Pathein Catholic Diocese Untitled Document
Untitled Document
ကနစိုးကုန်းကက်လသစ်လူငယ်နှင့် သက်ထွေးများ ဘိုးဘွားရိပ်သာတွင် ကုသိုလ်ရေးလုပ်ငန်းများပြုလုပ်


Photos of the activities of Kanazogone Youth (Photo by Fr. Vincent Aung Naing Tun)
ကနစိုးကုန်းကက်လသစ်လူငယ်နှင့် သက်ထွေးများ ဘိုးဘွားရိပ်သာတွင် ကုသိုလ်ရေးလုပ်ငန်းများပြုလုပ်

ဝါးခယ်မမြို့နယ်၊ ကနစိုးကုန်းကျေးရွာအတွင်းရှိကက်သလစ် လူငယ်နှင့် သက်ထွေးများဟာ မိမိတို့ ကျေးရွာအတွင်းရှိ ဘိုးဘွားရိပ်သာသို့ သွားရောက်ကာ ကုသိုလ်ပြုလုပ်ငန်းများကို စက်တက်ဘာလ ၂ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သာသနာအတွင်းရှိလူငယ်တာဝန်ခံ ကျောင်းထိုင်လက်ထောက် ဖာသာရ် ဗင်းဆင်း အောင်နိုင်ထွန်းက “ဘိုးဘွားတွေအကူအညီလိုနေတာကြာပြီး။ ကူညီမဲ့သူက မရှိတော့ ရိပ်သာတာဝန်ခံ ဆရာမက ကမ်းလှမ်းလာတဲ့အခါကျတော့ လူငယ်နဲ့ သက်ထွေတွေကို စည်းရုံးလိုက်အခါမှာ လူငယ်တွေက စိတ်ဝင်စားကြတယ်။ လုပ်ချင်တာလည်းကြာပြီ။ အခုလို သွားလုပ်ပေးကြရတဲ့အခါကျတော့ လူငယ်တွေသာမက ဘိုးဘွားတွေလည်း ပျော်ကြတယ်” လို့ ပြောပါတယ်။

“လူငယ်နဲ့ သက်ထွေးတွေရဲ့ လုပ်ဆောင်မှုကို မြင်ရတဲ့အခါမှာလည်း လူငယ်တာဝန်ခံ ဘုန်းကြီးတစ်ပါးအနေနဲ့ ဝမ်သာပီတိဖြစ်ရပါတယ်” လို့ ဖြည့်စွက်ပြောပြပါတယ်။

အမာခံ လူငယ်နဲ့ သက်ထွေးဦးရေ စုစုပေါင်း ၅၃ ဦး သွားရောက် ကုသိုလ်ယူခဲ့ကြပြီး ဘိုးဘွားဦးရေ ၂၀ ရှိတယ် လို့ ဖာသာရ် အောင်နိုင်ထွန်းထံမှ သိရပါတယ်။

“ဘိုးဘွားတွေကို ရေချိုး ဆပ်ပြာတိုက်၊ ခေါင်းလျှော်၊ လက်သည်းညပ်၊ အိပ်ယာများသန့်ရှင်းပေး၊ အခန်းတွင်း  ကြမ်းပြင် တံမြက်စည်းလှဲအုပ်များသာမကပဲ သီဆို၊ ကပြ ဖြေဖျော်ပေးခြင်းများလည်းလုပ်ပေးခဲ့တယ်” လို့ ပါဝင်ခဲ့သူ လူငယ်အမျိုးသမီး ဖြူဇင်နှင်းသန့် က ဧရာအလင်း ကို ပြောပြခဲ့ပါတယ်။

ယင်းကပဲ “လူငယ်တွေသွားရင်ပျော်ကြတယ်။ ခြေသည်းတွေအရှည်ကြီးဖြစ်နေလို့ ညှပ်ပေးတဲ့အခါမှာ မာတော့ ပြတ်တောင်မပြတ်ချင်ဘူး။ သူတို့ကို ဂရုစိုက်ပေးကြတော့ သူတို့အရမ်းပျော်ကြတယ်”လို့ ဆက်ပြောခဲ့ပါတယ်။

“တစ်နေ့ကျရင် လူငယ်တွေလည်း အဘိုးအဘွားတွေဖြစ်လာကြရမယ်ဆိုတဲ့အတွေးနဲ့ ကိုယ်ချင်းစာစိတ်ထးပြီးလုပ်ပေးခဲ့တယ်” လို့  မဖြူဇင်နှင်းသန့်ကပဲ ပြောပါတယ်။

သူမကပဲ ကျေးရွာအတွင်းရှိလူငယ်များနဲ့ အခြားဒေသအသီးသီးမှာရှိတဲ့ လူငယ်အားလုံးကိုလည်း ကိုယ်လို့ပဲ အားတဲ့အချိန်တိုင်းကုသိုလ်ယူကြဖို့ အကြုံပြုတိုက်တွန်းခဲ့ပါတယ်။

သာသနာအတွင်း လူငယ်လှုပ်ရှားမှုများအနေနဲ့ သင်္ချိုင်းသန့်ရှင်းရေး၊ ဘိုးဘွားတွေစီ သွားရောက်ကူညီ လုပ်အားပေးချင်းများကို တစ်ပတ်တစ်ခါ သို့မဟုတ် တစ်လတစ်ခါ ပြုလုပ်လျှက်ရှိတယ်လို့လည်း သူမကပဲ ဧရာအလင်းကို ပြောပြခဲ့ပါတယ်။

ကနစိုးကုန်းကက်သလစ်သာသနာ၊ ကနစိုးကုန်းကျေးရွာရှိ စိန့်မာသာရ်ထရေဇား ဘိုးဘွားရိပ်သာကို ၂၉ ဇူလိုင် ၂၀၀၂ ခုနှစ်တွင် ဆရာမ မာဒလေနားချစ် (ကနစိုးကုန်းသူ) မှ စတင် တည်ထောင်းပြီး ယနေ့အချိန်အထိ ဆက်လက်ဦးဆောင် ဦးရွက်ပြုနေလျှက်ရှိပါကြောင်း သိရပါတယ်။

သတင်း-ရေမွန် မန်းကျော်

 



2022-09-02 23:19:38