Pathein Catholic Diocese Untitled Document
Untitled Document
ကက်သလစ်ရဟန်းတော်များ၊ သီလရှင်များနှင့် ဘာသာတူများ ခရစ်ယာန်နှစ်ခြင်းအသင်းအုပ် ဆရာ၏ဈာပနအခမ်းအနားသို့ တက်ရောက်ပါဝင်ဆုတောင်းပေး


Father Justin MTL and group are praying in front of the coffin of Pastor Kyaw Soe Latt (Photo supplied).
ကက်သလစ်ရဟန်းတော်များ၊ သီလရှင်များနှင့် ဘာသာတူများ ခရစ်ယာန်နှစ်ခြင်းအသင်းအုပ် ဆရာ၏ဈာပနအခမ်းအနားသို့ တက်ရောက်ပါဝင်ဆုတောင်းပေး

ပုသိမ်ပိုးကရင်ခရစ်ယာန်နှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရ ဆရာကျော်စိုးလတ် ခေါ် ဆရာခေးရဲ့ ဈာပနအခမ်းအနားသို့ ကက်သလစ်ရဟန်းတော်များ၊ သီလရှင်များနှင့် ဘာသာတူအချို့တို့ဟာ ဩဂုတ်လ ၄ နဲ့ ၅ ရက်နေ့တွေမှာ တက်ရောက် ပါဝင်ဆုတောင်းပေးခဲ့ကြတယ်လို့ သိရပါတယ်။

ရဟန်းတော်များ၊ သီလရှင်များနှင့် ဘာသာတူအချို့တို့နဲ့ သွားရောက်ခဲ့တဲ့ ပုသိမ်ကက်သလစ် ဂိုဏ်းအုပ်သာသနာ့တာဝန်ခံ ဖာသာရ်ဟင်နရီ အိုင်ခလိန်ပြောတာက ဒီ Pastor (အသင်းအုပ်ဆရာ) ဟာ ပိုးကရင်နှစ်ခြင်းအသင်းတော်ရဲ့  အသင်းအုပ်ဆရာြဖစ်ကြောင်း၊ ကြီးကြပ်ရတဲ့ပုဂ္ဂိုလ်ဆိုတော့ ကျွန်ုပ်တို့ကက်သလစ်အသင်းတော်အနေနဲ့ သွားရောက်ပါဝင်ခြင်းဟာ ကျွန်ုပ်တို့ ခရစ်ယာန်အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် လေးစားမှုကို ပေးတာပေါ့” လို့ သွားရောက်ဆုတောင်းပေးခဲ့ရတဲ့ ရည်ရွယ်ချက်ကို ပြောပြပါတယ်။

“နောက်ပြီးတော့ သူဟာလည်းပဲ ဆုတောင်းပေးသင့်တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အသက် ၅၀ မှာပဲ သူဆုံးသွားတယ်။ ပြောချင်တာက ဆက်ပြီးတော့ အများကြီးအလုပ်လုပ်နိုင်အုံးမယ်။ လူတိုင်းက သူ့ကို နှမျောတတ်သဖြစ်ကြတယ်။ သို့သော်လည်းပဲ ဘုရားရှင်က သူ့ကိုတာဝန်ပြီးသွားပြီပေါ့နော်။ ဒါ့ကြောင့်မို့လို့ အဲဒီမှာ ရှိကြတဲ့ ဘာသာဝင်များတွေနဲ့အတူ မိတ်ဆွေတွေနဲ့အတူ သွားရောက်ဂါရဝပြုခဲ့တယ်။ ဝမ်းနည်းကြေကွဲတယ်ပေါ့။ သူ့အတွက်ဆုတောင်းပေးခဲ့တယ်။ နောက်ကျန်ရစ်သူ သူ့မိသားစုတွေအတွက်လည်း ဆုတောင်းပေးခဲ့တယ်,”လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

ယင်းဖာသာရ်ကပဲ “အခုလို အခြားညီအစ်ကိုအသင်းတော်တွေသွားရောက်ခြင်းဟာ ပထမအကြိမ် မဟုတ်ပဲ အရင်ကလည်း သွားခဲ့ဖူးတဲ့အချိန်တွေရှိခဲ့ပါတယ်။ ကျွန်တော်တို့ ပိုးကရင် နှစ်ခြင်းအသင်းတော်ပဲဖြစ်ဖြစ်၊ စကေကရင်နှစ်ခြင်းအသင်းတော်ပဲ ဖြစ်ဖြစ် ပုသိမ်မှာရှိကြတဲ့ ဂိုဏ်းပေါင်းစုံတွေနဲ့ကတေ့ We are very much united လို့ပြောရမှာပဲပေါ့။ ကျန်ုပ်တို့က တစ်ပေါင်းတစ်စည်းတည်းနဲ့ သာရေးနာရေးတွေမှာ အတူတကွပါဝင်ကြတယ်ပေါ့။ ဒါကတော့ အစဉ်အလာတစ်ခုလိုဖြစ်နေကြတယ်ပေါ့” လို့ ဖြည့်စွက်ပြောခဲ့ပါတယ်။  

