Pathein Catholic Diocese Untitled Document
Untitled Document
၂၄ ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့အတွက် ဖတ်ရှုရမည့်ကျမ်းစာများ

ပထမကျမ်း

ထွက်မြောက်ရာကျမ်း ၃၂း ၇-၁၁၊ ၁၃-၁၄

ထာဝရဘုရားက၊ သင်သည် ဆင်းသွားလော့။ အဲဂုတ္တုပြည်မှ သင်နှုတ်ဆောင်ခဲ့သော သင်၏လူတို့သည် ဖောက်ပြန်ကြပြီ။

 ငါမှာထားသော လမ်းမှ အလျင်အမြန်လွှဲသွား၍၊ နွားသငယ်ရုပ်ကို သွန်းပြီးလျှင်၊ အိုဣသရေလ အမျိုး၊ ဤဘုရားသည် သင့်ကိုအဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော ဘုရားဖြစ်တော်မူ၏ဟု ဆိုလျက်၊ ရုပ်တုရှေ့မှာ ယဇ်ပူဇော်ကိုးကွယ်ကြပြီ ဟူ၍၎င်း၊

 ဤလူမျိုးကို ငါကြည့်မြင်ပြီ။ လည်ပင်းခိုင်မာသော အမျိုးဖြစ်၏။

သို့ ဖြစ်၍ ငါ့ကိုရှိစေတော့။ ငါသည် အမျက်ပြင်းစွာထွက်၍ သူတို့ကိုဖျက်ဆီးမည်။ သင့်ကိုကား ကြီးသော အမျိုးဖြစ်စေမည် ဟူ၍၎င်း၊ မောရှေအား မိန့်တော်မူ၏။

 မောရှေကလည်း၊ အို ထာဝရဘုရား၊ ကိုယ်တော်သည် မဟာတန်ခိုး အားကြီးသော လက်နှင့် အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော ကိုယ်တော်၏လူတို့ကို၊ အဘယ်ကြောင့် အမျက်ပြင်းစွာ ထွက် တော်မူသနည်း။

 ကိုယ်တော်က၊ သင်တို့အမျိုး အနွှယ်ကို ကောင်းကင်ကြယ်ကဲ့သို့ ငါများပြားစေမည်။ ငါပြောခဲ့သော ဤမြေရှိသမျှကို သင်တို့အမျိုးအနွှယ်အား ငါပေးသဖြင့်၊ သူတို့သည် အစဉ်အမြဲအမွေခံရကြ လိမ့်မည်ဟု ကိုယ်ကိုကိုယ်တိုင်တည်၍ ကျိန်ဆိုတော်မူသော စကားကို ခံခဲ့ပြီးသော ကိုယ်တော်၏ကျွန် အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့ကို အောက်မေ့တော်မူပါဟု မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တောင်းပန်လေ၏။

 ထာဝရဘုရားသည် မိမိလူတို့အား အပြစ်ပေးမည်အကြံကို နောင်တရတော်မူ၏။

ဆာလံကျမ်း

၅၁း ၃-၄, ၁၂-၁၃, ၁၇, ၁၉

အလိုက်- ကျွန်ုပ်သည် ထ ၍ ကျွန်ုပ်၏ ၏ အဖထံ သို့ သွားပါမည်။

၃ အကျွန်ုပ် သည် အကျွန်ုပ် ၏ ပြစ်မှား ကျူးလွန် မှု များ ကို သိမှတ်ဝန်ခံပါ ၏။ အကျွန်ုပ် ၏ အပြစ် သည် အကျွန်ုပ် ၏ ရှေ့မှောက် တွင် အမြဲရှိပါ ၏။

၄ အကျွန်ုပ် သည် ကိုယ်တော့်ကိုပြစ်မှားမိပါ ၏။ ကိုယ်တော် ကိုသာပြစ်မှားမိခြင်း ဖြစ်ပါ ၏။ ကိုယ်တော် ၏ ရှေ့တော်မှောက် တွင် ဒုစရိုက် အမှုကို အကျွန်ုပ် ပြုမိပါပြီ။ သို့ ဖြစ် ၍ ကိုယ်တော် သည် အကျွန်ုပ် အား တရား စီရင် တော်မူ သည် မှာ လျော်ကန်သင့်မြတ်ပါ ၏။ အကျွန်ုပ် အားဒဏ်ခတ် တော်မူ သည် မှာလည်း အပြစ် ဆိုဖွယ်မရှိပါ။

၁၂ ကိုယ်တော် ၏ ကယ်တင် တော်မူ ခြင်း ကျေးဇူး တော်ကြောင့် ခံစား ရ သည့် ရွှင်လန်း ခြင်း ကို အကျွန်ုပ် အား ပြန်လည် ပေးသနား တော်မူ ပါ။ စေတနာထက်သန်

