Pathein Catholic Diocese Untitled Document
Untitled Document
အခန်း (၂) ယေဇူးခရစ်တော် (CCC2598-2620)

အခန်း (၂)

ယေဇူးခရစ်တော်

(CCC2598-2620)

၁။ ဘုရားသခင်၏အစီအမံတော်

ဤဒုတိယအခန်းကြီးတွင်  သခင်ယေဇူး၏အခန်းကဏ္ဍကို အဓိကထားဦးစားပေးကာ ‌ထောက်ရှုသွားမည်ဖြစ်သည်။မြတ်သောအယူဝါဒတစ်အုပ်လုံးရှိအကြောင်းအရာများအားလုံးသည် ကိုယ်တော့်ကို အဓိကရည်ရွယ်လျက်သင်ကြာရန်ဖြစ်သည်။ ကျန်သောအရာအားလုံးကို ကိုယ်‌တော်အားဖြင့်သာ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါသည် (CCC427)။ သုံးပါးတစ်ဆူဘုရားရှိ ပုဂ္ဂိုလ်များအားလုံးပါဝင်ပတ်သက်သော်လည်း လူ့သမိုင်း၌ အထင်အရှားဆုံးတွေ့ကြုံလာရသော ပုဂ္ဂိလလ်မှာ ဒုတိယပုဂ္ဂိုလ်သူသော အခရစ်တော်ပင် ဖြစ်တော့သည်။

(က) ဘုရားသခင်၏မိတ်သဟာယဖွဲ့ခြင်း

“မိတ်သသာယဖွဲ့ခြင်း” ဟုကြားလိုက်သည်နှင့် လူအတော်များများ၏ စိတ်ထဲတွင် စားပွဲသောက်ပွဲအဖြစ်သာ မြင်ယောင်မိကြလိမ့်မည်ဟု ယူဆမိပါသည်။ စားသောက်ပွဲတစ်ခုတွင် အတူတကွစားသုံးကာ စကားစမြည်ပြောဆိုကြပြီးနောက် “မိတ်သဟာယဖွဲ့ခြင်း”ဟူသော ဝေါဟာရ၏အဓိပ္ပာယ်မှာ အလွန်တရာနက်ရှိုင်းကျယ်ပြန့်လှသညည်။

ဘာသာစကားတစ်ခုမှ နောက်တစ်ခုသို့ အကူးအပြောင်း အချို့သောဝေါဟာရများမှာ အဓိပ္ပာယ်လေးနက်မှုအနည်းငယ်လျော့နည်းသွားတတ်သည်။ဓမ္မပညာဆိုင်ရာဝေါဟာရများ၌ပို၍ပင်သတိထားကာ သုံးနှုန်းရသည်။ အချို့သောဝေါဟာရများသည် ဘာသာစကားသုံးလေးမျိုးခန့်ဖြတ်သန်းပြီးမျှသာ ကျန်ုပ်တို့၏ဘာသာစကားထဲသို့ရောက်ရှိလာသဖြင့်မူရ်းအဓိပ္ပာယ်နျင့်အတော်ဝေးတေးသို့ရောက်သွားခဲ့ရသောစကားလုံးများလည်းရှိကြပါသည်။ဤအထဲတွင်ယခုဆွေးနွေးလိုသော မိတ်သဟာယ (Commnio) လည်းပါဝင်ပါသည်။ ဤစာအုပ်၌ဤအသုံးလိုသော မိတ်သဟာယ (Communio) လည်းပါဝင်ပါသည်။ ဤစာအုပ်၌ ဤအသုံးအနှုန်းများကို အသေးစိတ်မထောက်ရှုတော့ပါ။

