Pathein Catholic Diocese Untitled Document
Untitled Document
၃၀ ကြိမ်မြောက်တနင်္ဂနွေနေ့အတွက်ဖတ်ရှုရမည့်ကျမ်းချက်များ

ပထမကျမ်း

ဆီရပ်ခ် ၃၅း ၁၂-၁၄, ၁၆-၁၈

၁၂ သို့ သော် ကိုယ်တော်အား တံစိုး၊ လက်ဆောင် များ ထိုးမ ပေးလေနှင့်။ ကိုယ်တော် သည် လက်ခံ တော်မူ မည် မ ဟုတ်။ မရိုးသား မဖြောင့်မှန်သော ပူဇော် သက္ကာ များ ဆက်ကပ်ခြင်း အပေါ်မှာ အားမထားလေနှင့်။ အ ကြောင်းမူကားကိုယ်တော် သည် တရားမျှတ တော်မူ သော ဘုရား ဖြစ် တော်မူ ၏။ ကိုယ်တော် သည် မျက်နှာ လိုက်ခြင်း မရှိ။

၁၃ ဖိနှိပ်ခံရ သော သူ တို့ ၏ ဆုတောင်းသံကို နားညောင်း တော်မူ သော ကိုယ်တော် သည် ဆင်းရဲသား တို့ ကို လျစ် လျူရှုထား လိမ့်မည်မဟုတ်။

၁၄ မိဘမဲ့ တို့ ၏ ငိုကြွေးသံနှင့် မုဆိုးမ ၏ မကျေနပ်ချက် များ တင်ပြသော အသံ များ ကို မကြား ဘဲ နေမည်မဟုတ်။

၁၆ ဘုရားသခင်ကို စိတ်ရော ကိုယ်ပါ အစေခံ သော သူ သည် မျက်နှာရ ၏။ သူ ၏ ဆုတောင်းသံ သည်လည်း ကောင်းကင် သို့ ရောက် ၏။

၁၇ နှိမ့်ချ သော သူ ၏ ဆုတောင်း သံသည် တိမ် များ ကို ထိုးဖောက် ၍ ရည်မှန်းချက်ပန်း တိုင် သို့ မရောက်မချင်း ရပ်နား လိမ့်မည်မဟုတ်။

ဆာလံကျမ်း

၄၃း ၂-၃၊ ၁၇-၁၈၊ ၁၉

အလိုက်-ဆင်းရဲ သော သူ အော်ဟစ်သံ ထာဝရ ဘုရားသခင် သည် သူ့ ကို နားညောင်းတော်မူ ၏။

၂ ငါ ၏ ဝိညာဉ် သည် ထာဝရ ဘုရားသခင် ၌ ဂုဏ်ယူဝံ့ကြွားပါမည်။ စိတ်နှိမ့်ချ သော သူ တို့ သည် ကြားသိ ၍ ဝမ်းမြောက် ကြပါစေ။ ၃ ငါ နှင့် အတူ ထာဝရ ဘုရားသခင် အားဂုဏ်ပြု ချီးမွမ်း ကြလော့။ ကိုယ်တော် ၏ နာမတော်ကို အတူတကွချီးမြှောက်ကြကုန်စို့။

၁၇ ဖြောင့်မတ် သော သူ တို့ သည် ထာဝရ ဘုရားသခင် ထံအော်ဟစ် တောင်းလျှောက် သော အခါ ကိုယ်တော် သည် သူ တို့ ကို နားညောင်း တော်မူ ၍ သူတို့အား ဆင်းရဲဒုက္ခ အပေါင်းတို့ မှ ကယ်ဆယ် တော်မူ ၏။ ၁၈ ထာဝရ ဘုရားသခင် သည် စိတ်နှလုံးကြေကွဲ သော သူ တို့ ၏ အနီး တွင် ရှိ တော်မူ ၍ စိတ်နှလုံးကျိုးပဲ့ကြွေမွ သော သူ တို့ ကို ကယ်တင် တော်မူ ၏။

၁၉ ဖြောင့်မတ် သော သူ တို့ခံထမ်းရသော ညှဉ်းပန်းနှိပ်စက်မှု များ သည် များ ပြား သော်လည်း ထာဝရ ဘုရားသခင် သည် ခပ်သိမ်းသောဆင်းရဲဒုက္ခတို့မှ သူ တို့ ကို ကယ်နုတ် တော်မူ ၏။

ဒုတိယကျမ်း

ဒုတီမောသီ ၄း ၆-၈, ၁၆-၁၈

၆ အကြောင်း မူကား ငါ သည် မိမိအသက်ကို စွန့်လွှတ်ရမည့်အချိန် သို့ ရောက်လေပြီ။ ဤလောကမှ ငါထွက်ခွာရမည့်အချိန်ရောက်လာလေပြီ။

၇ ငါ သည် စစ်ပွဲကိုကောင်းစွာတိုက်ခဲ့ ၏။ ငါ သည် ပြေးပွဲကိုပြီးအောင်ယှဉ်ပြိုင်ခဲ့ ၏။ ငါ သည် ယုံကြည် ခြင်း ကို ထိန်းသိမ်း ခဲ့ ၏။

၈ ယခုအခါ တွင် ဖြောင့်မတ် ခြင်း သရဖူ သည် ငါ့ အတွက် အသင့်ရှိနေလေပြီ။ ဖြောင့်မတ် သောတရားသူကြီးဖြစ် သည့် သခင်ဘုရား သည် နောက်ဆုံးသောနေ့ ၌ ထိုသရဖူကို ငါ့အားပေး တော်မူ လိမ့်မည်။ ကိုယ်တော် သည် ငါ့ကိုသာမက မိမိ ၏ ကြွလာ တော်မူ ခြင်း ကို မျှော်လင့်တောင့်တနေသူ အပေါင်းတို့ အားလည်း ထိုသရဖူကို ပေး တော်မူ လိမ့်မည်။

