Pathein Catholic Diocese Untitled Document
Untitled Document
၃၂ ကြိမ်မြောက်တနင်္ဂနွေနေ့အတွက်ဖတ်ရှုရမည့်ကျမ်းစာများ

ပထမကျမ်း

ဒုမက္ကာဘီဦး ၇◌း ၁-၂, ၉-၁၄

၁ ညီအစ်ကိုခုနစ်ဦး တို့ သည် မိမိ တို့ ၏ မိခင် နှင့်အတူ ဖမ်းဆီးခြင်း ခံရ ၍ ပညတ်ဥပဒေတော်နှင့် မကိုက်ညီ သော ဝက်သားကိုစားရန် ဘုရင်က အတင်းအဓမ္မ တိုက်တွန်း လျက် ကြာပွတ် များ ၊ ကြိုး များ နှင့် ရိုက်နှက် နှိပ်စက်စေ ၏။

၂ သူတို့ တွင် တစ်ယောက် က အားလုံး ကိုယ်စားပြောဆိုသည်ကား သင် တို့ သည် ငါတို့ ထံမှ မည်သည့် အရာကို မေးမြန်း လိုကြသနည်း။ အကြောင်း မူကား ငါတို့ သည် ဘိုးဘေးတို့ ၏ ဥပဒေ များ ကို ချိုးဖောက် သည် ထက် အသေခံကြရန် အဆင် သင့်ရှိကြ ၏ ဟုဆိုလေ ၏။

၉ သူသည် အသက်မထွက် မိ ေကြွးကြော်သည်ကား ကျိန် ဆိုခြင်း ခံရသော အသင်လူသတ်သမားတို့၊ သင်တို့ သည် ငါတို့ ကို ဤဘဝမှ မောင်းထုတ်နိုင်ကြ ၏။ သို့ သော် စကြဝဠာကို အုပ်စိုး တော်မူ သော ဘုရင် သည် ငါတို့ ကို ထာဝရ အသက် ၌ ပြန်လည် ထမြောက်စေလိမ့် မည်။ အကြောင်း မူကား ငါတို့ သည် ကိုယ်တော် ၏ ဥပဒေ များ အတွက် အသေခံကြ သောကြောင့် ဖြစ် ၏။

၁၀ ထို့နောက်မှ တတိယသားသည်လည်း သူတို့နှိပ်စက် ညှဉ်းပန်းခြင်း ၏ သားကောင်ဖြစ်ရရှာ ၏။ သူတို့ စေ ခိုင်းကြသည့်အ တိုင်း သူသည် လျှာကိုထုတ် ၍ မိမိ ၏ လျှာကို ရဲဝံ့စွာ ဆန့်တန်းပေးလေ ၏။

၁၁ ထို့နောက် ဂုဏ်ယူ အားရဖွယ် စကားကိုဆို သည်ကား ငါသည် ဤကိုယ်အဂင်ါ္ များ ကို ကောင်းကင်မှရ ၏။ ကိုယ်တော် ၏ ဥပဒေ များ အတွက် ယင်း တို့ ကို ငါစွန့်လွတ်မည်။ သို့ သော် ၎င်း တို့ ကို ကိုယ်တော်ထံမှ ပြန်လည် ရရှိရန် ငါ မျှော်လင့်သည်ဟု ဆိုလေ ၏။

၁၂ ထိုအခါ ဘုရင်နှင့် သူ့အနီးမှာရှိသော သူ တို့ သည် ဤလူငယ် ၏ သတ္တိ ကြောင့် အလွန်အံ့အားသင့်ကြ ၏။ အကြောင်း မူကား သူသည် နာကျင်ခြင်း ဝေဒနာကိုမည် သို့ မျှမမှု သ ကဲ့ သို့ ဖြစ် ၏။

၁၃ ထိုသူသေဆုံး သော အခါ သူ တို့ သည် စတုတ္ထ သား ကိုလည်း ဤနည်းတူရက်စက်စွာနှိပ်စက်ညှင်းဆဲ ကြ ၏။

