Pathein Catholic Diocese Untitled Document
Untitled Document
သေလွန်သူများနှင့်သက်ဆိုင်သည့်ကျမ်းစာကောက်နုတ်ချက်များ

All Souls Day

*** လူ၌ ခန္ဓာနှင့် ဝိညာဉ် ရှိသည့်အကြောင်းကို ကမာ္ဘဦးကျမ်းတွင် ဤကဲ့သို့ ဖော်ပြထားသည်။

ထို့နောက် ထာဝရအရှင် ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်တော်မူလျှင် လူသည် အသက်ရှင်သော သတ္တဝါဖြစ်လေ၏။ (Gen 2:7)

ဓမ္မသစ်ကျမ်းတွင်လည်း ယခုကဲ့သို့ ဖော်ပြထားသည်။

ကိုယ်ခန္ဓာကိုသတ်၍ ဝိညာဉ်ကို မသတ်နိုင်သော သူတို့အား မကြောက်ကြနှင့်။ ဝိညာဉ်နှင့် ကိုယ်ခန္ဓာကိုပါ ငရဲ၌ ဖျက်ဆီးနိုင်သော သူကိုသာ ကြောက်ကြလော့။ (ရှင်မဿဲခရစ်ဝင် 10:28)

*** ခန္ဓာသေဆုံးခြင်း ဆိုသည်မှာ ဝိဉာဉ်သည် ခန္ဓာကိုယ်နှင့် ဝေးကွာသွားခြင်း ဖြစ်သည်။

ထိုအပင်၏အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန် သေရမည်ဟု လူကိုပညတ်ထားတော်မူ၏။ (Gen 2:17)

သင်သည် မြေမှုန့်ဖြစ်၍၊ မြေမှုန့်သို့ ပြန်ရမည်ဟု မိန့်တော်မူ၏။ (Gen 3:19)

ကိုယ်တော်သည် မျက်နှာတော်ကို လွှဲဖယ်တော်မူသောအခါ သူတို့သည် ကြောက်ရွံ့ကြပါ၏။ သူတို့၏အသက်ကို ကိုယ်တော် ရုပ်သိမ်းတော်မူသောအခါ သူတို့သည် သေကြ၍ မြေမှုန့်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားကြပါ၏။ (ဆာလံကျမ်း 104:29)

ငါသည် အလွန်စိတ်ပျက်ဖွယ်ကောင်းသောသူတစ်ဦး ဖြစ်ပေ၏။ မည်သူသည် ငါ့ကို ဤသေခြင်း၏ ကိုယ်ခန္ဓာမှ ကယ်တင်မည်နည်း။ (ရောမဩဝါဒစာ 7:24)

*** ဝိဉာဉ်သေဆုံးခြင်းဆိုသည်မှာ ဝိဉာဉ်သည် ဘုရားသခင်နှင့် ဝေးကွာသွားခြင်း ဖြစ်သည်။

နေဧသော အချိန်တွင်၊ ထိုဥယျာဉ်၌ ထာဝရအရှင် ဘုရားသခင် ကြွတော်မူသော အသံကို လူလင်မယားတို့သည် ကြားလျှင်၊ အထံတော်မှ လွတ်ခြင်းငှါ၊ ဥယျာဉ်အပင်တို့တွင် ပုန်းကွယ်လျက်နေကြ၏။ (Gen 3:8)

သူတို့၏ အသိတရား၌ အမှောင်ဖုံးလျက်ရှိပြီး စိတ်နှလုံး ခိုင်မာခြင်းကြောင့်လည်း သူတို့၌ တတ်သိနားလည်ခြင်း ကင်းမဲ့ကြ၍ သူတို့သည် ဘုရားသခင် ပေးသနားတော်မူသော အသက်နှင့် ဝေးကွာလျက်ရှိကြ၏။ (ဧဖက်ဩဝါဒစာ 4:18)

အပြစ်တရား၏ အဖိုးအခသည်ကား သေခြင်းပင်ဖြစ်၏။ (ရောမဩဝါဒစာ 6:23)

