Pathein Catholic Diocese Untitled Document
Untitled Document
စိန့်ဖရန်စစ်ဇေးဗီးယားသီလရှင်အသင်းဂိုဏ်းတည်ထောင်ခြင်း ၁၂၅ နှစ်ပြည့်ပွဲကျင်းပ


အဖွဲ့လိုက်သီချင်းသီဆိုပြိုင်ပွဲကျင်းပပြုလုပ်နေသောပုံ (ဓတ်ပုံ-OSC Pathein)
စိန့်ဖရန်စစ်ဇေးဗီးယားသီလရှင်အသင်းဂိုဏ်းတည်ထောင်ခြင်း ၁၂၅ နှစ်ပြည့်ပွဲကျင်းပ

စိန့်ဖရန်စစ်ဇေးဗီးယားသီလရှင်းအသင်းဂိုဏ်းတည်ထောင်ခြင်း ၁၂၅ နှစ်ပြည့်ပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အကြိုတောင်းခံသူများကျောင်းရှိ ဘုရားရှိခိုးကျောင်းဆောင်ငယ်လေးတွင် ၂၆ ရက်နေ့ မနက်မှာ ဝတ်ပြုဆုတောင်းခြင်းမစ္ဆားတရားတော်မြတ်ဖြင့်ကျင်းပခဲ့တယ်။

ဝတ်ပြုဆုတောင်းခြင်းမစ္ဆားတရားတော်မြတ်ကို ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာ့တာဝန်ခံ ဖာသရ်ဟင်နရီအိုင်ခလိန်မှ ရဟန်းတော် ၁၀ ပါးဖြင့် နံနက် ၆ နာရီတွင် ဦးဆောင်ပူဇော် ဆုတောင်းခဲ့ပါတယ်။

မစ္ဆားတရားတော်မြတ်အတွင်း ဖတ်ရှုခဲ့တဲ့ ဧဝံဂေလိကျမ်းစာတွင်ပါရှိတဲ့ အပျိုကညာ ၁၀ ဦး ပုံမာကို အခြေခံလျှက် ဩဝါဒမြွက်ကြားရာတွင် ဖာသာရ် အိုင်ခလိန်က “အပြင်ပိုင်းဖြစ်တည်မှုထက် အတွင်းပိုင်းဖြစ်တည်မှုဟာ အင်မတန်မှအရေးကြီးကြောင်း၊ နိုးနိုးကြာားကြားရှိကြရန်လိုကြောင်း” ဟောကြားခဲ့တယ်။

ရှင်ပေါလူးဆုံးမဩဝါဒကို ကိုးကားလျှက် ဆက်လက်ဟောကြားရာ ယင်းက “အကျွန်ုပ်၏ကျေးဇူးတော်သည် သင်တို့အတွက် လုံလောက်ပြီဖြစ်တယ်၊ အရာအားလုံးပေးထားပြီးသားဖြစ်တယ်” လို့ မိန့်မွက်ပါတယ်။

ဆက်လက်ပြီးသာသနာ့တာဝန်ခံဘုန်းတော်ကြီးကပဲ ဓမ္မသင်္ဂြိုလ်ပညာရှင်များရဲ့ ဆုံးမစကားဖြင့် “ဝိညာဉ်ရေးဆိုတာ နိုးနိုးကြားကြားရှိခြင်းဖြစ်တယ်” လို့ ဝေမျှခဲ့တယ်။

ဝိညာဉ်ရေးဖခင်ကြီးများရဲ့ ဆိုဆုံးမစကားကို ဘာသာတူများအားပြန်လည်ဝေမျှရာတွင် ဘုန်းတော်ကြီးအိုင်ခလိန်က “ဝိညာဉ်ရေးဆိုတာ တိုက်ပွဲတစ်ခုပဲ၊ ခေါင်းနဲ့ နှလုံးသာတို့ရဲ့ တိုက်ပွဲဖြစ်ကြောင်း၊” စိတ်ကောင်း နှလုံးကောင်းမွေးမြူကြဖို့လိုကြောင်းကို အားပေးတိုက်တွန်းခဲ့ပါတယ်။

ဝတ်ပြုဆုတောင်းခြင်း မစ္ဆားတရားအပြီးတွင် အသင်းဂိုဏ်းဥက္ကဌ မာသာရ်ကြီး အန်းထရေဇားမှ ကျေးဇူးတင်မစ္ဆားတွင်ပါဝင်ပူဇော်ဆုတောင်းပေးကြတဲ့ သာသနာ့တာဝန်ခံဘုန်းတော်ကြီးနှင့်အတူ အခြားရဟန်းတော်များ၊ ဘရာသာရ်များ၊ အခြားသီလရှင်များ နှင့် ပါဝင်ခဲ့ကြသူ ဘာသာတူဓမ္မ မိတ်ဆွေများအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ပြောကြားခဲ့တယ်။

