Pathein Catholic Diocese Untitled Document
Untitled Document
အာဒ်ဝင်တူး ပထမတနင်္ဂနွေနေ့အတွက် ဖတ်ရှုရမည့်ကျမ်းစာများ

ပထမကျမ်း

ဟေရှာယ ၂း၁-၅

ယုဒပြည်နှင့် ယေရုရှလင်မြို့ကို ရည်ဆောင်၍၊ အာမုတ်၏သား ဟေရှာယခံရသော ဗျာဒိတ်တော်အချက် ဟုမူကား။ (Isa 2:1)

 နောက်ဆုံးသော ကာလ၌ ထာဝရဘုရား၏ အိမ်တော်တည်သော တောင်သည် တောင်ကြီးတောင်ငယ် တို့၏ ထိပ်ပေါ်မှာမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်းသော လူမျိုးတို့သည် ထိုတောင်သို့စည်းဝေးကြလိမ့်မည်။ (Isa 2:2)

 များပြားသော သူတို့ကလည်း၊ လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရားသခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည်ခြေတော်ရာသို့ လိုက်သွားကြမည် ဟု ခရီးသွားလျက် ပြောဆိုကြလိမ့်မည်။ တရားတော်သည် ဇိအုန်တောင်မှင်း၊ ထာဝရဘုရား၏ နှုတ် ကပတ်တော်သည် ယေရုရှလင်မြို့မှင်း ပေါ်ထွက်လိမ့်မည်။ (Isa 2:3)

 ထာဝရဘုရားသည် လူမျိုးတို့တွင် တရားစီရင်၍၊ များပြားသော လူတို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ထားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှါ၎င်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှါ၎င်း ထုလုပ်ကြလိမ့်မည်။ တပြည်ကို တပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တဖန်မသင်ရ ကြ။ (Isa 2:4)

 အိုယာကုပ်အမျိုးသားတို့၊ လာကြလော့။ ထာဝရဘုရား၏ အလင်းတော်၌ ကျင်လည်ကြကုန်အံ့။ (Isa 2:5)

ဆာလံကျမ်း

၁၂၂း ၁-၂, ၃-၄, ၄-၅, ၆-၇, ၈-၉

အလိုက်- ထာဝရ ဘုရားသခင် ၏ အိမ်တော် သို့ ရွှင်လန်း ဝမ်းမြောက်ခြင်းဖြင့် သွားကြစို့။

ထာဝရ ဘုရားသခင် ၏ အိမ်တော် သို့ သွားကြစို့ဟူ ၍ ငါ့ကိုသူတို့ပြောကြားကြ သော အခါ ငါ သည် ရွှင်လန်း ဝမ်းမြောက် ပါ ၏။ အိုဂျေရုဆလင်၊ ငါတို့ ၏ ခြေ များ သည် သင် ၏ တံခါး များ အ တွင်း ၌ ရပ် လျက် ရှိနေကြပါ ၏။

ဂျေရုဆလင်မြို့ သည် စုစည်းကျစ်လစ်စွာ တည်ဆောက် ထား သော မြို့ဖြစ် ၏။ထိုအရပ် သို့ ထာဝရ ဘုရားသခင် ၏ လူမျိုးစု များ ဖြစ် သည့် လူမျိုးစုတို့တက်ရောက်ကြ ၏။ အစ္စရာအဲလ်လူမျိုးတို့အား ချမှတ်ပေးထား သည့် ဥပဒေ နှင့် အညီ သူတို့ သည် ထိုအရပ် တွင် ထာဝရ ဘုရားသခင် ၏ နာမတော်ကို ချီးမွမ်း ထောမနာပြုကြပါ ၏။

ထိုအရပ် သို့ ထာဝရ ဘုရားသခင် ၏ လူမျိုးစု များ ဖြစ် သည့် လူမျိုးစုတို့တက်ရောက်ကြ ၏။ အစ္စရာအဲလ်လူမျိုးတို့အား ချမှတ်ပေးထား သည့် ဥပဒေ နှင့် အညီ သူတို့ သည် ထိုအရပ် တွင် ထာဝရ ဘုရားသခင် ၏ နာမတော်ကို ချီးမွမ်း ထောမနာပြုကြပါ ၏။ ဤနေရာ သည် ကား ဒါဝိဒ်မျိုးဆက် ၏ ရာဇပလ္လင် များ ဖြစ်ကြ သည့် တရား စီရင် ရာပလ္လင် များ ရှိကြ ၏။

ဂျေရုဆလင်မြို့ ၏ ငြိမ်းချမ်းသာယာ ခြင်း အတွက် ဆုတောင်းပတ္ထနာပြု ကြလော့။ သင့်ကိုချစ်မြတ်နိုးသူတို့ သည် ချမ်းသာကြွယ်ဝကြပါစေ။ သင် ၏ မြို့ရိုး များ အ တွင်း ၌ ငြိမ်းချမ်းသာယာ ခြင်း ရှိပါစေ။ သင် ၏ ခံတပ် များ ဝန်းကျင် ၌ လုံခြုံမှုရှိပါစေ။

ငါ ၏ ညီအစ်ကို များ နှင့် မိတ်ဆွေအပေါင်းအသင်း တို့ ကို ထောက်ထား ၍ သင် ၌ ငြိမ်းချမ်းသာယာ ခြင်း ရှိပါစေဟု ငါဆိုမည်။ ငါတို့ အရှင် ထာဝရ ဘုရားသခင် ၏ အိမ်တော်ကို ထောက်ထား ၍ သင် ၏ ကောင်းကျိုး ကိုငါရှာမည်။

