Pathein Catholic Diocese Untitled Document
Untitled Document
ရင်သားကင်ဆာနောက်ဆုံးအဆင့်ဝေဒနာသည် ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့သက်သေခံချက်


Jessica Hanna and her son, Thomas Solanus. Jessica Hanna (CNA-Catholic News Agency)
ရင်သားကင်ဆာနောက်ဆုံးအဆင့်ဝေဒနာသည် ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့သက်သေခံချက်

အမေရိကန်သူ ဂျက်စီကာ ဟန်နာဆိုတဲ့အမျိုးသမီးဟာ ကလေး ၄ ယောက်အမေဖြစ်ပါတယ်။ သူမဟာ ကိုယ်ဝန် ၁၄ ပတ်ရှိလာတဲ့အချိန်မှာ နောက်ဆုံးအဆင့် ရင်သားကင်ဆာရောဂါရှိနေတယ်လို့ သူမရဲ့ဆရာဝန်က ပြောပြလို့သိလိုက်ရပါတယ်။ ဆရာဝန်အတော်များများက သူ့ကိုယ်ဝန်ကို ဖျက်ချဖို့ အကြံပြုခဲ့ကြပါတယ်။ သို့သော် သူမကတော့ ဖျက်မချပဲ အသက်ရှင်ရေးကိုပဲ ရွေးချယ်ခဲ့ပါတယ်။

စက်တင်ဘာ ၁ ရက်နေ့က EWTN Pro-Life Weekly အသက်ရွေးချယ်ရေးအပတ်စဉ်အစီအစဉ်က ထုတ်လွင့်တဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ သူမကဘယ်လိုပြောထားသလဲဆိုတော့ “ဒါဟာ ဘုရားသခင်က ကျွန်မကို အရမ်းကြီးမားတဲ့ တစ်စုံတစ်ရာစီကို ခေါ်ဆောင်နေတာပါ” လို့ ပြောပါတယ်။

ကိုယ်ဝန်မဆောင်ခင်ကဆိုရင် ဟန်နာဟာ သူ့ရဲ့ ရင်သားမှာ အဖုအလုံးလေးတစ်ခု ရှိနေတာကို သတိပြုမိခဲ့ပါတယ်။ ဆရာဝန်များကတော့ အဲဒါကို ပြန့်ပွားခြင်းမရှိတဲ့ ရိုးရိုးအဖုအကြိတ်လို့သာ မှားယွင်း ရောဂါအဖြေထုတ်ခဲ့ပါတယ်။ နှစ်ပတ်ကြာတဲ့အခါမှာတော့ ဟန်နာဟာ သူ့မှာကိုယ်ဝန်ရှိနေတယ်ဆိုတာကို သိလိုက်ရပါတယ်။ ဒီလိုနဲ့ သူမဟာ ဆရာဝန်တွေနဲ့ထပ်မံ စမ်းသပ်ကြည့်လိုက်တဲ့အခါမှာ သူ့မှာ ရင်သားကင်ဆာရှိနေတယ်ဆိုတာ သိသာထင်ရှားပါတော့တယ်။ အစတော့ ဆရာဝန်က အဲဒါကို အဖုအကြိတ်သေးသေးလေးလို့ထင်ပြီး အဆင့် ၁ လို့ထင်မှတ်မိခဲ့တယ်။ သို့သော်လည်း ခွဲစိပ်မှုကို ခံယူလိုက်တဲ့အခါမှာတော့ သူ့မရဲ့ အဖုအကြိတ်က ၁၃ စင်တီမီတာရှိပြီး ကင်ဆာနောက်ဆုံးအဆင့် ၄ ကို ရောက်သွားပြီဖြစ်ပါတယ်။

ဟန်နာဟာ အွန်လိုင်းကနေ သူ့မဘဝထဲမှာရှိနေတဲ့ လူတွေကို ဒီကိုယ်ဝန်ကို ပြင်းထန်တဲ့ ယုံကြည်ခြင်းနဲ့ ဘယ်လိုအသက်ရှင်သန်ခဲ့လဲဆိုတာကို သူ့ရဲ့ ယုံကြည်ခြင်းတွေကို ပွင့်ပွင့်လင်းလင်းဝေမျှခဲ့၊ ရှင်းပြခဲ့ပါတယ်။

ဒါဟာ အံ့ဩခြင်းရဲ့ ခရီးတစ်ခုမျှသာဖြစ်ပါတယ်။ အခုဆိုရင် သင်ရဲ့ ပြောစကားဟာ အသက်ကို လိုလားတဲ့ ပြောစကားဖြစ်သွားပါပြီး။ သင်ဟာ အခုတော့ အမျိုးသမီးရဲ့ အသက်အန္တရာယ်က ဘာဖြစ်မလဲ ဆိုတဲ့ လူတွေရဲ့ အငြင်းပွားမှုတွေထဲမှာ ထည့်ပြောခြင်းခံရလေ့ရှိတဲ့ အမျိုးသမီးဖြစ်လာပါပြီ။ အခုချိန်ဟာဆိုရင် ငါ့အတွက် လျှောက်လှမ်းဖို့အချိန်ရောက်ပြီ” လို့ ပြောခဲ့ပါတယ်။

