Pathein Catholic Diocese Untitled Document
Untitled Document
ပုသိမ်မြို့ပေါ်ရှိကက်သလစ်လူငယ်များတစ်မနက်တာဝတ်စောင့်ခြင်းပြုလုပ်


ပုသိမ်လူငယ်များနေ့တစ်ဝက်တာဝတ်စောင့်ခြင်းတွင်ပါဝင်နေကြပုံ (ဓာတ်ပုံ-ရေမွန်ကျော်အောင်)။
ပုသိမ်မြို့ပေါ်ရှိကက်သလစ်လူငယ်များတစ်မနက်တာဝတ်စောင့်ခြင်းပြုလုပ်

ပုသိမ်မြို့ပေါ်ရှိကက်သလစ်ကျောင်းထိုင်သာသနာအတွင်းရှိလူငယ်များတစ်မနက်တာဝတ်စောင်ခြင်းကို မေလ ၂၉ ရက်နေ့တွင် သာသနာ့ဗဟိုခန်းမ၌ ပြုလုပ်ခဲ့ကြသည်။

လက်ထောက်ဘုန်းတော်ကြီး ရောဘက်ဉာဏ်လင်မှ အခမ်းအနားအစီအစဉ်ကို အဖွင့်ဆုတောင်းမေတ္တာဖြင့် နံနက် ၈း၃၀ နာရီတွင် ဦးဆောင်ဖွင့်လစ်ပေးခဲ့သည်။

နေ့တစ်ဝက်တာဝတ်စောင့်ခြင်းအစီအစဉ်ပြုလုပ်ရသည့်ရည်ရွယ်ချက်နှင့်ပတ်သက်လို့ ဖာသာရ်ဉာဏ်လင်းက “လူငယ်တွေစည်းစည်းလုံးလုံးရှိကြပြီး အများကောင်းကျိုးအတွက်ဘယ်အခန်းကဏ္ဍကနေပါဝင်လုပ်ဆောင်နိုင် မလဲဆိုတာ အတွေးတွေရှိလာကြဖို့နဲ့ လူငယ်တွေ အချင်းချင်းတွေ့စုံကြပြီးတစ်ဦးနဲ့တစ်ဦးခွန်းအားတွေရယူ ဝေမျှနိုင်ကြဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ပေးခြင်းဖြစ်တယ်” လို့ ဆိုပါတယ်။

“တစ်မနက်တာဝတ်စောင့်ခြင်းလုပ်ပေးရုံနဲ့ဘဝကြီးကိုလုံးဝပြောင်းလဲစေမယ်လို့တော့အာမခံလို့မရဘူး။ ဒါပေမဲ့သူ့တို့ဘဝအတွက်စဉ်းစားစရာလေးတစ်ခုခုတော့ရသွားမယ်။ ဘုရားစီကနေခွန်အားတွေရမယ် အဓိကကတော့အဲဒါပါပဲလို့” ဦးဆောင်သူ ယင်းဖာသာရ်ကပဲ ဆက်ပြောခဲ့ပါတယ်။

လူငယ်အမာခံတစ်ဦးဖြစ်တဲ့ ခရစ္စတိုဖာစောကောင်းသုတကလည်း “ဦးဆောင်ပေးတဲ့ အပါးရောဘတ်ကိုကျေးဇူးတင်ပါတယ်။ ကျန်တော်တို့လူငယ်တွေကို ဒီလိုစုရုံးပေးပြီး လူငယ်တွေကို တွေ့ဆုံပေးတယ်၊ ရင်းနှီးအောင်လုပ်ပေးတယ်။ ပြီးတော့တိုးတက်အောင်လုပ်ပေးလို့ကျေးဇူးတင်တယ်” လို ပြောပါတယ်။

“နောက်ကိုလည်းဒါမျိုးများများလုပ်ပေးစေချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခုခေတ်လူငယ်တွေက အရမ်းအားနည်းလာကြတယ်။ အမာခံလူငယ်က အရမ်းနည်းတယ်။ အမာခံလူငယ်က ၇ ယောက် ၈ ယောက်ပဲရှိတယ်။  တစ်ခါတလေကျတော့ ၂ ယေက် ၃ ယောက်နဲ့ နားရေး၊သာရေးကအစ အကုန်လိုက်လုပ်ရတာတွေရှိခဲ့တယ်” လို့ဆိုပါတယ်။

