Pathein Catholic Diocese Untitled Document
Untitled Document
ဝါတွင်းကာလ ပဥ္စမတနင်္ဂနွေနေ့အတွက် ဖတ်ရှုရမည့်ကျမ်းစာများ

ပထမကျမ်း

ယေဇကျေလ ၃၇:၁၂-၁၄

သို့ ဖြစ်၍၊ ပရောဖက်ပြုလျှင် အရှင်ထာဝရဘုရား၏ အမိန့်တော်ကို သူတို့အား ဆင့်ဆိုရမည်မှာ၊ အချင်းငါ၏လူတို့ သင်တို့သင်္ချိုင်းတွင်းများကို ငါဖွင့်၍ သင့်တို့ကို ထုတ်ပြီးလျှင် ဣသရေလပြည်သို့ ပို့ဆောင်မည်။ (Eze 37:12)

 အချင်းငါ၏လူတို့၊ သင်တို့သင်္ချိုင်းတွင်းများကို ငါဖွင့်၍ သင်တို့ကို ထုတ်ပြီးလျှင်၊  (Eze 37:13)

 အသက်ရှင်စေခြင်းငှါ ငါသည်ကိုယ် အသက်ကို သွင်းပေး၍၊ သင်တို့ကို နေရင်းပြည်၌ နေရာချသော အခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည်။ ငါထာဝရဘုရား ပြောသည်အတိုင်း ပြည့်စုံကြောင်းကိုလည်း သိရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ (Eze 37:14)

ဆာလံကျမ်း

၁၃၀း ၁-၈

အလိုက်- ကိုယ်တော် ၏ သနားကရုဏာတော် သည် တည်တံ့ခိုင်မြဲ ၍ ကိုယ်တော် သည် ရွေးနုတ်ကယ်တင်လိုသောရွှေစိတ်တော်အ ပြည့်အဝရှိ တော်မူ ၏။

၁ အို ထာဝရ ဘုရားသခင် ၊ အကျွန်ုပ် သည် နက်ရှိုင်းသောအရပ်မှနေ ၍ ကိုယ်တော့်ကို အော်ဟစ် တောင်းလျှောက် ပါ ၏။

၂ အို ထာဝရ ဘုရားသခင် ၊ အကျွန်ုပ် ၏ အသံကိုနားညောင်း တော်မူ ပါ။ အကျွန်ုပ် ၏ တောင်းလျှောက် သံကို နားစွင့် တော်မူ ပါ။

၃ အို ထာဝရ ဘုရားသခင် ၊ ကိုယ်တော် သည် အပြစ် များ ကိုရေးမှတ်ထား တော်မူ ပါ လျှင် မည်သူခံနိုင်ပါမည်နည်း။

၄ သို့ ရာ တွင် ကိုယ်တော် သည် အပြစ် များ ကို ခွင့်လွှတ် တော်မူ သောကြောင့် ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေကြပါ ၏။

၅ အကျွန်ုပ် ၏ ဝိညာဉ် သည် ကိုယ်တော့်ကို စောင့်မျှော်နေပါ ၏။ အကျွန်ုပ် သည် ကိုယ်တော် ၏ နှုတ်တော်ထွက်စကား ၌ မျှော်လင့်တောင့်တပါ ၏။

၆ ကင်းစောင့် သော သူ တို့ သည် နံနက်အချိန်ကိုစောင့်ငံ့မျှော်လင့်ကြ သည် ထက် အကျွန်ုပ် ၏ ဝိညာဉ် သည် ကိုယ်တော် ကို စောင့်ငံ့မျှော်လင့်ပါ ၏။

၇ အိုအစ္စရာအဲလ်လူမျိုး၊ ထာဝရ ဘုရားသခင် ၌ မျှော်လင့်ကိုးစားပါလော့။ အကြောင်း မူကား ကိုယ်တော် ၏ သနားကရုဏာတော် သည် တည်တံ့ခိုင်မြဲ ၍ ကိုယ်တော် သည် ရွေးနုတ်ကယ်တင်လိုသောရွှေစိတ်တော်အ ပြည့်အဝရှိ တော်မူ ၏။

၈ ကိုယ်တော် သည် အစ္စရာအဲလ်လူမျိုးကို သူတို့ ၏ အပြစ် မကောင်းမှုအပေါင်းမှ ရွေးနုတ်ကယ်တင် တော်မူ လိမ့်မည်။

