Pathein Catholic Diocese Untitled Document
Untitled Document
၂၆ ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့အတွက်ဖတ်ရှုရမည့်ကျမ်းစာများ

ပထမကျမ်း

အာမုတ် ၆း ၁, ၄-၇

ဇိအုန်မြို့၌ ငြိမ်သက်စွာနေသောသူ၊ ရှမာရိတောင်ပေါ်မှာ စိုးရိမ်ခြင်း နှင့်ကင်းလွတ်လျက် နေသောသူ၊ လူမျိုးတို့တွင် အထွဋ္ဋ်အမြတ်ဟူ၍ ခေါ်ဝေါ်သောသူ၊ ဣသရေလအမျိုး ဆည်းကပ်သောသူတို့သည် အမင်္ဂလာရှိ ကြ၏။ (Amo 6:1)

 ဆင်စွယ်ခုတင်ပေါ်မှာအိပ်၍ မွေ့ရာပေါ်မှာလျောင်းခြင်း၊ သိုးစုထဲက သိုးငယ်တို့ကို၎င်း၊ နွားတင်းကုပ်ထဲက နွားသငယ်တို့ကို၎င်း ယူ၍ စားခြင်း၊ (Amo 6:4)

 တယောထိုးသံနှင့်ပြိုင်လျက် သီချင်းဆိုခြင်း၊ တီးမှုတ်ရာ တုရိယာမျိုးအသစ်ကို ဒါဝိဒ်မင်းရှာ၍ လုပ်သကဲ့သို့ လုပ်ခြင်း၊ (Amo 6:5)

 စပျစ်ရည်ကို ဖလားနှင့်သောက်၍၊ အဘိုးထိုက်သော နံ့သာဆီနှင့်လိမ်းခြင်း တို့ကိုပြု၍၊ ယောသပ်အမျိုးဆင်းရဲခံရသည်ကို စိတ်မကြင်နာဘဲ နေသော၊ (Amo 6:6)

 ထိုသူတို့သည် အဦးဆုံးသိမ်းသွားခြင်းကို ခံရသောသူတို့နှင့်အတူ ပါသွားကြလိမ့်မည်။ လျောင်း၍ နေသောသူတို့၏ ပွဲသည်လည်း ပျောက်ရလိမ့်မည်။ (Amo 6:7)

ဆာလံကျမ်း

၁၄၆း ၇, ၈-၉, ၉-၁၀

အလိုက်- အိုငါ့ဝိညာဉ်၊ ထာဝရ ဘုရားသခင် ကို ချီးမွမ်း ထောမနာပြုလော့။

၇ ကိုယ်တော် သည် ဖိနှိပ်ညှဉ်းဆဲ ခြင်း ခံရသူတို့ အတွက် တရားသ ဖြင့် စီရင် ပေး တော်မူ ၏။ ကိုယ်တော် သည် ငတ်မွတ် သော သူ တို့အား စားစရာကိုပေး တော်မူ ၏။ ထာဝရ ဘုရားသခင် သည် အကျဉ်းချခံနေရ သော သူ တို့ ကို လွတ်မြောက်စေ တော်မူ ၏။

၈ ထာဝရ ဘုရားသခင် သည် မျက်စိမမြင် သော သူ တို့အား မျက်စိမြင်စေ တော်မူ ၏။ ကိုယ်တော် သည် လဲကျနေသူ တို့ ကို ထူမ ၍ ဖြောင့်မတ် သူ တို့ ကို ချစ်မြတ်နိုး တော်မူ ၏။

၉ ထာဝရ ဘုရားသခင် သည် ဧည့် သည် အာဂန္တု တို့ ကို ကြည့်ရှုစောင့်ရှောက် ၍ မုဆိုးမ နှင့် မိဘမဲ့ တို့ ကို ကူညီစောင်မ တော်မူ ၏။ သို့ သော် ကိုယ်တော် သည် ဆိုးယုတ်သူတို့ ၏ လမ်းစဉ်ကို ပျက်စီးစေ တော်မူ ၏။

၁၀ ထာဝရ ဘုရားသခင် သည် ကာလအဆက်ဆက်စိုးစံ တော်မူ လိမ့်မည်။ အိုဇီအွန်၊ သင် ၏ ဘုရားသခင် သည် လူမျိုးအဆက်ဆက် တိုင်အောင် အစဉ် ထာဝရ အုပ်စိုး တော်မူ လိမ့်မည်။ ထာဝရ ဘုရားသခင် ကို ချီးမွမ်း ထောမနာပြု ကြလော့။