၁၄ သူသည် လည်း သေလုဆဲဆဲ တွင် ဤ သို့ ဆို ၏။ ငါတို့ သည် ဘုရားသခင်ပေးသော ရှင်ပြန်ထမြောက် ခြင်း ကို ခံစားရမည်ဟု မျှော်လင့်ထား သောကြောင့် လူတို့လက် တွင် အသေခံရန် ရွေးချယ်ခဲ့ကြသည်။ သို့ သော် သင် တို့ အတွက် မူကား ထာဝရ အသက် သို့ ရှင်ပြန်ထမြောက်ခြင်း ရှိ လိမ့်မည်မဟုတ်ဟု ပြောလေ ၏။

ဆာလံကျမ်း

၁၇း ၁, ၅-၆, ၈,၁၅

အလိုက်- အကျွန်ုပ် သည် အိပ်ရာမှနိုးထ သော အခါ ကိုယ်တော် ၏ ရွှေပုံသဏ္ဌန်တော်ကို ဖူးမြင်ရ သောကြောင့် အကျွန်ုပ် ၏ အလိုဆန္ဒ ပြည့်ဝရပါ လိမ့်မည်။

၁ အို ထာဝရ ဘုရားသခင် ၊ တရားသောဘက်မှရပ်တည် ၍ အကျွန်ုပ် ၏ အော်ဟစ်သံကို နားညောင်း တော်မူ ပါ။ လှည့်စား ခြင်း နှင့် ကင်းသော အကျွန်ုပ် ၏ နှုတ်မှ ဆုတောင်းပတ္ထနာကို ကြားနာ တော်မူ ပါ။

၅ အကျွန်ုပ် ၏ ခြေလှမ်း များ သည် ကိုယ်တော် ၏ လမ်းစဉ် အ တိုင်း မြဲမြံစွာလျှောက်လှမ်းပါ ၏။ အကျွန်ုပ် သည် ခြေမချော်ခဲ့ပါ။

၆ အို ဘုရားသခင် ၊ ကိုယ်တော် နားညောင်း တော်မူ မည်ဖြစ် သောကြောင့် အကျွန်ုပ် သည် ကိုယ်တော် ကို ခေါ် တပါ ၏။ ကိုယ်တော် ၏ ရွှေနားတော်ကို စွင့် တော်မူ ၍ အကျွန်ုပ် ၏ စကား များ ကို နားညောင်း တော်မူ ပါ။

၈ အကျွန်ုပ် အားဝန်းရံ ၍ လုယူသတ်ဖြတ်လို သော သူ ယုတ်မာတို့ ၏ ရှေ့မှောက် တွင် အကျွန်ုပ် ကို ကိုယ်တော် ၏ မျက်ဆံတော်ကဲ့ သို့ စောင့်ရှောက် တော်မူ ပါ။ ကိုယ်တော် ၏ အတောင်တော် များ အရိပ် အောက် တွင် အကျွန်ုပ် ကိုဝှက်ကွယ်ထား တော်မူ ပါ။

၁၅ အကျွန်ုပ် မူကား ဖြောင့်မတ် ခြင်း ၌ ကိုယ်တော် ၏ ရွှေမျက်နှာတော်ကို ဖူးမြင်ရပါစေ။ အကျွန်ုပ် သည် အိပ်ရာမှနိုးထ သော အခါ ကိုယ်တော် ၏ ရွှေပုံသဏ္ဌန်တော်ကို ဖူးမြင်ရ သောကြောင့် အကျွန်ုပ် ၏ အလိုဆန္ဒ ပြည့်ဝရပါ လိမ့်မည်။

ဒုတိယကျမ်း

ဒုသက်ဆာလောနီကာ ၂း ၁၆-၃း ၅

၁၆ ငါတို့ ၏ သခင် ယေဇူး ခရစ်တော် ကိုယ်တော် တိုင် နှင့် ငါ တို့ ကို ချစ်မြတ်နိုး ၍ ကျေးဇူး တော်အား ဖြင့် ငါတို့ အား ထာဝရ နှစ်သိမ့် ခြင်း နှင့် စစ်မှန်သောမျှော်လင့်ချက်ကိုပေး တော်မူ သော ငါတို့ ၏ အဖ ဘုရားသခင် သည် ၊