*** ခန္ဓာသေဆုံးပေမယ့် ခရစ်တော်ကို ယုံကြည်သူတိုင်းဟာ ထာဝရ အသက်ရှင်ခွင့် ရှိနေပါတယ်။

ဘုရားသခင် ပေးတော်မူသော ဆုကျေးဇူးတော်သည်ကား ငါတို့၏သခင် ယေဇူးခရစ်တော်၌ ရရှိသော ထာဝရအသက်ပေတည်း။ (ရောမဩဝါဒစာ 6:23)

လူအပေါင်းတို့သည် အာဒံ၌ သေကြရသကဲ့သို့ ထိုသူအားလုံးတို့သည် ခရစ်တော်၌ အသက်ရှင်ကြရလိမ့်မည်။ (ကောရိန်သုဩဝါဒစာ ပထမစောင် 15:22)

ဤသို့ဖြင့် သူ၌ ယုံကြည်သောသူ ဟူသမျှသည် ထာဝရ အသက်ကို ရလိမ့်မည်။ (ရှင်ယောဟန်ခရစ်ဝင်  3:15)

သင်တို့အား ငါဧကန်အမှန် ဆိုသည်ကား ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ (ရှင်ယောဟန်ခရစ်ဝင်  6:47)

ငါ၏အသားကိုစား၍ ငါ၏သွေးကို သောက်သောသူသည် ထာဝရအသက်ကိုရ၏။ ငါသည်လည်း ထိုသူကို နောက်ဆုံးသောနေ့၌ ရှင်ပြန်ထမြောက်စေမည်။ (ရှင်ယောဟန်ခရစ်ဝင်  6:54)

သင်တို့အား ငါဧကန် အမှန်ဆိုသည်ကား ငါ၏စကားကို လိုက်နာကျင့်ကြံသောသူသည် သေခြင်းနှင့် မည်သည့်အခါမျှ ကြုံရလိမ့်မည် မဟုတ်ဟု မိန့်တော်မူ၏။ (ရှင်ယောဟန်ခရစ်ဝင်  8:51)

အဘယ်ကြောင့်ဆိုသော် ယေဇူးသည် အသေခံပြီးနောက် ရှင်ပြန်ထမြောက်တော်မူသည်ကို ယုံကြည်ကြလျှင် ဘုရားသခင်သည် ယေဇူး၌ သေလွန်သွားကြသော သူတို့ကိုလည်း ထိုသခင်နှင့်အတူ အထံတော်သို့ ခေါ်ဆောင်တော်မူလိမ့်မည်။ (သက်သာလောနိတ်ဩဝါဒစာ ပထမစောင် 4:14)

အကြောင်းမူကား သင်တို့သည် ယုံကြည်သည့်အတွက်ကြောင့် ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းခံခဲ့ကြရ၏။ ၎င်းသည် သင်တို့ကိုယ်တိုင် ပြုလုပ်သောအမှု မဟုတ်ဘဲ ဘုရားသခင်၏ ကျေးဇူးတော်သာဖြစ်ပြီး၊- မည်သည့်ကြိုးစားအားထုတ်မှုကြောင့်မျှ မဟုတ်သောကြောင့် မည်သူမျှ ကြွားဝါစရာအကြောင်း မရှိပေ။ (ဧဖက်ဩဝါဒစာ 2:8-9)

*** ဝိဉာဉ်သေဆုံးသူတွေကတော့ ထာဝရ သေဆုံးခြင်းကို ရောက်ရှိမှာဖြစ်တယ်။

သားတော်၌ ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကို မယုံကြည်သောသူမူကား ထာဝရအသက်ကို မြင်ရလိမ့်မည်မဟုတ်။ သို့သော် ဘုရားသခင်၏ အမျက်တော်သည် ထိုသူ၏အပေါ်၌ တည်လိမ့်မည်ဟု ဆိုလေ၏။ (ရှင်ယောဟန်ခရစ်ဝင်  3:36)

သားတော်ကို ရရှိသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏ သားတော်ကို မရရှိသောသူမူကား အသက်ကိုမရပေ။ (ရှင်ယောဟန်ဩဝါဒစာ ပထမစောင် 5:12)