၁၆ ငါ ၏ အမှု အတွက် ပထမအကြိမ်ခုခံချေပ သော အခါ ငါ့ဘက် ၌ မည်သူမျှမရှိကြချေ။ အားလုံး သောလူတို့ သည် ငါ့ကိုစွန့်ခွာသွားခဲ့ကြ ၏။ ထိုသူတို့ သည် အပြစ် စီရင် ခြင်း မခံကြရပါစေ နှင့်။

၁၇ သို့ သော် သခင်ဘုရား သည် ငါ့ ၌ ရှိ တော်မူ ၍ လူမျိုးခြား အပေါင်းတို့ သည် နှုတ်တော်ထွက်စကားကို ကြားနိုင်မည့် အကြောင်း ၎င်းကိုအ ပြည့်အစုံဟောပြော ရန် ငါ့အား ခွန်အား ပေး တော်မူ ၏။ ဤ သို့ ဖြင့် ငါ သည် ခြင်္သေ့ခံ တွင်းမှကယ်နုတ် ခြင်း ခံခဲ့ရ ၏။

၁၈ သခင်ဘုရား သည် ငါ့ကို ဘေးအန္တရာယ် အပေါင်းတို့ မှ ကယ်နုတ်ပြီး လျှင် မိမိ ၏ ကောင်းကင် နိုင်ငံ သို့ ဘေးကင်းလုံခြုံစွာ ပို့ဆောင် တော်မူ လိမ့်မည်။ ကိုယ်တော် အား ကာလအဆက်ဆက်ဘုန်းတော်ဂုဏ်တော်ရှိပါစေသော်။ အာမင်။

အာလေလုယာ

ဆိုလို သည် မှာ ဘုရားသခင် သည် ခရစ်တော် အား ဖြင့် လောကီသားတို့အား မိမိနှင့် ပြန်လည် ကျေအေးသင့်မြတ်စေ ၍ လူသားတို့အချင်းချင်း ကျူးလွန် ခဲ့သော အပြစ် ဒုစရိုက် များ ကိုမှတ်ထား ခြင်း မရှိ ဘဲ ပြန်လည် ကျေအေးသင့်မြတ်စေ သည့် သတင်းကို ဟောပြော ရန် ငါတို့ အား တာဝန်အပ်နှင်း တော်မူ ၏။ အာလေလုယာ

ဧဝံဂေလိကျမ်း

လုကာ ၁၈း၉-၁၄

၉ မိမိကိုယ်ကို ဖြောင့်မတ် သော သူ ဟု ခံယူ လျက် သူတစ်ပါး တို့ ကို ပြစ်တင်ကဲ့ရဲ့တတ်သူအချို့တို့အား ကိုယ်တော် သည် ဤပုံဥပမာကို မိန့် တော်မူ ၏။

၁၀ လူနှစ်ယောက် သည် ဆုတောင်းပတ္တနာပြု ရန် ဗိမာန်တော် သို့ သွားကြ ၏။ တစ်ယောက် သည် ဖာရီဇေးဦးဖြစ် ၍ အခြား တစ်ယောက် သည် အခွန်ခံသူဖြစ် ၏။

၁၁ ဖာရီဇေးဦး သည် မတ်တတ်ရပ် လျက် မိမိစိတ်ထဲ ၌ ဤ သို့ ဆုတောင်းလေ ၏။ အို ဘုရားသခင် ၊ အကျွန်ုပ် သည် အခြားသူ များ ကဲ့ သို့ လုယက် သော သူ ၊ မတရား သော သူ ၊ သူတစ်ပါး ၏ မယားကို ပြစ်မှား သော သူ မဟုတ် သည့် အပြင် ဤအခွန်ခံသူကဲ့ သို့ လည်း မဟုတ် သောကြောင့် ကိုယ်တော် ၏ ကျေးဇူး တော်ကို ချီးမွမ်း ပါ ၏။

၁၂ အကျွန်ုပ် သည် တစ်ပတ် တွင် နှစ်ကြိမ် အစာရှောင် ပါ ၏။ အကျွန်ုပ် ရရှိသမျှဥစ္စာပစ္စည်းတို့မှ ဆယ်ဖို့တစ်ဖို့ကို လှူဒါန်းပါ ၏ ဟူ ၍ ဆုတောင်းလေ ၏။

၁၃ အခွန်ခံသူမူကား အဝေး ၌ ရပ်နေ လျက် ကောင်းကင် သို့ ပင်မော်မကြည့်ဝံ့ ဘဲ မိမိ ၏ ရင်ဘတ်ကိုပုတ်ကာ အို ဘုရားသခင် ၊ အပြစ် ရှိသူ အကျွန်ုပ် ကို သနား တော်မူ ပါဟု ဆုတောင်းလေ ၏။

၁၄ သင်တို့အား ငါဆို သည် ကား ဤသူ သည် အခြားသူ တစ်ယောက် ထက် ဖြောင့်မတ် သန့်ရှင်း ခွင့်ကို ပို ၍ ခံရ လျက် အိမ် သို့ ပြန်သွားရ ၏။ မိမိကိုယ်ကို ချီးမြှောက် သော သူ သည် နှိမ့်ချ ခြင်း ခံရ လိမ့်မည်။ မိမိကိုယ်ကို နှိမ့်ချ သော သူ မူကား ချီးမြှောက် ခြင်း ခံရ လိမ့်မည်ဟု မိန့် တော်မူ ၏။

scriptures