Pathein Catholic Diocese Untitled Document
Untitled Document
(၃)ကောင်းသော ဆာာမာရီတန် (လုကာ ၁၀း ၂၅-၃၇)

“နာကျင်၊ ညစ်ထေး၊ စွန်းပေသော” ဘဝကို သန့်ရှင်းစင်ကြယ် ကုသပေးကာ ဘဝသစ်တစ်ခုကို အပ်နှင်းလိုက်ခြင်းဖြစ်သည်။ လူသည် အသက်အရွယ်ရလာသည်နှင့် အမျှ မိမိဘဝ၏အဖြစ်အနေအနေမှန်ကို တိုး၍သိရှိလာကာ နဂိုမူရင်းအပြစ်မရှိသာအခြေအနေသို့ တမ်းတလျက်ရှိကြသည်။ ပြန်လည်ရောက်ရှိလိုစိတ် ပြင်းပြလျက်ရှိသည်။ လူသားထုတစ်ရပ်လုံး၏အခြေခံကျသော မြည်တမ်းခြြင်တစ်ခုဖြစ်သည်။

အရေးကြီးသည့် အချက်တစ်ချက်ကို အမြဲမှတ်သားထားရန် လိုအပ်ပါသည်။ ထိုအချက်မှာ လူသားသည် မိမိစွမ်းအားတစ်ခုတည်းဖြင့် ထိုအခြေအနေသို့ပြန်လည်၍ မရနိုင်သည့်အချက်ပင်ဖြစ်သည်။

(ရှင်လုကာ ၁၀း ၂၅-၃၇) ကျမ်းပိုဒ်ကို သေချာစွာထောက်ရှုရန် လိုအပ်သည်။ လူသားသည် သေလုမျောပါးရိုက်နှက်ခံရကာ မိမိ၌ရှိသမျှလုယူခံရ၍ သွေးအိုင်ထဲတွင် စွန့်ပစ်ခံရသူနှင့်တူ၏။ မိမိအစွမ်းဖြင့် ပြန်လည်မရုန်းထနိုင်၊ မထနိုင်သည့်အတွက် ကယ်မည့်သူပေါ်မလာပါက ရရှိထားသောဒဏ်ရာများ၏အရှိန်ဖြင့် သေရမည်မှာ မလွဲပေ။ ဤနေရာ၌ လာရောက်ကယ်တင်မည့်ပုဂ္ဂိုလ်မှာ ဂျူးလူမျိုးမဟုတ်သော လူမျိုးခြားပုံရိပ်တစ်ခုပင်ဖြစ်သည်။ ခရစ်တော်သည် ကျွန်ုပ်တို့လူသားများ၏ နယ်ပယ်မှ မဟုတ်ပါ။ အခြားအရပ် (ဘုရား၏နယ်) မှ လာရောက်ကယ်တင်လိုက်ခြင်းဖြစ်သည်။ လူသားကို ဘုရားမှလာရောက်ကယ်တင်ခြင်းဖြစ်သည်။ ဘုရားမှ ဘောင်ကျော်ကာ ဝင်ရောက်လာခြင်းဖြစ်သည်။ လူ့ဇာတိကို ရယူခြင်းဖြင့်သူကိုယ်တိုင်သေလုမျောပါးဖြစ်နေသော စွန့်ပစ်ခံသူများနှင့် ထပ်တူပြုကာ တစ်သားတည်းဖြစ်လာခဲ့သည်။ သူကိုယ်တိုင်ပင် ဒဏ်ရာနှင့် ပြည့်နှက်နေသော လူသားမျိုးနွယ်ကို ပခုံးထက်ထမ်းကာ လုံခြုံစိတ်ချသောနေရပ်သို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိသည်။

အနာဂတ်သို့ မျှော်မှန်းဦးတည်နေကြသည့် ကျွန်ုပ်တို့အားလုံးအတွက် အဖြေပင်ဖြစ်သည်။ “ငါလည်းသူ့လို ထာဝရတည်တံမည့် ပုဂ္ဂိုလ်ဖြစ်မှာလား၊ ငါလည်းသူနှင့်အတူ ထာဝရဘုန်းစည်းစိမ်ဝင်စားရမည့်သူပါလား” ဆိုသည့် မျော်လင့်ချက်များပြည့်ဝလာရသည်။ ထို့ကြောင့် ကိုယ်တော်နှင့်အဆက်အသွယ်ပြုရန် လိုအပ်ပါသည်။ သူလာ၍ အရင်ဦးစွာဆက်သွယ်ခြင်းကို လက်ခံရန်လိုပါသည်။ သူကသာလျှင် အစဉ်အမြဲဆက်သွယ်သူဖြစ်သည်ကို သတိရပါ။ ဤယုံကြည်ရာအချက်သည် ဆုတောင်းခြင်း၏ အခြေခံအုတ်မြစ်ပင် ဖြစ်တော့သည်။

catechism