Pathein Catholic Diocese Untitled Document
Untitled Document
နှစ်ပတ်လည်ဝတ်စောင့်ခြင်းအောင်မြင်စွာပြီးဆုံးခဲ့တဲ့အပေါ် သာသနာ့တာဝန်ခံဖာသာရ် ဟင်နရီအိုင်ခလိန်ရဲ့စကားသံများ


Father Henry Eikhlein, Diocesan Administrator, is working in his office (Photo by Ayeyar Alinn)
နှစ်ပတ်လည်ဝတ်စောင့်ခြင်းအောင်မြင်စွာပြီးဆုံးခဲ့တဲ့အပေါ် သာသနာ့တာဝန်ခံဖာသာရ် ဟင်နရီအိုင်ခလိန်ရဲ့စကားသံများ

ဒီ ၂၀၂၂ Clergy Annual Retreat (ဘုန်းတော်တော်ကြီးနှစ်ပါတ်လည်ဝတ်စောင့်ခြင်း) ကတော့ အောင်မြင်စွာပြီးဆုံးခဲ့ပြီ။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက် ညနေကနေ စတယ်။ ၁၁၊ ၁၂၊၁၃၊ ၁၄၊ ဆိုတော့ လေးရက်တာ Full Day ရက်ပြည့် ကောင်းမွန်စွာပြုလုပ်နိုင်ခြင်းအတွက် ဘုရားရှင်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။

ဒီ ၂၀၂၂ မှာ မိုးလေဝသ ရာသီဥတုကောင်းမယ်ဆိုရင်တော့ ဒီဝတ်စောင့်ပွဲကို ပြုလုပ်ကြမယ်ဆိုပြီး ပြီးခဲ့တဲ့ ဇွန်လ Quarterly Retreat လေးလပတ်ဝတ်စောင့်ခြင်းမှာ ကျွန်တော်တို့ ဆွေးနွေးခဲ့ကြတယ်။ ဒီအတွက် ကျွန်တော်တို့တွေ ပြင်ဆင်ခဲ့ကြတယ်။ ဒါကတော့ ကာယပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ဝိညာဉ်ရေးပိုင်းဆိုင်ရာပေါ့။ နောက်တော့ အဲဒီအတွက်လည်းပဲ Diocese သာသနာတစ်ခုလုံးမှာ ဆုတောင်းခြင်းနဲ့ ပံ့ပိုးပေးဖို့၊ နောက်တော့ အလှူဒါနတွေနဲ့ ပံ့ပိုးနိုင်တဲ့သူတွေလည်း ပံ့ပိုးကြဖို့ နှိုးဆော်ပြီးတဲ့နောက် သတ်မှတ်တဲ့ရက်ကို ရောက်ရှိလာခဲ့တယ်။ ဘုန်းတော်ကြီးအားလုံးပေါင်း ၈၉ ပါးပေါ့။ ကျွန်တော်တို့အားလုံး ၁၀၉ ပါးရှိတယ် ၂၀၂၂ စာရင်းအရ။ အဲဒီအခါကျတော့ အရေအတွက် ကြည့်လိုက်တဲ့အခါမှာ အပါး ၂၀ ကတော့ မတက်နိုင်ခဲ့ဘူး။ တစ်ချို့လည်းပဲ နိုင်ငံခြားမှာရောက်နေတယ်။ တစ်ချို့လည်းပဲ ပြည်တွင်းမှာရှိပေမဲ့လို့ သူတို့ရဲ့ကျန်းမာရေး အခြေအနေကြောင့် မတက်ရောက်နိုင်ကြဘူး။ တစ်ချို့လည်း တခြား Diocese သာသနာမှာ၊ Institute ကျောင်းတွေမှာ အလုပ်လုပ်နေရတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့တွေအားလုံး ကိုဗစ် ၁၉ အပြီးမှာ ပထမဆုံးတွေ့ဆုံခြင်းပဲလို့ပြောရမှာဖြစ်တယ်။ မနှစ်တုန်းကလည်းပဲ Annual Retreat နှစ်ပတ်လည်ဝတ်စောင့်ခြင်းကိုတော့ အွန်လိုင်းကနေပြုလုပ်ခဲ့တယ်။ ၂၀၂၁ အောက်တိုဘာထဲမှာပဲ။ ၂၀၂၂ ကတော့ လူတွေ့ တွေ့ဆုံပြီးတဲ့နောက် လေးရက်တာ သာသနာ့ဗဟိုမှာပြုလုပ်နိုင် ခဲ့ကြတယ်ပေါ့လေ။ ဒီဟာက ကျွန်တော်တို့ရဲ့ New Normal Situation အသစ်သောပုံမှန်အခြေအနေမှာ အသစ်ပြန်တွေ့ဆုံခြင်းဖြစ်တယ်။ ဒီတွေ့ဆုံနိုင်ခြင်းကပင်လျှင် အင်အားတစ်ခု ဖြစ်နေပါတယ်။

