Pathein Catholic Diocese Untitled Document
Untitled Document
၂၂ ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့အတွက်ဖတ်ရှုရမည့်ကျမ်းစာများ

ပထမကျမ်း

ဆီရပ်ခ် ၃း ၁၇-၁၈, ၂၀, ၂၈-၂၉

၁၇ ငါ့သား သင် ၏ အ ပြု အမူ တို့ ကို နှိမ့်ချစွာ ပြု မူဆောင် ရွက်လော့၊ ပေးကမ်း စွန့်ကြဲသော အလှူရှင် ထက်ပို ၍ သင့်ကို ချစ်မြတ်နိုး ကြ လိမ့်မည်။

၁၈ သင်သည်ပို ၍ ကြီး မြတ်လေ ပို ၍ နှိမ့်ချရန် လိုအပ် လေဖြစ်သည်။ သို့ မှ သာ ဘုရားသခင် ၏ ရှေ့မှာ သင်သည် မျက်နှာ ရလိမ့် မည်။

၂၀ အကြောင်း မူကား ကိုယ်တော် ၏ ဘုန်းတန်ခိုး တော်သည် အလွန်ကြီးမား ၍ နှိမ့်ချသော သူ များ သည် သာ ကိုယ်တော်ကို ဂုဏ် ပြု ကြ ၏။

၂၈ မောက်မာ ထောင်လွှား သော သူ ၌ စွဲကပ် သော ရောဂါဝေဒနာ ကို ကုသရန် ဆေးမရှိပေ၊ သူ ၌ မကောင်းမှု သည် အမြစ် တွယ် လျက် ရှိ သောကြောင့် ဖြစ် ၏။

၂၉ ပညာရှိ သူသည် စကားပုံ တို့ ကို ဆင်ခြင် သုံးသပ် ၍ ဂရုတစိုက် နားထောင်ခြင်း သည် ပညာရှိ ၏ လိုအင် ဆန္ဒပင် ဖြစ် ၏။

ဆာလံကျမ်း

၆၈း ၄-၅, ၆-၇, ၁၀-၁၁

အလိုက်- အို ဘုရားသခင် ၊ ကိုယ်တော် သည် ဆင်းရဲသောသူတို့အား ကိုယ်တော် ၏ ကောင်းမြတ် တော်မူ ခြင်း ဖြင့် ကြည့်ရှုစောင့်ရှောက် တော်မူ ခဲ့ ၏။

၄ ဘုရားသခင် အား သီဆိုကျူးအေး ကြလော့။ ကိုယ်တော် ၏ နာမတော်အား ချီးမွမ်း သီဆို ကြလော့။ မိုးတိမ် များ ကို စီး တော်မူ သော ကိုယ်တော် ၏ နာမတော်ကား ထာဝရ ဘုရားသခင် ဟူ ၍ ဖြစ်သတည်း။ ကိုယ်တော် ၏ ရှေ့တော် တွင် ရွှင်လန်း ဝမ်းမြောက် ကြလော့။

၅ ဖခင်မရှိ သော သူ တို့ ၏ ဖခင် နှင့် မုဆိုးမတို့ ၏ ကွယ်ကာရာအရှင်ဖြစ်သူကား မိမိ ၏ သန့်ရှင်း ရာဌာန တွင် စံပယ် တော်မူ သော ဘုရားသခင် ပေတည်း။

၆ ဘုရားသခင် သည် အထီးကျန်ဖြစ်သူတို့အား အတူနေထိုင် ရန် မိသားစုကိုပေး ၍ အကျဉ်းခံနေရသူ များ အား ကြွယ်ဝချမ်းသာ ခြင်း သို့ ခေါ် ဆောင် လာ တော်မူ ၏။ ပုန်ကန်ထကြွသူတို့မှာမူကား ပူပြင်းသောအရပ် များ တွင် နေထိုင်ကြရ ၏။

၇ အို ဘုရားသခင် ၊ ကိုယ်တော် သည် မိမိ ၏ လူမျိုးတော်အရှေ့မှ ထွက်သွားပြီး လျှင် လွင်ပြင်ကို ဖြတ်ကျော် ၍ ချီတက် တော်မူ သော အခါ၊

၁၀ ကိုယ်တော် ၏ လူမျိုးတော် သည် ထိုအရပ် ၌ အခြေချခဲ့ကြ ၏။ အို ဘုရားသခင် ၊ ကိုယ်တော် သည် ချို့တဲ့ သော သူ တို့အား ကိုယ်တော် ၏ ကောင်းမြတ် တော်မူ ခြင်း ဖြင့် ကြည့်ရှုစောင့်ရှောက် တော်မူ ခဲ့ ၏။

