Pathein Catholic Diocese Untitled Document
Untitled Document
မြန်မာနိုင်ငံလုံးဆိုင်ရာကက်သလစ်ခရစ်ယာန်ဓမ္မဆရာ/မဖြစ်သင်ကျောင်း၏ပညာသင်နှစ်ကိုဖွင့်လစ်


ဖာသာရ်ဟင်နရီအိုင်ခလိန်နှင့်အတူအမှတ်တရအဖွဲ့ဓာတ်ပုံရိုက်ခြင်း
မြန်မာနိုင်ငံလုံးဆိုင်ရာကက်သလစ်ခရစ်ယာန်ဓမ္မဆရာ/မဖြစ်သင်ကျောင်း၏ပညာသင်နှစ်ကိုဖွင့်လစ်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ခရစ်ယာန်ဓမ္မဆရာ၊ ဆရာမဖြစ်သင်ကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကို ဇွန်လ ၁၇ ရက်နေ့မနက်တွင် ဝတ်ပြုဆုတောင်းမစ္ဆားပူဇော်ခြင်းဖြင့်ဖွင့်လစ်ခဲ့သည်ဟု သိရသည်။

ဝတ်ပြုဆုတောင်းခြင်း မစ္ဆားတရားတော်မြတ်ကို ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာ့တာဝန်ခံဘုန်းတော်ကြီး ဟင်နရီအိုင်ခလိန်မှ ဦးဆောင်ပူဇော်ပေးခဲ့သည်။

မစ္ဆားတရားအတွင်း ဩဝါဒပေးရာတွင် ဘုန်းတော်ကြီး အိုင်ခလိန်က ဒီနှစ်စာသင်နှစ်အတွက်ပြန်လည်ရောက်ရှိနိင်ခြင်းကကျေးဇူတော်ဖြစ်ကြောင်း၊ပညာသင်ကြားရာတွင်ကောင်းမွန်စွာလိုက်နာသင်ကြားဖို့လိုကြောင်း ကျောင်းသူကျောင်းသားများကို မိန့်မြွက်ခဲ့ပါတယ်။

ဒါ့အပြင်တာဝန်ခံဘုန်းတော်ကြီးက သင်ကြားဖို့ချပေးမည့် သူများဟာ အချိန်ပိုင်း သင်ကြားပို့ချပေးသူများမဟုတ်ပဲ အချိန်ပြည့် သာသနာ့ဝန်ထမ်းများဖြစ်ကြောင်း၊ စာသင်တဲ့အခါမှာ အသိပညာ (Knowledge) ပေးရုံတင်မကပဲ သူတို့ရဲ့လိုအပ်တဲ့ ဝိညာဉ်ရေးပိုင်း၊ စည်းမျဉ်းစည်းကမ်းပိုင်းနဲ့ ကိုယ့်ကျင့်တရားပိုင်း၊ pastoral (သာသနာ့ရေးရာ) ပိုင်း စတာတွေကို ဒီနှစ်နှစ်အတွင်းမှာ သင်ကြားပို့ချပေးဖို့ဖြစ်ကြောင်း ဟောပြောခဲ့ပါတယ်။

စာတွေသင်ယူပြီးလို့ မိမိတို့ဒေသကိုပြန်သွားတဲ့အခါမှာလည်းပဲ ဆရာတော်ကြီးနဲ့ဘုန်းတော်ကြီးများနဲ့လက်တွဲလုပ်ဆောင်သွားကြဖို့၊ အခက်အခဲတွေတော့ရှိမယ် ဒါပေမဲ့အခက်အခဲတွေရှိတဲ့အခါမှာလည်း စိတ်ပျက်မသွားပဲ ဓမ္မဆရာ၊ဆရာမတွေရဲ့အခန်းကဏ္ဏကိုဆက်လက်ဖောင်ဆောင်သွားကြဖို့၊ ပုပ်ရဟန်းမင်းကြီးကလည်း ဓမ္မဆရာ၊ဆရာမများကိုအားပေးတိုက်တွန်းလျက်ရှိကြောင်း၊ ဒါ့ကြောင့် ဆက်လက်ကြိုးစားသွားကြဖို့  ဖာသာရ် ဟင်နရီအိုင်ခလိန်မှ ကျောင်းသားကျောင်းသူများကို မှာကြားခဲ့ပါတယ်။

ဓမ္မသင်တန်းကျောင်း၏တာဝန်ခံကျောင်းအုပ်ဘုန်းတော်ကြီး အဲလ်ဘတ်ဉာဏ်စိုးငြိမ်းက ဒီနှစ်ပညာသင်နှစ်မှာ တက်ရောက်ပညာသင်ယူနေတဲ့ကျောင်းသား၊ကျောင်းသူဦးရေနဲ့ပတ်သက်လို့ ပြောတာကတော့ “ကျောင်းသား၊ ကျောင်းသူဦးရေ ၄၁ ရှိတယ်။ ပထမနှစ်ကအယောက် ၃၀ ရှိပြီး ဒုတိယနှစ်က ၁၁ ယောက်ရှိတယ်” လိုဆိုပါ တယ်။