အသင်းတော်၏နားလည်ထားမှုအပေါ်အဓိကထားပြီး ကျန်ုပ်တို့အဓိပ္ပာယ်ကောက်ယူကြပါစို့။ ဂရိစကား (Koinonia) လာတင်း၌ (Communio)၊ အင်္ဂလိပ်၌ (Communion) နှင့် မြန်မာစကားသို့ ရောက်လာသောအခါအများပိုင်းမှာ “မိတ်သဟာယဖွဲ့ခြင်း” အဖြစ်နားလည်လာကြသည်။ မြန်မာစကား၌လည်း တစ်ချို့သော ဝေါဟာရများကို ထိမိစွာပြန်ဆိုထားသော စားလုံးများရှိပါသည်။ ကျမ်းစာတော်မြတ်နှင့် မြတ်သောအယူဝါဒတို့အား မြန်မာဘသာသို့ပြန်ဆိုနိုင်ခဲ့ခြင်းမှာ မြန်မာပြည်အသင်းတော်အတွက် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပါသည်။ ၎င်းတို့အတွက်ကျွန်ုပ်တို့ၑ ရှေ့ဦးဆရာသမားများကို ကျေးဇူးတင်ကြရပါသည်။အသုံးပြုကြပါစို့။

အနီးစပ်ဆုံး အရင်းအမြစ်အဓိပ္ပာယ်ကို ပြန်ရရန် ဤနေရာ၌ (Communio) ဟုသာ ကျွန်ုပ်တို့ ပထမဦးဆုံးအဖြစ် ကျမ်းစာတော်မြတ်၌ပါရှိသော အဓိပ္ပာယ်အယူအဆများကို ပြန်လည်ထောက်ရှုရမည်ဖြစ်သည်။ ၎င်းနှင့်ပတ်သက်သော အဓိကကျမ်းပိုဒ် နှစ်ခုမှာ (ကောရိန်သုဩဝါဒစာ ပထမစောင် ၁၀◌း၁၆) နှင့် (ရှင်ယောဟန်ဩဝါဒစာ ပထမစောင် ၁း ၃-၇) တို့ပင် ဖြစ်ပါသည်။

(ကောရိန်သုဩဝါဒစာပထမစောင် ၁၀◌း ၁၆-၁၇) တွင် “ငါတို့သည် ကျေးဇူးတော်ကိုချီးမွမ်း၍ မင်္ဂလာခွက်ဖလားတော်ကို သောက်ကြသောအခါ ငါတို့သည်ခရစ်တော်၏အသွေးတော်၌ တစ်လုံးတစ်ဝတည်းပါဝင်ခြင်းမဟုတ်လော။ ငါတို့သည်မုန့်ကိုဖဲ့၍ စားကြသောအခါ ခရစ်တော်၏ ကိုယ်ခန္ဓာာ၌ ပါဝင်ခြင်း မဟုတ်လော။ ငါတို့သည် မုန့်ကိုဖဲ့၍စားကြသောအခါ ခရစ်တော်၏ ကိုယ်ခန္ဓာ၌ တစ်လုံတစ်ဝတည်းရှိကြသည်မဟုတ်လော့။ မုန့်သည် တစ်လုံးတည်းဖြစ်သောကြောင့် အရေအတွက်အားဖြင့်များသော ငါတို့သည် တစ်ကိုယ်တည်းဖြစ်ကြသည်။ အကြောင်းမူကား ငါတို့အားလုံးသည် ထိုမုန့်တစ်လုံးတည်းကို ခွဲဝေသုံးဆောင်ကြ၏” ဟုဆိုထားပါသည်။

ဤဝေါဟာရကို ပထမဦးဆုံးအဖြစ် ကိုယ်တော်မြတ်စက္ကရမင်တူးအား ရည်ညွှန်း၍ အသုံးပြုခဲ့သည်။ ထို့ကြောင့် အသင်တော်၏ဘာသာစကား၌ (Communio) ကို ကိုယ်တော်မြတ်မင်္ဂလာအဖြစ် ပထမဦးစွာမှတ်ယူကြပါသည်။