ဒုတိယကျမ်း

၁ တီမောသီ ၆း ၁၁-၁၆

၁၁ အို ဘုရားသခင် ၏ လူ၊ သင်မူကားဤအရာ အားလုံး တို့ ကို ရှောင်ကြဉ်ပါလော့။ ဖြောင့်မတ် မှန်ကန် ခြင်း ၊ ဘုရားတရားကြည်ညို ခြင်း ၊ ယုံကြည် ခြင်း ၊ ချစ် ခြင်း မေတ္တာရှိ ခြင်း ၊ တည်ကြည်ခိုင်မာ ခြင်း ၊ နူးညံ့သိမ်မွေ့ ခြင်း စ သည် တို့ ကို ရည်မှန်း ၍ ကျင့်ကြံပါလော့။

၁၂ ယုံကြည် ခြင်း အတွက် ကောင်းသောတိုက်ပွဲကိုဆင်နွှဲ ၍ ထာဝရ အသက်ကို ရယူလော့။ သင့်အားထိုအသက်တာ သို့ ခေါ် တော်မူ သည် ဖြစ် ၍ ယင်း အတွက် ပင် သင် သည် သက်သေ များ စွာတို့ ၏ ရှေ့မှောက် ၌ သင် ၏ ယုံကြည် ခြင်း ကို ဝန်ခံခဲ့ ခြင်း ဖြစ် ၏။

၁၃ ခပ်သိမ်းသောအရာ တို့ ကို အသက်ရှင်စေ တော်မူ သော ဘုရားသခင် ၏ ရှေ့မျက်မှောက် နှင့် ပုံစီဦးပီလာတုမင်းရှေ့ ၌ မိမိကိုယ်မိမိသက်သေခံရာ တွင် ကောင်းစွာဝန်ခံပြောဆိုခဲ့သော ခရစ်တော် ယေဇူး ၏ ရှေ့မျက်မှောက် ၌ ၊

၁၄ သင့်အား ငါမိန့်မှာ သည် ကား ငါတို့ ၏ သခင် ယေဇူး ခရစ်တော် ထင်ရှား ပေါ်ထွန်း လာ သည့် တိုင်အောင် ပညတ်တော် များ ကို အမည်းစက်မထင်စေ ဘဲ အပြစ် တင် ခြင်း မှ ကင်းလွတ်အောင် စောင့်ထိန်းလော့။

၁၅ ဘုရင်တို့ ၏ ဘုရင်၊ သခင်တို့ ၏ သခင်ဖြစ် ၍ မင်္ဂလာရှိ တော်မူ သည့် တစ်ပါးတည်းသော အရှင်သခင် သည် သင့်လျော်သောအချိန် ၌ ခရစ်တော် ကို ထင်ရှား ပေါ်ထွန်း စေ လိမ့်မည်။

၁၆ ထိုအရှင်သခင် တစ်ပါးတည်းသာ လျှင် သေ ခြင်း နှင့် ကင်းပြီး လူတို့မချဉ်းကပ်နိုင်သော အလင်းတော် ၌ စံပယ် တော်မူ လေ ၏။ ထိုအရှင်အား မည်သူမျှ မမြင်ဖူးသကဲ့ သို့ မြင်လည်းမမြင်နိုင်ကြပေ။ ကိုယ်တော် ၌ ဘုန်းဂုဏ်တော် နှင့် ထာဝရ စိုးစံ ခြင်း ရှိ တော်မူ ပါစေသော်။ အာမင်။

အလေလုယာ

ဒုကော်ရိန္တု ၈း၉

၉ အကြောင်း မူကား ငါတို့ ၏ သခင် ယေဇူး ခရစ်တော် ၏ ကျေးဇူး တော်ကို သင်တို့သိကြပြီးဖြစ် ၏။ ကိုယ်တော် သည် ပြည့်စုံကြွယ်ဝသူဖြစ် သော်လည်း မိမိ ၏ ဆင်းရဲချို့တဲ့ ခြင်း အား ဖြင့် သင်တို့ သည် ပြည် စုံကြွယ်ဝသူ များ ဖြစ်လာစေ ရန် သင်တို့ အတွက် ဆင်းရဲ ခြင်း ကို ခံယူ တော်မူ ခဲ့ ၏။ အာလေလုယာ

ဧဝံဂေလိကျမ်း

လုကာ ၁၆း ၁၉-၃၁

၁၉ တစ်ခါက ခရမ်းရောင်ပိတ်ချောထည် များ ကိုဝတ်ဆင် လျက် စားသောက်ပွဲ ကို နေ့စဉ်ခမ်းနားစွာကျင်းပ ၍ စည်းစိမ် ခံစား တတ်သော သူဌေး တစ်ဦး ရှိ ၏။

၂၀ သူ ၏ အိမ် တံခါး အနီး တွင် လာဇရု အမည် ရှိ သော သူ တောင်းစား တစ်ယောက် သည် အနာစိမ်း များ နှင့် တစ်ကိုယ်လုံး ပြည့် လျက် လဲလျောင်းနေလေ ၏။