ဒုတိယကျမ်း

ရောမ  ၈း ၈-၁၁

၈ မိမိ တို့ ၏ သွေးသားအလို ၌ အသက်ရှင် သော သူ တို့ သည် ဘုရားသခင် ကို ကျေနပ်နှစ်သက်စေနိုင်မည် မဟုတ် ချေ။

၉ သို့ ရာ တွင် သင်တို့ သည် သွေးသားအလိုဘက် ၌ ရှိကြ သည် မဟုတ်။ ဘုရားသခင် ၏ ဝိညာဉ်တော် သည် သင်တို့ ၌ အမှန်ပင်ကိန်းဝပ် တော်မူ ပါ လျှင် သင်တို့ သည် ဝိညာဉ်တော် ဘက် ၌ ရှိကြ ၏။ ခရစ်တော် ၏ ဝိညာဉ်တော် ကိုမပိုင်ဆိုင် သော သူ သည် ခရစ်တော် နှင့် မသက်ဆိုင်။

၁၀ သို့ ရာ တွင် ခရစ်တော် သည် သင်တို့ ၌ ကိန်းဝပ် တော်မူ လျှင် သင်တို့ ၏ ကိုယ်ခန္ဓာ သည် အပြစ် ကြောင့်သေ သော်လည်း ဝိညာဉ်မူကား ဖြောင့်မတ် ခြင်း ကြောင့်အသက်ရှင် လျက် ရှိ ၏။

၁၁ ထို့ပြင် ခရစ်တော် ကို သေ ခြင်း မှရှင်ပြန်ထမြောက်စေသောအရှင် ၏ ဝိညာဉ်တော် သည် သင်တို့ ၌ ကိန်းဝပ် တော်မူ လျှင် ယေဇူး ခရစ်တော် ကိုသေ ခြင်း မှရှင်ပြန်ထမြောက်စေသော ကိုယ်တော် သည် သင်တို့ ၌ ကိန်းဝပ် တော်မူ သော မိမိ ၏ ဝိညာဉ်တော် အား ဖြင့် သင်တို့ ၏ သေနိုင်သောကိုယ်ခန္ဓာ ကိုလည်း အသက်ရှင်စေ တော်မူ လိမ့်မည်။

ကြွေးကြော်သံ

၂၅ ယေဇူး က လည်း သူမအားမိန့် တော်မူ သည် ကား ငါ သည် ရှင်ပြန်ထမြောက် ခြင်း ဖြစ် ၏။ အသက်လည်းဖြစ် ၏။ ငါ့ကိုယုံကြည် သော သူ သည် သေပြီး သော်လည်း အသက်ရှင် လိမ့်မည်။  ၂၆ အသက်ရှင် ၍ ငါ့ကိုယုံကြည် သော သူ တိုင်း သည် လည်း မည် သည့် အခါမျှ သေရ လိမ့်မည် မဟုတ်။ ဤအချက်ကို သင်ယုံကြည်ပါသလောဟု မေး တော်မူ ၏။

ဧဝံဂေလိကျမ်း

ယောဟန် ၁၁း၁-၄၅

၁၁၁ မာရိယာ နှင့် သူ ၏ အစ်မ မာဿတို့နေထိုင် လျက် ရှိသော ဘက်သနီကျေးရွာ တွင် လာဇရု အမည် ရှိ သော သူ သည် ဖျားနာ လျက် ရှိ ၏။

၂ မာရိယာ သည် ကား ကိုယ်တော့်ကိုဆီမွှေး ဖြင့် လိမ်းကျံခဲ့ ၍ ကိုယ်တော် ၏ ခြေ များ ကို မိမိ ၏ ဆံပင် ဖြင့် သုတ်ပေးခဲ့ သော သူ ဖြစ်ပြီး ဖျားနာသူဖြစ် သည့် လာဇရု သည် သူမ ၏ မောင်ဖြစ် ၏။

၃ ထို့ကြောင့် အစ်မ များ က သခင်၊ ကိုယ်တော် ချစ် တော်မူ သော သူ ဖျားနာ လျက် ရှိပါ သည် ဟု ကိုယ်တော့်ထံသတင်းပို့ကြ ၏။

၄ သို့ သော် ယေဇူး သည် ဤ အကြောင်း ကိုကြား တော်မူ သော အခါ ဤဖျားနာ ခြင်း သည် သေ ခြင်း အတွက် မဟုတ်။ ဘုရားသခင် ၏ ဘုန်းဂုဏ်တော် အတွက် သာဖြစ် ၏။ ယင်းအား ဖြင့် ဘုရားသခင် ၏ သားတော် သည် ဘုန်းဂုဏ်တော်ထွန်းတောက် လိမ့်မည်ဟု မိန့် တော်မူ ၏။

