Pathein Catholic Diocese Untitled Document
Untitled Document
(၂) အကန့်အသတ်မဲ့လိုသောဆန္ဒ

မိမိကိုယ်တိုင်က အကန်ု့အသတ်ရှိသာသူဖြစ်သော်လည်း လူသားများမှာ အကန့်အသတ်မရှိသောအဖြစ်အခြေအနေသို့ အစဉ်အမြဲတမ်းတလျက်ရှိကြသည်။ ကြိုးစားအားထုတ်လျက်ရှိကြသည်။ အသက်တစ်ရာမက ဖြစ်နိုင်လျှင် နှစ်ရာထောင်ပေါင်းများစွာ ဆွဲဆန့်လိုသူများပင် ဖြစ်ကြသည်။

သူ၏ကိုယ်၌ အကန့်အသတ်ရှိမှုကို တွေ့ကြုံနေရသကဲ့သို့ ၎င်းအကန့်အသတ်ကိုကျော်လွှားလိုသော စိတ်ဆန္ဒလည်း ကိန်းအောင်းလျက်ရှိပါသည်။ ဤယနေ့ခေတ်ဒဿနပညာရှင်များမှာ ဤသို့ကျော်လွှားလိုစိတ်ကို ပြ၍လက်ခံလာကြသည်။ လူသားသည် မိမိ၏လက်ရှိအခြေအနေအတိုင်းကို မည်သည့်အခါမျှတင်းတိမ်ရောင့်ရဲမှုမရှိသည်ကို တွေ့ရသည်။

အကန့်အသတ်ရှိသော သတ္တဝါအဖြစ် မိမိကိုယ်ကို လက်ခံရမည်ဖြစ်ပါသည်။ အခြားတစ်ဘက်မှလည်းလူ၌ အကန့်အသတ်ဘောင်ထက်ကျော်လွန်လိုသော စိတ်ဆန္ဒများ ပြင်းပြစွာ ကိန်းဝပ်လျက်ရှိနေသည်။ ဤအရာနှစ်ခုယှဉ်တွဲတည်ရှိမှုကို အစဉ်အမြဲလက်ခံရန် လိအပ်ပါသည်။ နှစ်ခုစလုံးကိုလည်း သမ္မသမတ်ကျကျ ရှုမြင်သုံးသပ်သဘောပေါက်ရန် လိုအပ်ပါသည်။

ဤအရာနှစ်ခုအနက်မှတစ်ခုခုကို ချိုးနှိမ်ဖောက်ဖျက်ရန် ကြိုးစား၍မရပါ။ ဤအရာနှစ်ခုကို ပေါင်စပ်၍ သင့်တင့်လျှောက်ပတ်စွာ ကိုင်တွယ်ရန် လိုအပ်သည်။ 

မိမိ၌အကန့်အသတ်ရှိသည်ဆိုသည့် အမှန်တရားကို ငြင်းပယ်ရန် မဖြစ်နိုင်ပါ။ မိမိသည် ဤအကန့်အသတ်များကို ကျော်လွန်လိုသောစိတ်ဆန္ဒတည်ရှိနေသည်ဆိုသည့် အမှန်တရားကိုလည်း အခြားတစ်ဖက်၌လက်ခံရမည်ဖြစ်သည်။

ဤတည်ရှိမှုနှစ်ခုသည် အစဉ်အမြဲလွန်ဆွဲကာ တွန်းကန်လျက်ရှိကြသည်။ ဤအတွင်းသက်လွန်ဆွဲပွဲကို ကောင်းစွာမထိန်းညိနိုင်ပါက အပြင်ဘက်သို့  ပဠိပက္ခ အသွင်အဖြစ်ပေါ်ထွက်လာရတော့သည်။ ထို့ကြောင့် ဤလောက၌တွေ့ရှိရသောပဠိပက္ခအားလုံးသည် လူသားတစ်ဦးစီ၏ အတွင်းသက်လွတ်ဆွဲမှုနှင့်ဆန့်ကျင်ဘက်ပြုခြင်းအပေါ်အရင်းခံပါသည်။