၁၇ သင်တို့ ၏ စိတ်နှလုံး များ ကို အားပေးနှစ်သိမ့် ၍ ကောင်းသောစကား နှင့် ကောင်းသောအမှုအရာရှိသမျှတို့ ၌ သင် တို့ ကို ခွန်အား ပေး တော်မူ ပါစေသော်။

ညီအစ်ကို တို့၊ နောက်ဆုံးမှာကြားလို သည် မှာ သခင်ဘုရား ၏ နှုတ်တော်ထွက်စကား သည် သင်တို့ ၌ ဖြစ် တော်မူ ခဲ့သကဲ့ သို့ အရပ်ရပ်တို့ တွင် လည်းလျင်မြန်စွာပျံ့နှံ့ ၍ ချီးမွမ်း ထောမနာပြု ခြင်း ခံရ ရန် နှင့် ၊

၂ ငါတို့ သည် ဆိုးညစ်ယုတ်မာ သော သူ တို့ ၏ လက်မှလွတ်မြောက်စေ ရန် ငါတို့ အတွက် ဆုတောင်းပေး ကြလော့။ အကြောင်း မူကား လူ တိုင်း ၌ ယုံကြည် ခြင်း ရှိကြ သည် မဟုတ် သောကြောင့် တည်း။

၃ သို့ သော် သခင်ဘုရား သည် သစ္စာတည် တော်မူ ၏။ ကိုယ်တော် သည် သင် တို့ ကို ခွန်အား ဖြည့်တင်းပေး ၍ မကောင်း သော သူ ထံမှ ကာကွယ် တော်မူ လိမ့်မည်။

၄ သင်တို့ သည် ငါတို့ မိန့်မှာသမျှကို လိုက်နာဆောင်ရွက် လျက် ရှိကြပြီး ဆက်လက် ၍ လည်း ဆောင်ရွက်ကြ လိမ့်မည်ဖြစ်ကြောင်း ငါတို့ သည် သခင်ဘုရား ၌ ယုံကြည်စိတ်ချထားကြ ၏။

၅ သခင်ဘုရား သည် သင်တို့ ၏ စိတ်နှလုံး များ ကို ဘုရားသခင် အားချစ်မြတ်နိုးစေ ရန် နှင့် ခရစ်တော် ၌ တည်ကြည်ခိုင်မာစေ ရန် လမ်းညွှန်ပေး တော်မူ ပါစေ။

အာလေလုယာ

ကမ္ဘာပေါ်ရှိဘုရင်တို့ ၏ ဘုရင်ဖြစ်ပြီး သေ ခြင်း မှထမြောက်သော သူတို့ တွင် သားဦးဖြစ် ၍ သစ္စာရှိသော သက်သေခံဖြစ် တော်မူ သည့် ယေဇူး ခရစ်တော် ထံတော်မှ လည်းကောင်း ထွက်ပေါ်လာ ၍ သင်တို့အပေါ် သို့ သက်ရောက်ပါစေ။ ကိုယ်တော် အား ကာလအဆက်ဆက် ဘုန်းဂုဏ်တော် နှင့် တန်ခိုး အာဏာ တော်ရှိပါစေသော်။ အာလေလုယာ

ဧဝံဂေလိကျမ်း

လုကာ ၂၀◌း ၂၇-၃၈

၂၇ ရှင်ပြန်ထမြောက် ခြင်း မရှိဟု ဆို ကြသော ဇာဒူခေးဦးအချို့တို့ သည် အထံတော် သို့ ချဉ်းကပ် ၍ ၊

၂၈ ကိုယ်တော် အားမေးလျှောက်ကြ သည် မှာ ဆရာသခင်၊ လူ တစ်ဦး ၏ အစ်ကို သည် မယားရှိ လျက် သားသမီးမထွန်းကား ဘဲ သေဆုံးခဲ့ လျှင် ထိုသူ သည် အစ်ကို ၏ မယားကို ထိမ်းမြား ၍ အစ်ကို ၏ အမျိုးအနွယ်ကိုဆက်လက်တည်တံ့စေရမည်ဟူ ၍ မိုးဇက် သည် အကျွန်ုပ် တို့အား ရေးသားသွန်သင်ခဲ့ပါ ၏။