ဧရာအလင်းဂျာနယ်နှင့်ပြုလုပ်တဲ့အင်တာာဗျူးတစ်ခုကိုဖြေဆိုခဲ့သူ အသင်းဂိုဏ်းရဲ့ ပထမအကြံပေးပုဂ္ဂိုလ်ဖြစ်သူ စစ္စတာရ် ရို့စ်နန်းနွယ်ပြုံက “စိန့်ဖရန်စစ်ဇေးဗီယားအသင်းသူတစ်ယောက်အနေနဲ့ပေါ့လေ ဒီအသင်းဂိုဏ်းကြီးရဲ့ ၁၂၅  နှစ်ဆိုတဲ့ ခရီးစဉ်ရဲ့နောက်ကြောင်းကို ပြန်ပြီးတော့ ကြည့်လိုက်တဲ့အခါ လေ့လာလိုက်တဲ့အခါမှာ ဖြစ်ပျက်သမျှအဖြစ်အပျက်အကြောင်းအရာတွေအားလုံးအထဲမှာ ဘုရားရှင်ကရှိနေတယ်” လို့ ဆိုပါတယ်။

 ဒီကျွန်မတို့အသင်းဂိုဏ်းဖြစ်တည်ခြင်းရဲ့ အဖြစ်အခြေအနေအားလုံး ဘယ်အရာမှ ဘုရားရဲ့လက်တော်နဲ့ လွှတ်ကင်းခဲ့တယ်ဆိုတာမရှိခဲ့ဘူးဆိုတာကို သေသေချာချာ တွေ့မြင်ခဲ့ကြောင်း၊ ဒါ့ကြောင့်မို့လို့ ဒီနှစ်မှာတော့ဘုရားရှင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းရင်းနဲ့ ဘုရားကို အထူးကျေးဇူးတင်မိကြောင်း၊ ပြီးတဲ့အခါမှာ ကျွန်မတို့ အသင်းဂိုဏ်းကြီးကို စွန့်လွှတ်စွန့်စားမှုမျိုးစုံပြုလုပ်ပြီးတော့ အခက်အခဲပေါင်းစုံထဲကမှ အသင်းဂိုဏ်းကိုတည်ထောင်ပေးခဲ့တဲ့ ကျွန်မတို့ရဲ့ ဖခင်ကြီး ဘီးရှော့ အလက်စန္ဒားကာဒိုးကိုလည်း အထူးသတိရမိပြီး ကျေးဇူးတင်ကြောင်း” ယင်းစစ္စတာရ်က ပြောပါတယ်။

 စစ္စတာရ်အပြုံးကပဲ “ဒီနေ့ဒီအချိန်မှာဆိုရင်တော့ ကျွန်မတို့ စိန့်ဖရန်စစ်အသင်းဂိုဏ်းကြီးဟာ တည်ထောင်သူအဖဖြစ်စေချင်သလို အသီအပွင့်တွေဝေဆာပြီးတော့ အရိပ်ကောင်းကောင်းနဲ့ လိုအပ်တဲ့လူတွေကို အရိပ်ပေးနိုင်တဲ့ သစ်ပင်ကြီးတစ်ပင်ဖြစ်နေခဲ့ပြီးဖြစ်ကြောင်း၊ ဒါကို ကြည့်ပြီးတော့ အဖေကတော့ ကောင်းကင်ဘုံကနေ ပျော်နေမယ်လို့ ကျွန်မယုံကြည်မိကြောင်း၊ ပြီးလို့ရှိရင် ကျွန်မတို့ အသင်းဂိုဏ်းကို နှစ် ၅၀ ကျော်ကျော် ကြည့်ရှုစောက်ရှောက်ပေးခဲ့ကြတဲ့ စိန့်ဂျိုးဇက်သီလရှင်များကိုလည်း သတိရမိကြောင်း၊ ဒီစိန့်ဂျိုးဇက်သီလရှင်တွေဟာ ကျွန်မတို့ စိန့်ဖရန်စစ်ဇေးဗီးယားသမီးငယ်တွေကို လမ်းလျှောက်တတ်စ ကလေးလေးတွေအရွယ်ကနေပြီးတော့ပြုစု ပျိုးထောင်ပေးခဲ့ကြတာဖြစ်ကြောင်း၊ အရွယ်ရောက်တဲ့အထိပြုစု ကြည့်ရှုခဲ့ကြတာဖြစ်ကြောင်း” ဆိုပါတယ်။