၁၃ ထိုအခါ အကျွန်ုပ် သည် အပြစ် ကျူးလွန် သူတို့အား ကိုယ်တော် ၏ တရားလမ်း တို့ ကို သင်ကြားပေးပါမည်။ အပြစ် သားတို့ သည် လည်း ကိုယ်တော့်အထံတော် သို့ ပြန်လာကြပါ လိမ့်မည်။

၁၇ ဘုရားသခင် နှစ်သက် တော်မူ သောယဇ် သည် ကား ကြေကွဲသောစိတ်ပေတည်း။ အို ဘုရားသခင် ၊ ကိုယ်တော် သည် ကြေကွဲ ၍ နောင်တရသောစိတ်နှလုံးကို ပစ်ပယ် တော်မူ လိမ့်မည် မဟုတ် ပါ။

၁၉ ထိုအခါ ကိုယ်တော် သည် စစ်မှန်သောယဇ်၊ မီးရှို့ပူဇော်ရာယဇ် များ နှင့် တစ်ကိုယ်လုံးမီးရှို့ပူဇော်သောယဇ် များ ကို နှစ်သက် တော်မူ ပေ လိမ့်မည်။ ထို့နောက် နွားလား များ ကို ယဇ်ပလ္လင်ပေါ် တွင် ပူဇော်ကြပေ လိမ့်မည်။

ဒုတိယကျမ်း

တီမောသီပထမစာစောင် ၁း ၁၂-၁၇

၁၂ ဤအမှုအရာ အတွက် ငါ့အား ခွန်အား ပေး တော်မူ သော ငါတို့ ၏ သခင် ယေဇူး ခရစ်တော် ကို ကျေးဇူး တင် ချီးမွမ်း ပါ ၏။ အဘယ်ကြောင့် ဆိုသော် ကိုယ်တော် သည် ငါ့အားမိမိ ၏ အမှုတော်ကိုဆောင်ရွက် ရန် ခန့်အပ်ထား ခြင်း ဖြင့် ငါ သည် သစ္စာရှိသူဖြစ်ကြောင်း သတ်မှတ် တော်မူ လေပြီ။

၁၃ ငါ သည် ယခင်က ကိုယ်တော့်ကို ထိခိုက်ပြောဆိုခဲ့ ၍ ညှဉ်းပန်းနှိပ်စက်ကာ မထီမဲ့မြင်ပြုခဲ့ သော်လည်း ကိုယ်တော် သည် ငါ့ကို ဤ သို့ သတ်မှတ်ခဲ့လေပြီ။ မည် သို့ ပင် ဖြစ်စေ ငါ သည် သနားကရုဏာတော်ကို ခံစား ခဲ့ရ ၏။ အဘယ်ကြောင့် ဆိုသော် ငါ သည် ယုံကြည် ခြင်း ကင်းမဲ့ လျက် မသိနားမလည် ဘဲ ထိုကဲ့ သို့ ပြုမူခဲ့ ခြင်း ဖြစ် သောကြောင့် တည်း။

၁၄ ငါတို့ သခင်ဘုရား ၏ ကျေးဇူး တော် သည် ခရစ်တော် ယေဇူး ၌ ရှိသော ယုံကြည် ခြင်း နှင့် ချစ် ခြင်း မေတ္တာတို့ နှင့် အတူ ငါ့ အတွက် ပြည့်လျှံခဲ့လေပြီ။

၁၅ ခရစ်တော် ယေဇူး သည် အပြစ် ရှိ သော သူ တို့ ကို ကယ်တင် ရန် ဤလောက သို့ ဆင်းကြွလာ တော်မူ ခဲ့ သည် ဟူသော စကား သည် မှန်ကန် ၍ အ ပြည့်အဝလက်ခံထိုက်ပေ ၏။ အကြောင်း မူကား ငါ သည် အပြစ် ရှိသူတို့ တွင် ပထမဦး ဆုံးပင်ဖြစ် ၏။

၁၆ သို့ သော် ထာဝရ အသက်ကိုရရှိ ရန် အလို့ငှာ ကိုယ်တော် ၌ ယုံကြည်လာ မည့်သူ တို့ အတွက် စံနမူနာ ဖြစ်စေ ရန် ယေဇူး ခရစ်တော် သည် အပြစ် ရှိသူတို့ တွင် ပထမဦး ဆုံးဖြစ်သောငါ ၌ ပြည့်စုံသော သည်းခံ ခြင်း ကို ပြသ တော်မူ လို သောကြောင့် ငါ သည် သနားကရုဏာတော်ကို ခံစား ရ ခြင်း ဖြစ် ၏။

၁၇ ခေတ်ကာလ အပေါင်းတို့ ၏ ဘုရင်၊ ပျက်စီးပြောင်းလဲ ခြင်း နှင့် ကင်းသော၊ မျက်စိ ဖြင့် မမြင်နိုင်သော၊ တစ်ဆူတည်းသော ဘုရားသခင် အား ကာလအဆက်ဆက် ဘုန်းတော်ဂုဏ်တော်ရှိ တော်မူ ပါစေသော်။ အာမင်။

