Pathein Catholic Diocese Untitled Document
Untitled Document
အာဒ်ဝင်တူး ဒုတိယတနင်္ဂနွေနေ့အတွက် ကျမ်းစာများ

ပထမကျမ်း

ဟေရှာယ ၁၁း ၁-၁၀

ယေရှဲအမျိုးအငုတ်၌ အတက်ပေါက်လိမ့်မည်။ သူ၏အမြစ်တို့တွင် အညွန့်သည် အသီးသီးလ်ိမ့်မည်။  (Isa 11:1)

 ထာဝရဘုရား၏ ဝိညာဉ်တော်တည်းဟူသော ဉာဏ်ပညာကိုပေးသော ဝိညာဉ်၊ ကြံစည်တတ်စွမ်းနိုင်သော သတ္တိကို ပေးသော ဝိညာဉ်၊ ထာဝရဘုရားကိုသိ၍ ကြောက်ရွံ့သော သဘောကို ပေးသော ဝိညာဉ်တော်သည် ထိုသူအပေါ်မှာ ကျိန်းဝပ်တော်မူလိမ့်မည်။ (Isa 11:2)

 ထိုသူသည် ထာဝရဘုရားကို ကြောက်ရွံ့ခြင်း ၌ မွေ့လျော်သည်ဖြစ်၍၊ မိမိမျက်စိမြင် သည်အတိုင်း တရားမစီရင်၊ မိမိနားကြားသည်အတိုင်း မဆုံးဖြတ်ဘဲ၊  (Isa 11:3)

 ဆင်းရဲသားတို့၏ အမှုကို တရားတော်အတိုင်း စီရင်၍၊ နှိမ့်ချသော မြေကြီးသားတို့ဘက်၌ နေလျက်၊ ဖြောင့်မတ်စွာဆုံးဖြတ်လိမ့်မည်။ မြေကြီးကို နှုတ်ကပတ်တော် လှံတံနှင့်ဒဏ်ခတ်၍၊ ဆိုးသောသူကိုနှုတ်ခမ်းထွက်သက်နှင့်ကွပ်မျက်လိမ့်မည်။ (Isa 11:4)

 တရားနှင့်သစ္စာသည် သူ၏ ခါးပန်းခါးစည်းဖြစ်လ်ိမ့်မည်။ (Isa 11:5)

 တောခွေးသည် သိုးသငယ်နှင့်အတူနေလိမ့်မည်။ ကျားသစ်သည် ဆိတ်သငယ်နှင့်အတူ အိပ်လိမ့်မည်။ နွားသငယ်၊ ခြင်္သေ့သငယ်၊ ဆူအောင်ကျွေးသော အကောင်တို့သည် အတူသွားလာကြ၍၊ လူသူငယ်သည် သူတို့ကို ပို့ဆောင်လိမ့်မည်။ (Isa 11:6)

 နွားမနှင့်ဝံမသည် အတူကျက်စား၍၊ သူတို့သားငယ်များသည် အတူအိပ်ကြ လိမ့်မည်။ ခြင်္သေ့သည် လည်း နွားကဲ့သို့မြက်ကို စားလိမ့်မည်။ (Isa 11:7)

 နို့စို့သူငယ်သည်လည်း မြွေဆိုးတွင်းပေါ်မှာ ကစားလိမ့်မည်။ နို့ကွာသော သူငယ်သည်လည်း၊ မြွေဟောက်တွင်းဝ၌ မိမိလက်ကိုသွင်းလိမ့်မည်။ (Isa 11:8)

 ငါ၏သန့်ရှင်းသော တောင်တပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကိုမပြုရကြ။ အကြောင်းမူကား၊ ပင်လယ်ရေသည် မိမိနေရာကို လွှမ်းမိုးသကဲ့သို့၊ မြေကြီး သည် ထာဝရဘုရားကို သိကျွမ်းခြင်း ပညာနှင့်ပြည့်စုံလိမ့်မည်။ (Isa 11:9)

