Pathein Catholic Diocese Untitled Document
Untitled Document
ကျွန်းပေါ်ရွာရှိ ကျောင်းသူ/သားများ ဆရာတော်သိက္ခာတင်ခြင်းနှင့် သူ၏ကောင်းချီးမင်္ဂလာကို အွန်လှိုင်းပေါ်မှ ပါဝင် ခံယူ


ဆရာမနှင့်ကျောင်းသူကျောင်းသားများ အွန်လိုင်းထုတ်လွှင့်ခြင်းကို ကြည့်ရှုနေကြခြင်း (ဓာတ်ပုံ-ချစ်ကို)
ကျွန်းပေါ်ရွာရှိ ကျောင်းသူ/သားများ ဆရာတော်သိက္ခာတင်ခြင်းနှင့် သူ၏ကောင်းချီးမင်္ဂလာကို အွန်လှိုင်းပေါ်မှ ပါဝင် ခံယူ

၂၇ ဩဂုတ်လ ၂၀၂၃

လပွတ္တာခရိုင် ပြင်စလူမြိုနယ်ရှိ အမတ်ကြီးကျေးရွာ ပင်လယ်ကက်သလစ်သာသနာမှ မူလတန်းကျောင်းသူ ကျောင်းသားလေများဟာ ဩဂုတ်လ ၂၅ ရက်နေ့တွင် ပြုလုပ်ကျင်းပတဲ့ ပုသိမ်ကက်သလစ် ဂိုဏ်းအုပ်သာသနာရဲ့ ဆရာတော်သိက္ခာတင်ခြင်းနဲ့ ပလ္လင်တင်ခြင်း ဝတ်ပြုကိုးကွယ်ခြင်းအခမ်းအနားကို အွန်လိုင်းမှ စိတ်ဝင်တစား ပါဝင်ကြကာ ဆရာတော်သစ်နဲ့ ဆရာတော်များအားလုံးရဲ့ ကောင်းချီး မင်္ဂလာတော်များကို ခံယူခဲ့ကြကြောင်းသိရပါတယ်။

ကျောင်းမှာပဲကြည့်ကြတာစတာတော့ အိုင်ဟီကစတာ ကျောင်းရောက်တော့ ၉း၃၀ နာရီ ဖြစ်နေပြီသူပြောတယ်အခုဆရာတော်သစ်ရဲ့ပလ္လင်တင်အခမ်းအနားစပြီပေါ့နော် သူ့ဖုန်း အသေးကို bluetooth တွဲပြီးတော့ မစ္ဆားနာမယ်ဆိုပြီးလုပ်တာ အဲဒါနဲ့ ကျွန်တော်လည်း ဖုန်းအကြီးနဲ့ ချိတ်ပေးလိုက်တော့ စခရင်ကြီးသွားတယ်ကြည့်ရတာနည်းနည်းအဆင်ပြေသွားတော့ သူကပြောတယ် သူ့ဆရာဆရာမတွေ ကျောင်းသူ ကျောင်းသားတွေ ပုသိမ်ထိ သွားပို့အဆင်မပြေဘူးပေါ့နော် အဲဒါနဲ့ ကလေးတွေနဲ့ဆရာမတွေ‌ ကဲသူ့အတန်းဆီ ကိုလာခဲ့ ဒီကနေ မစ္ဆားတရားနာကြမယ်ဆိုပြီး ခလေးတွေလည်းမြင်ဖူးကြုံဖူး‌‌အောင်၊ ပြီး‌တော့သူတို့‌‌လေးတွေကိုလည်း ဆရာ‌တော်သစ်ရဲ့‌‌ ကောင်းချီးရပါ‌စေပေါ့နော်လုပ်ဖြစ်သွားတာ” လို့ ကျောင်းလုပ်သား ဆရာချစ်ကို က ဧရာအလင်းကို ပြောပြပါတယ်။

 ယင်းကပဲ “ဖုန်းက သေး အလင်းကပြန်နဲ့ ကျောင်းအခန်းတံခါး တွေပိတ် ပူကလည်းပူ ကလေးတွေကလည်းအလုအယက်တိုးကြည့်ကြတာ သူတို့ကိုပြန်ထိန်း ကလေးငြိမ်ပြန်တော့လည်း ဖုန်းလိုင်းကကျလို့ Liveကလည်းတချက်ချက် ပြတ်သွားလို့ Flow နှိပ်လိုက် Unflowနှိပ်လိုက်နဲ့ ဆရာမကြီးအလုပ်ကိုရှုပ်‌နေတာပဲ” လို့ တွေ့ကြုံခဲ့ရတဲ့အခက်အခဲတွေကို ဆက်ပြောပြခဲ့ပါတယ်။

အခြားသူတွေကို မျှဝေပေးချင်လို့ ဖုန်းဘက်ထရီအားကြောင့် စိုးရိမ်စိတ်တွေဖြစ်ခဲ့ရကြောင်းကိုလည်း အခုလို ပြောပြထားပါသေးတယ်။

အဲဒီလိုကြည့်နေရင်းနဲ့  အခြေနေအမျိုးမျိုးကြောင့်သွားချင်ပေမဲ့မသွားနိုင်ပေမဲ့လည်း အဆင်ပြေ သလိုလေး နဲ့မစ္ဆားတရားနာကြတာကို သူများတွေကိုမျှဝေချင်လို့ ဓာတ်ပုံရိုက်လိုက်တာ မစ္ဆားမပြီးခင် ဖုန်းအား 5% ပဲကျန်လို့ ရင်တမမနဲ့ဆရာတော်သစ် နဲ့ဆရာတော် တွေရဲ့ကောင်းချီး ခံယူလို့ပြီးမှပဲ စိတ်အေးရတော့တယ်။”

ကျောင်းသူကျောင်းသားဦးရေ ၁၀၀ ဦးပါဝင်ခဲ့ကြောင်းသိရပါတယ်။

ဆရာတော်သိက္ခာတင်ဆိုတာကြုံခဲတယ်လေကိုယ်တိုင်ကိုယ်ကျသွာရောက် ဂုဏ်ပြုချင်တာပေါ့ ဒါပေမဲ့လည်း အခုလို ဖုန်းအသေးလေကို ကလေးတွေနဲ့ တိုးပြီးကြည့်ရတဲ့ အမှတ်တရလည်း ရသွားတာပေါ့” လို့ ချစ်ကိုကပဲ သူ့ရဲ့ ရင်တွင်းစကားကို ပြောပြခဲ့ပါတယ်။

အမတ်ကြီးရွာဟာဆိုရင် ကျွန်းပေါ်ရှိရွာတရွာဖြစ်ပြီး ကက်သလစ်ဘာသာဝင် အများဆုံး နေထိုင် ကြပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က နာဂစ်မုန်းတိုင်းဒဏ်ကို အပြင်းအထန်ခံစားခဲ့ရသော ရွာတစ်ရွာလည်း ဖြစ်ခဲ့ပါတယ်။

တင်း-ဧရာအလင်း ၊ဓာတ်ပုံ-ချစ်ကို



2023-08-26 10:41:48