အာလေလုယာ

ဆိုလို သည် မှာ ဘုရားသခင် သည် ခရစ်တော် အား ဖြင့် လောကီသားတို့အား မိမိနှင့် ပြန်လည် ကျေအေးသင့်မြတ်စေ ၍ လူသားတို့အချင်းချင်း ကျူးလွန် ခဲ့သော အပြစ် ဒုစရိုက် များ ကိုမှတ်ထား ခြင်း မရှိ ဘဲ ပြန်လည် ကျေအေးသင့်မြတ်စေ သည့် သတင်းကို ဟောပြော ရန် ငါတို့ အား တာဝန်အပ်နှင်း တော်မူ ၏။ အာလေလုယာ

ဧဝံဂေလိတရားဒေသနာတော်

လုကား ၁၅း ၁-၁၀

၁၅၁ ထိုအချိန် တွင် အခွန်ခံသူတို့ နှင့် အပြစ် ရှိသူတို့ သည် ကိုယ်တော် ၏ တရားတော်ကို ကြားနာ ရန် အထံတော် သို့ ချဉ်းကပ်လာကြ ၏။

၂ ထိုအခါ ဖာရီဇေးဦးတို့ နှင့် ကျမ်းတတ်ဆရာ တို့က ဤသူ သည် အပြစ် ရှိ သော သူ တို့ ကို လက်ခံ ၍ သူတို့ နှင့် အတူစားသောက်ပါ သည် တကားဟု ပြစ်တင်ပြောဆိုကြ ၏။

၃ ကိုယ်တော် က လည်း သူတို့အား ဤပုံဥပမာကိုမိန့် တော်မူ ၏။

၄ သင်တို့ တွင် မည်သူ သည် သိုးအကောင်တစ်ရာရှိ ၍ ၎င်းတို့ထဲမှသိုးတစ်ကောင် ပျောက်ဆုံးသွား လျှင် ကိုးဆယ့်ကိုးကောင်ကို တော ၌ ထားခဲ့ပြီးမှ ပျောက်သောသိုးတစ်ကောင်ကို တွေ့ သည့် တိုင်အောင် သွား ၍ မရှာ ဘဲ နေမည်နည်း။

၅ သူ သည် ထိုသိုးကိုတွေ့ သော အခါ ဝမ်းမြောက် ဝမ်းသာ ဖြင့် ၎င်းကိုပခုံးထက် တွင် တင်လေ ၏။

၆ ထို့နောက် သူ သည် အိမ် သို့ ပြန်ရောက် လျှင် မိတ်ဆွေ များ နှင့် အိမ်နီးချင်း များ ကို ခေါ် ၍ ငါ နှင့် အတူ ဝမ်းမြောက် ကြလော့။ အကြောင်း မူကား ပျောက်သောသိုးကို ငါပြန်တွေ့ပြီဟု သူတို့အား ဆို လိမ့်မည်။

၇ ထိုနည်းတူသင်တို့အား ငါဆို သည် ကား နောင်တရ ရန် မလိုအပ်သော ဖြောင့်မတ် သူကိုးဆယ်ကိုးယောက်တို့ထက် နောင်တရလာသော အပြစ် သား တစ်ယောက် အတွက် ကြောင့် ကောင်းကင် ဘုံ ၌ ပို ၍ ဝမ်းမြောက် ခြင်း ရှိ လိမ့်မည်။

၈ တစ်နည်းဆိုရသော် မည် သည့် အမျိုးသမီး သည် ငွေဒင်္ဂါးဆယ်ပြားရှိ ၍ တစ်ပြားပျောက်သွား လျှင် ဆီမီးခွက်ကိုထွန်းပြီး အိမ်ကိုလှည်းကျင်း လျက် ထိုဒင်္ဂါးကို ပြန်မတွေ့မချင်း လုံ့လဝီရိယ ဖြင့် လိုက်မရှာ ဘဲ နေမည်နည်း။

၉ သူမ သည် ထိုငွေဒင်္ဂါးကိုတွေ့ သော အခါ သူ ၏ မိတ်ဆွေ များ နှင့် အိမ်နီးချင်း များ ကို ခေါ် ပြီးမှ ငါ နှင့် အတူ ဝမ်းမြောက် ကြလော့။ အကြောင်း မူကား ပျောက်သွားသောငွေဒင်္ဂါးကို ငါပြန်တွေ့ပြီဟုဆို လိမ့်မည်။

၁၀ ထိုနည်းတူသင်တို့အား ငါဆို သည် ကား ဘုရားသခင် ၏ ကောင်းကင် တမန်တော်တို့ သည် နောင်တရသော အပြစ် သား တစ်ယောက် အတွက် ရွှင်လန်း ဝမ်းမြောက် ကြ လိမ့်မည်ဟု မိန့် တော်မူ ၏။

scriptures