သင်တို့၏ ဒုစရိုက်သည် သင်တို့ကို ဘုရားသခင်နှင့် ဝေးကွာစေပြီ။ ကြားတော်မမူစေခြင်းငှါ သင်တို့အပြစ်သည် မျက်နှာတော်ကို လွှဲစေပြီ။ (Isa 59:2)

ထို့နောက် သေမင်းနှင့် သေမင်းနိုင်ငံတို့သည် မီးအိုင်ထဲသို့ ပစ်ချခြင်းခံကြရ၏။ ဤမီးအိုင်သည်ကား ဒုတိယသေခြင်းပေတည်း။- အသက်မှတ်တမ်းစာအုပ်တွင် အမည်ရေးမှတ်ထားခြင်း မခံရသောသူ ဟူသမျှသည်လည်း မီးအိုင်ထဲသို့ပစ်ချခြင်းခံရလေ၏။ (ဗျာဒိတ်ကျမ်း 20:14-15)

သို့ရာတွင် သူရဲဘောနည်းသူများ၊ သစ္စာမဲ့သူများ၊ ညစ်ညူးသောသူများ၊ လူသတ်သမားများ၊ မတရားသောမေထုန် မှီဝဲသူများ၊ စုန်းကဝေများ၊ ရုပ်တုကိုးကွယ်သူများ၊ လိမ်ညာသူများ ရှိသမျှတို့သည် လောင်ကျွမ်းနေသော ကန့်မီးအိုင်ထဲသို့ ရောက်ကြလိမ့်မည်။ ထိုအရာသည်ကား ဒုတိယသေခြင်းပင် ဖြစ်သည်ဟု ငါ့အား မိန့်တော်မူ၏။ (ဗျာဒိတ်ကျမ်း 21:8)

နားရှိသောသူသည် ဝိညာဉ်တော်မြတ်က အသင်းတော်တို့အား မိန့်တော်မူသော အရာကို ကြားပါစေ။ အောင်မြင်သောသူသည် ဒုတိယအကြိမ် သေရသည့်အဖြစ်မှ ကင်းလွတ်လိမ့်မည်။ (ဗျာဒိတ်ကျမ်း 2:11)

*** အဘယ်ကဲ့သို့ ဝိညာဉ်သေဆုံးခြင်း ဖြစ်နိုင်သနည်း။

လူသားကို နှုတ်ဖြင့်ပြောဆို ပြစ်မှားသောသူသည် အပြစ်မှ ခွင့်လွှတ်ခြင်း ခံရလိမ့်မည်။ သို့ရာတွင် ဝိညာဉ်တော်မြတ်ကို ထိခိုက်ပြစ်မှားသောသူမှာမူ အပြစ်မှ ခွင့်လွှတ်ခြင်း ခံရလိမ့်မည် မဟုတ်။ (ရှင်လုကာခရစ်ဝင် 12:10) (ရှင်မဿဲခရစ်ဝင် 12:31-32)

¤¤¤ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားကို ထိခိုက်ကျူးလွန်သော အပြစ် ၆မျိုး

၁။ ကယ်တင်ခြင်းအတွက် စိတ်ပျက်အားလျော့ခြင်း။

ထိုအခါ သူသည် ဗိမာန်တော်အတွင်း၌ ထိုငွေများကို ပစ်ချခဲ့ပြီး ထွက်ခွာသွား၏။ ထို့နောက် သူသည် သွား၍ မိမိကိုယ်ကို ဆွဲကြိုးချ သေလေ၏။ (ရှင်မဿဲခရစ်ဝင် 27:5)

ဆက်လက်ဖတ်ရှုရန်။ (ဆာလံကျမ်း 40:12) (1Sa 31:3-4) ဓမ္မရာဇဝင် ပထမစောင်

၂။ ကိုယ်ပိုင်စွမ်းအားဖြင့် ကယ်တင်ခြင်းကို ကြိုးစားရယူနိုင်သည်ဟု မာန်မာနစိတ်ဖြင့် မှတ်ယူခြင်း။