‌ဒုတိယကျမ်း

ရောမ ၁၃း ၁၁-၁၄

၁၁ ကြည့်လော့၊ သခင်ဘုရား ၏ လက်တော် သည် သင့်အပေါ် ၌ ကျရောက်ပြီဖြစ် ၍ သင် သည် မျက်စိကွယ် လျက် ကာလအတန်ကြာအောင် နေကိုမမြင်ရ ဘဲ ရှိ လိမ့်မည်ဟု သူ့အား ဆိုလေ ၏။ ထိုခဏချင်း တွင် ပင် မြူခိုး များ နှင့် မှောင်မိုက် ခြင်း သည် သူ့အပေါ် သို့ သက်ရောက်သ ဖြင့် သူ သည် မိမိအားလက်တွဲ ခေါ် မည့်သူ များ ကို ရှာ ၍ သွားလာရလေ ၏။

၁၂ ဘုရင်ခံ သည် လည်း ဖြစ်ပျက်သမျှကို မြင်ရ သော အခါ ယုံကြည်လေ ၏။ အကြောင်း မူကား သူ သည် သခင်ဘုရား ၏ သွန်သင်ချက် ၌ အလွန်အံ့ဩကြ သောကြောင့် ဖြစ် ၏။

၁၃ ထိုအခါပေါလု နှင့် သူ ၏ အဖော် များ သည် ပါဖို့မြို့မှ ရွက်လွှင့်ထွက်ခွာခဲ့ကြရာ ပမ်ဖိလိယ ပြည် ၊ ပေဂါမြို့ သို့ ဆိုက်ရောက်လာကြ ၏။ ထိုအခါယောဟန် သည် သူ တို့ ကို ထားခဲ့ ၍ ဂျေရုဆလင်မြို့ သို့ ပြန်သွားလေ ၏။

၁၄ သူတို့မူကား ပေဂါမြို့ကိုဖြတ်သန်း ၍ ဆက်လက်ထွက်ခွာကြရာ ပီစီဒိယ ပြည် ၊ အန္တီယော့မြို့ သို့ ရောက်ကြ ၏။ ထို့နောက် သူတို့ သည် ဥပုသ်နေ့ ၌ တရားဇရပ် တွင် ဝင် ၍ ထိုင်ကြလေ ၏။

အာလေလုယား

အို ထာဝရ ဘုရားသခင် ၊ ကိုယ်တော် ၏ ခိုင်မြဲသောမေတ္တာတော်ကို အကျွန်ုပ် တို့အား ပြသ ၍ ကိုယ်တော် ၏ ကယ်တင် ခြင်း ကို အကျွန်ုပ် တို့အား ပေးသနား တော်မူ ပါ။ အာလေလုယာ

ဧဝံဂေလိကျမ်း

မာတေဦး ၂၄း ၃၇-၄၄

၃၇ လူသား ၏ ကြွလာ တော်မူ ခြင်း သည် နောဧလက်ထက်ကကဲ့ သို့ ပင်ဖြစ် လိမ့်မည်။

၃၈ အကြောင်း မူကား ရေမလွှမ်းမိုးမီကာလ ၌ နောဧ သည် သင်္ဘောအ တွင်း သို့ ဝင် သည့် နေ့ရက် တိုင်အောင် လူတို့ သည် စားသောက်ကြ လျက် ထိမ်းမြားပေးစား လျက် ရှိနေခဲ့ကြ ၏။

၃၉ ရေလွှမ်းမိုး ခြင်း ရောက်လာ ၍ သူတို့ အားလုံး ကို သုတ်သင်ဖယ်ရှား သည့် တိုင်အောင် ထိုသူတို့ သည် သတိမမူ ဘဲ နေခဲ့ကြသကဲ့ သို့ လူသား ၏ ကြွလာ တော်မူ ခြင်း သည် လည်း ထို သို့ ဖြစ် လိမ့်မည်။

၄၀ ထိုအခါ လယ်ထဲ တွင် ရှိသောလူနှစ်ယောက်တို့အနက် တစ်ယောက် သည် ခေါ် ဆောင် သွား ခြင်း ခံရ ၍ တစ်ယောက် မှာ ကျန်ရစ် လိမ့်မည်။

၄၁ ကြိတ်ဆုံကြိတ် လျက် ရှိသော အမျိုးသမီးနှစ်ယောက်အနက် တစ်ယောက် သည် ခေါ် ဆောင် သွား ခြင်း ခံရ ၍ တစ်ယောက် မှာမူ ကျန်ရစ် လိမ့်မည်။

၄၂ ထို့ကြောင့်သတိ နှင့် စောင့်နေ ကြလော့။ အကြောင်း မူကား သင်တို့ ၏ သခင်ဘုရားကြွလာ တော်မူ မည့်အချိန်ကို သင်တို့မသိကြ။

၄၃ သူခိုးလာမည့်အချိန်နာရီကို အိမ်ရှင်သိပါ လျှင် မိမိအိမ်ကိုမဖောက်ထွင်းစေ ရန် ဧကန်မုချစောင့်နေမည်ဖြစ်ကြောင်းကိုမူ သင်တို့သိမှတ် ကြလော့။

၄၄ ထို့ကြောင့် သင်တို့ သည် လည်း အသင့်ရှိ ကြလော့။ အကြောင်း မူကား သင်တို့မမျှော်လင့်သောအချိန်နာရီ ၌ လူသား သည် ကြွလာ လိမ့်မည်။

scriptures