နောက်တော့ Retreat ဝတ်စောင့်ခြင်းအချိန်မှာလည်းပဲ ဝတ်စောင့်ခြင်းကို ဦးဆောင်တဲ့ ဖာသာရ် မာတီးယားစံဝင်းရဲ့ တရားပေးတဲ့ ကဏ္ဍတွေမှာလည်းပဲ ကျွန်တော်တို့အတွက် ဝိညာဉ်ခွန်အား၊ ကာယခွန်အား၊ စိတ်ဓာတ်ခွန်အားကို အများကြီးဖြည့်စီးပေးပါတယ်။ အဓိက ကတော့ Annual Retreat နှစ်ပတ်လည်ဝတ်စောင့်ခြင်းဆိုတာကတော့ ကာနွန်ဥပဒေအရ ကျွန်တော်တို့ဘုန်းတော်ကြီးများ တစ်နှစ်တစ်ခါ မပျက်မကွက်ပြုလုပ်ရမဲ့ တာဝန်ဝတ္တရားတစ်ခုလည်းဖြစ်တယ်။ နောက်တစ်ချက်က ဒီဟာကလည်းပဲ ကျွန်တော်တို့ရဲ့  Diocese သာသနာရဲ့ ပြန်လည် စုစည်းနိုင်မှု အချင်းချင်းတွေ့ဆုံနိုင်မှုကိုလည်းပဲ ဖန်တီးပေးတဲ့အရာဖြစ်တယ်။

ဒီနှစ် Retreat ဝတ်စောင့်ခြင်းရဲ့ ထူးခြားချက်ကတော့ ကျွန်တော်တို့တတွေ ဆုတောင်းမေတ္တာတွေကို အခုခေတ်ပေါ်နည်းပညာ IT (Information and Technology) ကို အသုံးပြုပြီးတဲ့နောက် Prayer ဆုတောင်းမေတ္တာစာအုပ်ကို စာရွက်ထဲမှာ ကြည့်စရာမလိုတော့ပဲနဲ့ Screen တီဗီဖန်သားပြင်ပေါ်မှာ ကျွန်တော်တို့အတူတူကြည့်ပြီးမေတ္တာတွေဆိုကြတယ်။ နောက်တော့လည်းပဲ လူငယ်ဘုန်းကြီးလေးတွေရဲ့ ဦးဆောင်မှုနဲ့ ကျွန်ုပ်တို့ ဓမ္မသီချင်းတွေလည်းပဲ Screen ကနေကြည့်ပြီးတဲ့နောက် သူတို့ရဲ့ သံစုံတီးခေတ်မှုလေးတွေနဲ့ အော်ဂင်၊ ဂီတာနဲ့ပေါ့။ ဆိုတော့ ဒီဟာကပြောရမယ်ဆိုရင် အဲဒီလိုမလုပ်နိုင်ခဲ့ကြတာလည်းကြာခဲ့ပြီ။ ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့အချိန်တွေမှာ တစ်ချိန်တစ်ခါမှာတော့ အဲဒီလို လုပ်နိုင်ခဲ့တယ်။ သို့သော်လည်းပဲ အဲလိုမျိုးအစဉ်အလာလေးတွေဟာလည်းပဲ ကိုဗစ်မတိုင်ခင်မှာတောင်မှ တစ်ချို့နှစ်တွေမှာ မပြုလုပ်နိုင်ခဲ့ကြဘူး။ သို့သော်လည်းပဲ ကျွန်တော်ထင်တယ် ဒီနှစ်ကတော့ အားလုံးစုပေါင်းပါဝင်တဲ့ သတ်မှတ်ထားတဲ့ ကဏ္ဍအလျောက်ပေါ့ Liturgical Function ဝတ်ပြုကိုးကွယ်ခြင်းလုပ်ငန်းမှာလည်းပဲ ဥပမာ- Holy Hour သန့်ရှင်းသောအချိန်နာရီ၊ မစ္ဆားဦးဆောင်ပူဇော်ပေးခြင်း၊ဆုတောင်းခြင်း စတဲ့ ကျရာကဏ္ဍအသီးသီးကနေပြီးတဲ့နောက် တာဝန်ကျတဲ့ ဘုန်းတော်ကြီးတွေဟာ စုပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြတယ်။ ဒီ Retreat ဝတ်စောင့်ခြင်းဟာလည်း အောင်မြင်သွားတယ်ဆိုတာကလည်းပဲ ဘုရားရှင်ရဲ့ကျေးဇူးတော်အပြင် အားလုံးစုပေါင်းပါဝင်တဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ကျွန်တော်တို့တွေ Socially we get connected with one another (လူမှုရေးအရ တစ်ဦးကိုတစ်ဦးအဆက်အသွယ် ချိန်အဆက်ရကြတယ်။). We are enriched mutually (ကျွန်ုပ်တို့ဟာ အပြန်အလှန်အားဖြင့် ဖြည့်စီးခဲ့ကြတယ်) ပေါ့။ And also spiritually we are reenergized and strengthened (နောက်ပြီးတော့လည်း ဝိညာဉ်ရေးအရ ကျွန်ုပ်တို့ဟာ ခွန်အားဖြည့်စီးပေးခဲ့ကြတယ်) ပေါ့။ ကိုဗစ်မှာ ကျွန်ုပ်တို့ ၂ နှစ်လောက်ပြတ်သွားခဲ့တဲ့အခါမှာ အခုကိုဗစ်အလွန်ပထမဦးဆုံး ပြန်လည်တွေ့ဆုံနိုင်ခြင်းအတွက် ဆက်ပြီးတော့ လုပ်ဆောင်သွားရမဲ့လုပ်ငန်းတွေမှာအားသစ်အင်သစ် တစ်ခုတော့ဖြစ်တာပေါ့။ ဒါပေမဲ့လို့ တစ်ဖက်မှာ ကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာ အခုက ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံရဲ့အနေအထားက ကိုဗစ်နည်းနည်းလေးလျော့သွားပေမဲ့လို့ ခုနတုန်းက နိုင်ငံရေးမတည်ငြိမ်မှု Political instability ဟာ ဆက်ရှိနေဆဲပဲဖြစ်တယ်။ ဆိုတော့ ကျွန်တော်တို့ ပုသိမ်သာသာနတည်ရှိတဲ့ ဧရာဝတီတိုင်းဒေသကြီးကတော့ အနေအထားတစ်ခုမှာ ငြိမ်သက်သလို ထင်ရပေမဲ့လို့ အချိန်မရွေး ပေါက်ကွဲနိုင်တဲ့အနေအထားလည်းရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့အားလုံးဟာ ဖြစ်ပေါ်နေတဲ့ မြေပြင်ရဲ့ မိုးလေဝသ အနေအထား၊ ရာသီဥတုအနေအထားကိုကြည့်ပြီးတဲ့နောက် ကျွန်တော်တို့သွားလာနေကြတယ်ပေါ့။ တစ်နိုင်ငံလုံးက နိုင်ငံရေးမငြိမ်မသက်ဖြစ်မှုမှာ ဒီလွန်ဆွဲပွဲကြီးဟာ ဆက်ပြီးတော့ ရှိနေဆဲပဲ။ ဆိုတော့ အဖြေတစ်ခုကမထွက်လာသေးဘူး။ တနည်းအားဖြင့်တည်ငြိမ်တဲ့အနေအထားတစ်ခုမှာ မထွက်လာသေးဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အားလုံးလည်းပဲ ဝတ်စောင့်ပွဲပြီးပြန်သွားကြတယ်။ ဆက်ပြီးတဲ့နောက်ကျရာ နေရာဒေသမြို့နယ်အသီးသီးမှာ မိမိတို့ရဲ့ လုပ်ငန်းတာဝန်များကို လုပ်ဆောင်တဲ့အချိန်ခါမှာ ပညာသတိနဲ့ သာသနာ့တာဝန်၊သာသနာလုပ်ငန်းများကို လုပ်ဆောင်ဖို့အတွက်လည်းပဲ ကျွန်တော်တို့တတွေအင်အားတစ်ခုရရှိလာကြတယ်။ ဒါဟာ နှစ်ပတ်လည်ဝတ်စောင့်ခြင်းအပေါ်မှာ ကျွန်တော်မြင်တဲ့အမြင်ပဲဖြစ်ပါတယ်။