ငါ၏ဝိညာဉ်ကိုလည်း အိုငါ့ဝိညာဉ်၊ သင်၌များပြားသော ဥစ္စာပစ္စည်းများကို နှစ်ပေါင်းများစွာအတွက် သိုလှောင်ထားလျက်ရှိပြီ။ စိတ်သက်သာစွာနေ၍ သောက်စားလျက် ပျော်ရွှင်စွာနေလော့ဟူ၍ ငါဆိုမည်ဟု တွေးတောလေ၏။ (ရှင်လုကာခရစ်ဝင် 12:19)

အကြောင်းမူကား သင်က ငါသည် ကြွယ်ဝချမ်းသာ၏၊ ကြီးပွားတိုးတက်၏၊ ငါ၌ မည်သည့်အရာကိုမျှ မလိုအပ်ဟု ဆိုလေပြီ။ သို့ရာတွင် သင်သည် စိတ်မချမ်းမြေ့ဖွယ်ကောင်းသူ၊ သနားဖွယ်ကောင်းသူ၊ ဆင်းရဲသူ၊ မျက်စိကန်းသူနှင့် အဝတ်အချည်းစည်းရှိသူ ဖြစ်ကြောင်းကို သင်မသိပါတကား။ (ဗျာဒိတ်ကျမ်း 3:17)

ဆက်လက်ဖတ်ရှုရန်။ (Gen 11:4) (2Chr 26:16) ရာဇဝင်ချုပ် ဒုတိယစောင်

၃။ အမှန်တရားကို သိနေသော်လည်း ငြင်းဆန်နေခြင်း။

ဤသူသည် တစ်ခြားသော သူတို့ကို ကယ်တင်ခဲ့၏။ မိမိကိုယ်ကိုမူကား မကယ်တင်နိုင်။ သူသည် အစ္စရာအဲလ်လူမျိုး၏ ဘုရင်ဖြစ်လျှင် လက်ဝါးကပ်တိုင်ပေါ်မှ ယခုဆင်းလာပါစေ။ ထိုအခါ ငါတို့သည် သူ့ကို ယုံကြည်ပါတော့မည်။ (ရှင်မဿဲခရစ်ဝင် 27:42)

ဆက်လက်ဖတ်ရှုရန်။ (ရှင်ယောဟန်ဩဝါဒစာ ပထမစောင် 2:22-23) (ရှင်ယောဟန်ဩဝါဒစာ ဒုတိယစောင် 1:7)

၄။ တစ်ပါးသူ၌ ဘုရားသခင် ပေးသနားသော သူတော်ကောင်းတရား ရှိနေခြင်းကို မနာလိုခြင်း။

ငါပိုင်ဆိုင်သော အရာကို ငါအလိုရှိသည့်အတိုင်း ပြုလုပ်ပိုင်ခွင့် မရှိပါသလော။ ငါသည် ရက်ရောသောကြောင့် သင်သည် မနာလိုစိတ် ရှိသလောဟု ဆို၏။ (ရှင်မဿဲခရစ်ဝင် 20:15)

ကာဣနကလည်း လယ်သို့ သွားကြကုန်အံ့ဟု ညီအာဗေလကိုခေါ်၍ လယ်သို့ရောက်သောအခါ ညီအာဗေလကို ရန်ဘက်ပြု၍ သတ်လေ၏။ (Gen 4:8)

ဆက်လက်ဖတ်ရှုရန်။ ကမာ္ဘဦးကျမ်း (Gen 4:3-5) (Gen 26:12-14) (Gen 37:9-28)

၅။ အပြစ်ထဲမှ ရုန်းမထွက်ပဲ နှစ်မွန်းနေခြင်း၊ ခေါင်းမာနေခြင်း။

အရေဖျားလှီးခြင်း မခံထားသော စိတ်နှလုံးနှင့် နားတို့ဖြင့် ခေါင်းမာကြသောသူတို့၊ သင်တို့သည် ဝိညာဉ်တော်မြတ်ကို အစဉ်မပြတ် ဆန့်ကျင်ဘက်ပြုကြ၏။ သင်တို့၏ ဘိုးဘေးများ ပြုလုပ်ခဲ့ကြသည့်အတိုင်း သင်တို့သည်လည်း ပြုလုပ်ကြ၏။ (တမန်တော်ဝတ္ထု 7:51)