ခရစ်တော်နှင့် ပင့်ယူသူတို့သည် “အသွေး” ၌တော်စပ်ခြင်းဟုတိုက်ရိုက်အဓိပ္ပာယ်ရသည်”အသွေးအသား” ဟူသောစကားလုံးမှာ ဟေဗြဲဘာသာစကား၌”ဘဝအသက်တာ”ဟုအဓိပ္ပာယ်ရသည်။ ထို့ကြောာင့် ဤစာပိုဒ်သည် ခရစ်တော်၏ဘဝအသက်တာနှင့်ကျွန်ုပ်တို့၏ဘဝအသက်တာ‌ပေါင်းစပ်ခြင်းဟု အဓိပ္ပာယ်ဖွင့်ရပါသည်။

ကိုယ်တော်မြတ်နှင့်ဆက်နွယ်၍”အသွေး” ဆိုသည်မှာ မိမိကိုယ်မိမိပေးအပ်လိုက်ခြင်းဟုလည်း အဓိပ္ပာယ်ကောက်ရမည်ဖြစ်သည်။ ဘဝတစ်ခုလုံးနှင့် ယှက်နွယ်ခြင်းဟုလည်း ဤနေရာ၌ ဆိုနိုင်ပါသည်။

လူအများအတွက် ဘဝကိုပေးဆပ်သူမှာ ကိုယ်တော်မြတ်စက္ကရမင်တူးအားဖြင့် ကိန်းဝပ်စံပါယ်တော်မူသော ကိုယ်တော်ပင်ဖြစ်ပါသည်။ တမန်တော်ကြီးတို့မှာ ကိုယ်တော်၏ ဤသို့ပေးဆပ်မှုကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ကြသူများဖြစ်သည်။ လှံဖြင့်ထိုးဖောက်ခြင်းခံရသော နံဘေးတော်ကို ကိုယ်တိုင်ကိုယ်ကျ ဖူးမျှော်ရသူများပင် ဖြစ်ပြီး ကိုယ်တော်သည် အမှန်တကယ်အဆုံးစွန်အထိ ကိုယ်ခန္ဓာနှင့် ရှိသမျှအရာအားလုံးကို ပေးအပ်သူအဖြစ်နားလည်ခဲ့ကြသည်။

(ကောရိန်သုဩဝါဒစာ ပထမစာစောင် ၆း ၁၇-၁၈) နှင့် (ဧဖက်ဆု ၅း ၂၆) တို့တွင် ဇနီးနှင့်လင်ယောက်ျားတစ်လုံးတစ်ဝတည်းရှိမှုကို ပုံခိုင်းနှိုင်းထားပြီး ကိုယ်တော်မြတ်၌ သခင်ခရစ်တော်သည် ကျွန်ုပ်တို့ကိုလက်ခံပြီး သူနှင့်တစ်လုံးတစ်ဝတည်းပြုလျက်ရှိသော ပုဂ္ဂိုလ်အဖြစ်နားလည်ထားကြသည်။

ရှင်ဩဂုတ်စတင်းက “ကိုယ်တော်ကို ကျန်ုပ်တို့ပင့်ယူခြင်းဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏ဘဝအသက်တာအတွင်းသို့ ဝင်ရောက်ကြရသည်”ဟု ဆိုခဲ့ပါသညည်။ ကျွန်ုပ်တို့ခန္ဓာကိုယ်မှာ စားသောက်လိုက်သောအစားအစာများမှာ ခန္ဓာကိုယ်၏ အစိတ်အပိုင်းများဖြစ်လာကြသည်။ သို့သော် ကိုယ်တော်မြတ်ကို ပင့်ယူသောအခါ ကိုယ်တော်မြတ်သည် ကျွန်ုပ်တို့၏အစိတ်အပိုင်းများဖြစ်မလာဘဲ ကျွန်ုပ်တို့သာလျှင် ကိုယ်တော်၏အသက်တာအတွင်းသို့ဝင်ရောက်ကာ သူ၏အစိတ်အပိုင်းများအဖြစ်သို့ တဖြည်းဖြည်းရောက်ရှိလာရတော့သည်။ ကိုယ်တော်မြတ်ပင့်ယူခြင်းနှင့်အစားအသောက်စားသုံးခြင်းတို့၏ မတူညီသောဖြစ်စဉ်ကို တွေ့ရပါသည်။ (ရှင်ယောဟန်ဩဝါဒစာပထမစောင် ၁း ၃-၇)တွင် လူ့အဖြစ်ကို ယူတော်မူသော နှုတ်ကပါတ်တော်နှင့် မိတ်သဟာယဖွဲ့ခြင်းကို ဘုရားမှပေးလာသောအခွင့်အရေးတစ်ခုအဖြစ် ကျမ်းရေးသူက ဖော်ပြထားသည်။