သူကပဲဆက်ပြောတာက “အခုလိုလုပ်လိုက်ခြင်းအားဖြင့် ဘုရားတရားနဲ့ရင်းနီးလာမယ်၊ ပုသိမ်မြို့ပေါ်လူငယ်အချင်းချင်းစည်းလုံးမယ်။ မြို့ပေါ်လူငယ်သာမက နယ်ကလူငယ်တွေနဲ့လည်း စည်းလုံမှုရရှိကြမယ်” လို့ သူ့ရဲ့အမြင်ကို ပြောပြခဲ့ပါတယ်။

စောကောင်းသုတကပဲ “ကိုယ့်ကိုယ်ကို လူငယ်လို့ခံယူထားရင် လူငယ်ဆိုတဲ့အသိစိတ်နဲ့ လူငယ်ထဲမှာပါဝင်ပြီးတော့လှုပ်ရှားသင့်တယ်လို့ အကြုံပေးချင်ပါတယ်” လို့ လူငယ်တွေကို အကြံပြုခဲ့ပါတယ်။

ပုသိမ်မြို့တစ်ဖက်ကမ်းမှာနေတဲ့လူငယ်တစ်ဦးဖြစ်တဲ့ ခရစ္စတိုဖာမြတ်သူထွန်းကလည်း အလုပ်နားပြီးအခုလိုနေ့ တစ်ဝက်တာ ဝတ်စောင့်ခြင်းမှာ လာရောက်ပါဝင်ရတဲ့အတွက်ပျော်ပါတယ်လို့ ဆိုပါတယ်။

ဒီဝတ်စောင့်ခြင်းဟာ ပထမဆုံးအကြိမ်အဖြစ်ပြန်လည်လုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်း သူက တစ်ဆင့်သိခဲ့ရပါတယ်။

အမျိုးသမီးလူငယ်တစ်ဦးဖြစ်တဲ့ ဂျေနိုဗစ်သန့်ယဉ်သင်းကလည်း “ဒီဝတ်စောင့်ခြင်းမှာပါဝင်ခွင့်ရတဲ့ အတွက်ပျော်ပါတယ်။ ပြီးတော့ဒီနှစ်က လူပိုများတော့ ပိုပျော်ဖို့ကောင်းတယ်” လို့ ပြောပါတယ်။

ဒီနေ့တစ်ဝက်တာဝတ်စောင့်ခြင်းမှာ မြန်မာပြည်အလယ်ပိုင်းရှိ မန္တလေးကက်သလစ်သာနာမှ ပုသိမ်မြို့တွင်လာရောက်နေထိုင်သော လူငယ်နှစ်ဦးလည်း ပါဝင်တက်ရောက်လာကြကြောင်း သူမကပဲ ဆိုပါတယ်။

လူငယ်အားလုံးပေါင်း ၈၀ ကျော် တက်ရောက်ပါဝင်ကြောင်းလည်း သိရပါတယ်။ နယ်မှ လူငယ် ၃၁ ဦးနှင့် မြို့ပေါ်လူငယ် ၅၀ ဦးတက်ရောက်ခဲ့ကြောင်း ဖာသာရ် ဉာဏ်လင်းရဲ့ စာရင်းမှတ်တမ်းအရ သိရသည်။

အခမ်းအနာအတွင်း စုပေါင်းစိပ်ပုတီးစိပ်ခြင်း၊ ကိုယ်တော်မြတ်ကောင်းချီးခံယူခြင်း၊ ဩဝါဒပေးခြင်းနှင့် အထွေထွေဆွေးနွေးခြင်းများပါဝင်ခဲ့ကြောင်း ဖာသာရ်ရောဘတ်ထံမှ ကြားသိခဲ့ရပါတယ်။

တစ်မနက်တာလူငယ်ဝတ်ခြင်းအစီအစဉ်ဟာဆိုရင် နေ့လည် ၁၂ နာရီအချိန်တွင်ပြီးဆုံးခဲ့ကြောင်းလည်း သိရသည်။

သတင်း-ရေမွန်မန်းကျော်

ပုသိမ်

မေလ ၃၀

 

 



2022-05-29 22:52:49