Pathein Catholic Diocese Untitled Document
Untitled Document
လူဆိုသည်မှာ

၁။ ဆက်သွယ်လိုသော လူ့ဇာတိ

(က) အခြေခံတူညီချက်

လူသားမျိုးနွယ်စုတစ်ခုလုံး၌ အခြေခံကျသော တူညီချက်များစွာရှိပါသည်။ ၎င်းတို့အနက်မှ အချို့သောအချက်အနည်းငယ်ကို ထုတ်ယူကာ ထောက်ရှုစဉ်းစားကြပါစို့။ ဤအချက်များသည် ဝိညာဉ်နှင့်ကာယအသက်ရှင်မှုအတွက် မရှိမဖြစ်သိရှိထားရမည့် အချက်များပင်ဖြစ်ပါသည်။ ဤအချက်များသည် ကျန်ုပ်တို့ဘဝတစ်ခုလုံးကို အခြေခံကျကျနားလည်ရန်လည်း အထောက်အကူပြုမည်ဟု ယုံကြည်မိပါသည်။ မိမိဘဝကို ခိုင်မာသည့်အခြေခံအုတ်မြစ်တစ်ခုပေါ်၌ တည်ဆောက်လိုက်ခြင်းဟုလည်း ပြော၍ရပါသည်။ ဤအချက်များကို ရှေးဦးစွာယုံကြည်လက်ခံထားပါက ဘဝတစ်ခုလုံး မယိမ်းမယိုင် ကျောက်တိုင်ပမာ နေထိုင်အသက်ရှင်ကြမည်ဖြစ်ပါသည်။ လူ့အဖွဲ့အစည်းကိုလည်း အကျိုးပြုနိုင်မည်ဖြစ်ပါသည်။ 

(၁) အကန့်အသတ်များနှင့်လူသား

လူသားတစ်ဦးစီသည် တန်ဖိုးမဖြတ်နိုင်အောင် မြင့်မြတ်လှပေသည်။ ဘဝနေထိုင်မှုအဆင့်အတန်းနှင့်မသက်ဆိုင်ပါ။ "လူသားတစ်ဦးဖြစ်သည်" ဆိုသည့်အချက်သည်ပင် ၎င်းမြင့်မြတ်မှု၏ အခြေခံအကြောင်းတရားတစ်ခုဖြစ်ပါသည်။ 

မိမိအတွက်သော်လည်းကောင်း၊ တစ်ပါးသူအတွက်သော်လည်းကောာင်း အကျိုးပြုလိုသည့် စိတ်ဓာတ်အရင်းခံမှာ လူတို့၏အနက်ရှိုင်းဆုံးသောနေရာ၌ ဖျောက်ဖျက်မရနိုင်အောင် တည်ရှိနေပါသည်။ ဤသို့ပြုလုပ်လိုသည့် စိတ်ဓာတ်အရင်းခံမှာ လူတို့၏အနက်ရှိုင်းဆုံးသောနေရာ၌ ဖျောက်ဖျက်မရအောင် တည်ရှိနေပါသည်။ ဤသို့ပြုလုပ်လိုစိတ်သည် တစ်ခါတရံမှေးမှိန်သွားတတ်သော်လည်း လူတို့၏နှလုံးသား၌ ဖျောက်ဖျက်မရအောင် စွဲမြဲစွာတည်ရှိနေသည်ကို ယုံကြည်ကြရပေမည်။

လူသားတို့၏အဖွဲ့အစည်းအပေါ်အနစ်နစ်ခံ ကောင်းကျိုးပြုမှုများကိုလည်း သိမှတ်ဝန်ခံကာ ကျေးဇူးတင်ရမည်ဖြစ်သည်။ လူ၏ဂုဏ်သိက္ခာ၊ အဖွဲ့အစည်းကို အကျိုးပြုရန်အတွက် လူတို့၏တီထွင်ကြံဆမှုများနှင့် ကြိုးစားအောင်မြင်မှုများကို ကျေးဇူးတင်စွာဖြင့် အသိအမှတ်ပြုလက်ခံကြိုဆိုရမည် ဖြစ်ပါသည်။

လူသားတိုင်းသည် သူ့အစွမ်းအစနှင့်သူ ရှိကြသူများလည်း ဖြစ်ပါသည်။ လူသား၏မြင့်မြတ်မှု၊ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်နိုင်မှုများကို အသိအမှတ်ပြုရန် လိုအပ်ပါသည်။ တစ်ဖက်၌လည်း ၎င်း၏အကန့်အသတ်ရှိမှု၊ အားနည်းချက်၊ အပြစ်အနာအဆာများကိုလည်း အရှိကိုအရှိအတိုင်းလက်ခံရန် လွန်စွာအရေးကြီးသည်။

မြင့်မြတ်မှုကို အသိအမှတ်ပြုရန်လွယ်ကူသော်လည်း အကန့်အသတ်ရှိမှုကို လက်ခံရန်ခက်ခဲကြပါသည်။ လူအတော်တော်များက မိမိတို့၏အကန့်အသတ်ရှိမှုကို နည်းအမျိုးမျိုးဖြင့်ကျာ်လွှားရန် ကြိုစားကြသည်။ တစ်ချို့က လျစ်လျူရှုကြသည်။ တစ်ချို့သည် ဤအမှန်တရားကို ဝန်မခံလိုကြပေ။

နေ့စဉ်အသက်ရှင်နေထိုင်စဉ်မှာပင် ထိုအမှန်တရားကို မကြာခဏတွေ့ကြုံနေကြရသည်။ မိမိသည် အကန့်အသတ်ရှိသောသူတစ်ဦးအဖြစ် မကြာခဏတွေ့ကြုံရမည်ဖြစ်သည်။ လူဆိုသည်မှာ အကန့်အသတ်ရှိသည့် ပုဂ္ဂိုလ်တစ်ဦးပင်ဖြစ်ပါသည်။

ဆက်ရန်ရှိသေးသည်...

 

ဖာသာရ်ဖလောရင့်အောင်ကျော်ဦး ဘာသာပြန်ထုတ်ဝေထားတဲ့ "ဆုတောင်းခြင်း၊ မြတ်သောအယူဝါဒ" စာအုပ်စာမျက်နှာ ၃၆ မှ ၃၇ တို့မှ ကူးယူတင်ပေးခြင်းသာဖြစ်ပါသည်။

 

catechism