Pathein Catholic Diocese Untitled Document
Untitled Document
၂၇ ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့အတွက်ဖတ်ရှုရမည့်ကျမ်းစာများ

ပထမကျမ်း

ဟေဗြဲ ၁း ၂-၃, ၂း၂-၄

၂ သို့ ရာ တွင် ဤနောက်ဆုံးသောခေတ်ကာလ ၌ ဘုရားသခင် သည် ငါ တို့ ကို သားတော် အား ဖြင့် ဗျာဒိတ်ပေး တော်မူ ၏။ ကိုယ်တော် သည် ထို သားတော် ကို အရာခပ်သိမ်းတို့ ၏ အမွေခံ အဖြစ် ခန့်ထား ၍ သားတော် အား ဖြင့် စကြာဝဠာ တစ်ခု လုံးကို ဖန်ဆင်း တော်မူ ၏။

၃ ထို သားတော် သည် တန်ခိုး နှင့် ပြည့်သောမိမိ ၏ အမိန့်တော် ဖြင့် စကြဝဠာကို တည်တံ့စေ လျက် ဘုရားသခင် ၏ ဘုန်း ဂုဏ်တော်ကိုထင်ဟပ်ပြီး လျှင် ဘုရားဇာတိပကတိ အ တိုင်း ပင် ဖြစ် တော်မူ ၏။

၂ အကယ် ၍ ကောင်းကင် တမန်တော်တို့ ကြေညာမြွက်ဆိုခဲ့သောသတင်းစကား သည် မှန်ကန်သောတရားဖြစ်ပြီး တရားတော်ကိုပြစ်မှား ကျူးလွန် ခြင်း နှင့် နာခံ ခြင်း ကင်းမဲ့သောအမှုရှိသမျှတို့ သည် ထိုက်သင့်သော အပြစ် ဒဏ်ကို ခံကြရ လျှင် ၊

၃ ငါတို့ သည် ဤမျှကြီးမြတ်သောကယ်တင် ခြင်း ကို လျစ်လျူရှုထားပါက အပြစ် ဒဏ်မခံရ ဘဲ နေရ လိမ့်မည် မဟုတ် ပေ။ ဤတရားတော်ကိုသခင်ဘုရား ကိုယ်တော် တိုင် ပထမဦး စွာဟောကြား တော်မူ ခဲ့ ၍ ကိုယ်တော် ၏ တရားစကားကို ကြားနာ ခဲ့ကြ သော သူ တို့က ငါတို့ အားထိုတရားတော်မှန်ကန်ကြောင်းကို သက်သေခံခဲ့ကြ ၏။

၄ ဘုရားသခင် သည် လည်း နိမိတ်လက္ခဏာ များ ၊ အံ့ဩဖွယ်ရာ များ နှင့် ထူးဆန်းသော တန်ခိုး လက္ခဏာအမျိုးမျိုး တို့ ကို ပြသ ခြင်း အား ဖြင့် လည်းကောင်း ၊ မိမိ ၏ အလိုတော် အ တိုင်း ဝေငှပေးသနား တော်မူ သော ဝိညာဉ်တော် ဘုရား ၏ ကျေးဇူး တော်အား ဖြင့် လည်းကောင်း ထိုသူတို့ ၏ ဟောပြောချက် များ ကိုသက်သေခံ တော်မူ ၏။

ဆာလံကျမ်း

၉၅း ၁-၂, ၆-၇, ၈-၉

အလိုက်- ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော် အသံကို ကြားလျက် ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။

၁ လာကြ၊ ထာဝရ ဘုရားသခင် အား ရွှင်လန်းစွာသီဆိုကျူးအေးကြကုန်စို့။ ကယ်တင် ခြင်း ၏ ကျောက်ဆောင်ထံ သို့ ကျယ်လောင်စွာအော်ဟစ်ကြစို့။

၂ ကျေးဇူး တော်ကို ချီးမွမ်း ကာ ကိုယ်တော် ၏ ရှေ့တော် သို့ ဝင်ရောက် လျက် ကိုယ်တော် အားတူရိယာသံ၊ တေးသီချင်းသံတို့ ဖြင့် ပျော်ရွှင်စွာချီးမြှောက်ကြကုန်စို့။

၆ လာကြ၊ ဦးညွှတ် ၍ ရှိခိုး ကိုးကွယ် ကြကုန်စို့။ ငါတို့ ၏ ဖန်ဆင်းရှင် ထာဝရ ဘုရားသခင် ၏ ရှေ့တော်မှောက် ၌ ဒူးထောက်ကြကုန်စို့။

၇ အကြောင်း မူကား ကိုယ်တော် သည် ငါတို့ ၏ ဘုရားသခင် ဖြစ် တော်မူ ၏။ ငါတို့ သည် လည်း ကိုယ်တော် ၏ စားကျက် တွင် ကျက်စား သော သူ များ နှင့် ကိုယ်တော် ၏ ထိန်းသိမ်း မှုအောက်ရှိ သိုးစုဖြစ်ကြ ၏။

၈ မေရိဘအရပ် တွင် လည်းကောင်း ၊ တောကန္တာရရှိမက်ဆာ ၌ လည်းကောင်း ကျင်လည်ခဲ့ချိန် ၌ ပြုမူခဲ့ သည့် အ တိုင်း သင်တို့ ၏ စိတ်နှလုံး များ ကို တင်းမာ ၍ မထားကြလေ နှင့်။