ခရစ်တော်သည် မိမိကိုယ်မိမိ ကျွန်ုပ်တို့အားပေးအပ်ခြင်း Kononia (Gk) & Communio (Lt) မှ ထပ်ဆင့်၍ ခမည်းတော်နှင့်လည်း ကျန်ုပ်တို့တွေ့ဆုံပေါင်းစည်းရသောအခွင့်ကို ရကြပြန်သည်။

နောက်ဆုံးကဏ္ဍအနေဖြင့် ဤကဲ့သို့ ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းဖြစ်ခြင်းမှ ချစ်ခြင်းမေတ္တာဖြစ်ပေါ်လာကာ အနီးအနားရှိသူများနှင့်ပါ ပေါင်းစပ်ခွင့်ကို ရရှိလာပါသည်။

ဘုရားနှင့်လူပေါင်းစပ်ခြင်းတည်းဟူသော အထက်အောက်ဆက်နွယ်မှုသာမက လူသားအချင်းချင်းပေါင်းစပ်ခြင်းတည်းဟူသော အထက်အောက်ဆက်နွယ်မှုသာမက လူသားအချင်းချင်းပေါင်းစပ်ခြင်းတည်းဟူသော ဘေးတိုက်ဆက်နွယ်မှုကိုပါ ထည့်သွင်းနားလည်ရပါမည်။

ဘုရားနှင့်လူတို့၏ အထက်နှင့်အောက်ပေါင်းစည်းသွားခြင်းမျိုးမကပါ။ လူသားအချင်းချင်းဘေးတိုက်အနေအထားနှင့်ပေါင်းစည်းခြင်းလည်းလိုအပ်သည်။ သို့မှသာ ပြည့်ဝစုံလင်သော မိတ်သဟာယ (Communio) ၏အဓိပ္ပာယ်ကိုတွေ့ရမည်ဖြစ်သည်။ ဤလားရာနှစ်ခုစလုံးပါဝင်မှသာ ခရစ်ယာန်တို့နားလည်ထားသောမိတ်သဟာယ (Communio) ၏ အဓိပ္ပာယ်မှာ ပေါ်လွင်မည်ဖြစ်ပါသည်။

မိတ်သဟာယ (Communio) ကို ကိုယ်တော်မြတ်အတွက်သာမက အသင်းတော်အတွက်ပါ ယခုခေတ်၌ ပို၍အသုံးပြုလာပါသည်။ အသင်းတော်သည် ဘုရားနှင့်လူ ပေါင်းစပ်ရာဌာနဖြစ်သကဲ့သို့ လူလူချင်းပေါင်းစပ်ရာလည်းဖစ်သည်။

လူ့ဘဝဆိုသည်မှာ တစ်ဦးတစ်ယောက်တည်း တည်ရှိနေခြင်းမဟုတ်ပါ ဆိုသည့်အချက်ကို ဤနေရာ၌  တွေ့ရှိလာရသည်။ ကျွန်ုပ်တို့၏ဘဝကို ဤအလင်း၌ သဘောပေါက်လာရသည်။ အားလုံးကို လွှမ်းခြုံထားသော ပညတ်တော်ဖြစ်သည့် “ဘုရားနှင့် ကိုယ့်အချင်းချင်းကိုချစ်ပါ” ဟုဆိုသော ပညတ်တော်ကိုလည်း တွေ့လာရသည်။ (ရှင်ယောဟန်ဩဝါဒပထမစောင် ၁း၇)၌ “သို့ရာတွင် ကိုယ်တော်သည်အလင်း၌ရှိတော်မူသည့်အတိုင်း ငါတို့သည်လည်း အလင်း၌လျှောက်လှမ်းကြပါလျှင်ငါတို့သည်အချင်းချင်းတစ်ယောက်နှင့်တစ်ယောက် မိတ်သဟာယဖွဲ့ခြင်းရှိကြလိမ့်မည်”ဟု ဖော်ပြထားသည်။

