Pathein Catholic Diocese Untitled Document
Untitled Document
တစ်လအတွင်း ပုသိမ်ကက်သလစ်သာသနာ၏ သာသနာ့ဆိုင်ရာလှုပ်ရှားမှုမှတ်တမ်းများ


Collective photos are in one pictures
တစ်လအတွင်း ပုသိမ်ကက်သလစ်သာသနာ၏ သာသနာ့ဆိုင်ရာလှုပ်ရှားမှုမှတ်တမ်းများ

 

၁။  ဩဂုတ်လ ၁၁ ရက်နေ့တွင် ကနစိုးကုန်းသာသနာမှ လူငယ်များ တစ်ရက်တာဝတ်စောင့်ခြင်း သင်တန်းပြု လုပ်ကျင်းပခဲ့သည်။

၂။ ဩဂုတ်လ ၁၂ ရက်နေ့တွင် ပုသိမ်ဇုံရှိရဟန်းတော်များတစ်လတာ ဝတ်စောင့်ခြင်းကို သာသာနာ့ခမ်းမဆောင်တွင် ပြုလုပ်ခဲ့ကြပါသည်။

၃။ ဩဂုတ် ၁၃ ရက်နေ့ ဆရာတော်ကြီးဂျွန်ဂေးဗြဲလ် ကွယ်လွန်ခြင်း ၂၈ နှစ်ပြည့် မစ္ဆားတရားတော်မြတ်ကို စိန့်ပီတယ် ဘုရားရှိခိုးကျောင်းတော်ကြီးတွင်တင်ပူဇော်ပေးခဲ့သည်။

၄။ ဩဂုတ် ၁၅ ရက်နေ့တွင် ဟင်္သာတဇုံရှိ ရဟန်းတော်များ လပတ် ဝတ်စောင့်ခြင်းကို ဇောင်းတန်းသာသနာ၊ ဇောင်းတန်းရွာတွင်ပြုလုပ်ခဲ့ကြသည်။

၅။ ဩဂုတ်လ ၂၃ ရက်နေ့တွင် မြောင်းမြဇုံရှိ ရဟန်းတော်များ လပတ်ဝတ်စောင့်ခြင်း ကနစိုးကုန်းသာသနာ၊ ကနစိုးကုန်းရွာတွင်ပြုလုပ်ကျင်းပခဲ့သည်။

၆။ ဩဂုတ်လ ၂၁ နေ့တွင်ဟင်္သာတဇုံမှ မိခင်များ တွေ့ဆုံပွဲကို မေရီလန်းသာသနာ၊ မေရီလန်းရွာတွင် ပြုလုပ် ကျင်းပခဲ့သည်။

၇။ ဩဂုတ်လ ၂၆ ရက်နေ့တွင် သဘာဝဘေးအန္တရာယ်အရေးပေါ် တုန့်ပြန်ရေးအဖွဲ အစည်းအဝေးကို ပုသိမ်မြို့ရှိသာသနာ့ ခမ်းမဆောင်တွင် နေ့ခင်း ၃ နာရီမှ ၅ နာရီအထိပြုလုပ်ကျင်းပခဲ့သည်။

 

၈။ ဩဂုတ်လ ၂၆ ရက်နေ့တွင် စိန့်ဖရန်စစ်ဇေးဗီးယားသီလရှင်များမှ အသင်းဂိုဏ်း ၁၂၅ နှစ်တိတိပြည့်ပွဲကို အကြိုတောင်းခံသူများ၏ ဘုရားရှိခိုးကျောင်းဆောင်တွင် နံနက် ၆ နာရီအချိန်တွင် ဝတ်ပြုဆုတောင်းခြင်းမစ္ဆာတရားကိုကျင်းပခဲ့ပြီး ဝင်လိုသူများကျောင်းဆောင်တွင် ဖျော်ဖြေခြင်းနှင့် အဖွဲ့လိုက်သီချင်းဆိုပြိုင်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။

 

၉။ ၂၈ ဩဂုတ်လ တွင် ကွယ်လွန်သွားတဲ့ ဖာသာရ် ဂျက်စတင်းစောလွင်ရဲ့ နှစ်ပတ်လည်အတွက် ဖာသာရ်ဟင်နရီအိုင်ခလိန်မှ မစ္ဆားတရားတော်မြတ်ကို ကျုံပျော်မြို့ရှိနာဇရက်ဘုရားကျောင်းတွင် တင်ပူဇော်ဆုတောင်းပေးခဲ့သည်။

၁၀။ ဩဂုတ်လ ၂၉ မှ ၃၁ ရက်နေ့တွင် ရဟန်းဝါ ဆယ်နှစ်နှင့် ဆယ်နှစ်‌အောက် ရဟန်းတော်များက ဆက်လက်ပုံသွင်းခြင်း ရက်တိုသင်တန်းကို ပါဝင်တက်ရောက်ခဲ့ကြသည်။

၁၁။ ဩဂုတ်လ ၂၉ ရက်နေ့တွင် မယ်တော်မွေးနေ့ပွဲအတွက် နိုဗီနားအဖွင့်အခမ်းအနားအလံတင်ခြင်းကို မယ်တော် ရင်ပြင်တွင်ပြုလုပ်ခဲ့ပြီး၊မစ္ဆားတရားတော်မြတ်ကို စိန့်ပီတာဘုရားကျောင်းတော်ကြီးတွင် ပြုလုပ် ကျင်းပ ခဲ့ကြသည်။

 သတင်း

ရေမွန် မန်းကျော်

 

 



2022-09-01 03:23:54