ထိုကာလ၌ ယေရှဲ၏အမြစ်သည်ပေါက်၍၊ လူများအဘို့ထူသော အလံဖြစ်လိမ့်မည်။ ထိုအလံ၌ တပါး အမျိုး သားတို့သည် ဆည်းကပ်ကြလိမ့်မည်။ ကျိန်းဝပ်တော်မူရာအရပ်သည်လည်း ဘုန်းကြီးလိမ့်မည်။ (Isa 11:10)

ဆာလံ ၇၂း ၁-၂, ၇-၈, ၁၂-၁၃, ၁၇

အလိုက်-သူ ၏ လက်ထက်တော် ၌ ဖြောင့်မတ် မှန်ကန် ခြင်း တရားထွန်းကားပါစေ။ ငြိမ်းချမ်းသာယာ ခြင်း သည် ကျယ်ပြန့်စွာစိုးမိုးပါစေ။

အို ဘုရားသခင် ၊ ဘုရင်မင်းမြတ်အား ကိုယ်တော် ၏ တရားမျှတမှုကို လည်းကောင်း ၊ ဘုရင်မင်းမြတ် ၏ သားတော် အား ကိုယ်တော် ၏ ဖြောင့်မတ် မှန်ကန်မှုကို လည်းကောင်း ပေး တော်မူ ပါ။ သူ သည် ကိုယ်တော် ၏ လူမျိုးတော်ကို ဖြောင့်မတ် မှန်ကန် ခြင်း ဖြင့် လည်းကောင်း ၊ ဆင်းရဲ သော သူ တို့ ကို တရားမျှတမှု ဖြင့် လည်းကောင်း စီရင် မှုပြုနိုင်ပါစေ။

သူ ၏ လက်ထက်တော် ၌ ဖြောင့်မတ် မှန်ကန် ခြင်း တရားထွန်းကားပါစေ။ လ ၏ အလင်းကုန်ဆုံးသွား သည့် တိုင်အောင် ငြိမ်းချမ်းသာယာ ခြင်း သည် ကျယ်ပြန့်စွာစိုးမိုးပါစေ။သူ သည် ပင်လယ်တခုမှတခု သို့ လည်းကောင်း ၊ မြစ်တစ်စင်းမှ ကမ္ဘာမြေကြီးစွန်း တိုင်အောင် လည်းကောင်း စိုးမိုးအုပ်ချုပ် လိမ့်မည်။

၁၂ အကြောင်း မူကား မင်းကြီး သည် မိမိအားဟစ်အော်တမ်းတသော ငတ်မွတ်သူတို့အား လည်းကောင်း ၊ ခိုကိုးရာမဲ့ဆင်းရဲသားတို့အား လည်းကောင်း ကယ်တင် တော်မူ လေ ၏။၁၃ သူ သည် အားနည်းနုံချာ သည့် ဆင်းရဲ သော သူ တို့ နှင့် နွမ်းပါး သော သူ တို့ ကို သနား ၍ ငတ်မွတ် သော သူ တို့ ၏ အသက် ကိုလည်း ကယ်တင် တော်မူ ၏။

၁၇ သူ ၏ နာမ သည် အစဉ်အမြဲတည်ပါစေသော်။ သူ ၏ ဂုဏ်သတင်း သည် လည်း နေ မင်းကြီး တည်သရွေ့ဆက်လက်တည်တံ့ပါစေ။ လူ အပေါင်းတို့ သည် သူ့အား ဖြင့် ကောင်းချီးမင်္ဂလာခံကြရပါစေ။ လူမျိုး အပေါင်းတို့ သည် သူ့ ကို မင်္ဂလာရှိသူဟု ခေါ် ဝေါ်ကြပါစေ။

ဒုတိယကျမ်း

ရောမ ၁၅း ၄-၉

၄ အကြောင်း မူကား ရှေး ကာလကရေးသားဖော်ပြခဲ့သော အကြောင်း အရာတို့ သည် ငါတို့ အား သွန်သင်ဆုံးမ ရန် ဖြစ် ၍ စိတ်ရှည် သည်းခံ ခြင်း နှင့် ကျမ်းချက် များ မှ အားပေးနှစ်သိမ့် ခြင်း တို့ ဖြင့် ငါတို့ ၌ မျှော်လင့် ခြင်း ရှိစေမည့် အကြောင်း တည်း။

