Pathein Catholic Diocese Untitled Document
Untitled Document
ဒေသတွင်းအဆင့်ဓမ္မညီလာခံအတွက်စာတမ်းပြုစုရေးအဖွဲ့မှ အစည်းအဝေးကျင်းပ


ဖာသာရ်ဟင်နရီအိုင်ခလိန်မှအဖွင့်အမှာစကားပြောကြားစဉ်ပုံ
ဒေသတွင်းအဆင့်ဓမ္မညီလာခံအတွက်စာတမ်းပြုစုရေးအဖွဲ့မှ အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာရှိ ဒေသတွင်းအဆင့်ဓမ္မညီလာခံအတွက် စာတမ်းပြုစုရေးအဖွဲ့ မှ နောက်ဆုံးအဆင့်စာတမ်းအချောပြင်ဆင်ခြင်းလုပ်ငန်းအတွက် ပြန်လည်သုံးသပ်ဆွေးနွေးတင်ပြခြင်း အစည်းအဝေးကို မေလ ၂၆ ရက် နံနက် ၁၀ နာရီ ဝန်းကျင်တွင် ပြုလုပ်ခဲ့သည်။

စာတမ်းပြုစုရေးအဖွဲ့ခေါင်းဆောင် ဖာသာရ်ဖလောရင့်စ် အောင်ကျော်ဦးမှ အခမ်းအနားကို ဦးဆောင်ပေးခဲ့သည်။

အခမ်းအနားကို သာသနာတစ်ခုလုံး၏တာဝန်ခံဘုန်းတော်ကြီး ဟင်နရီအိုင်ခလိန်မှ အဖွင့်ဆုတောင်းမေတ္တာဖြင့် ဦးဆောင်ဖွင့်လစ်ပေးခဲ့ပါသည်။

အဖွင့်ဆုတောင်းမေတ္တာပြီးသည့်နောက် ဖာသာရ် အိုင်ခလိန်မှ အဖွင့်အမှာစကားပြောကြာရာတွင် “ဒီလုပ်ဆောင် ချက်ဟာဆိုရင် သာသနာရဲ့မှတ်တမ်းတစ်ခုလည်းဖြစ်ပါတယ်။ မှတ်တမ်းတစ်ခုဖြစ်တဲ့အခါကျတော့ ကျန်ုပ်တို့ ရှေ့ဆက်သွားမဲ့ လမ်းပြမြေပုံတွေမှာ ဒါတွေကို အခြေခံပြီးတဲ့နောက် ဆက်လက်လုပ်ဆောင်သွားဖို့ဖြစ်တယ်” လို့ မိန့်မှာခဲ့သလို “ပြန်လည်သုံးသပ်အကြံပြုချက်များအားဖြင့် ဆက်ပြီးလုပ်ဆောင်ကြပါလို့ တိုက်တွန်းပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဦးဆောင်သူ ဘုန်းတော်ကြီး အောင်ကျော်ဦးမှလည်း တက်ရောက်လာသူအားလုံးကို အစည်းအဝေး၏ ရည်ရွယ် ချက်အကြောင်း၊ လုပ်းငန်းစဉ်များအကြောင်းနှင့် လုပ်ဆောင်ခဲ့ပုံများအကြောင်းကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် အင်္ဂလိပ်ဘာသာဖြင့် ပြင်ဆင်ထားသော စာတမ်းကို PowePoint ဖြင့် တင်ပြပြီး တက်ရောက်လာ သူများမှ စာတမ်း၏လိုအပ်နေသည့်အချက်များကို အကြံပြုဖြည့်စွက်ပြင်ဆင်ခဲ့ကြပါသည်။

ဖြည့်စွက်ပြင်ဆင်ခြင်းများကို ပြုလုပ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီခွဲ ဝန်းကျင်တွင် ပြန်လည်သုံးသပ်ဆွေးနွေးခြင်း အစည်းအဝေးပြီးဆုံးခဲ့ပါသည်။

အစည်းအဝေးသို့ ဘုန်းတော်ကြီး ၆ ပါး၊ စစ္စတာရ် ၂ ပါး၊ သာသနာ့အကျိုးဆောင်ဖခင် ၁ ဦး နှင့် မိခင်အသင်းမှ မိခင် ၁ ဦးပါဝင်တက်ရောက် သုံးသပ်အကြုံပြုဆွေးနွေးတင်ပြခဲ့ကြသည်။

သတင်း-ရေမွန်မန်းကျော်

 



2022-05-27 21:33:22