ဤလူမျိုးကို ငါကြည့်မြင်ပြီ။ လည်ပင်းခိုင်မာသော အမျိုးဖြစ်၏။ (Exo 32:9)

အကြောင်းမူကား ပေါင်မုန့်၏ အံ့ဖွယ်ဖြစ်ရပ်ကိုပင် နားမလည်နိုင်လောက်အောင် သူတို့၏ စိတ်နှလုံးသည် ခိုင်မာကြသောကြောင့်ပေတည်း။ (ရှင်မာကုခရစ်ဝင်  6:52)

ဆက်လက်ဖတ်ရှုရန်။ (ဆာလံကျမ်း 78:17) (Jer 7:26-28) (Jer 17:23)

၆။ အပြစ်အတွက် စစ်မှန်သော နောင်တ သံဝေဂ မရှိခြင်း။

သင်တို့သည် သင်တို့၏အဖ နတ်ဆိုးထံမှဖြစ်၍ သင်တို့၏စိတ်သည် သင်တို့အဖ၏ အလိုဆန္ဒကိုသာ လိုက်နာလိုကြ၏။ သူသည် အစဦးကပင် လူ့အသက်ကို သတ်သောသူဖြစ်ပြီး သမ္မာတရားနှင့် မည်သည့်အခါမျှ မစပ်ဆိုင်ခဲ့ပေ။ အကြောင်းမူကား သူ၌သမ္မာတရား မရှိသောကြောင့်ဖြစ်၏။ သူသည် မုသားစကားကို ပြောသောအခါ မိမိ၏ဇာတိသဘောအတိုင်း ပြောဆိုတတ်၏။ အကြောင်းမူကား သူသည် လိမ်ညာသူတစ်ဦးဖြစ်ပြီး လိမ်လည်လှည့်ဖြားခြင်း၏ အဖလည်းဖြစ်၏။ (ရှင်ယောဟန်ခရစ်ဝင်  8:44)

ကိုယ်တော်ကလည်း ဤဂါလေလေးယ နယ်သားတို့သည် ဤသို့ခံရခြင်းကြောင့် အခြားသော ဂါလေလေးယ နယ်သားတို့ထက် ပို၍အပြစ်ကြီးသူများ ဖြစ်ကြသည်ဟု သင်တို့ထင်မှတ်ကြသလော။- ဤကဲ့သို့မဟုတ်ဟု သင်တို့အား ငါဆို၏။ သို့သော် သင်တို့သည် နောင်တမရကြလျှင် သင်တို့အားလုံးသည်လည်း ထိုနည်းတူပျက်စီး ကြလိမ့်မည်။- ထို့အတူ စီလွမ်ရဲတိုက် ပြိုကျ၍ သေဆုံးကြသောသူ တစ်ဆယ့်ရှစ်ယောက်တို့သည် ဂျေရုဆလင်မြို့တွင် နေထိုင်ကြသော အခြားသူများထက် အပြစ်ကြီးသည်ဟု သင်တို့ထင်မှတ်ကြသလော။- ထိုသို့မဟုတ်ဟု သင်တို့အား ငါဆို၏။ သို့သော် သင်တို့သည် နောင်တမရကြလျှင် သင်တို့အားလုံးသည်လည်း ထိုနည်းတူ ပျက်စီးကြရလိမ့်မည်ဟု သူတို့အား ပြန်ဖြေတော်မူ၏။ (ရှင်လုကာခရစ်ဝင် 13:2-5)

ဆက်လက်ဖတ်ရှုရန်။ (Num 14:11) တောလည်ရာကျမ်း၊ (2Chr 24:18-19) ရာဇဝင်ချုပ် ဒုတိယစောင်၊ (Jer 7:30)  (Isa 1:4) (Hos 7:10) (ရောမဩဝါဒစာ 1:29-31)

 ရှာဖွေပြုစုသူ- ဖာသာရ် ခင်မောင်အေး

scriptures