင်းအတွင်း ဩဝါဒမြွက်ကြားရတွင် ဖာသာရ်အိုင်ခလိန်က “စွန့်လှူစွန့်စားမှုမရှိရင် အနာဂါတ်ဆိုတာမရှိနိုင်ဘူး။ ဒီ ၇၅ နှစ်တိုင်တိုင် ဒီသန့်ရှင့်တဲ့မြေ ဒီသန့်ရှင်းရာဌာနမှာ သာသနာကို တည်ထောင်လာခဲ့ကြတဲ့ ပုဂ္ဂိုလ်များတွေရဲ့ ချွေးတွေသွေးတွေ အသက်တွေနဲ့ရင်းပြီးတဲ့နောက် မြေချခဲ့တဲ့အရာပဲဖြစ်ပါတယ်။ အခြေချတဲ့နေရာပဲဖြစ်ပါတယ်” လို့ မြွက်ကြာခဲ့သည်။

“ဒီပုဂ္ဂိုလ်များတွေရဲ့ စွန့်လှူစွန်စားမှုတွေက ဒီ ၂၁ ရာစု မဟုတ်လို့ရှိရင်လည်းပဲ ဒီ ၂၀၂၂ ရဲ့ မေလ ၂၄ ရက်နေ့မှာ ဒီတိုင်းအတာတစ်ခုနဲ့ ဒီပွဲတော်ကို ကျင်းပနိုင်ရခြင်းပဲဖြစ်ပါတယ်” လို့ ဆက်လက်မိန့်မြွက်ခဲ့ပါတယ်။

ရွာသစ်ကုန်းကျောင်းထိုင်သာသနာသည် ၁၉၄၇ နှစ်တွင် မြန်မာပြည်ဖွားဘုန်းတော်ကြီးဖိလစ်မှ စိန်ဖရစ်စစ်ဇေးဗီးယားသီလရှင်သုံးပါးဖြစ်ခဲ့ကြာသော စစ္စတရ် ပါစကား၊ စစ္စတာရ် အာဒယ်လားနှင့် စစ္စတာရ်ဧမားနွဲလ်တို့နှင့်တူ စတင်ခဲ့ခြင်းဖြစ်ကြောင်း သမိုင်းအရသိသည်။

“ဒီနေ့ဒီပွဲတော်ဟာ ဒီသန့်ရှင်းရာမြေ ဒီသန့်ရှင်းရာရွာမှာ သာသနာကိုဖော်ဒေးရှင်းချခဲ့ အစပြုလာခဲ့အဘိုးဖိလစ်ကို ဂါရဝပြုရခြင်းဟာ ကျန်ုပ်အတွက် အင်မတန်မှ ဂုဏ်ယူစရာကောင်းသော အခမ်းအနားတစ်ခုဖြစ်ပါကြောင်း” ယင်းတာဝန်ခံဘုန်းတော်ကြီးက ဆိုပါတယ်။

ရွာသစ်ကုန်းကျောင်းထိုင်သာသနာတွင်ကျောင်းထိုင်ခဲ့ကြသော အသက်ရှင်လျှက်ရှိနေသေးသည့် ကျောင်းထိုင်ဟောင်းများနှင့်ကွယ်လွန်သွားကြကုန်သောကျောင်းထိုင်းများအားလုံးကို ချီးမွမ်းဂုဏ်ပြုသည့်စကားကိုလည်း ဖာသာရ် အိုင်ခလိန်က တရားကြားနာသူများကို ဝေမျှပေးခဲ့ပါသည်။

ရွာသစ်ကုန်းကျောင်းထိုင်သာသနာ ရွာသစ်ကုန်းကျေးရွာသားဖြစ်သော သက်ကြီးဝါကြီး ဘုန်းတော်ကြီး ဂျိုစဖတ်က သူ့ရဲ့ ငယ်စဉ်ဘဝကနေ ယနေ့အထိကြုံတွေ့လာခဲ့ရတဲ့ သာသနာ့အကြောင်းအနည်းငယ်ကို မျှဝေပေးခဲ့သည်။