၅ စိတ်ရှည် သည်းခံ ခြင်း နှင့် အားပေးနှစ်သိမ့် ခြင်း တို့ ကို ပေးသနား တော်မူ သော ဘုရားသခင် သည် သင်တို့အား ယေဇူး ခရစ်တော် ၏ အလိုတော် နှင့် အညီ အချင်းချင်းစိတ်တညီတညွတ်တည်း နေထိုင်နိုင် ရန် ကူညီမစ တော်မူ ပါစေ။

၆ သို့ မှသာ လျှင် သင်တို့ သည် ငါတို့ ၏ သခင် ယေဇူး ခရစ်တော် ၏ ခမည်းတော်ဖြစ် တော်မူ သော ဘုရားသခင် အား တစ်သံ တည်း ချီးမွမ်း ထောမနာပြုနိုင်ကြပေ လိမ့်မည်။

၇ ထို့ကြောင့် ခရစ်တော် သည် သင် တို့ ကို ကြိုဆိုလက်ခံသကဲ့ သို့ သင်တို့ သည် လည်း ဘုရားသခင် ၏ ဘုန်းဂုဏ်တော် အတွက် အချင်းချင်း တစ်ဦး ကို တစ်ဦး ကြိုဆိုလက်ခံ ကြလော့။

၈ အကြောင်း မူကား ခရစ်တော် သည် ဘိုးဘေးတို့အား ပေးထား တော်မူ သောကတိတော်ကိုအတည်ပြု ခြင်း ငှာ ဘုရားသခင် ၏ သစ္စာသမ္မာတရားကိုထောက် ၍ အရေဖျားလှီး ခြင်း ခံ သော သူ တို့ ၏ အစေခံဖြစ်လာ တော်မူ သည် ဟု သင်တို့အား ငါဆို ၏။

၉ သို့ မှသာ လျှင် လူမျိုးခြားတို့ သည် လည်း ဘုရားသခင် ၏ ကရုဏာတော် အတွက် ကိုယ်တော့်ကို ချီးမွမ်း ထောမနာပြုကြ ပေ လိမ့်မည်။ ကျမ်းစာတော်မြတ် ၌ လည်းရေးထား သည် ကား ထို့ကြောင့် အကျွန်ုပ် သည် လူမျိုးခြားတို့အလယ် တွင် ကိုယ်တော့်ကိုဝန်ခံ ၍ ကိုယ်တော် ၏ နာမတော်ကို ချီးမွမ်း ဧကျူးပါမည်ဟူ ၍ ဖြစ်သတည်း။

အာလေလုယာ

၄ ပရောဖက် အီဇာယဟော ထား သော ကျမ်းချက် တွင် ပါရှိ သည့် အ တိုင်း တောကန္တာရ ၌ ကြွေးကြော် သော သူ ၏ အသံ သည် ကား ထာဝရ ဘုရားသခင် ၏ လမ်းကို ပြင်ဆင် ကြလော့။ ကိုယ်တော် ၏ လမ်း တို့ ကို ဖြောင့်တန်းစေ ကြလော့။၆ ထိုအခါ လူ အပေါင်းတို့ သည် ဘုရားသခင် ၏ ကယ်တင် ခြင်း ကို တွေ့မြင်ကြရ လိမ့်မည်ဟူ ၍ ဖြစ်သတည်း။ အာလုယာ

ဧဝံဂေလိကျမ်း

ရှင်မာတေဦး ၃း ၁-၁၂

၁ ထိုနေ့ရက်တို့ ၌ ယောဟန်ဘတ္တိဇံ သည် ရောက်လာ ၍ ဂျူဒေးယ ပြည် ၊ တောကန္တာရ တွင် ဟောပြော သည် မှာ၊၂ အကြောင်း မူကား ကောင်းကင် နိုင်ငံတော် သည် ရောက်လုနီးပြီဟူ ၍ တည်း။

၃ ပရောဖက် အီဇယဟောထားခဲ့ သည့် အ တိုင်း ၊ ထာဝရ ဘုရားသခင် ကြွလာ တော်မူ မည့်လမ်းကိုပြင်ဆင် ကြလော့၊ ကိုယ်