ဤကျမ်း၌လည်းရှင်ပေါလူးပြောခဲ့သည့်အတိုင်း တူညီသော မိတ်သဟာယဖွဲ့ခြင်းအကြောင်းကို ညွှန်ပြထားသည်။

သခင်ယေဇူးနှင့် မိတ်သဟာယဖွဲ့ခြင်းသည် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်းဖြစ်လာလေသည်။ အသင်းတော်နှင့် မိတ်သဟာယဖွဲ့ခြင်းဖြစ်လာသည်။ ချစ်ခြင်းမေတ္တာနှင့် မိတ်သဟာယဖွဲ့ခြင်းလည်းဖြစ်လာလေသည်။ ဤသို့ဖြင့် ဖြောင့်မတ်သော အသက်ရှင်မှုပုံစံ ဖြစ်လာသည်။

ဤသို့ဖြောင့်မတ်စွာနေထိုင်ခြင်းသည် ကျွန်ုပ်တို့အားလုံးကို သမ္မာတရား၌ စုစည်းပေးသည်။ ထိုမှတဖန် အဖွဲ့အစည်းအပေါ်ပေါက်လာသည်။ ဤနည်းအတိုင်းဖြင့်သာ မိတ်သဟာယဖွဲ့ခြင်း (Communio) ၏အဓိပ္ပာယ်ကို နက်ရှိုင်းကျယ်ပြန့်စွာ နားလည်နိုင်မည်ဖြစ်သည်။

လူကိုချစ်ရာ၌ အခက်အခဲရှိသကဲ့သို့ ဘုရားကိုချစ်ရာ၌လည်း ကျွန်ုပ်တို့အားလုံး၌ အခက်အခဲများရှိကြသည်ကို ဝန်ခံရပါမည်။ စိတ်အားရှိသမျှ၊ ညာဏ်စွမ်းရှိသမျှနှင့် ချစ်ရမည်ဆိုသည့်အတွက်ကြောင့် ဤပညတ်၏ လေးနက်မှုကိုလည်း အမြဲနှလုံးသွင်းကာ ကျွန်ုပ်တို့၏ချစ်ခြင်းမေတ္တာ၌ အားနည်းခြင်းကိုလည်း ရိုးသားနှိမ့်ချစွာဝန်ခံရမည်ဖြစ်သည်။

လူ့သမိုင်းကိုပြန်ကြည့်မည်ဆိုလျှင် ဤကဲ့သို့ ဘုရား၏ပညတ်တော်အားမဖြည့်စွက်နိုင်ခြင်းကို မကြာခဏတွေ့ရမည်ဖြစ်သည်။ ကျွန်ုပ်တို့တစ်ဦးစီ၏ သမိုင်းသသည်လည်းထိုနည်းတူပင်ဖြစ်သည်။ ကိုယ့်ကိုယ်ကိုကာရံထားသော အတ္တတံတိုင်းများမှာခိုင်ခန့်လှသည်။ ဤတံတိုင်းကိုချိုးဖျက်ပြီး တစ်ပါးသူအား မချစ်နိုင်သေးသကဲ့သို့ တစ်ပါးသူမှ မိမိအား ချစ်လာခြင်းကိုလည်း လက်ခံဖို့ရန် အခက်အခဲရှိပါသည်။ ဤသို့ဖြင့်လူအများမှာ အချင်းချင်းသော်လည်းကောင်း၊ဘုရားနှင့်သော်လည်းကောင်း မိတ်သဟာယဖွဲ့ရန် လူတို့အစွမ်းဖြင့်မတတ်နိုင်သည်ကို တွေံကြရပါသည်။ ဘုရားဘက်မှလူသားများ၏မတတ်နိုင်ခြင်းကိုဒီအတိုင်းစွန့်ပစ်မထားပါ။ သခင်ယေဇူး၏ကယ်တိုင်ခြင်းလုပ်ငန်းတော်မှ ဝိညာဉ်တော်ကိုစေလွှတ်ခြင်းဖြင့် ဤပိတ်လှောင်လျက်ရှိသောတံတိုင်းများကို ဖြိုချဖက်ဆီးလိုက်ကာ အားလုံးကို တစ်လုံးတစ်ဝတည်းအဖြစ်သို့ ရောက်ရှိစေခဲ့သည် (တမန်တော်ဝတ္ထု ၂း ၁-၁၁)။