ယင်းဘုန်းတော်ကြီးက “အင်္ဂပူမြိုနယ် ဇောင်းတန်းကျေးရွာတွင် ကျောင်းထိုင်သာသနာတည်ရှိခဲ့ကြောင်း၊ နိုင်ငံရေးပဠိပက္ခကြောင့် ဇောင်းတန်းရွာတွင် ကက်သလစ်ဘုန်းတော်ကြီးတစ်ပါး အသတ်ခံရကြောင်း၊ နယ်လှည့်ရင်းအဝေးရောက်နေသောလက်ထောင်ဘုန်းတော်ကြီး ဖိလစ်ဟာ ထိုသတင်းကိုကြားပြီးနောက် ထိုရွာသို့မပြန်တော့ပဲ ထွက်ပေးတိန်းရှောင်နေရသော စစ္စတာရ်သုံးကို လိုက်ရှာပြီးတွေ့တဲ့အခါမှာ ရွာသစ်ကုန်းကျေးရွာ သို့ပြောင်းရွှေနေထိုင်ကြရင်း ရာသစ်ကုန်းရွာသည် ကျောင်းထိုင်သာသနာတစ်ခု ဖြစ်လာခဲ့ကြောင်း” ပြန်လည်ပြောပြပေးခဲ့သည်။

လက်ရှိကျောင်ထိုင်လျှက်ရှိနေသော အသက် ၅၀ ကျော် ဘုန်းတော်ကြီး မာကု ကလည်း “အဘိုးဖိလစ်ကြီးကို ကျွန်တော်ငယ်ငယ်တုန်းက သူ့ကိုတွေ့ခဲ့ဘူးတယ်။ အဲဒီတုန်းက ကလေးဘဝ။ ကျွန်တော့်အဖေအမေတို့ လက်ထပ်တုန်းက ဘုရားစကားသင်ဖို့အတွက် ဒီမှာ တစ်လ တိတိလာနေခဲ့ကြရတယ်” ငယ်ဘဝကမှတ်မိခဲ့တာကို ဝေမျှခဲပါတယ်။

ယင်းကဆက်ပြောရာတွင် “အဘိုးဖိလစ်ချခဲ့တဲ့ ယုံကြည်ခြင်းမျိုးစေ့တွေက အင်မတန်မှ ခိုင်မြဲခဲ့တယ်။ မထင်မှတ်ပဲ ဒီပွဲတော်ကို ကျင်းပခွင့်ရတဲ့အတွက် ဘုရားသခင်ရဲ့ကျေးဇူးတော်ကို ချီမွမ်းပါတယ်။ ဝမ်းသာပီတိလည်းဖြစ်မိပါတယ်။”

ရွာသစ်ကုန်းကျောင်းထိုင်သာသနာတွင်လက်ရှိတာဝန်ထမ်းဆောင်နေသော စစ္စတာရ်လေး ရိုစီဌေးနှင့်အတူ စစ္စတာရ်ကြီးနှစ်ပါးကလည်း ဒီလိုပွဲဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားကြောင်း၊ လာမဲ့နှစ်မှ အေးအေးလူလူကျင်ပလိမ့်မယ်လို့ထင်ထားပြီး အခုလို ၇၅ နှစ်ပြည့်ပွဲဖြစ်လာတဲ့အခါမှာ ပွဲတော်ကို အကောင်းဆုံးနဲ့ အလှဆုံးဖြစ်အောင်ပြင်ဆင်ပေးချင် သော်လည်း အရမ်းနီးကပ်သွားတဲ့အတွက် အနည်းငယ်သာပြင်ဆင်ပေးနိုင်ခဲ့လို့ စိတ်မကောင်းဖြစ်မိကြောင်း၊ ပွဲကအခုလိုအကြီးအကျယ်ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားသော်လည်း အကြီးအကျယ်ဖြစ်လာတဲ့အတွက်လည်းအံ့ဩမိခဲ့တယ်လို့ဆိုပါတယ်။

အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ အငြိမ်းစားကျောင်းဆရာမအပျိုကြီး ဒေါ်ကြည်ဝင်းက ၇၅ နှစ်ပြည့်ပွဲမှာတော့ “ဒီလောက်အထိသက်တမ်းနဲ့ သာသနာမှာနေလာရတော့ တအားဝမ်းသာတယ်။ အဲလိုပဲ တခြားလူတွေလည်း ဝမ်းသာတဲ့သူတွေရှိကြတာပေါ့။ တစ်ချို့ကလည်း ဒီ ၇၅ နှစ်ပြည့်ကို ခံရပါ့မလားဆိုပြီးတော့ဆုတွေတောင်း ကြတာနဲ့၊ ဝမ်းသာမှုတွေနဲ့မျှော်လင့်နေရတာပေါ့။ ဒါပေမဲ့ မမျှော်လင့်ပဲနဲ့ သေသွားကြတဲ့သူတွေလည်းရှိကြတယ်” လို့ ပြောပါတယ်။

ဝတ်ပြုဆုတောင်းခြင်းမစ္ဆားမစတင်မှီ သာသနာ့ကျောင်းဝင်းအဝင်မုဒ်ဦးကို ကျောင်းချီပေးခြင်းနှင့် ဘုရားရှစ်ခိုးကျောင်းအဝင် ကွန်ကရစ်လမ်းသစ်ကိုဖြင့်လစ်များပြုလုပ်ခဲ့ကြတယ်။

ဝတ်ပြုဆုတောင်းခြင်းအခမ်းအနားကို နံနက် ၁၀ နာရီဝန်းကျင်တွင်ပြီးဆုံးခဲ့သည်။

ပွဲတော်သို့ တက်ရောက်လာခဲ့ကြသော ကျောင်းထိုင်ဟောင်းတစ်ပါးစီကိုလိုက်လံမေးမြန်းကြည့်ရာမှာတော့ အသက်ကြီးဝါကြီးဖြစ်သော ဖာသာရ်မေဒါလွှမ်းမိုးက “၇၅ နှစ်ပြည့်မှာ လာရောက်ပါဝင်ခွင့်ရတဲ့အတွက် ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်။ ယနေ့အထိ ဘုရာရှင်က အသက်ရှင်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါကြောင်းကိုယ့်ခေတ်ကထက် အဖက်ဖက်ကတိုးတက်ဖွံ့ဖြို့လာတာကိုတွေ့ရတဲ့အတွက်လည်း၊ ဝမ်းသာအားရမှုရှိပါကြောင်း” ဖသာရ်လွှမ်းမိုး မှ သူ့ရဲ့ ရင်တွင်းစကားကို ဝေမျှပေးခဲ့ပါတယ်။  

အခြားကျောင်းထိုင်းဟေင်းဖြစ်ခဲ့သူ ယနေ့ပုသိမ်သာသနာလုံးဆိုင်ရာ ဘဏ္ဏာရေးမှုးလည်းဖြစ်သူ ဖာသာရ်ဆေရီဝင်းမောင်ကလည်း “၇၅ နှစ်ဆိုတဲ့ အသက်တာက တအားကြာပါတာပေါ့နော်။ ကိုယ်လည်းပဲ ၃ နှစ်လောက် ဒီမှာ သာသနာလုပ်ငန်းကို ဆက်ကပ်ခဲ့တယ်။ ဝမ်းသာတယ်။ ဝမ်းသာတာက အခုလိုပြန်လည်တွေ့ရတဲ့အခါမှာ သာသနာကြီးက အားလုံးတက်တက်ကြွကြွနဲ့ပေါ့နော် လုပ်ကိုင်နေတာကိုလည်းတွေ့ရတယ်။ ပြီတော့ ကျောင်းဝင်းအနေအထားကို ကြည့်ရတဲ့အခါမှာ အကုန်လုံး ရှင်လင်းပြီးတော့ နေရာတကျလေးရှိတာကို တွေ့ရတဲ့အခါမှာ အရမ်းဝမ်းသာတယ်လို့” ဆိုပါတယ်။

နောက်ကျောင်းထိုင်ဟောင်းဖြစ်သူ ဖာသာရ် ဂေလ်ဘက်စွန်းစွန်းကလည်း “ရွာသစ်ကုန်းသာနာမှာ ကျောင်းထိုင်ဖြစ်ခဲ့တာအရမ်းပဲဝမ်းသာပါတယ်။ ဘာဖြစ်လဲဆိုတော့ သာသနာဟာ ပိုပြီးတော့ တိုးတက်လာတယ်။ စခဲ့တဲ့အရာတွေဟာ တဖြည်းဖြည်းနဲ့တိုတက်လာတာကိုတွေ့ရလို့ အောင်မြင်ခြင်းဟာ ဘုရားရဲ့ကျေးဇူးတော်ခံစားရတယ်။ အရမ်းပဲဝမ်းသာတယ်။ ဘုရားသခင်ကိုလည်းကျေးဇူးတင်တယ်။ ဒီသာသနာအပေါ်မှာ ဘုရားသခင်လက်ဆက်ကောင်းကြီးပေးပါစေလို့ဆုတောင်းပေးပါတယ်” လို့မေတ္တာပို့သပေးခဲ့ပါတယ်။