၁၁ ထာဝရ ဘုရားသခင် သည် နှုတ်တော်ထွက်စကားကို ကြေညာ တော်မူ ၏။ ထိုနှုတ်တော်ထွက်စကားကို ကြွေးကြော် သော သူ တို့ ၏ အဖွဲ့အစည်းကား ကြီးမား လှပေ ၏။

ဒုတိယကျမ်း

ဟေဗြဲ ၁၂း ၁၈-၁၉, ၂၂-၂၄က

၁၈ သင်တို့ သည် လက် ဖြင့် စမ်းသပ် ၍ သိရှိနိုင်သော တောင် သို့ ရောက်ရှိနေကြ သည် မဟုတ်။ ထိုတောင် တွင် မီးတောက်လောင် ခြင်း ၊ မှောင်မဲညှိုမှိုင်း ခြင်း ၊ မိုးသက်မုန် တိုင်း ကျ ခြင်း စ သည် တို့ဖြစ်ပေါ်ပြီး လျှင် ၊

၁၉ တံပိုးခရာမှုတ်သံ နှင့် ဗျာဒိတ်တော် အသံ များ ထွက်ပေါ်လာခဲ့ ၏။ ဤ သို့ ဖြင့် ထိုအသံကိုကြားရ သော သူ တို့ သည် မိမိ တို့ အား ထပ်မံ ၍ မိန့် တော်မမူ မည့် အကြောင်း တောင်းပန်ခဲ့ကြ ၏။

၂၂ သင်တို့မူကား ဇီအွန်တောင် သို့ လည်းကောင်း ၊ အသက်ရှင် တော်မူ သော ဘုရားသခင် ၏ မြို့တော်တည်း ဟူသော ကောင်းကင် ဘုံရှိ ဂျေရုဆလင်မြို့တော် သို့ လည်းကောင်း ၊ အ တိုင်း မသိ များ စွာသော ကောင်းကင် တမန်တော်တို့ပျော်ရွှင်စွာ စုဝေးရာ သို့ လည်းကောင်း ရောက်ရှိနေကြပြီဖြစ် ၏။

၂၃ ထို့အတူသင်တို့ သည် ကောင်းကင် နိုင်ငံသား အဖြစ် စာရင်းဝင် ထား သော ဘုရားသခင် ၏ သားဦး များ စုဝေးရာ သို့ လည်းကောင်း ၊ ခပ်သိမ်းသောလူ တို့ ကို တရား စီရင် တော်မူ သည့် ဘုရားသခင် ၏ အထံတော် သို့ လည်းကောင်း ၊ စုံလင် ခြင်း သို့ ရောက်ရှိခဲ့ ကြသော ဖြောင့်မတ် သူတို့ ၏ ဝိညာဉ် များ ရှိရာနေရာ သို့ လည်းကောင်း ရောက်ရှိနေကြပြီဖြစ် ၏။

၂၄ ထိုမျှမက သင်တို့ သည် ပဋိညာဉ်တော်အသစ် တွင် ကြားဝင်စေ့စပ်ပေး တော်မူ သော ယေဇူး ၏ အထံတော် သို့ လည်းကောင်း ၊ အာဘေးလ် ၏ အသွေးထက်သာ ၍ အကျိုး ရှိစွာတောင်းဆိုပေး သည့် ပက်ဖျန်း ထား သော အသွေးတော်ထံ သို့ လည်းကောင်း ရောက်ရှိနေကြလေပြီ။

အလေလုယာ

၂၉ ငါ ၏ ထမ်းပိုးကိုယူ ၍ ထမ်း လျက် ငါ့ ထံမှ သင်ယူ ကြလော့။ အကြောင်း မူကား ငါ သည် သိမ်မွေ့ ၍ နှိမ့်ချသောစိတ်နှလုံးရှိ ၏။ သင်တို့ ၏ စိတ်ဝိညာဉ် သည် လည်း သက်သာရာရ လိမ့်မည်။ အလေလုယာ

ဧဝံဂေလိကျမ်း

လုကာ ၁၄း ၁, ၇-၁၄

၁ ဥပုသ်နေ့တစ်နေ့ ၌ ကိုယ်တော် သည် ဖာရီဇေးဦးအကြီးအကဲ တစ်ဦး ၏ အိမ် တွင် ညစာစား ရန် ကြွ တော်မူ သော အခါ သူတို့ သည် ကိုယ်တော့်ကိုစောင့်ကြည့်နေကြ ၏။