သန့်ရှင်းသောဝိညာဉ်တော်ဘုရားပွဲနေ့၌ ကျွန်ုပ်တို့ဖတ်ရှုရသော ကျမ်းပိုဒ်မှာ ဤကဲ့သို့သော တံတိုင်းများအား ဖြိုဖျက်ဆီးခြင်းအဖြစ်ကို တွေ့ရသည်။ “ဘာသာစကားတစ်ခုတည်း”ဟူသည့် ဆိုလိုရင်းမှာအပေါ်ယံကြောင်းပေါင်းစည်းမှုတစ်ခုမကပါ။ မချစ်နိုင်ခြင်း၏တံတိုင်းများ၊ အချစ်မခံနိုင်ခြင်း၏တံတိုင်းများအားဖြိုဖျက်ဆီးခြင်းကို ဆိုလိုသည်။ အတ္တများကွာကျကာ တစ်လုံးတစ်ဝတည်းအဖြစ်သို့ ရောက်ရှိခြင်းကို ဆိုလိုပါသည်။

ဤအဖြစ်အပျက်၌သတိထားရမည့်အချက်တစ်ခုရှိသည်။ “အတ္တများ ဖြိုဖျက်ခြင်းအမှုသည်ကျွန်ုပ်တို့လူသားတစ်ဦးတည်းဖြင့် အဆုံးမသတ်နိုင်ပါ” ဟူသည့်အချက်ဖြစ်သည်။ ဝိညာဉ်တော်ဘုရားစေလွတ်ခံရခြင်းမတိုင်မီအထိ ဤတံတိုင်းများမပြိုသေးပါ။ကိုယ်တော်၏ဝိညာဉ်တော် ဆင်းသက်ဝင်ရောက်လာပြီး ဖြိုချကာမှသာ အဆုံးသတ်သည့်အဆင့်သို့ ရောက်ရှိခဲ့သည်။

ဝိညာဉ်ရေးအသက်တာ၌လည်း ဤသို့ပင်ဖြစ်သည်။ ကျွန်ုပ်တို့လူသား၏စွမ်းအားထက်ကျော်လွန်သောအတိုင်းအတာတစ်ခုဆီသို့ရောက်သောအခါဘုရားဘက်မှ အဆုံးသတ်ပေးသည်။ ဤကဲ့သို့သော အဖြစ်အခြေအနေမှာလည်း မကြာခဏရှိသည်ကို သတိပြုရမည်။ သူကပင်အစပြု၍ သူကပင်အဆုံးသတ်ပေးသည်ကို သတိရပါ။ ကြိုးစားအားထုတ်မှု၌လည်းသူသည်ပါဝင်လျက်ရှိသည်။ အစ၊အလယ်၊အဆုံးသုံးရပ်လုံး၌ ဘုရား၏ကဏ္ဍမှာ အလေးပေးထည့်သွင်းကာ အားကိုးရမည်ဖြစ်သည်။

