Pathein Catholic Diocese Untitled Document
Untitled Document
ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာပိုင် ဆရာတော်ကြီးက ကျေးဇူးတင်စာ ထုတ်ပြန်


ဆရာတော်ဟင်နရီအိုင်ခလိန်နှင့် သူ၏ကျေးဇူးတင်စာ
ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာပိုင် ဆရာတော်ကြီးက ကျေးဇူးတင်စာ ထုတ်ပြန်

ပုသိမ်ဂိုဏ်းအုပ်သာသနာပိုင်ဆရာတော်ဟင်နရီအိုင်ခလိန်က သြဂုတ်လ ၂၅ ရက်နေ့တွင် အောင် မြင်စွာကျင်းပပြုလုပ်ပြီးစီးခဲ့သော ဆရာတော်သိက္ခာတင်ခြင်းနှင့်ပလ္လင်အပ်နှင်းခြင်းအတွက် လုပ်အား​ဖြင့်သော်လည်းကောင်း ၊ငွေအားတို့ဖြင့်သော်လည်းကောင်း၊ဆုတောင်းမေတ္တာအားဖြင့်သော်လည်းကောင်း အဖက်ဖက်မှ ပါဝင် လှူဒါန်းခဲ့​ကြသော အလှူရှင် များ အားလုံးနှင့် ပွဲတော်ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်အသီးသီးတို့အားကျေးဇူးတင်ကြောင်းစာကို သြဂုတ်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်စာထဲတွင် ပွဲတော်ကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ခြင်းအတွက် ထူးခြားတဲ့ကောင်းချီးတော်တွေအတွက်ဘုရားရှင်နှင့် ကာကွယ်မိုင်းမပေးတော်မူသော မိခင်မယ်တော်တို့အားကျေးဇူးတင်ကြောင်းပါရှိပါသည်။

“ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာ၊ ဆရာတော်သစ်ဘိသိက်မင်္ဂလာခံယူပွဲနှင့် ပလ္လင်အပ်နှင်းခြင်းဘာသာရေးပွဲတော်ကို ပြီးခဲ့သည့် ဩဂုတ် ၂၄-၂၅ ရက်များတွင် အောင်မြင်စွာကျင်းပနိုင်ခြင်းအတွက် အလွန်ကောင်းမြတ်တော်မူသောဘုရားရှင်၏ ထူခြားသော ကောင်းချီးမင်္ဂလာများအတွက် ကြီးမြတ်တော်မူသော ဘုရားရှင်ကိုကျေးဇူးတင်ပါသည်။ ကာကွယ်စောင့်ရှောက်တော်မူသော မိခင်မယ်တော်ကို ကျေးဇူးတင်ပါသည်။”

ပွဲတော်ကိုအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကဏ္ဍအသီးသီးက ပါဝင်ကူညီပေးခဲ့ကြသူ ရပ်နီးရပ်ဝေးမှအလှူရှင်များအားလုံးကိုလည်းကျေးဇူးတင်ကြောင်း ယခုလိုထည့်သွင်းရေးသားထားတာကိုတွေ့ရပါတယ်။

“ပွဲတော်ဖြစ်မြောက်ရေးနှင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဖက်ဖက်မှပါဝင်လှူဒါန်းကြသူ အားလုံး (ရပ်နီးရပ်ဝေး၊ ပြည်တွင်းပြည်ပ၊ ပုသိမ်ဂိုဏ်းအုပ်သာသနာအတွင်းနှင့် အခြားသောသာသနာများ၊အွန်လိုင်း၊လူပုဂ္ဂိုလ်ကိုယ်တိုင်၊ ငွေကြေးနှင့် ဝတ္ထုပစ္စည်း)၊ ဝတ်ပြုကိုးကွယ်ခြင်းတွင် ကိုယ်တိုင်ပါဝင်ဆုတောင်းကြသူများ၊ ကိုယ်တိုင်မပါဝင်နိုင်ကြသော်လည်း အဝေးမှ၊ အွန်လိုင်းမှ အထူးဆုတောင်းပေးကြသူအားလုံးတို့ကို အထူးကျေးဇူးတင်ပါသည်။”

အလှူရှင်အသီးသီးကို ကျေးဇူးတင်ကြောင်းပြောပြီးနောက် ပွဲတော်အတွင်း အနီးကပ်တက်ကြွစွာ ဦးစီးဆောင်ရွက်ခဲ့ကြသူများနှင့် ဆပ်ကော်မတီအသီးသီးကိုလည်းကျေးဇူးတင်ပါကြောင်း အောက်ပါအတိုင်း ထည့်သွင်းရေးသားထားတာကိုလည်းတွေ့ရပါတယ်။

“ပွဲတော်ဖြစ်မြောက်ရေးနှင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အနီးကပ်ဦးစီးဦးဆောင်ရွက်ခဲ့ကြသော ပွဲတော်ဖြစ်မြောက်ရေးနှင့် ကျင်းပရေး ဗဟိုကော်မတီနှင့် ဆပ်ကော်မတီ (၁၀) ခုတွင် ဦးဆောင်သူများ၊တက်ကြွစွာပါဝင်သူများ လုပ်အားပေးသူများအားလုံးကို ကျေးဇူးတင်ပါသည်။”

မိုးများသည်းထန်စွာရွားသွန်းသည့်ကြားက ဆရာတော်များ၊ ရဟန်း၊သီလရှင်၊ဘရာသာရ်များ၊ ဘာသာတူများအပါအဝင် လူဦးရေ တစ်သောင်း ဝန်းကျင် ပါဝင်တက်ရောက်ခဲ့‌ကြောင်း သိရှိခဲ့ရပါတယ်။

သတင်း-မန်းကျော်



2023-08-28 10:00:34