Pathein Catholic Diocese Untitled Document
Untitled Document
ကျိုင်းတုံကက်သလစ်ခရစ်ယာန်ဂိုဏ်းအုပ်သာသနာအတွက် အသစ်ခန့်အပ်လိုက်တဲ့ ဆရာတော်ဂျွန်စောယောဟန်ရဲ့ ဗီဒီယိုသတင်းစကား


Bishop John Saw Yaw Han is delivering a video message on November 11. (Photo supplied)
ကျိုင်းတုံကက်သလစ်ခရစ်ယာန်ဂိုဏ်းအုပ်သာသနာအတွက် အသစ်ခန့်အပ်လိုက်တဲ့ ဆရာတော်ဂျွန်စောယောဟန်ရဲ့ ဗီဒီယိုသတင်းစကား

၁၁ နိုဝင်ဘာ ၂၀၂၂

အားလုံးမင်္ဂလာပါလို့ နုတ်ဆက်ရင်း ဘုရာသခင်ရဲ့ ကောင်းချီးမင်္ဂလာအပေါင်းနဲ့ပြည့်ဝကြပါစေလို့ ရှေ့ဦးစွာ မေတ္တာပို့သအပ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်ဖရန်စစ်ကနေပြီးတဲ့နောက် ကျိုင်းတုံကက်သလစ်သာသနာအတွက် အမှုတော်ထမ်းဆောင်ဖို့ ရွေးချယ်လိုက်ပြီလို့ သိရတဲ့အချိန်မှာ ကျွန်ုပ်ရဲ့ အားနည်းမှုတွေ အထိုက်တန်မှုတွေကြားကနေ အသုံးပြုတဲ့ဘုရားသခင်ကို ကျေးဇူးတင်ရင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကိုကျေးဇူးတင်ရင်း မိမိအသက်ရှင်သန်သ၍ ဒီကျိုင်းတုံကက်သလစ်ဂိုဏ်းအုပ်သာသနာမှာ အမှုတော်ထမ်းဆောင်နေကြတဲ့ ရဟန်း၊ ကိုရင်၊သီလရှင်များ၊ ဘာသာတူများ၊ ဓမ္မမိတ်ဆွေများနဲ့အတူတကွ ပူးပေါင်းပြီးတဲ့နောက် ယုံကြည်သူဘာသာတူတွေရဲ့ ဝိညာဉ်ရေးရာကောင်းကျိုးအဖြာဖြာအတွက်သော်လည်းကောင်း၊ လူမှုဘဝဖွံ့ဖြိုးရေးအတွက်သော်လည်းကောင်း၊ မိမိနေထိုင်တဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းငြိမ်းချမ်းသာယာရေးအတွက်သော်လည်းကောင်း၊ တဒတအားပါးဝင်ပြီးတဲ့နောက် ဆောင်ရွက်သွားမယ်လို့ စိတ်ထဲမှာ ခံယူထားပါတယ်။

အခုဒီကျိုင်းတုံကက်သလစ်ဂိုဏ်းအုပ်သာသနာမှာ ဟိုးတစ်ချိန်က သာသနာပြုအစပျိုးပေးခဲ့ကြတဲ့ ပီးမေ (PEME) သာသနာပြုဘုန်းတော်ကြီးများ၊ ဆရာတော်ကြီးများ၊ ဓမ္မအမှုတော်ဆောင်များအားလုံးကိုသော်လည်းကောာင်း၊ သူတို့နောက်ပိုင်း မိမိတို့ တိုင်းရင်သားဆရာတော်ကြီးများ၊ ရဟန်း၊ ကိုရင်၊ သီလရှင်များ၊ ဓမ္မဆရာ၊ဆရာမများနဲ့ ဘာသာတူများကိုသော်လည်းကောင်း အသီးသီးဆောင်ရွက်ဆက်ကပ်ပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ရင်း ယခုလက်ရှိအချိန်မှာတော့ သက်ရှိထင်ရှားရှိနေကြတဲ့ ကျွန်ုပ်တို့ဒီကျိုင်းတုံကက်သလစ်ဂိုဏ်းအုပ်သာသနာက ရဟန်း၊ကိုရင်၊သီလရှင်များနဲ့ ဘာသာတူများနဲ့အတူတကွ ဓမ္မဆရာ၊ဆရာမများနဲ့အတူတကွ ဆက်လက်ပြီးတဲ့နောက် မိမိတို့ရဲ့ကျရာတာဝန်ကို အကောင်းဆုံး ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ ကျော်လွှားသွားမယ် အစေခံသွားမယ်လို့ ခံယူထားပါတယ်။

ဒီသာသနာပြုခရီးမှာ ဘုရားသခင်ရဲ့ကွယ်ကာစောင်မမှုတွေရရှိနိုင်ဖို့ အောင်မြင်မှုတွေရတဲ့အခါမှာလည်းပဲ ဘုရားသခင်ကိုအမြဲတမ်းကျေးဇူးတင်တတ်တဲ့သားသမီးတွေဖြစ်နိုင်ဖို့ ခက်ခဲမှုများကြားထဲမှာလည်းပဲ စိတ်ပျက်အားငယ်ခြင်းမရှိပဲ ကိုယ်တော်ရှင်ရဲ့  တတ်နိုင်တော်မူခြင်းကို အားကိုးပြီးတဲ့နောက် အကောင်းဆုံးဆောင်ရွက်သွားပြီး နောက်ဆုံးတစ်ချိန်မှာ ဘုရားသခင်ပြင်ဆင်ထားတဲ့ကောင်းကင်သုခချမ်းသာမှာ အငယ်ဆုံးသောသူတစ်ယောက်အနေနဲ့ ဘုရားသခင်ပါဝင်ခွင့်ပေးမယ်ဆိုလို့ရှိရင် အစေခံခြင်းအမှုတော်မြတ်ကို ကျွန်ုပ်အနေနဲ့ ဝမ်းမြေက်ဝမ်းသာခြင်းနဲ့ ထမ်းဆောင်သွားမယ်။ ထမ်းဆောင်ရင်းနဲ့လည်းပဲ အငယ်ဆုံးသောနေရာလေးတစ်ခုကို ကျွန်ုပ်မျှော်လင့်နေမိမှာဖြစ်တယ်ဆိုတာကို ဒီမှာရှိနေကြတဲ့ ယုံကြည်သူ ဘာသာဝင်များနဲ့ ဓမ္မမိတ်ဆွေအပေါင်းကို ပြောကြားလို့တယ်။

တစ်ချိန်ထဲမှာလည်းပဲ ဒီအမှုတော်မြတ်ကို ကောင်းမွန်စွာဆောင်ရွက်နိုင်ဖို့အတွက် ဆုတောင်းမေတ္တာတွေနဲ့ ဝိုင်းဝန်းပြီးတဲ့နောက် ပံ့ပိုးကူညီပေးကြဖို့လည်းပဲ မေတ္တာရပ်ခံပါတယ်။ ဆုကျေးဇူးတော်ကိုတောင်းခံပါတယ်။ အယောက်စီတိုင်းအပေါ်မှာ ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာအစဉ်အမြဲ သက်ရောက်ပါစေလို့လည်းပဲ ဆုတောင်းပေးပါတယ်။ ကျေးဇူးတင်ပါတယ်။  

Source: KENG TUNG OSC Facebook Page

 



2022-11-11 08:48:16