၄ ယောဟန် သည် ကုလားအုတ်မွေး ဖြင့် ရက်လုပ်သောအဝတ်ကို ဝတ်ဆင်ကာခါး ၌ သားရေခါးစည်းကြိုးကို စည်းထား ၏။ သူ ၏ အစာ သည် ကား ကျိုင်းကောင် နှင့် တောပျားရည်တို့သာဖြစ် ၏။

၅ ထိုအခါ ဂျေရုဆလင်မြို့မှစ ၍ ဂျူဒေးယနယ်တစ်နယ်လုံး နှင့် ဂျော်ဒန်မြစ်တစ်လျှောက်ရှိဒေသမှ လူ အပေါင်းတို့ သည် သူ့ထံ သို့ လာကြ ၏။

၆ ထိုသူတို့ သည် မိမိ တို့ ၏ အပြစ် များ ကို ထုတ်ဖော်ဝန်ခံကြ လျက် ဂျော်ဒန်မြစ် တွင် သူ့အား ဖြင့် ဆေးကြော ခြင်း ကိုခံယူ ကြ ၏။

၇ သူ သည် ဖာရီဇေးဦး နှင့် ဇာဒူခေးဦးတို့ ဆေးကြော ခြင်း ခံယူ ရန် လာကြ သည် ကို မြင် သော အခါ တွင် မူသူတို့အား အချင်းမြွေဆိုးအမျိုးတို့၊ ကျရောက်လာမည့်အမျက်တော်မှလွတ်မြောက်စေ ရန် မည်သူ သည် သင် တို့ ကို သတိပေးသနည်း။

၈ နောင်တသံဝေဂရ ခြင်း နှင့် ထိုက်တန်သောအကျင့်ကို ကျင့် ကြလော့။

၉ အာဘရာဟံ သည် ငါတို့ ၏ အဖဖြစ် သည် ဟုသင် တို့ ကို ယ်သင်တို့မပြောဆိုကြ နှင့်။ အကြောင်း မူကား ဘုရားသခင် သည် ဤ ကျောက်ခဲ များ ကို အာဘရာဟံ ၏ သား များ အဖြစ် ဖန်ဆင်းနိုင်စွမ်းရှိ တော်မူ သည် ဟု သင်တို့အား ငါအမှန်ဆို ၏။

၁၀ ယခု တွင် ပင် သစ်ပင်တို့ ၏ အမြစ်ကို ပုဆိန် ဖြင့် ချိန်ရွယ်ထား လျက် ရှိ သည် ဖြစ် ၍ ကောင်းသော အသီး မသီး သည့် အပင် မှန်သမျှကို ခုတ်လှဲ ၍ မီးထဲ သို့ ပစ်ချ လိမ့်မည်။

၁၁ နောင်တသံဝေဂရ ခြင်း ငှာ ငါ သည် သင် တို့ ကို ရေ ဖြင့် ဆေးကြော ၏။ ငါ့နောက် တွင် ကြွလာ မည့်သူ မူကားငါ့ထက်တတ်စွမ်းနိုင် ၏။ သူ ၏ ခြေနင်းတော်ကိုမျှသယ်ဆောင် ခြင်း ငှာငါမထိုက်။ သူ သည် သင် တို့ ကို ဝိညာဉ်တော် မြတ် ဖြင့် လည်းကောင်း ၊ မီး ဖြင့် လည်းကောင်း ဆေးကြော တော်မူ လိမ့်မည်။

၁၂ ကိုယ်တော် သည် လက်တော် တွင် ဆန်ကောပါ လျက် မိမိ ၏ တလင်းကိုရှင်းလင်းပြီး လျှင် မိမိ ၏ ဂျုံစပါးကို ကျီ တွင် စုသိမ်း တော်မူ လိမ့်မည်။ အဖျင်းကိုမူကား ကိုယ်တော် သည် မငြိမ်းနိုင်သောမီး ဖြင့် ရှို့ တော်မူ လိမ့်မည်ဟု ဟောပြောလေ ၏။

scriptures