၂၉ တစ်ခါက ညီအစ်ကို ခုနစ်ယောက်ရှိခဲ့ပါ ၏။ အစ်ကိုအကြီးဆုံး သည် မိန်းမ တစ်ယောက် နှင့် အိမ်ထောင်ပြုပြီး သားသမီးမရ ဘဲ သေဆုံးသွားခဲ့ပါ ၏။

၃၀ ထိုအခါ ဒုတိယ တစ်ယောက် သည် လည်းကောင်း ၊၃၁ ထိုနောက် တတိယ တစ်ယောက် သည် လည်းကောင်း သူမ နှင့် အိမ်ထောင်ဆက်ခဲ့ပါ ၏။ ဤ သို့ ဖြင့် ညီအစ်ကို ခုနစ်ယောက်လုံး သည် ထိုနည်းတူပြု ၍ သားသမီးမရ ဘဲ သေဆုံးကြလေ ၏။

၃၂ နောက်ဆုံး တွင် ထိုမိန်းမ သည် လည်း သေဆုံးလေ ၏။ ၃၃ သို့ ဖြစ် လျှင် ရှင်ပြန်ထမြောက်သောနေ့ ၌ သူမ သည် မည်သူ ၏ ဇနီးဖြစ်မည်နည်း။ အကြောင်း မူကား ညီအစ်ကို ခုနစ်ယောက်တို့ သည် သူမ ၏ ခင်ပွန်းဖြစ်ခဲ့ကြလေပြီဟု ကိုယ်တော် အားလျှောက်ကြ ၏။

၃၄ ထိုအခါ ယေဇူး ကသူတို့အား မိန့် တော်မူ သည် မှာ ဤလောက ၏ သားသမီးတို့ သည် ထိမ်းမြားပေးစား ခြင်း အမှုကို ပြုကြ ၏။

၃၅ သို့ သော် နောင်ဘဝကို လည်းကောင်း ၊ သေ ခြင်း မှရှင်ပြန်ထမြောက် ခြင်း ကို လည်းကောင်း ခံထိုက် သော သူ တို့ သည် ထိမ်းမြားပေးစား ခြင်း မပြုကြပေ။

၃၆ သူတို့ သည် ရှင်ပြန်ထမြောက် ခြင်း ၏ သားသမီး များ ဖြစ်ကြသ ဖြင့် ဘုရားသခင် ၏ သားသမီး များ ဖြစ်လာကြပြီး လျှင် ကောင်းကင် တမန်တော်တို့ နှင့် တူညီကြ သောကြောင့် မသေနိုင်ကြတော့ပေ။

၃၇ သေသူတို့ ၏ ရှင်ပြန်ထမြောက် ခြင်း အကြောင်း နှင့် စပ်လျဉ်း ၍ မူကား မိုးဇက်ကမီးတောက်လောင်နေသောချုံပုတ် အကြောင်း ကိုရေးထား သည့် ကျမ်းပိုဒ် တွင် ထာဝရ ဘုရားသခင် ကို အာဘရာဟံ ၏ ဘုရား၊ အီဇတ် ၏ ဘုရား၊ ယာကုပ် ၏ ဘုရားဟူ ၍ ခေါ် ဆိုကြောင်း ဖော်ပြထား ၏။

၃၈ ထို့ကြောင့် ဘုရားသခင် သည် သေသူတို့ ၏ ဘုရား မဟုတ်။ အသက်ရှင် သော သူ တို့ ၏ ဘုရားဖြစ် တော်မူ ၏။ အကြောင်း မူကား ခပ်သိမ်း သော သူ တို့ သည် ကိုယ်တော် ၌ အသက်ရှင်ကြ သောကြောင့် ဖြစ်သတည်းဟု မိန့် တော်မူ ၏။

 

scriptures