အသင်းအုပ်ဆရာနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သူ မြောင်းမြကက်သလစ်သာသနာ့ကျောင်းထိုင် ဖာသာရ် ဝီဖရက်မြင့်စိုးအတူ ဖာသာရ် ဂျဲရမင်းညီညီထွန်းလည်းပါဝင်တက်ရောက်ဆုတောင်းပေးခဲ့တယ်လို့ သိရပါတယ်။

ပုသိမ်မြို့ပေါ်နေ ကက်သလစ်ဘာသာဝင်တစ်ဦးလည်းဖြစ် သင်းအုပ်ဆရာနဲ့လည်း သိကျွမ်းခဲ့ဖူးတဲ့ မဖရန်စီနားကလည်း “သွားရောက်ဆုတောင်းခွင့်ရတဲ့အခါမှာ ဝမ်းနည်းတာထက် ဝမ်းသာတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲမှာလူတွေအများကြီးလာကြတယ်။ ဆုတောင်းပေးကြတယ်။ သူ့ရဲ့ အတ္ထုပ္ပတ္တိကိုပြောတဲ့အခါမှာ ဆရာဟာ အမြဲတမ်းပဲရည်မွန်တယ်။ ပြီးရင်လည်း တကယ့်ကို အလုပ်ကြိုးစားတယ်။ တကယ့်ကို ဆရာတော်တစ်ပါး သိုးထိန်းကောင်းတစ်ပါးဖြစ်တယ်” လို့ မှတ်ချက်ပြုပြောသွားပါတယ်။

ပုသိမ်ကက်သလစ်သာနာကျောင်းထိုင်လက်ထောက် ဖာသာရ် ဂျက်စတင်း မင်းသစ်လွင်ဟာလည်း သွားရောက်ဆုတောင်းပေးခဲ့တဲ့ ရဟန်းတော်တစ်ပါးလည်းဖြစ်ခဲ့ပါတယ်။

ပုသိမ်မြို့ရှိ ခရစ်ယာန်တစ်လုံးတစ်ဝတည်းရှိရေးဆုပေါင်းဆုတေင်းခြင်းတွေမှာလည်း ဆရာကျော်စိုးလတ်နဲ့အတူတကွ လုပ်ဆောင်ခဲ့ရဖူးတယ်လို့ ဆိုပါတယ်။

ဖာသာရ် မင်းသစ်လွင်ကလည်း သွားရောက်ဆုတောင်းပေးရတဲ့ ရည်ရွယ်ချက်ကို အခုလို ပြောပြပါတယ်။

“ခရစ်ယာန်တစ်လုံးတစ်ဝတည်းရှိခြင်းကို ပြသတဲ့အနေနဲ့ သွားရောက်ဆုတောင်းပေးခဲ့တယ်။ကျန်ရစ်သူမိသားစုတွေလည်း ဘုရားရှင်နှစ်သိမ့်ခြင်းတွေခံစားရပါစေ၊ ဘုရားရှင်ပစ်မထားဘူးဆိုတာ၊ ဘုရားရှင်ကျေးဇူးကြောင့်လာတယ်၊ ဘုရားရဲ့မေတ္တာကို ခံစားစေချင်လို့ သွားရောက်ဂါရပြုဆုတောင်းပေးခဲ့တာဖြစ်တယ်” လို့ ဆိုပါတယ်။

သိက္ခာတော်ရဆရာကျော်စိုးလတ်ဟာဆိုရင် ရိုးရိုးသမရိုးကျ အသက်ဆုံးပါးသွာရခြင်းမဟုတ်ပဲ အကြမ်းဖက်တိုက်ခိုက် အသတ်ခံရလို့ ဆုံးပါးသွားရတယ်လို့ ဒေသခံတွေပြောစကားအရ သိရပါတယ်။

ယင်းအကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်နဲ့ ပတ်သက်လို့ ဖသာရ် အိုင်ခလိန်က “ဒီ violence (အကြမ်းဖက်မှု) နဲ့ပတ်သက်ရင်တော့ ကျွန်တော်တို့က ဘယ်တော့မှ အားမပေးဘူး။ ဒီလိုလုပ်ရပ်မျိုးတွေကတော့ နောက် ထပ်မဖြစ်သင့်တော့ဘူးလို့” သူ့ရဲ့ သဘောထားမှတ်ချက်ကို ပြောပါတယ်။

ဖာသာရ်ဂျက်စတင်းနဲ့အတူ မဖရန်စီနာတို့ကလည်း အခုလိုလုပ်ရပ်ကို လက်ခံလို့မရသလို ရှုပ်ချတယ် လို့ ဖြည့်စွက်ပြောပါခဲ့ပါတယ်။

ဧရာအလင်းမှလေ့လာစုံးစမ်းသိရသလောက် သိက္ခာတော်ရ ဆရာကျော်စိုးလတ်မှာ အမေအို၊ သမီးနဲ့ ဇနီး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း-ရေမွန် မန်းကျော်၊ ပုသိမ်။

 

 



2022-09-06 22:50:55