၅ ထို့ကြောင့် ယေဇူး သည် မာဿ နှင့် သူမ ၏ ညီမကို လည်းကောင်း ၊ လာဇရုကို လည်းကောင်း ချစ် သော်လည်း ၊

၆ လာဇရုဖျားနာနေကြောင်းကိုကြား သော အခါ မိမိရောက်နေသောအရပ် တွင် နှစ်ရက်ကြာဆက်လက်နေ တော်မူ ၏။

၇ ထို့နောက် ကိုယ်တော် က တပည့်တော်တို့အား ဂျူဒေးယနယ် သို့ နောက်တစ်ဖန်သွားကြစို့ဟု မိန့် တော်မူ ၏။

၈ တပည့်တော်တို့က ရာဘီ၊ ယခုအခါ တွင် ဂျူးလူမျိုးတို့ သည် ကိုယ်တော့်ကို ကျောက်ခဲ နှင့် ပစ်ပေါက် ရန် ကြိုးစားနေကြပါ လျက် နှင့် ကိုယ်တော် သည် ထိုအရပ် သို့ နောက်တစ်ဖန်ကြွ တော်မူ မည်လောဟု ကိုယ်တော် အားလျှောက်ထားကြ ၏။

၉ ယေဇူး က နေ့အချိန် သည် တစ်ဆယ့်နှစ်နာရီရှိ သည် မဟုတ် လော။ တစ်စုံ တစ်ဦး သည် နေ့အချိန် ၌ သွားလာပါ လျှင် ဤလောကရှိအလင်းကိုမြင်ရ သောကြောင့် ခလုတ်မတိုက်မိချေ။

၁၀ သို့ သော် သူ သည် ညအချိန် ၌ သွားလာပါ လျှင် အလင်း သည် သူ နှင့် အတူမရှိသ ဖြင့် ခလုတ်တိုက်မိတတ် သည် ဟု မိန့် တော်မူ ၏။

၁၁ ထို သို့ မိန့် တော်မူ ပြီးနောက် ကိုယ်တော် က ငါတို့ ၏ မိတ်ဆွေလာဇရု သည် အိပ်ပျော်လေပြီ။ သို့ သော် ငါ သည် သူ့ ကို အိပ်နေရာမှ နှိုး ရန် သွားမည်ဟု သူတို့အား မိန့် တော်မူ ၏။

၁၂ တပည့်တော်တို့ က လည်း သခင်၊ သူ သည် အိပ်ပျော်နေ လျှင် ပြန် ၍ ကျန်းမာလာပါ လိမ့်မည်ဟု လျှောက်ကြ ၏။

၁၃ ယေဇူး သည် လာဇရု ၏ သေ ခြင်း ကို ရည်ညွှန်း ၍ မိန့် တော်မူ သော်လည်း တပည့်တော်တို့ကမူ ကိုယ်တော် သည် အိပ်စက်အနားယူ ခြင်း ကို ရည်ညွှန်း သည် ဟု ထင်မှတ်ခဲ့ကြ ၏။

၁၄ ထို့နောက် ယေဇူး ကအတိအလင်းမိန့် တော်မူ သည် ကား လာဇရု သည် သေလေပြီ။

၁၅ ထိုအရပ် ၌ ငါမရှိခဲ့ ခြင်း မှာ သင်တို့ယုံကြည်လာစေ ရန် ဖြစ် ၍ သင်တို့ အတွက် ငါ ဝမ်းမြောက် ၏။ သူ့ထံ သို့ သွားကြစို့ဟု မိန့်မြွက် တော်မူ ၏။

၁၆ အမြွာညီနောင်ဟူ ၍ အဓိပ္ပာယ်ရ သည့် ဒီးဒိမု အမည် ရှိသူ သောမက ကိုယ်တော် နှင့် အတူအသေခံ ရန် ငါတို့ လည်း သွားကြစို့ဟု မိမိ ၏ အဖော်တပည့်တော်တို့အား ဆိုလေ ၏။

၁၇ ယေဇူး ကြွလာ တော်မူ သော အခါ လာဇရု သည် သင်္ချိုင်းအ တွင်း ၌ လေးရက်တိုင်ရှိနေပြီဖြစ်ကြောင်း သိရှိ တော်မူ ၏။

