Pathein Catholic Diocese Untitled Document
Untitled Document
စိန့်ဗင်းဆင်းဒီပေါလ်ပွဲကျင်းပခြင်းနှင့် အလှူဒါနပြုခြင်း


Photo collection from OSC Pathein
စိန့်ဗင်းဆင်းဒီပေါလ်ပွဲကျင်းပခြင်းနှင့် အလှူဒါနပြုခြင်း
ပုသိမ်
ဆင်းရဲသားတို့အား မိုင်းမကူညီသော ရဟန္တာစိန့်ဗင်းဆင်းဒီပေါလ်ပွဲနေ့တွင် ပုသိမ်ကက်သလစ်ခရစ်ယာန်ဂိုဏ်းအုပ်သာသနာရှိ စိန့်ဗင်းဆင်ဒီပေါလ်အသင်းသူ/သားများမှ ပွဲနေ့အလှူအဖြစ် ကက်သလစ်ခရစ်ယာန် ဘုန်းတော်ကြီးကျောင်းနှင့် စစ္စတာရ်ကျောင်းများတွင် မနက်စာအဆာပြေထမင်းနှင့်ဟင်းလျာများလှူဒါန်းခဲ့ကြပါတယ်။
စိန့်ပီတာကယ်သီဒြယ်ဘုရားရှိခိုးကျောင်းတွင်ပြုလုပ်ကျင်းပခဲ့သော ဝတ်ပြုဆုတောင်းခြင်းမစ္ဆားတရားတော်မြတ်ကို ဗဟိုအသင်းသူ/သားများတက်ရောက်ကာ ဝတ္ထုပစ္စည်းများ တင်ပူဇော်လှူဒါန်းခြင်းကို စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်တွင် ပြုလုပ်ခဲ့ကြပါတယ်။
ဝတ်ပြုဆုတောင်းခြင်းမစ္ဆားတရားတော်မြတ်အပြီးတွင်လည်း တက်ရောက်ပါဝင်ခဲ့သူဘာသာတူများအား ပေါင်မုန့်၊ ကော်ဖီမစ်၊ ခေါက်ဆွဲခြောက်များဖြင့် လူအယောက် ၂၀၀ ကို ဝေမျှလှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် တစ်မ္ဘာလုံးရှိအသင်းဝင်များနဲ့ ကျေးဇူးရှင်များအားလုံးအတွက်လည်း ပွဲနေ့အထိမ်းအမှတ်အဖြစ် မစ္ဆားတရား ၅ ပွဲကို ပူဇော်လှူဒါန်းပေးခဲ့ကြတယ်လို့ သိရပါတယ်။
 
ဝတ်ပြုဆုတောင်းခြင်းမစ္ဆားတရားတော်မြတ်ကို ကျောင်းထိုင်ဘုန်းတော်ကြီးဖာသာရ်ဖိလစ်စိုးဝင်းနှင့်အတူ လက်ထောက်ဘုန်းတော်ကြီးဖာသာရ် ရောဘတ်ဉာဏ်လင်းတို့မှ ဦးဆောင်ပူဇော်ပေးခဲ့ကြသည်။
သတင်း-ဒေါ်ပေါ်လင်း
ဓာတ်ပုံ-OSC Pathein


2022-09-28 03:47:29