Pathein Catholic Diocese Untitled Document
Untitled Document
၂။ သခင်ယေဇူး၏ ဆုတောင်းခြင်းကိုတွေ့ရှိကြခြင်း

(က) ဒဏ်ရာရှင်အား ဖူးမြင်ရခြင်း

သခင်ခရစ်တော်မှလူ့အဖြစ်ယူကာ ပါစကားနက်နဲရာများဖြင့် လူများနှင့်မည်ကဲ့သို့ မိတ်သဟာယဖွဲ့ကာ ပေါင်းစည်းခဲ့ပုံကို အထက်၌ ဖော်ပြထောက်ရှုခဲ့ပြီးဖြစ်ပါသည်။

ဆက်လက်၍ ဤကဲ့သို့လုပ်ဆောင်ခဲ့သည့်အချက်များကို ထပ်မံအတည်ပြုထောက်ပြဖို့ရန် အောက်ပါအချက်အချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါသည်။ တမန်တော်ကြီးများသည် သခင်ယေဇူးသည် မည်သူဖြစ်သည်ကို တွေ့ရှိခဲ့ကြရသည်။ ထိုတွေ့ရှိချက်များစွာထဲမှ ကိုယ်တော်၏ဆုတောင်းခြင်းသည် အခြေခံကျသောအချက်တစ်ချက်ပင်ဖြစ်သည်။ ထို့ကြောင့် သခင်ယေဇူး၏ဆုတောင်းခြင်းကို အနည်းငယ်လေ့လာကြပါမည်။

သခင်ယေဇူး၏ဆုတောင်းနေခြင်းကို တွေ့ရှိခွင့်ရခဲ့သည့် တပည့်တော်တို့၏အတွေ့အကြုံ သက်သေခံချက်များအပေါ်အခြေခံကာ ကိုယ်တော်၏ဆုတောင်းခြင်းကို လေ့လာကြမည်။

သခင်ယေဇူးဆုတောင်းနေခြင်းကို တွေ့လိုက်ရခြင်းသည် သူ၏အဖြစ်တော်ကို တွေ့ရှိလိုက်ရခြင်းဖြစ်သည်။ သူ၏အသက်တာကို တွေ့ရှိလိုက်ရခြင်းလည်းဖြစ်သည်။ ထို့အပြင် အနက်ရှိုင်းဆုံးသော သူ၏နက်နဲရာများကိုလည်းတွေ့လိုက်ရခြင်းဖြစ်သည်။

သူ့ကိုတွေ့ရှိလိုက်ရခြင်းသည် ကျွန်ုပ်တို့ကိုယ်ကို ပြန်လည်တွေ့ရှိရခြင်းလည်းဖြစ်သည်။ ကျွန်ုပ်တို့၏ဘဝသည် သူ၏ဘဝထဲတွင် ထည့်သွင်းထားခြင်းခံရသည့်အကြောင်းကို တွေ့ရှိလာရသည်။ ကျွန်ုပ်တို့ဘဝ၏ အဓိပ္ပာယ်ကိုလည်း တွေ့ရှိလိုက်ရခြင်းဖြစ်သည်။ သူ့နှင့်အစဉ်ထာဝရ အဆက်အသွယ်ပြုလျက်ရှိသော ခမည်းတော်ကိုပါ တွေ့ရှိလာခဲ့ကြရသည်။ သခင်ယေဇူး၏ဆုတောင်းမေတ္တာသည် ဆုတောင်းခြင်း၏ လှပသောနက်နဲရာအချက်များအားလုံးကို စုစည်းထားရာနေရာလည်းဖြစ်သည်။ ရဟန်းမင်းကြီးဘေနေဒစ် (၁၆)၏ ထောက်ရှုချက်များကို ဤနေရာ၌စုစည်းတင်ပြလိုက်ပါသည်။

catechism