 အခက်အခဲများစွာ ရင်ဆိုင်ရမယ် စိတ်ရှည်ရမယ် မေတ္တာတရားကြီးမားရမယ်။ လိုအပ်တဲ့အရာအားလုံးပေးပြီးတော့ ကျွန်မတို့ အရွယ်ရောက်တဲ့အချိန်မှာမှ ကျွန်မတို့ကို လိုအပ်တဲ့လမ်းညွှန်မှုတွေပေးပြီး‌တော့ ညီမတို့စီကနေပြီးတော့ပြန်လည်ထွက်ခွာသွားခဲ့တာဖြစ်ကြောင်း၊ အမေတို့ရဲ့ကျေးဇူးတရားတွေကိုလည်း ဒီနေ့မှာ ပြန်လည်သုံးသပ်သတိရမိပြီးတော့ စိန့်ဂျိုးဇက်သီလရှင်တွေနဲ့အတူတူ စိန့်ဂျိုးဇက်အသင်းဂိုဏ်းတစ်ခုလုံးကို ကျေးဇူးတင်ကြောင်း” စစ္စတာရ်အပြုံကပဲ ကျေးဇူးတင်စကားပြောခဲ့ပါတယ်

ဆက်လက်ပြီး သူမက “ကျွန်မတို့အသင်းဂိုဏ်းနဲ့ စိန့်ဖရစ်စစ်ဇေးဗီးယားစစ္စတာရ်တွေကို သာသာနအသီးသီးမှာ မစ်ရှင်း တာဝန်တွေကို ထမ်းဆောင်ဖို့အတွက် ယုံယုံကြည်ကြည် ဖိတ်ခေါ်ခဲ့ကြတဲ့ Archbishops ဂိုဏ်းချုပ်ဆရာတော်တွေ၊ အခု ဘီးရှော့တွေ (ဆရာတော်တွေ) နောက်အတူတကွလက်တွဲလုပ်ဆောင်ပြီးတော့ သာသနာ့အမှုတော်တွေကို လုပ်ဆောင်ခဲ့ကြတဲ့ ရဟန်းတော်တွေအားလုံးကိုလည်း အထူးပဲကျေးဇူးတင်ကြောင်း၊ အသင်းဂိုဏ်းကြီးစပြီးတော့ ဖြစ်တည်ကတည်းက ဒီနှစ်အထိ ဒီနေ့လက်ရှိအခြေအနေအထိ အသင်းဂိုဏ်းကို အဖက်ဖက်ကနေပြီးတော့ နည်းလမ်းပေါင်းစုံနဲ့ ပံ့ပိုးပေးခဲ့ကြတဲ့ ကျေးဇူးရှင်တွေ၊ အသင်းဂိုဏ်းကို ချစ်ခင်ပြီးတော့ အားပေးခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ လူအားငွေအားဆုတောင်းခြင်းအားတွေနဲ့အသင်းဂိုဏ်းကို နည်းလမ်းမျိုးစုံနဲ့ ကူညီပေးခဲ့ကြတဲ့ ကျေးဇူးရှင်တွေအားလုံကိုလည်းပဲ ဒီနေရာကနေပြီးတော့ ကျေးဇူးတင်ကြောင်း” ပြောပါတယ်

မနက် ၉ နာရီမှာတော့ ဖြေဖျော်ခြင်းအစီးအစဉ်အဖြစ် အသင်းဂိုဏ်းမှ သီလရှင်များနှင် သီလရှင်းလောင်းများ အဖွဲ့များခွဲကာ အသင်းဂိုဏ်းအကြောင်းရေးစပ်သီကုံးထားနဲ့ သီချင်းဖြင့် သီဆိုယှဉ်ပြိုင်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့ကြပါတယ်။

အသင်းဂိုဏ်းတွင် အဖွဲ့ဝင်သီလရှင် ၄၅၂ ပါး နှင့် အငယ်အပါး ၆၀ ရှိပြီး မြန်မာပြည်တွင်းရှိ ကက်သလစ်ဂိုဏ်းအုပ်၊ဂိုဏ်းချုပ်သာသနာ ၁၆ ခုရှိရာ ၁၃ ခုတွင် သာသနာ့အမှုတော်များကို ထမ်းဆောင်လျှက်ရှိကြတယ်” လို့ စစ္စတာရ် နန်းနွယ်ပြုံးပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် ပြည်ပနိုင်ငံများဖြစ်ကြတဲ့ အမေရီကားနိုင်ငံရှိ ဖလော်ရီဒါ၊ အီတလီ၊ ဖိလစ်ပိုင် နဲ့ ထိုင်းနိုင်ငံတို့မှာလည်း သာသနာ့တာဝန်များကို ထမ်းဆောင်နေကြကြောင်း ပြောပြပါတယ်။

စိန့်ဖရန်စစ်သီလရှင်များအသင်းဂိုဏ်းကို ပြင်သစ်လူမျိုး ဆရာတော် အလက်စန္ဒားကာဒိုးမှ ၁၈၉၇ ခုနှစ် ဩဂုတ်လ ၂၆ တွင် တည်ထောင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းသတင်း- ရေမွန်မန်းကျော်

 

 

 

 



2022-08-26 09:33:42