သဒ္ဒါကြည်ညိုခြင်းရှိသူကက်သလစ်တစ်ဦးဖြစ်တဲ့ ဟန်နာဟာ ခက်ခဲတဲ့အချိန်ကာလတွေမှာ သူမရဲ့ ယုံကြည်ခြင်းက သူမကို အကူအညီတွေဖြစ်စေခဲ့ပါပြီး။ဓာတ်ကင်ခံရပြီးတိုင်း သူမဟာ မကြာခင်မှာ ရဟန္တာြဖစ်လာတော့မဲ့ ဖာသာရ် ဆိုလာနူးစ် ကစေး ရဲ့ အုပ်ဂူမှာ ဆုတွေတောင်းခဲ့တယ်။ ယင်းအုပ်ဂူဟာဆိုရင် သူမရဲ့ မြို့မှာပဲရှိပါတယ်။

အုပ်ဂူအနားမှာ ကျွန်မအတွက် အံ့ဩဖွယ်ရာကုသမှုတွေရဖို့နဲ့ ကျွန်မရဲ့သားလေး လှပ ကျန်းမာစွာထွက်လာရပါစေလို့ ဆုတောင်းခဲ့တယ်။

သူမ သွားရောက်ဆုတောင်းတဲ့ နောက်ဟန္တားတစ်ပါးကတော့ စိန့် ဂီယာနာ ဘရက်တာ မိုးလ်လာ ပဲဖြစ်ပါတယ်။ စိန့်ဂီယာနာဟာဆိုရင်လည်း သူမ ကိုယ်ဝန်ရှိခဲ့စဉ်က အသက်ကို အန္တရာယ်ပေးတဲ့ ဖျားနာခြင်းကိုခံစားခဲ့ရသူဖြစ်ပါတယ်။ စိန့် ဂီယာနာလိုပဲ ဟန်နာဟာ သူမရဲ့ ကလေးကို အန္တရာယ်မဖြစ်စေတဲ့ ကိုယ်ဝန်ဆောင်စဉ်အတွင်း ကုသမှုအချို့ကို လုပ်ဖို့ ရွေးချယ်ခဲ့ပါတယ်။

လူတော်တော်များများက ကိုယ်ဝန်ဆောင်စဉ်အတွင်း ဓာတ်ကင်ခြင်းက အတော်လေး လုံခြုံစေနိုင်တယ်ဆိုတာကို သတိမမူကြဘူး”လို့ ဟန်နာ က ရှင်းပြခဲ့ပါတယ်။ “ကျွန်မက “ပြုပြင်မွမ်းမံမှုအချို့နဲ့ ဓာတ်ကင်တာလုပ်ဖို့ အလယ်လမ်းကို ရွေးချယ်ခဲ့ပြီး သူမက ကျွန်မအတွက် ကြီးမားတဲ့ လှုံ့ဆော်မှုတစ်ခုပါပဲ။

ရောဂါရှာဖွေတွေ့ရှိပြီးနောက်မှာ ဘုရားသခင်က သူမကို တစ်စုံတစ်ခုဆီကို ခေါ်ဆောင်လာနေတယ်လို့ သူမ ခံစားခဲ့ရတယ်။သူမရဲ့ကိုယ်ပိုင်အနာဂတ်က မသေချာတဲ့အခါကျတော့ သူမရဲ့ရောဂါရှာဖွေတွေ့ရှိပြီး  နှစ်ရက်အကြာမှာ သူမဟာ သူမရဲ့ ခရီးလမ်းကိုအခြားသူများနဲ့မျှဝေဖို့ နဲ့သူမရဲ့နောက်လိုက်များနဲ့အတူဆုတောင်းနိုင်ပြီးတော့ သူမရဲ့ရည်ရွယ်ချက်တွေအတွက် သူမရဲ့ဒုက္ခများကို ကူညီပူဇော်ပေးနိုင်ဖို့ ဆုတောင်းခြင်းအဖွဲ့အစည်းတစ်ခုကိုဖန်တီးဖို့အတွက် သူမဟာ ဆိုရှယ်မီဒီယာအကောင့်တစ်ခုကို ဖွင့်ခဲ့ပါတယ်

ဘယ်တော့မှ ဆင်းရဲဒုက္ခတွေကို ထုတ်ပယ်ပစ်သင့်တယ်လို့ မထင်ခဲ့ဘူး” လို့ ဟန်နာက ဆိုပါတယ်။ “ဘုရားသခင်က ငါ့ကိုဘယ်ခေါ်ဆောင်သွားမယ်ဆိုတာကို ငါမသိဘူး။ ကျေးဇူးတော်နဲ့ သနားခြင်းဖြင့်  ဘယ်ကဲ့သို့သေရမယ်ဆိုတာကို လူတွေကို ပြသဖို့ လိုအပ်တဲ့လမ်းစီကို ဘုရားကငါ့ကို ခေါ်ဆောင်သွားမှာလာ? ဒါမှမဟုတ် ဘုရားက တန်ခိုးအံ့ဖွယ်ရာတစ်ခုကိုပြမှာလာ?။”