ဒိုင်အိုစစ်‌တွေကတော့ ဟားခါး၊ ကလေး၊ မြစ်ကြီးနား၊ ဗန်းမော်၊ ပြည် နဲ့ ပုသိမ်ကက်သလစ်သာသနာတို့ကနေ လာကြတဲ့ ကျောင်းသားကျေင်းသူများဖြစ်ကြောင်း ယင်းကျောင်းအုပ်ဘုန်းတော်ကြီးကပဲ ဆက်လက်ပြောပြခဲ့ပါတယ်။

ဆက်လက်ပြီးဘုန်းတော်ကြီ ဉာဏ်စိုးငြိမ်းက “ကိုဗစ်ဖြစ်ပြီးသွားတဲ့အခါကျတော့ တစ်နှစ်နားပြီးတော့  နောက်တစ်နှစ်ကျတော့ရှိတဲ့သူနဲ့ ၁၂ ယောက်တစ်သုတ်ဖွင့်လိုက်တယ်။ အဲဒီတော့ ဒုတိယနှစ်က နှစ်ဖွဲ့ကွဲသွားတာပေါ့။ ပထမတစ်ဖွဲ့က ၁၂ ယောက်နဲ့ အခုက ၁၁ နဲ့” လို့ ဆိုပါတယ်။

အခုလိုအကြပ်အတည်းအခက်အခဲကြားမှာ ကျောင်းဖွင့်ရတဲ့အခါကျတော့ စိုးရိမ်မှုတွေရှိလား၊ဘာတွေစိုးရိမ်စရာရှိလဲလို့ သတင်းယူသူကမေးတဲ့အခါမှာ “စိုးရိမ်စိတ်တွေကတော့ ပုံမှန်လောက်ပဲ၊ တအားကြီးတော့ မရှိပါဘူး။ လူလည်းညီတယ်၊ ဘေးမှာလည်းအဆင်ပြေတယ်ဆိုတော့ သိပ်စိုးရိမ်စရာရှိပါဘူး။ ပုသိမ်သာသနာအနေနဲ့လည်းအကောင်းဆုံးပံ့ပိုးတာကိုး”လို့ ပြောပါတယ်။ ကျောင်းဖွင့်တာနဲ့ပတ်သက်လို့ အခက်အခဲများမရှိခဲ့ကြောင်းလည်း ထပ်မံပြောပြခဲ့ပါတယ်။

“အခုခေတ်မှာတော့ ဓမ္မဆရာ၊ဆရာမလုပ်တဲ့သူကတော့နည်းသွားပြီပေါ့နော်။ အဲဒီအတွက် ဓမ္မဆရာ၊ဆရာမလုပ်မဲ့ စိတ်ဓာတ်ပြင်းထန်သူတွေဖြစ်ပေါ်လာအောာင် ဆုတောင်းပေးကြပါ” လို့ ကျောင်းအုပ်ဘုန်းတော်ကြီးက ဘာသာတူဓမ္မမိတ်ဆွေများကို မေတ္တာရပ်ခံခဲ့ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာကက်သလစ်ဓမ္မဆရာ၊ဆရာမဖြစ်သင်ကျောင်းသည် ဧရာဝတီတိုင်းဒေသကြီးရှိ မြောင်းမြမြို့တွင်တည်ရှိသည်။

လက်ရှိတွင် ကျောင်းသူကျောင်းသားများကို စာသင်ကြားပို့ချပေးနေသော စာချဘုန်းတော်ကြီး ၃ ပါး၊ ဘရာသာရ်နှစ်ပါး၊ စစ္စတာရ်နှစ်ပါး နှင့် ဓမ္မဆရာတစ်ဦးရှိကြောင်း သိရသည်။

အခုလို အခက်အခဲအကြပ်အတည်းကာလမှာ ကျောင်းဖွင့်ရတဲ့အတွက် အခက်အခဲတွေရှိလာမလားစိုရိမ်ရသော်လည်း တစ်ဖက်မှာ ကျောင်းသားကျောင်းသူများကို ဘာသာရေးအသိပညာတွေသင်ကြားပေးရတဲ့အတွက် ဝမ်းသာအားရမိကြောင်းနဲ့ သင်ကြားနေတဲ့အခါမှာလည်း အခက်အခဲမရှိတဲ့အတွက် ပျော်ရွှင်ပါကြောင်း စာချ ဖာသာရ်တစ်ပါးဖြစ်တဲ့ ရိချက်ဘိုနီ က ဆိုပါတယ်။

သတင်း-မန်းကျော်

 

 

 



2022-06-24 02:17:54