Pathein Catholic Diocese Untitled Document
Untitled Document
(၁) လူဆိုသည်မှာ မည်သို့သောသူ ဖြစ်သနည်း

ဤမေးခွန်းသည် သမိုင်းတစ်လျှောက်လုံးတွင် လူအများရှာဖွေခဲ့ကြသောမေးခွန်းဖြစ်သည်။ "ဘဝ၏အဓိပ္ပာယ်" ကို နည်းအမျိုးမျိုးဖြင့် အဖြေပေးခဲ့ကြသည်။ အပြည့်ဝအစုံအလင်ဆုံးသော လူသားကိုရှာဖွေကြရင်း လူ့ ဘဝ၏အဓိပ္ပာယ်ကိုဖွင့်ဆိုရန် ကြိုးစားခဲ့ကြသည်။ လက်ရှိမြင်တွေ့နေကြရသော လူသားများထက် အစစအရာရာသာလွန်၍ ပြီးပြည့်စုံသောလူသားသည် တစ်နေရာရာတွင် ရှိနိုင်ဦးမည်ဟု ယုံကြည်ခဲ့ကြပါသည်။

ယုံကြည်သူများအတွက် သမ္မာကျမ်းစာသည် ဤအဖြေကို တစ်ဆင့်တက်ရှာဖွေရန်အရင်းအဖြစ်တစ်ခုဖြစ်သည်။ အသင်းတော်သွန်သင်ထားသည့်အတိုင်း ဓမ္မဟောင်းနှင့်ဓမ္မသစ်ကျမ်းကို အတူတကွဖတ်ရှုရမည်ဖြစ်သည်။ မည်သည့်ကျမ်းကိုမျှ တစ််ဆင့်နိမ့်သည့်အဖြေအနေအဖြစ် မမှတ်ယူပါ။ ဓမ္မဟောင်း၏ အနက်ရှိုင်းဆုံးသော အဓိပ္ပာယ်ကို ဓမ္မသစ်၌သာ တွေ့ရှိနိုင်သောကြောင့်ဖြစ်ပါသည်။

ဓမ္မသစ်၌ ခရစ်တော်ကို ဒုတိယအာဒံအဖြစ် ရည်ညွှန်းထားသည်။ ဘုရား၏ ပုံသဏ္ဍာန်တော်အဖြစ်လည်း ရည်ညွန်းထားပါသည် (ပကော် ၁၅း ၄၄-၄၈၊ ကော်လော်သဲ ၁း ၁၅)။ အဓိပ္ပာယ်မှာ သူ၌သာလျှင် လူနှင့်ပတ်သက်သော မေးခွန်းများ၏ ပြည့်စုံသောအဖြစ်ကို တွေ့ရှိရသောကြောင့် ဖြစ်သည်။ လူသားပီသသောလူသားကို သူ၏လူ့အဖြစ်တော်၌ တွေ့ရသည်။ လူသားများ၏အမြင့်မြတ်ဆုံးသော အဖြစ်အခြေအနေကို သူ၌တွေ့ရသည်။

ပြည့်ဝစုံလင်သောလူသားကို ကြည့်လိုလျှင် "ငါ့" ကိုကြည့်ပါဟု ကျွန်ုပ်တို့ကိုယ်တိုင် မပြောဝံ့ပါ။ ချို့ယွင်းချို့တက်ချက်၊ အပြစ်နာဆာများဖြင့် တည်ရှိသောကြောင့်ဖြစ်ပါသည်။ ကိုယ်၊ စိတ်၊ ဝိညာဉ်တို့၌ တစ်ခုမဟုတ်တစ်ခု တည်ရှိလျက်ရှိပါသည်။ ရဟန္တာများသည်ပင် မိမိတို့ကိုယ်ကိုပြည့်စုံသူများအဖြစ်မည်သည့်အခါမျှ မခံယူခဲ့ကြပါ။ သူတို့၏ပြည့်ဝစုံလင်ခြင်းသို့ ရောက်ရှိလာရခြင်းမှာ မေတ္တာတော်နှင့် ကျေးဇူးတော်ကြောင့်သာဖြစ်သည်ဟု ဝန်ခံသူများသာ ဖြစ်ကြပါသည်။

catechism