သူမက ဆက်ပြောတယ် “မင်းဘာတွေ၊ ဘယ်လိုဖြစ်လာမယ်လို့ တွေးထင်နေပါစေ၊  အရေးကြီးဆုံးအရာက ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းပဲ ဖြစ်ပြီး ဆိုရှယ်မီဒီယာသုံးဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်… မင်းရဲ့ဆန္ဒတွေ လိုချင်တာကို စွန့်လွှတ်ပြီး အဲဒါကို လက်ဝါးကပ်တိုင်ရဲ့ ခြေရင်းမှာချထားပြီး သူ့ကိုပဲ စောင့်ရှောက်ခွင့်ပြုလိုက်ပါ။”

ဟန်နာက သူလို့အခြေအနေမျိုးနဲ့ ကြုံတွေ့နေရတဲ့ အမျိုးသမီးတွေကို အကြံအဉာဏ် ၃ ခုပေးပါတယ်။

ပထမအချက်က၊ သူမကိုယ်တိုင်က ဆေးရောင်းသူဖြစ်တဲ့အတွက်ကြောင့် ဆုံးဖြတ်ချက်မချမှီ ဆေးဘက်ဆိုင်ရာ အမြင်တွေကို အမြဲတောင်းခံဖို့ အမျိုးသမီးတွေကို အးပေးတိုက်တွန်းထားပါတယ်။

သူမက ကုသမှုကို မခံယူခင် အမြင်ယူဆချက် ၈ ခုကနေ ၁၀ ခုအထိ ရရှိခဲ့ပါတယ်။ ဆရာဝန်အတော်များများက သူမကို ကိုယ်ဝန် ဖျက်ချဖို့ပဲ ပြောခဲ့တယ်။ အဲဒါကတော့ လုံးဝ မလိုအပ်ပါဘူးလို့။ ရောဂါအလားအလာဟောကိန်းကတော့ မပြောင်းခဲ့ပါဘူး။ ကျွန်မရဲ့ ကုသရေးအစီအစဉ်ကလည်း မပြောင်းလဲခဲ့ပါဘူး။

ဒုတိယအချက်ကတော့ မယ်တော်သခင်မစီကို သွားပါ။

မယ်တော်က ကလေးနဲ့ပတ်သက်တဲ့ ဝမ်းနည်းမှု၊ ကြောက်ရွံ့မှုတွေဟာ ဘယ်လိုဖြစ်ပြီး ဘာတွေဖြစ်လာမယ်ဆိုတာကို သိတဲ့သူသာဖြစ်တယ်။ သူမစီကိုသွားရင် သူမက အဲဒီကြောက်ရွံ့မှုကို ဖယ်ရှားပေးလိမ့်မယ်။ အဲဒါတွေအားလုံးကို မယ်တော်က သူ့သားစီကို ယူဆောင်သွားမှာဖြစ်ပြီး သင်နဲ့သင့်ရဲ့ ကလေးအပေါ် သူ့ရဲ့သနားခြင်းကို သွန်းလောင်းဖို့ တောင်းခံပေးလိမ့်မယ်။

နောက်ဆုံးအနေနဲ့ သင့်ရဲ့ ဝေဒနာကို ခရစ်တော်ရဲ့ ကားတိုင်နဲ့ ပေါင်းစည်းလိုက်ပါ။

“တကယ်လို့ သင်မှာ ပူပင်သောကတွေက စောင့်နေတယ်ဆိုရင် ဂျက်စမာနေဥယျာဉ်ထဲက ခရစ်တော်ရဲ့ ပူဆွေးသောကကို ထောက်ရှုစဉ်းစားလိုက်ပါ။

ကလေးမွေးပြီးတဲ့အခါမှာ သူ့ရဲ့ ဓာတ်မှန်ကရှင်းလင်းသွားတယ်။ ကင်ဆာရောဂါက အခြားကိုယ်တွင်းရှိအင်္ဂါအစိတ်အပိုင်းတွေကို ကူးစက်ပြန့်နှံ့သွားတဲ့ လက္ခဏာမရှိတော့ဘူး။ သူမရဲ့ နောက်ဆုံးအဆင့်ရောဂါဟာ အခုတော့ ကုသပျောက်ကင်းနိုင်ခဲ့တယ်။

သူမရဲ့သားလေးကို သောမတ် ဆိုလာနူးစ် လို့အမည်ပေးခဲ့လိုက်ပါတယ်။ သူမရဲ့အဖြစ်အပျက်ဟာ ဖာသာရ် ဆိုလာနူးစ်ကို သူတော်သူမြတ်အဖြစ်တင်ပေါက်ဖို့ အချက်အလက်တွေကို ပေးပို့လိုက်ပါပြီး။

 

Source: https://www.catholicnewsagency.com/news/252198/pregnant-woman-with-terminal-cancer-survives-chooses-life



2022-09-05 10:06:42