Pathein Catholic Diocese Untitled Document
Untitled Document
စက်တင်ဘာလအတွင်း ပုသိမ်ကက်သလစ်ခရစ်ယာန်ဂိုဏ်းအုပ်သာသနာ၏ လှုပ်ရှာမှုသတင်းများ


Photo collection
စက်တင်ဘာလအတွင်း ပုသိမ်ကက်သလစ်ခရစ်ယာန်ဂိုဏ်းအုပ်သာသနာ၏ လှုပ်ရှာမှုသတင်းများ

၁။ ကနစိုးကုန်းကက်သလစ်ခရစ်ယာန်ကျောင်းထိုင်သာသနာရှိ ဗဟိုလူငယ်နှင့် သက်ထွေးများ ကျေးရွာအတွင်းရှိ စိန့်ထရေဇားဘိုးဘွားရိပ်သာသို့သွားရောက်လုပ်အားပေးခဲ့ကြပါတယ်။ (September ၂)

၂။ တောင်ချောင်းကက်သလစ်ခရစ်ယာန်ကျောင်းထိုင်သာသနာရှိ မိခင်၊ဖခင်များနှင့်သာသနာ့ အကျိုးတော်ဆောင်များ တစ်ရက်တာ ဝိညာဉ်ရေးအားသစ်လောင်းဝတ်စောင့်ခြင်းကိုပြုလုပ်ခဲ့ကြပါတယ်။ (September 4)

၃။ ပုသိမ်ကက်သလစ်ခရစ်ယန်ကျောင်းထိုင်လက်ထောက် ဖာသာရ် ဂျက်စတင်းနှင့်အဖွဲ့ မှ ခရစ်တော်၌ အိပ်ပျော်သွားတဲ့ ပိုးကရင်နှစ်ခြင်းဆရာအတွက် သွားရောက်ဆုတောင်းပေးခဲ့ပါတယ်။ (စက်တင်ဘာ ၄-၅)

၅။ မယ်တော်မွေးနေ့ပွဲတော်ကို ပုသိမ်ကက်သလစ်ခရစ်ယာန်ကျောင်းထိုင်သာသနာဗဟိုရှိရာ ပိုသိမ်မြို့ပေါ်တွင်ကျင်းပခြင်း (စက်တင်ဘာ ၈)

၆။ သာသနာ့တာဝန်ခံမှ သတိပေးနှိုဆော်စာထုတ်ပြန်ခြင်း (စက်တင်ဘာ ၉)

၇။ ပုသိမ်ကက်သလစ်ခရစ်ယာန်ဂိုဏ်းအုပ်သာသနာရှိ စိန့်ဗင်းဆင်းဒီပေါလ်အသင်းသူ/သားများမှ ကျုံပျော်အိုင်မကက်သလစ်ခရစ်ယာန်ကျောင်းထိုင်သာသနာရှိဘာသာတူများအား စားနပ်ရိက္ခါအချို့ ဖြန့်ဝေလှူဒါန်းခြင် (စက်တင်ဘာ ၁၁)

၈။ မြောင်းမြဇုံရှိ ဓမ္မဆရာ/မများ လပတ်ဝတ်စောင့်ခြင်ကို ကနစိုးကုန်းရွာ သာသနာ့ဗဟိုတွင် ကျင်းပပြုလုပ်ခဲ့ခြင်း (စက်တင်ဘာ ၁၃-၁၄)

၉။ ကက်သလစ်ခရစ်ယာန်တို့ရဲ့ ရဟန္တာတစ်ပါးဖြစ်သော စိန့်ပါဒရေ ပီးအို (Padre Pio) ထံ ဆုတောင်းခြင်းနိုဗီနားနှင့်အတူ ၎င်းပွဲတော်ကို  မြောင်းမြမြို့ရှိကက်သလစ်ခရစ်ယာန်ကျောင်းထိုင်သာသနာတွင်စတင်ခဲ့တယ် (စက်တင်ဘာ ၁၄-ပွဲတော်နေ့အထိ)

၁၀။ ပုသိမ်ကက်သလစ်ခရစ်ယာန်ဂိုဏ်းအုပ်သာသနာပိုင် ဟင်္သာတဇုံရှိ ရဟန်းတော်များ စက်တင်ဘာလအတွက် လပတ်ဝတ်စောင့်ခြင်းကို ရွာသစ်ကုန်းကက်သလစ်ခရစ်ယာန်ကျောင်းထိုင်သာသနာ၌ ၁၃၊၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

၁၁။ ပုသိမ်ဇုံအတွင်းရှိ ဓမ္မဆရာ/မများ တစ်ရက်တာ ဝတ်စောင့်ခြင်းကို ပုသိမ်မြို့ စိန့်ပီတယ်ကယ်သီဒြယ်ဘုရားရှိခိုးကျောင်းတွင်ပြုလုပ်ခဲ့ကြပါတယ်။ (စက်တင်ဘာ ၁၆၊၁၇)

၁၂။ ပုသိမ်ကက်သလစ်ခရစ်ယာန်ဂိုဏ်းအုပ်သာသနာပိုင် မြောင်းမြဇုံရှိ ကက်သလစ်ရဟန်းတော်များ စက်တင်ဘာလအတွက် လပတ်ဝတ်စောင့်ခြင်းကို စိန့်မေရီကက်သလစ်ခရစ်ယာန်ကျောင်းထိုင်သာသနာ၌ ၁၉ နှင့်၂၀ ရက်နေ့တို့တွင် ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

၁၃။ ပုသိမ်ကက်သလစ်ခရစ်ယာန်ဂိုဏ်းအုပ်သာသနာပိုင် ပုသိမ်ဇုံရှိ ကက်သလစ်ရဟန်းတော်များ စက်တင်ဘာလအတွက် လပတ်ဝတ်စောင့်ခြင်းကို ကယ်သီဒြယ်ကျောင်းဝင်းရှိ သာသနာ့ခန်းမဆောင်၌ ၂၂ နှင့် ၂၃ ရက်နေ့တို့တွင် ပြုလုပ်ခဲ့ကြပါတယ်။

၁၄။ ဘုရားသခင်ပြန်လည်သိမ်းပိုက်သွားတဲ့ ဂေးဗြဲလ်ဦးအောင်သူ (ဖာသာဘောစကို စောလားထူး၊ ဖာသာရ်အိုင်စီဒို နှင့် စစ္စတာရ် မေဘယ်အန်းတို့ရဲ့ ဖခင်) ရဲ့ ဈပနအတွက် တင်ပူဇော်သော ဝတ်ပြုဆုတောင်းခြင်းမစ္ဆားတရားတော်မြတ်သို့ ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာမှ ရဟန်းတော်များ ပါဝင်ပူဇော်ဆုတောင်းပေးခဲ့ခြင်း (စက်တင်ဘာ ၃၀)။

 



2022-10-01 01:48:07