၇ ထို့နောက် ဖိတ်ကြားထား ခြင်း ခံရသောဧည့် သည် တို့ သည် အကောင်းဆုံးသောနေရာ များ အား ရွေးချယ်ကြ သည် ကို ကိုယ်တော် မြင် တော်မူ သော အခါ သူတို့အား ဤပုံဥပမာစကားကို မိန့် တော်မူ ၏။

၈ သင်တို့ သည် မင်္ဂလာဆောင်ပွဲ သို့ ဖိတ်ကြား ခြင်း ခံရ သော အခါ အကောင်းဆုံးသောနေရာ များ တွင် မထိုင်ကြ နှင့်။ အကယ် ၍ သင့်ထက်ပို ၍ ဂုဏ်ရှိ သော သူ ကိုလည်း ဖိတ်ကြားထားခဲ့ပါ လျှင် ၊

၉ သင်တို့နှစ်ဦးစလုံးကိုဖိတ်ကြားခဲ့သော ပွဲရှင် သည် သင်ထံ သို့ လာ ၍ ဤသူ့ အတွက် သင် ၏ နေရာကိုပေးပါဟု သင့်အား ဆို လိမ့်မည်။ ထိုအခါ သင် သည် အရှက်ရပြီး အဆင့်အနိမ့်ဆုံးသောနေရာကို ယူရ လိမ့်မည်။

၁၀ သင်မူကား ဖိတ်ကြား ခြင်း ခံရ သော အခါ အဆင့်အနိမ့်ဆုံးသောနေရာ တွင် သွား ၍ ထိုင်လော့။ ထိုအခါ ဖိတ်ကြား သော သူ သည် သင့်ထံ သို့ လာ ၍ မိတ်ဆွေ၊ ပို ၍ ကောင်းသော နေရာ သို့ ကြွပါဟု သင့်ကိုပြော လိမ့်မည်။ ဤ သို့ ဖြင့် သင် သည် သင် နှင့် အတူ စားပွဲ ၌ ထိုင် သော သူ တို့ရှေ့ တွင် ဂုဏ်သရေရှိ လိမ့်မည်။

၁၁ အကြောင်း မူကား မိမိကိုယ်ကိုချီးမြှောက် သော သူ သည် နှိမ့်ချ ခြင်း ခံရ လိမ့်မည်။ မိမိကိုယ်ကို နှိမ့်ချ သော သူ သည် လည်း ချီးမြှောက် ခြင်း ခံရ လိမ့်မည်။

၁၂ ထို့နောက် ကိုယ်တော် က မိမိအား ဖိတ်ကြားထား သော သူ ကိုလည်း မိန့် တော်မူ သည် ကား သင် သည် ညစာ ဖြစ်စေ ၊ စားသောက်ပွဲ ဖြစ်စေ ကျွေးမွေးတည်ခင်း သော အခါ သင် ၏ မိတ်ဆွေ၊ ညီအစ်ကို ၊ ဆွေမျိုး နှင့် ချမ်းသာကြွယ်ဝသောအိမ်နီးချင်း များ ကို မဖိတ်ကြားလေ နှင့်။ ထို သို့ ဖိတ်ကြား လျှင် သူတို့ သည် လည်း သင့်ကို ပြန်လည် ဖိတ်ကြား ၍ ကျေးဇူး တုံ့ပြန်ကြ လိမ့်မည်။

၁၃ သင်မူကား ပွဲကျင်းပ သော အခါ ဆင်းရဲ သော သူ ၊ အင်္ဂါချို့တဲ့ သော သူ ၊ ခြေမသန် သော သူ ၊ မျက်စိမမြင် သော သူ တို့ ကို ဖိတ်ကြားလော့။

၁၄ ထို သို့ ဖိတ်ကြား လျှင် သင် သည် မင်္ဂလာရှိ လိမ့်မည်။ အကြောင်း မူကား ထိုသူတို့ သည် သင့်ကို ကျေးဇူး တုံ့ပြန် ခြင်း မပြုနိုင်ကြ သောကြောင့် ဖြစ် ၏။ ဖြောင့်မတ် သော သူ တို့ရှင်ပြန် သော အခါ ၌ သင် သည် ကျေးဇူး တုံ့ပြန် ခြင်း ခံရ လိမ့်မည်ဟု မိန့် တော်မူ ၏။

scriptures