Pathein Catholic Diocese Untitled Document
Untitled Document
ပုသိမ်ကက်သလစ်သာသနာရဲ့ဆရာတော် အကြံပေးဘုန်းတော်ကြီးများစာရင်းကြေညာခြင်း


ဆရာတော်ရုံးမှ ထုတ်ပြန်ခြင်းပုံ
ပုသိမ်ကက်သလစ်သာသနာရဲ့ဆရာတော် အကြံပေးဘုန်းတော်ကြီးများစာရင်းကြေညာခြင်း
၂၆ သြဂုတ် ၂၀၂၃၊ ပုသိမ်မြို့
ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာ့ခေါင်းဆောင်ဆရာတော်ဟင်နရီအိုင်ခလိန်မှ သူရဲ့အကြံပေးပုဂ္ဂိုလ်များအမည်စာရင်းကို ယနေ့ သြဂုတ်လ ၂၆ ရက်နေ့ နံနက် ၆ နာရီ ဝတ်ပြုဆုတောင်းခြင်းမစ္ဆားအပြီးတွင် စိန့်ပီတယ်ကယ်သီဒြယ်ဘုရားကျောင်းတော်ကြီး၌ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါသည်။
အကြံပေးဘုန်းတော်ကြီးများ၏အမည်စာရင်းများမှာ
၁။ ဖာသာရ်ပီဦးဝင်းသန်း (မွန်ဆီညော်အသစ်)
၂။ ဖာသာရ်ဖလော့ရင့်စ် အောင်ကျော်ဦး (Chancellor တရားဝန်ကြီးချုပ်)
၃။ ဖာသာရ်ပီတယ်စောငွေ (အတွင်းရေးမှူး-၁)
၄။ ဖာသာရ်ဂျဲရမင်း ညီညီထွန်း (အတွင်းရေးမှူး-၂)
၅။ ဖာသာရ်ဆေရီဝင်းမောင် (ဘဏ္ဏာရေးမှူး)
အဖွဲ့ဝင်များ
၆။ ဖာသာရ် ရာဖာအဲလ် ဘုန်းနိုင်ဦး (ပုသိမ်ဇုံမှူး)
၇။ ဖာသာရ် ဂေးလ်ဘက်စွန်းစွန်း (ဟင်္သါတဇုံမှူး)
၈။ ဖာသာရ် အိုင်စီဒို (မြောင်းမြဇုံးမှူး)
၉။ ဖာသာရ် ပီတယ်မြတ်သူရ (ကရုဏာရုံးဒါရိုက်တာ)
၁၀။ ဖာသာရ် အဲလ်ဘက် ဉာဏ်စိုးငြိမ်း (အခြေခံရဟန်းဖြစ်သင်ကျောင်းအုပ်)
၁၁။ ဖာသာရ်ဝိဖရက်မြင့်စိုး (မွန်ဆီညော်ဟောင်း) များဖြစ်ကြပါတယ်။သာသနာ့ရေးရာကိစ္စအဝဝများနှင့်ပတ်သက်လို့ အကြံပေးဆွေးနွေးစရာများရှိပါက အထက်ပါအကြံပေးဘုန်းတော်ကြီးများမှတဆင့်အကြံပြုနိုင်ပါကြောင်း အသိပေးလိုက်ပါရစေ။
သတင်း- ဧရာအလင်း


2023-08-26 10:37:06