Pathein Catholic Diocese Untitled Document
Untitled Document
ပုသိမ်ကက်သလစ်သာသနာရဟန်းငယ်များ ဆက်လက်ပုံသွင်းခြင်းရက်တိုသင်တန်း တက်


Father Henry Eikhlein, Diocesan Administrator, is delivering his opening talk to priests on August 29.
ပုသိမ်ကက်သလစ်သာသနာရဟန်းငယ်များ ဆက်လက်ပုံသွင်းခြင်းရက်တိုသင်တန်း တက်

ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာရှိ ရဟန်းဝါ ဆယ်နှစ်နှင့် ဆယ်နှစ်အောက် ရဟန်းငယ်များသည် ဩဂုတ်လ ၂၉ မှ ၃၁ ရက်နေ့ထိ ပုသိမ်မြို့ရှိ ကက်သလစ်သာသနာ့ဗဟိုခန်းမဆောင်တွင် ပြုလုပ်လျှက်ရှိသော ဆက်လက်ပုံသွင်းခြင်း (Ongoing Formation) ရက်တိုသင်တန်းကို တက်ရောက်လျှက်ရှိကြသည်။

သင်တန်းပြုလုပ်ရတဲ့ ရည်ရွယ်ချက်က ရဟန်းငယ်များ အဆက်မပြတ်သင်ယူမှုရှိစေရန်နှင့် Update ဖြစ်ပြီး သာသနာ့လုပ်ငန််းများကို ခေတ်နဲ့အညီ သယ်ပိုးထမ်းဆောင်နိုင်ရန်အတွက် ပြုလုပ်ပေးခြင်းဖြစ်ပါတယ် လို့သိရပါတယ်။

သင်တန်းပထမရက်ကို ဝတ်ပြုဆုတောင်းခြင်းမစ္ဆားတရားတော်မြတ်ဖြင့် ပုသိမ်ဂိုဏ်းအုပ်သာသနာ့ တာဝန်ခံ ဖာသာရ် ဟင်နရီ အိုင်ခလိန်မှ နံနက် ၆း ၃၀ နာရီတွင် ဦးဆောင်ပူဇော်ဆုတောင်းဖွင့်လင့်ခဲ့သည်။

သင်တန်းအစနေ့ရက် နံနက် ၉ မှ ၁၂ နာရီတွင် ဖာသာရ် အဲလ်ဘက် ဥာဏ်စိုးငြိမ်းမှ ကျမ်းစာဘာသာရပ် (Scripture) ကို သင်ကြားပို့ချပြီး၊ ဖာသာရ် ဖလော်ရင့်စ် အောင်ကျော်ဦးမှလည်း နေ့ခင်း ၂ ကန ၅ နာရီအချိန်အထိကို အသင်းတော်သွန်သင်ချက်ဘာသာရပ် (Dogmatic Theology) ကို ပို့ချ သင်ကြားပေးခဲ့သည်။

ဒုတိယနေ့ကိုတော့ ဖာသာရ် အိုင်စီဒို မှ နံနက်ပိုင်းအချိန်တွင် အသင်းတော်၏သာသနာြပုခြင်းလုပ်ငန်းတွင် ဘာသာတူများပါဝင်ခြင်းအကြောင်းကို ဝေမျှပို့ချပေးသွားမှာဖြစ်ပြီ နေ့လယ်ပိုင်းအချိန်ကိုတော့ ဖာသာရ်အောင်ကျော်ဦးကပဲ Dogmatic Theology အကြောင်းဆက်လက်ဝေမျှပေးသွားမှာဖြစ်ပါတယ်။

တတိယနေ့မှာတော့ ဖာသာရ် ရေမွန်ကျော်အောင်မှ နံနက်အချိန်တွင် သာသနာပြုခြင်းအကြောင်းဆိုင်ရာဘာသာရပ် (Missiology) အကြောင်းကို ဝေမျှပေးမှာဖြစ်ပြီး နေ့ခင်းအချိန်တွေကို တော့ ဖာသာရ် အောင်ကျော်ဦးကပဲအထူးပြုထားတဲ့ ဘာသာရပ်ကိုပဲ ဆက်လက်ပို့ချပေးသွာမယ်လို့ သိရပါတယ်။

စာရင်းအရ ရဟန်းငယ် ၁၆ ပါးအနက် ၁၅ ပါး တက်ရောက်လျှက်ရှိကြသည်။ ကျန်တစ်ပါးကတော့ အမေရိကားတွင်ပညာသင်ယူလျှက်ရှိကြောင်း သိရှိရပါတယ်။

သင်တန်းတွင်ပါဝင်ကြတဲ့ ရဟန်းငယ်များကတော့

ဖာသာရ် ချားစ်ရေလျှံ (ပိန္နဲကုန်းသာသနာကျောင်းထိုင်)၊

ဖာသာရ် ရာဖာအဲလ် နေမင်းထွန်း (မဒေါ့ကုန်းသာသနာကျောင်းထိုင်)၊

ဖာသာရ် ဝီးဖရက်စောနိုင်ဦး (ရေနံတောင်သာသနာကျောင်းထိုင်)၊

ဖာသာရ် ဆေဘက်စတီးရန်း ကျော်မင်းဌေး (ပင်လယ်သာသနာကျောင်းထိုင် လက်ထောက်)၊

ဖာသာရ် ဖရန်စစ် မင်းမင်းထွန်း (ဇောင်းတန်းသာသနာကျောင်းထိုင်လက်ထောက်)၊

ဖာသာရ် မောရစ်သိန်းသန်း (ပုသိမ် မရန်းချောင် ဘော်ဒါအုပ်)၊

ဖာသာရ်ဂျွန်းအောင်အောင် (နှင်းဆီကုန်း)၊

ဖာသာရ် ရာဖာအဲလ် ထွန်းနေခိုင် (အခြေခံရဟန်းဖြစ်သင်ကျောင်းစည်းကမ်းထိန်း)၊

ဖာသာရ် ဂျဲရမင်း ညီညီထွန်း (ဆရာတော်ရုံးအကူ)၊

ဖာသာရ် ဂျိမ်းအိုင်ရှူ (မိသားစုကော်မရှင်ရုံးအကူ)၊

ဖာသာရ် ပီတယ် မြတ်သူရ (ပုသိမ် ကရုဏာရုံးတာဝန်ခံ)၊

ဖာသာရ် ဝီလျှံစိုး (ဆက်သွယ်ရေးရုံးတာဝန်ခံ)၊

ဖာသာရ် ဝီလျှံဝင်းနိုင် (တောင်ချောင်းသာသနာကျောင်းထိုင် အကူ)၊

ဖာသာရ်ရိချက်နေဇော်အောင် (ရှားခဲသာသနာကျောင်းထိုင်လက်ထောက်၊ နောက်လျှက်ရောက်ရှိ)၊

ဖာသာရ် ရီးချက်ဇော်လင်းသန့် (မြောင်းမြ ဓမ္မသင်တန်းကျောင်းစာချ) တို့ပဲဖြစ်ကြပါတယ်။

သတင်း-ရေမွန် မန်းကျော်

ပုသိမ်



2022-08-29 07:06:18