လူသားတိုင်းသည် မိမိ၌ရှိသော ကိုယ်ပိုင်စွမ်းအစထက် သာလွန်လိုကြသည်။ မိမိစွမ်းဆောင်နိုင်သည်ထက်ပို၍ စွမ်းဆောင်လိုကြသည်။ မိမိကိုယ်တိုင်တတ်နိုင်သည်ထက်ပို၍ တတ်နိုင်ချင်ကြသည်။ မိမိလက်ရှိ အောင်မြင်သည်ထက် ပို၍အောင်မြင်လိုကြသည်။ မိမိ၏လက်ရှိဘဝအသက်ရှင်မှုထက် သာလွန်သောအသက်တာတစ်ခုကိုအမြဲဦးတည်နေကြသည်။ ဤသို့မိမိကိုယ်မိမိ သာလွန်လိုသော စိတ်ဆန္ဒကို မဖြစ်နိုင်ဟု ဆိုကာ မချိုးနှိမ်ကောင်းပါ၊ မဖိနှိပ်ကောာင်းပါ။ မိမိ၏ လက်ရှိအခြေအနေထက် သာလွန်လိုသည်ဆိုသောအချက်ကို ငြင်းဆန်ခြင်းသည် မိမိကိုယ်ကို ဖျက်ဆီးခြင်းပင် ဖြစ်တော့သည်။ 

မိမိသည် အကန့်အသတ်ရှိသည်ဆိုသောအချက်ကို လက်ခံရန်တိုက်တွန်းချက်သည်လည်း အားငယ်သွားရန်၊သိမ်ငယ်သွားရန် ပြုလုပ်ခြင်းမဟုတ်ပါ။ "အော်...ငါက အကန့်အသတ်ရှိသူတစ်ဦးပဲ၊ ဒီလောက်ပဲရမှာပေါ့" ဟုဆိုကာ လက်လျှောရန်လည်း မဟုတ်ပါ။ "ငါဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ ငါ့ရဲ့အတိုင်းအတာထက်ကျော်ပြီး ငါမလုပ်နိုင်ပါဘူး" ဟုဆိုကာ မိမိကိုယ်မိမိ သိမ်ငယ်စိတ်မွေးရန်လည်း မဟုတ်ပါ။ 

အခြားတစ်ဖက်၌လည်း ငါ့ကိုယ်ငါထက် သာလွန်အောင်လုပ်လိုသော စိတ်ဆန္ဒကို ဖိနှိပ်ချိုးနှိမ်ခြင်းပြုလုပ်ရန်မလိုအပ်ဟုဆိုကာ ဤဆန္ဒ၏နောက်သို့ အထိန်းအကွပ်မဲ့ လောဘကြီးစွာလိုက်ရန်လည်း မဟုတ်ပါ။ အကန့်အသတ်မဲ့သော အခြအနေသို့ မိမိ၏စွမ်းအားတစ်ခုတည်းဖြစ်လည်း မရောက်နိုင်သည်ကို လက်ခံထားရမည်ဖြစ်သည်။ ဘုရား၏ကျေးဇူးတော်ပါမှသာလျှင် ဤအခြေအနေသို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ 

ထိုအမှန်တရားနှစ်ခုစလုံးကို ထိန်းညှိပေးရန် လမ်းစရှာကြရတော့မည် ဖြစ်ပါသည်။ ဤသို့သော အကြပ်အတည်းကို လူသားအားလုံးတူညီစွာ တွေ့ကြုံနေကြရပါသည်။ 

လူ၏အတွင်းသက်ရှိ ဤအမှန်တရားကို ဆုတောင်းခြင်းထွက်ပေါ်လာရာ အခင်းအကျင်းတစ်ရပ်အဖြစ် ကျန်ုပ်တို့မှတ်ယူကြသည်။ 

မိမိ၏အကန့်အသတ်ရှိခြင်း၌ ဇွဲလုံ့လမလျှော့ဘဲ ကြိုစားရုန်းကန်၍ အကန့်အသတ်ထက်ကျော်လွန်သော စိတ်ဆန္ဒ၏ ပြည့်စုံခြင်းကိုလည်း ဘုရားသခင်ထံမှ ရှာဖွေရန်ပင်ဖြစ်သည်။ ထို့ကြောင့် ဤအချက်ကို အမြဲသတိမူ၍ မိမိကိုယ်တိုင် ကြိုးစားကာ တစ်ဖက်တွင်လည်း ဆုတောင်းကြရမည်ဖြစ်သည်။ 

ဆက်လက်ဖေါ်ပြပါအုံးမည်......

ဖာသာရ်ဖလောရင့်အောင်ကျော်ဦး ဘာသာပြန်ထုတ်ဝေထားတဲ့ "ဆုတောင်းခြင်း၊ မြတ်သောအယူဝါဒ" စာအုပ်စာမျက်နှာ ၃၇ မှ ၃၉ တို့မှ ကူးယူတင်ပေးခြင်းသာဖြစ်ပါသည်။

catechism