၉ ထိုအရပ် ၌ သင်တို့ ၏ ဘိုးဘေးတို့ သည် ငါပြုလုပ် တော်မူ သောအမှု တို့ ကို မြင်ခဲ့ရပြီးဖြစ် သော်လည်း ငါ့ကို စုံစမ်းခဲ့ကြ ၏။

ဒုတိယကျမ်း

ဒုတီမောသီ ၁း၆-၈, ၁၃-၁၄

၆ သို့ ဖြစ် ၍ ငါ ၏ လက်တင် ခြင်း အား ဖြင့် သင်ရရှိ ထား သော ဘုရားသခင် ၏ ကျေးဇူး တော်ကို ပြန်လည် လှုံ့ဆော် ရန် သင့်ကိုငါသတိပေးလိုက်ပါ ၏။

၇ အကြောင်း မူကား ဘုရားသခင် သည် ငါတို့ အား ကြောက်ရွံ့စိတ်ကိုမပေး ဘဲ စွမ်းအား တန်ခိုး ၊ ချစ် ခြင်း မေတ္တာ နှင့် မိမိကိုယ်ကိုထိန်းချုပ်နိုင် ခြင်း စသောစိတ် တို့ ကို သာပေး တော်မူ သောကြောင့် တည်း။

၈ ထို့ကြောင့် ငါတို့ ၏ သခင်ဘုရားကို သက်သေခံ ရန် အတွက် လည်းကောင်း ၊ အကျဉ်းကျခံနေရသူငါ့ အတွက် ကြောင့် လည်းကောင်း ရှက်ရွံ့ ခြင်း မရှိ ဘဲ လျက် ဘုရားသခင် ၏ တန်ခိုး တော်ကို အမှီပြု ၍ ဧဝံဂေလိ ၏ တရားတော် အတွက် ဆင်းရဲဒုက္ခကို မျှဝေခံထမ်းပါလော့။

၁၃ ငါ့ ထံမှ သင် ကြားနာ ခဲ့ရ သည့် မှန်ကန်သောအယူဝါဒ နှင့် အတူ ခရစ်တော် ယေဇူး ၌ တည်ရှိသောယုံကြည် ခြင်း နှင့် ချစ် ခြင်း မေတ္တာ တို့ ကို လိုက်နာကျင့်ကြံလော့။

၁၄ ငါတို့ တွင် ကိန်းအောင်း သည့် ဝိညာဉ်တော် မြတ်အား ဖြင့် သင့်အားအပ်နှင်း ထား သော သမ္မာတရားတော်ကို ထိန်းသိမ်း စောင့်ရှောက်လော့။

အလေလုယာ

ဘုရားသခင် ၏ နှုတ်တော်ထွက်စကားမူကား အစဉ် ထာဝရ တည် တော်မူ ၏ ဟူ ၍ ကျမ်းစာတော်မြတ် ၌ ရေးထား သောကြောင့် တည်း။ ဤနှုတ်တော်ထွက်စကား သည် ကား သင်တို့အား ကြေညာဟောပြောသောဧဝံဂေလိတရားတော်ပေတည်း။ အာလေလုယာ

 

ဧဝံဂေလိကျမ်း

လုကာ ၁၇း ၅-၁၀

၅ ထိုအခါ တမန်တော်တို့က သခင်ဘုရားအား တပည့်တော်တို့ ၏ ယုံကြည် ခြင်း ကို တိုးပွားစေ တော်မူ ပါဟု လျှောက်ကြ ၏။

၆ သခင်ဘုရား က လည်း သူတို့အား မိန့် တော်မူ သည် ကား သင်တို့ ၌ မုန်ညင်းစေ့မျှလောက် ယုံကြည် ခြင်း ရှိပါက ဤပိုးစာပင်အား အမြစ်ပါနုတ် ၍ ပင်လယ်ထဲ သို့ ပေါက်နေလော့ဟုဆို လျှင် ၎င်း သည် သင်တို့ ၏ စကားကို နာခံ လိမ့်မည်။

၇ သင်တို့ တွင် မည်သူ သည် လယ်ထွန်ရာမှ ဖြစ်စေ ၊ သိုးကျောင်းရာမှ ဖြစ်စေ လယ်ကွင်းမှပြန်လာသောမိမိ ၏ အစေခံအားသင်ချက်ချင်းလာ ၍ စားပွဲ ၌ ထိုင်လော့ဟု ဆိုမည်နည်း။

၈ ထို သို့ မဟုတ် ဘဲ သူ သည် မိမိ ၏ အစေခံအား ငါ့အဖို့ ညစာကိုပြင်လော့။ ငါစားသောက်နေစဉ် ခါးကိုစည်း ၍ ငါအလိုရှိရာကို ဆောင်ရွက်ပေးလော့။ ထိုနောက်မှ သင်စားသောက်ရမည်ဟူ ၍ ဆိုမည် မဟုတ် လော။

၉ အစေခံ သည် မိမိစေခိုင်း သည့် အ တိုင်း ဆောင်ရွက် သောကြောင့် သူ သည် ထိုအစေခံကို ကျေးဇူး တင်သလော။

၁၀ ထိုနည်းတူသင်တို့ သည် လည်း မိမိ တို့ အား စေခိုင်း သည့် အရာ အားလုံး ကို ဆောင်ရွက်ပြီး သော အခါ ငါတို့ သည် မထိုက်တန်သောအစေခံ များ သာဖြစ်ပြီး ငါတို့ ဆောင်ရွက်ရမည့်တာဝန်ဝတ္တရားကို ဆောင်ရွက်ကြ ခြင်း သာဖြစ် သည် ဟု ဝန်ခံ ကြလော့ဟူ ၍ မိန့် တော်မူ ၏။

scriptures