ဆင်းလူးကျောင်းထိုင်သာသနာတွင် လက်ရှိတာဝန်ထမ်းဆောင်နေဆဲဖြစ်သော ဖာသာရ် ယူဆစ် ကလည်း “၇ နှစ် ကျောင်းထိုင်တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ဒီမှာနေခဲ့ရတာပျော်တယ်။ ဘာသာတူတွေကလည်း နားထောင်ခြင်းရှိခဲ့ကြတယ်။ အခုလို ၇၅ နှစ်ပြည့် ဂျူဗီလီကို ပြန်လာရတဲ့အခါမှာ ကိုယ်ကြည့်ခဲ့တဲ့ သိုးတွေနဲ့ တွေ့တဲ့အတွက် အရမ်းပျော်တယ်။ အရမ်ဝမ်းသာတယ်။ ကျေနပ်တယ်။ ဒီလိုပြန်လာရတဲ့အခါမှာလည်း ကိုယ်အိမ်ကိုယ်ပြန်ရောက်သလိုခံစားရတယ်။ ပြောင်းသွားခဲ့တာဆိုရင် ၂ နှစ်ပြည့်ဖို့ ၁၈ ရက်သာလို့ပေမဲ့ ဘာသာတူတွေအတွက်နေ့တိုင်းဆုတေင်းပေးနေကြာင်း” ဘသာတူများကို သတင်းစကားပါးခဲ့ပါသေးတယ်။

“နေရာဟောင်းလေးကို ပြန်ရောက်လာတဲ့အခါမှ အများကြီးပြောင်းလဲတာကိုတွေ့ရတဲ့အတွက် အရမ်းဝမ်းသာတယ်။ ကျေးဇူးလည်းတင်တယ်။ ဘုရားရဲ့ ဂုဏ်တော်ကိုလည်း ချီးမွမ်းပါတယ်” လို့ ကျောင်းဟောင်းထဲက တစ်ပါးဖြစ်တဲ့ ဖာသာရ် ဂျော်ကင်းရွှေဖုန်းကလည်း ပြောပါတယ်။

“ကိုယ်ကျခဲ့တဲ့ သာသနာလေးမှာ ပြန်လည်ပြီတဲ့နောက် မှတ်မှတ်ရရ ဂျူဗီလီ ၇၅ နှစ်ပြည့်လုပ်ခွင့်ရတာ ဆရာတော်ကြီးပြောခဲ့သလိုပဲ မတော်တဆဆိုတာ မရှိဘူး၊ ဘုရားရဲ့ အစီအမံတွေသာဖြစ်ကြောင်း၊ ဘုရားရဲ့ အလိုတောအတိုင်းပါဝင်ခွင့်ရတယ်၊ တကယ်လို့အဝေးရောက်နေရင် ပါဝင်ခွင့်ရမှာမဟုတ်ဘူး။ အခုလို မစ္ဆားမှာ ဘာသာတူတွေနဲ့ ပါဝင်ခွင့်တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ဒီပွဲကိုလုပ်ကြတဲ့သူတွေလည်း ‌အဲလောက်ကြိုး ကြိုးစားစားနဲ့လုပ်ထားတဲ့အတွက် သူတို့ရဲ့လုပ်ဆောင်မှုတွေအတွက် ဂုဏ်ယူပါတယ်” လက်ထောက်ဘုန်းတော်ကြီးဟောင်း ဖရန်စစ်က ဆိုပါတယ်။

ထို့နောက် ဘာသာတူအချို့ကို လိုက်လံမေးမြန်းကြည့်ရာတွင်လည်း သာသနာ့အကျိုးဆေင် ဥက္ကဌဖြစ်သူ ဦးလှိုင်တင်က အောင်မြင်စွာကျင်းပနိုင်ခွင့်ရတဲအတွက် ဘုရားသခင်ကို ကျေးဇူးတင်တယ်ကြောင်းပြော ပါတယ်။

