Pathein Catholic Diocese Untitled Document
Untitled Document
အောက်တိုဘာလအတွင်းပုသိမ်ကက်သလစ်ခရစ်ယာန်သာသာ၏လှုပ်ရှားမှုမှတ်တမ်းများ


Photos supplied
အောက်တိုဘာလအတွင်းပုသိမ်ကက်သလစ်ခရစ်ယာန်သာသာ၏လှုပ်ရှားမှုမှတ်တမ်းများ

၁။ ကျုံတလုတ်ကက်သလစ်ခရစ်ယာန်ကျောင်းထိုင်သာသနာအတွင်း သမ္မာကျမ်းစာနေ့ အထိမ်းအမှတ်ကို အောက်တိုဘာ ၂ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သည်။

၂။ ရဟန်းဝါ ၁၀ နှစ်နှင့်အထက် ရဟန်းတော်များ စဉ်ဆက်မပြတ်မွမ်းမံသင်တန်းကို အောက်တိုဘာလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ပြုလုပ်ခဲ့ကြသည် ။

၃။ ပုသိမ်ကက်သလစ်ခရစ်ယာန်သာသနာလုံးဆိုင်ရာ ရဟန်းတော်များ၏ နှစ်ပတ်လည် ဝတ်စောင့်ခြင်းကို အောက်တိုဘာလ ၁၁ ရက်မှ ၁၄ ရက်နေ့အထိပြုလုပ်ကျင်းပခဲ့သည်။

၄။ ပုသိမ်ကက်သလစ်သာသနာ၏လူထုဆက်သွယ်ရေးတာဝန်ခံနှင့်အဖွဲ့သားများမှ ရှားခဲကက်သလစ်ခရစ်ယာန်ကျောင်းထိုင်သာသနာရှိလိုအပ်နေသူများထံ ဆန်ဆီဆားစားနပ်ရိက္ခာများသွားရောက်ပေးဝေလှူဒါန်းခြင်းကို အောက်တိုဘာလ ၂၁ ရက်နေ့တွင်ပြုလုပ်ခဲ့သည်။

၅။ ပုသိမ်ကယ်သီဒြယ်ကျောင်းထိုင်သာသနာရှိဘာသာတူအချို့မှ အာရှဆရာတော်ကြီးများနှင့် အွန်လိုင်းမှတဆင့်တွေ့ဆုံခြင်းကို အောက်တိုဘာလ ၂၃ ရက်နေ့တွင်ပြုလုပ်ခဲ့ကြသည်။

၆။ ၁၉၈၁ မှ ၁၉၉၀ အတွင်း ရဟန်းသိက္ခာခံယူခဲ့ကြသော ပုသိမ်ကက်သလစ်သာသနာရှိရဟန်းတော်များသည် အောက်တိုဘာလ ၂၇ ရက်နေ့တွင် မေရီလန်းကက်သလစ်ကျောင်းထိုင်သာသနာ၌ တွေ့ဆုံဆွေးနွေးခြင်းကို ပြုလုပ်ခဲ့ကြသည်။

၇။ သာသနာ့တာဝန်ခံဖာသာရ်ဟင်နရီအိုင်ခလိန်မှ စိန့်ဖရစ်စစ်ဇေးဗီးယားကက်သလစ်သီလရှင်ဝါတော် နှစ် ၅၀ နှင့် ၆၀ ဂျူဗီလီမစ္ဆားတရားတော်မြတ်ကို အောက်တိုဘာ ၂၄ ရက်နေ့တွင် ဦးဆောင်ပူဇော်ပေးခဲ့သည်။

၈။ ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာ၏လူထုဆက်သွယ်ရေးတာဝန်ခံမှ မော်လမြိုင်ကက်သစ်ဂိုဏ်းအုပ်သာသနာတွင်ကျင်းပခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ လူထုဆက်သွယ်ရေးအစည်းအဝေးပွဲကို အောက်တိုဘာလ ၂၈ ရက်နေ့တွင် တက်ရောက်ခဲ့သည်။

၉။ ပုသိမ်ကက်သလစ်သာသနာလုံးဆိုင်ရာ အရေးပေါ်သာဘာဝဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာအဖွဲ့၏ ပြန်လည်စမ်းစစ်ခြင်းအစည်းဝေးကို အောက်တိုဘာလ ၂၉ ရက်နေ့တွင်ပြုလုပ်ကျင်းပခဲ့သည်။

မှတ်တမ်းပြုစုတင်ပြသူ-ရေမွန်မန်းကျော်

 



2022-10-31 23:22:39