ဝတ်စောင့်ခြင်းမလုပ်ခင်မှာ စိုးရိမ်မှုတွေရှိခဲ့တယ်။ အဓိကစိုးရိမ်မှုတွေကတေ့ ကျွန်တော်တို့  အားလုံးက တစ်ရာနီးပါးစုလာတဲ့အခါမှာ ကြားဝင်စွက်ဖက်မှုတွေ ရှိနိုင်တယ်။ ဥပမာ-ဧည့်စာရင်းတို့ပါတို့ပေါ့။မဟုတ်လို့ရှိရင်လာတဲ့လမ်းမှာပဲဖြစ်ဖြစ်ပေါ့၊ ပုသိမ်မြို့ထဲမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်သွားမယ်ဆိုရင် ကြားဝင်စွက်ဖက်မှုတွေ သို့မဟုတ် နှောက်ယှက်ဟန့်တားမှုတွေဖြစ်ပေါ်လာနိုင်တယ်ပေါ့။ သို့သော်လည်းပဲ အရာအားလုံးကအဆင်ပြေချောမောစွာနဲ့ပြီးဆုံးသွားခဲ့တယ်။

စိုးရိမ်မှုတွေကြားထဲကနေ ပါဝင်တက်ရောက်လာခဲ့ကြတဲ့ ဘုန်းတော်ကြီးတစ်ပါးချင်းစီကိုလည်း ကျေးဇူးတင်ပါတယ်။ အားလုံးပါဝင်လာမှုအပေါ်မှာ အားရကျေနပ်မှုရှိပါတယ်။ သာသနာအသီးသီးကနေပြီး အလှူငွေများ၊အစားအစာများ ယူဆောင်လာပေးကြတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။

အင်တာဗျူး-ရေမွန်မန်းကျော်



2022-10-18 02:38:29