Pathein Catholic Diocese Untitled Document
Untitled Document
ပုသိမ်ကက်သလစ်သာသနာရဲ့ ဆရာတော်သိက္ခာတင်ခြင်းနှင့် ပလ္လင်တင်ပွဲအတွက်ပထမအကြိမ်အကြိုဆွေးနွေးခြင်းကျင်းပ


ဘုန်းတော်ကြီးများ၊ဘရာသာရ်စစ္စတာရ်များနှင့်ဘာသာတူများအကြိုဆွေးနွေးပွဲတက်ရောက်ခြင်း (ဓာတ်ပုံ-မန်းကျော်)
ပုသိမ်ကက်သလစ်သာသနာရဲ့ ဆရာတော်သိက္ခာတင်ခြင်းနှင့် ပလ္လင်တင်ပွဲအတွက်ပထမအကြိမ်အကြိုဆွေးနွေးခြင်းကျင်းပ

ပုသိမ်ကက်သလစ်သာသနာရဲ့ဆရာတော်သိက္ခာတင်ခြင်းနှင့်ပလ္လင်တင်ခြင်းအတွက်ပထမအကြိမ်အကြိုဆွေးနွေးခြင်းကို စိန့်ပီတယ်ကယ်သီဒြယ်ကျောင်းဝင်းရှိသာသနာ့ခန်းမဆောင်တွင် ဇွန်လ ၃ ရက်နေ့၌ပြုလုပ်ကျင်းပခဲ့ကြပါတယ်။

ဆွေးနွေးပွဲကိုနံနက် ၉ နာရီတွင် မွန်ဆီညော်ဝိဖရက်မြင့်စိုးမှ အဖွင့်ဆုတောင်းမေတ္တာဖြင့်စတင်ဖွင့်လစ်ခဲ့ပြီး ဆရာတော်လောင်းဖာသာရ်ဟင်နရီအိုင်ခလိုင်မှ အဖွင့်အမှာစကားဖြင့်မြွက်ကြားခဲ့ပါတယ်။

အဖွင့်အမှာစကားတွင် ပါဝင်သူများအနေနဲ့အလုပ်များမည်ဖြစ်ကြောင်းကိုကျိုတင်သိထားကြောင်း၊ ဆုတောင်းလာခဲ့ခြင်းအားလုံးအတွက်ကျေးဇူးတင်ကြောင်း၊ ပူလောင်နေတဲ့သူတွေနဲ့အတူတူပဲ ထပ်တူထပ်မျှခံစားရကြောင်းပွဲတော်ရက်ကို ဩဂုတ်လ ၂၅ ကိုယာထားကြောင်း၊ ဆွေးနွေးခြင်းများကို synodal theme နဲ့သွားဖို့လိုအပ်ကြောင်း၊ ခေါင်းကြီးပိုင်းများကိုခေါ်ပြီးတွေ့ဆုံခြင်းဖြစ်ကြောင်း၊ ဘယ်လိုနည်း ဥပဒေနဲ့သွားမလဲ ဘယ်လိုလုပ်ဆောင်ကြမလဲ သွားချင်တဲ့ဦးတည်ချက်နဲ့ ရည်ရွယ်ချက်များနဲ့ပတ်သက်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဆွေးနွေးပွဲကို စီစဉ်ဦးဆောင်သူ ဖာသာရ်ပီဦးဝင်းသန်းကလည်း  ပွဲတော်ရဲ့ အဓိက ရည်ရွယ်ချက်လေးကတော့ ပါဝင်ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ ရေရှည်အတွက်သာသနာတစ်ခုလုံးအတွက်တက်ကြွစွာ စီမံကွပ်ကဲ့မှုတွေနဲ့ ရေရှည်စီမံကိန်းအတွက် ပွဲတော်ကို ကျင်းပနေခြင်းဖြစ်ပါတယ်” လို့ တက်ရောက်လာသူအားလုံးကို အသိပေးပြောကြားခဲ့ပါတယ်။

ယင်းနောက် ဖာသာရ်ပီတယ်စောငွေမှ ကော်မတီအသီးသီးတွင်ပါဝင်ကြသောအမည်စာရင်းများကို ဖတ်ကြားပေးခဲ့ပါတယ်။

ဆရာအိုင်စီဒိုမှလည်း “ပွဲတော်ကျင်းပရေးမှာဘယ်လိုပြင်ဆင်ကျင်းပမလဲရည်းမှန်းထားတာကတော့ စိတ်ချလုံခြုံစွာကျင်ပနိုင်ရေး၊အတူတကွကျင်ပနိုင်ရေး၊ သက်ဆိုင်ရာကော်မတီအလိုက်ဆောင်ရွက်ရန်၊ အဖွဲ့တစ်ခုချင်းစီရဲ့ ရည်ရွယ်ချက်တွေရောက်ရန်လိုအပ်တယ်”လို့အကြံပြုဆွေးနွေးခဲ့ပါတယ်။

တက်ရောက်လာကြတဲ့ကော်မတီအသီးသီးကမိမိတို့လုပ်ဆောင်ကြရမဲ့လုပ်ငန်းတာဝန်များကိုအဖွဲ့လိုက်ဆွေးနွေးတိုင်ပင်ခြင်းများကို ပြုလုပ်ခဲ့ကြပါတယ်။

ဖာသာရ်ဖလောရင့်အောင်ကျော်ဦးမှလည်း ဆွေးနွေးပွဲအပိတ်အမှာစကားပြောကြားရာတွင် “ပိုမိုကျစ်လစ်ပြီး ထိရောက်တဲ့လှုပ်ရှားမှုမျိုးဖြစ်ဖို့ဆက်လက်ကျိုးစားကြပါစို့ဘယ်အကြောင်းအရာမဆိုဆွေးနွေးခြင်းတင်ပြခြင်းများကိုလုပ်ဆောင်နိုင်ပါကြောင်း” အားပေးတိုက်တွန်းခဲ့ပါတယ်။

ပွဲတော်အတွက်အကြိုဆွေးနွေးပွဲကို နေ့လည် ၁၂ နာရီတွင် အန်ဂျေလူးမေတ္တာရွတ်ဆိုခြင်းနှင့် နေ့လည်စာသုံးဆောင်ခြင်းတို့ဖြင့် အဆုံးသတ်ခဲ့ကြပါတယ်။

ဘုန်းတော်ကြီးများ၊ဘရာသာရ်များ၊စစ္စတာရ်များအပါအတွင် လူဦးရေ ၄၀ ကျော်ဆွေးနွေးပွဲကို တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

သတင်းနှင့်ဓတ်ပုံ-မန်းကျော်

 



2023-06-04 02:52:05