မိခင်အသင်းမှ အသက် ၇၀ ရှိပြီဖြစ်တဲ့ ဒေါ်ဘဲလ်ဒါကလည်း အခုလို အောင်မြင်းစွာကျင်းပနိုင်လို့ ကျွန်မအတိုင်း မသိဝမ်းသားပါတယ်။ ဘုရားသခင်ရဲ့ကျေးဇူးတော်၊ ဘုရားသခင်ရဲ့ စီမှန်ချက်တွေပဲလို့ဆိုပါတယ်။

ဓမ္မသီချင်းသီဆိုရေးလူငယ်အဖွဲ့ကိုဦးဆောင်ခဲ့ရတဲ့ ယူဂျင်းရွဲလေးကတော့ ရာသီဥတုက အရမ်းမဆိုးပဲ အောင်မြင်စွာနဲ့ပြီးဆုံးသွားတဲ့အတွက် ဘုရားသခင်ကိုကျေဇူးတင်တယ်လို့ အင်တာဗျူးသူကို ပြောပြခဲ့ပါတယ်။   

လူငယ်အမျိုးသမီးဖြစ်တဲ့ ဇင်မာထွေးကလည်း “မိုးမရွာပဲ ရာသီဥတုသာသာယာယာနဲ့ပြီးသွားတဲ့အတွက် ဘုရားကိုကျေးဇူးတင်တယ်။ လာပြီးမစ္ဆားပူဇော်ပေးတဲ့ ဘုန်းတော်ကြီးတွေကိုသာမက စစ္စတာရ်တွေကိုလည်း ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်” လို့ ရင်တွင်းမှ စကားကိုဖွင့်ဟပြောပြပေးခဲ့ပါတယ်။

လက်ရှိကျောင်းထိုင်ဘုန်းတော်ကြီး ဖာကုက ပွဲတော်ကို အောင်မြင်စွာပြီးဆုံခဲ့တဲ့အတွက် “ဘုရားသခင်ပထမဦး ဆုံးကို ကျေးဇူးတင်ပါတယ်။ လာရောက်ပြီး ဝတ်ပြုဆုတောင်းခြင်းကို ဦးဆောင်ပေးခဲ့တဲ့ ဖာသာရ်အိုင်ခလိန်နဲ့ ညီအစ်ကို ရဟန်းတော်များကို ကျေးဇူတင်ပါတယ်။ ပါဝင်ကြတဲ့ဘာသာတူအယောက်တိုင်းစီနဲ့ ဆုတောင်း ပေးကြသူများကို တွေ့ရလို့ အရမ်းဝမ်းသာကျေးဇူးတင်ပါတယ်” လို့ သတင်းစကားပါးခဲ့ပါတယ်။

၇၅ နှစ်အတွင်း ရွာသစ်ကုန်းသာသနာမှ ဘုန်းတော်ကြီး ၄ ပါး၊ သီလရှင် ၁၁ ပါးနှင့် ဘရာသာရ် ၁ ပါးရရှိခဲ့ပြီး လက်ရှိတွင် ရဟန်းဘောင်သို့တက်လှမ်းနေသည့် ကိုရင် ၁ ပါးရှိကြောင်းသိရသည်။  သာသနာ့ ၇၅ နှစ်ပြည့်ဝတ် ပြုဆုတေင်းပွဲသို့ ရပ်နီးရပ်ဝေးမှ ဘာသာတူဦးရေ ၅၀၀ ဝန်းကျင်ခန့် တက်ရောက်ခဲ့သည်။

ပွဲမရောက်မှီညနေနဲ့ ပွဲနေ့မနက်အစောပိုင်း ၅ နာရီခွဲအထိ မိုးများရွာသွန်းနေသော်လည်း ဝတ်ပြုဆုတောင်းခြင်း မစခင် နာရီဝက်အလိုမှာ မိုးဆဲခဲ့ပြီး အောင်မြင်စွာနဲ့ ပွဲတော်ကို ကျင်းပနိုင်ခဲ့ပါသည်။

 



2022-05-25 11:57:52