၂၁ သူ သည် သူဌေး ၏ စားပွဲမှကျ သည့် စားစရာအပိုင်းအစ များ ကို စားခွင့်ရ ရန် အလိုရှိခဲ့ ၏။ ထို့ပြင် ခွေးတို့ သည် လည်း လာ ၍ သူ ၏ အနာစိမ်း များ ကို လျက် ကြ ၏။

၂၂ ထိုသူတောင်းစားသေဆုံး သော အခါ ကောင်းကင် တမန်တော်တို့ သည် သူ့ ကို အာဘရာဟံ ၏ ရင်ခွင် သို့ သယ်ဆောင်သွားကြ ၏။ သူဌေး သည် လည်း သေဆုံး ၍ သင်္ဂြိုလ် ခြင်း ခံရ ၏။

၂၃ သူ သည် မရဏနိုင်ငံ ၌ ပြင်းထန်စွာ ဒဏ်ခံနေရစဉ်အထက် သို့ မော် ၍ ကြည့် လျှင် အဝေး ၌ အာဘရာဟံကို လည်းကောင်း ၊ အာဘရာဟံ ၏ ရင်ခွင် ၌ လာဇရုကို လည်းကောင်း မြင်လေ ၏။

၂၄ ထိုအခါ သူက အိုအဖ အာဘရာဟံ၊ အကျွန်ုပ် ကိုသနား တော်မူ ပါ။ အကျွန်ုပ် သည် ဤမီးလျှံထဲ ၌ ပြင်းထန်စွာ ဒဏ်ခံနေရပါ သောကြောင့် လာဇရု သည် သူ ၏ လက်ချောင်း များ ကိုရေ တွင် နှစ် ၍ အကျွန်ုပ် ၏ လျှာကိုအေးစေ ခြင်း ငှာ သူ့ ကို စေလွှတ် တော်မူ ပါဟု အော်ဟစ်အသနားခံလေ ၏။

၂၅ သို့ သော် အာဘရာဟံက ငါ့သား၊ သင်အသက်ရှင်စဉ်အခါက စည်းစိမ်ချမ်းသာ ခံစား ခဲ့ရ သည် ကို လည်းကောင်း ၊ လာဇရု သည် ကား ဆင်းရဲဒုက္ခခံခဲ့ရ သည် ကို လည်းကောင်း သတိရလော့။ ယခုမှာမူ သူ သည် နှစ်သိမ့် ခြင်း ခံရ ၍ သင် သည် ပြင်းထန်စွာ ဒဏ်ခံရပြီ။

၂၆ ထို့ပြင် ငါတို့ နှင့် သင်တို့ အကြား တွင် နက်ရှိုင်းသောချောက်ကြီး တစ်ခု ကိုထားရှိ သည် ဖြစ် ၍ ဤနေရာမှ သင်တို့ဘက် သို့ လည်းကောင်း ၊ သင်တို့ ၏ နေရာမှ ငါတို့ ဘက် သို့ လည်းကောင်း ကူးဖြတ်လိုသူတို့ သည် မတတ်နိုင်ကြဟု ပြန်ပြောလေ ၏။

၂၇ ထိုအခါ သူကအဖ၊ ဤ သို့ ဖြစ် လျှင် လာဇရုအား အကျွန်ုပ် ၏ အဖအိမ် သို့ စေလွှတ် ပါ ရန် တောင်းပန်ပါ သည်။

၂၈ အကြောင်း မူကား အကျွန်ုပ် ၌ ညီငါးယောက်ရှိ ၍ သူတို့ သည် လည်း ဒဏ်ခံရမည့်ဤအရပ် သို့ မရောက်ကြစေ ခြင်း ငှာ လာဇရု သည် သူ တို့ ကို သတိပေးနိုင်ပါ သည် ဟုဆို ၏။

၂၉ သို့ ရာ တွင် အာဘရာဟံက သူတို့ ၌ မိုးဇက် နှင့် ပရောဖက် များ ရှိကြ ၏။ ထိုသူတို့ ၏ စကားကို သူတို့နားထောင်ကြပါစေဟု ဆို ၏။

၃၀ ထိုအခါ သူက ထို သို့ မဟုတ် ပါ၊ အဖအာဘရာဟံ။ သေလွန်ပြီး သော သူ တို့ထဲမှ တစ်ယောက် သည် သူတို့ထံ သို့ သွား လျှင် မူ သူတို့ သည် နောင်တရကြပါ လိမ့်မည်ဟု ဆိုပြန် ၏။

၃၁ အာဘရာဟံ က လည်း သူတို့ သည် မိုးဇက် နှင့် ပရောဖက် တို့ ၏ စကားကိုနားမထောင် လျှင် သေလွန်သူတို့ထဲမှ တစ်စုံတစ်ယာက်ထမြောက်လာ သော်လည်း သူတို့ယုံကြည်ကြ လိမ့်မည် မဟုတ် ဟူ ၍ သူ့အား ဆို သည် ဟု မိန့် တော်မူ ၏။

scriptures