ဤယုံကြည်ရာအချက်မှာ ဆုတောင်းခြင်းအသက်တာ၏ အခြေခံအုတ်မြစ်ပင်ဖြစ်တော့သည်။ ဆုတောင်းခြင်းအသက်တာ၌ မကြာခဏတွေ့ကြုံရသည့်အချက်မှာကိုယ်တစ်ဦးတစ်ယောက်တည်းကသာ တောင်းလျှောက်နေသည်ဟုထင်မြင်ယူဆခြင်းပင် ဖြစ်သည်။ ဤမိတ်သဟာယဖွဲ့ခြင်းကို အနည်းငယ်သဘောပေါက်ခြင်းဖြင့်ဆုတောင်းအမှု၌ “ငါတစ်ယောက်တည်း မဟုတ်ပါလား”ဟုတွေ့မြင်ကာအားယူနိုင်ကြရမည်။ ဘုရားသခင်ကိုယ်တော်တိုင်ကျွန်ုပ်တို့ဘက်မှ ပါဝင်လျက်ရှိသည်။ သာသနာတော်သည်လည်း ကျွန်ုပ်တို့နှင့်အတူ ရှိနေသည်။

လူသားအချင်းချင်းစစ်မှန်သောမေတ္တာဖြင့် ချစ်နိုင်မည်ဆိုပါက ဘုရားကိုလည်းအလိုလိုချစ်လာနိုင်မည်ဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ်ချစ်ပြီဆိုပါကလည်း လူကိုချစ်ဖို့ရန် ဝန်မလေးတော့ပေ။ ဤသို့ချစ်ဖို့ရန်မတတ်နိုင်ကြသောသူများကို ဘုရားသခင်မှ လူ၏အတွင်းသက်ထဲသို့ ဝင်ရောက်ကာ လူသားကိုယ်တိုင် ချစ်စေနိုင်သော အနေအထားသို့ရောက်အောင် ပြုပြင်ပေးခဲ့သည်။”ဘုရာသခင်သည်ငါတို့ကိုရှေ့ဦးစွာချစ်တော်ပူသောကြောင့် ငါတို့သည်လည်း ချစ်ကြ၏” (ရှင်ယောဟန်ဩဝါဒစာ ပထမစောင် ၄း ၁၉)။ ဘုရားသခင်၏ ချစ်ခြင်းကို အရင်ဦးစွာလက်ခံရရှိပြီးမှသာလျှင် ကျွန်ုပ်တို့လည်း ချစ်တတ်လာမည်ဖြစ်သည်။

ကျွန်ုပ်တို့အများစုသည် ချစ်ခြင်းမေတ္တာအရာ၌လည်းမိမိ၏စွမ်းအားတစ်ခုတည်းဖြင့် တတ်နိုင်ကြသည်ဟု ထင်မှတ်ကြသည်။ အမှန်မှာ ဤသို့မဟုတ်ပါ။ တစ်ပါးသူကို ချစ်နိုင်ရန် ဘုရား၏ချစ်ခြင်းသည် ကျွန်ုပ်တို့အတွင်းသို့ ဝင်ရောက်လာ၍ ပြုပြင်ခံရပြီးမှသာ တစ်ပါးသူအား ချစ်လာနိုင်မည်ဖြစ်သည်။

သခင်ခရစ်တော်သည် ချစ်ခြင်းမေတ္တာအရာ၌ အာနည်းလျက်ရှိသော၊ မချစ်နိုင်ကြသော ကျွန်ုပ်တို့၏ အတွင်းသက်သို့ဝင်၍ပြုပြင်ကာ ကျေးဇူးတော်ဖြင့် ချစ်တတ်သူများ ဖြစ်စေခဲ့သည်။ ချစ်ခြင်းမေတ္တာ၏ အသိုင်းအဝိုင်းကိုစတင်ကာဖွင့်လှစ်ပေးခဲ့သည်။ ဤသည်ကား မိတ်သဟာယ (Communio) ၏ အဓိပ္ပာယ်ပေတည်း။

 

catechism