၁၈ ဘက်သနီရွာ သည် ဂျေရုဆလင်မြို့အနီး နှစ်မိုင်ခန့်အကွာ တွင် ရှိ သည် ဖြစ် ၍ ၊

၁၉ များ စွာသော ဂျူးလူမျိုးတို့ သည် မာဿ နှင့် မာရိယာတို့အား သူတို့ ၏ မောင် အတွက် အားပေးနှစ်သိမ့် ရန် လာကြ ၏။

၂၀ မာဿ သည် ယေဇူး ကြွလာ တော်မူ ကြောင်းကိုကြားရ လျှင် သွား ၍ ကိုယ်တော့်ကိုကြိုဆိုလေ ၏။ ထိုအချိန် ၌ မာရိယာ သည် အိမ် တွင် ထိုင် လျက် ရှိ ၏။

၂၁ မာဿက ယေဇူး အား သခင်ဘုရား၊ ဤနေရာ ၌ ကိုယ်တော် ရှိခဲ့ပါ လျှင် ကျွန်မ ၏ မောင် သည် သေရ လိမ့်မည် မဟုတ် ပါ။

၂၂ သို့ ရာ တွင် ယခုလည်း ဘုရားသခင် ထံတော် ၌ ကိုယ်တော် တောင်းသမျှကို ဘုရားသခင် သည် ပေး တော်မူ မည်ဖြစ်ကြောင်းကျွန်မသိပါ သည် ဟု လျှောက်လေ ၏။

၂၃ ယေဇူး က သင် ၏ မောင် သည် ပြန်ရှင် လိမ့်မည်ဟု သူမအားမိန့် တော်မူ ၏။

၂၄ မာဿက ရှင်ပြန်ထမြောက်ရာ နောက်ဆုံးသောနေ့ရက် ၌ သူ သည် လည်း တစ်ဖန်ရှင်ပြန်ထမြောက် လိမ့်မည်ကို ကျွန်မသိပါ ၏ ဟု ကိုယ်တော် အားလျှောက် ၏။

၂၅ ယေဇူး က လည်း သူမအားမိန့် တော်မူ သည် ကား ငါ သည် ရှင်ပြန်ထမြောက် ခြင်း ဖြစ် ၏။ အသက်လည်းဖြစ် ၏။ ငါ့ကိုယုံကြည် သော သူ သည် သေပြီး သော်လည်း အသက်ရှင် လိမ့်မည်။

၂၆ အသက်ရှင် ၍ ငါ့ကိုယုံကြည် သော သူ တိုင်း သည် လည်း မည် သည့် အခါမျှ သေရ လိမ့်မည် မဟုတ်။ ဤအချက်ကို သင်ယုံကြည်ပါသလောဟု မေး တော်မူ ၏။

၂၇ သူမက ယုံကြည်ပါ သည် ၊ သခင်။ ကိုယ်တော် သည် ဤလောက သို့ ကြွလာ တော်မူ သော ဘုရား ၏ သားတော် ခရစ်တော် သခင်ဖြစ် တော်မူ ကြောင်းကို ကျွန်မယုံကြည်ပါ သည် ဟု ဖြေကြားလေ ၏။

၂၈ ဤကဲ့ သို့ လျှောက်ထားပြီးနောက် သူမ သည် သွား ၍ မိမိ ၏ ညီမမာရိယာကို ခေါ် လျက် ဆရာသခင် သည် ဤနေရာ ၌ ရောက်နေ ၍ သင့်ကို ခေါ် တော်မူ သည် ဟု တိတ်တဆိတ်ပြောဆိုလေ ၏။

၂၉ မာရိယာ သည် လည်း ထိုစကားကိုကြား လျှင် အလျင်အမြန်ထ ၍ အထံတော် သို့ သွားလေ ၏။

၃၀ ထိုအချိန် ၌ ယေဇူး သည် ရွာထဲ သို့ ဝင်မလာသေး ဘဲ မိမိကို မာဿက ကြိုဆိုခဲ့သောအရပ် ၌ ပင် ရှိနေဆဲဖြစ် ၏။

၃၁ ထို့ကြောင့် မာရိယာ နှင့် အတူအိမ် တွင် ရှိနေပြီး သူမကို အားပေးနှစ်သိမ့်နေ ကြသော ဂျူးလူမျိုးတို့ သည် မာရိယာအလျင်အမြန်ထ ၍ ထွက်သွား သည် ကို မြင်ကြ သော အခါ သူမ သည် ငိုကြွေး ရန် သင်္ချိုင်း သို့ ထွက်သွား သည် ဟု ထင်မှတ်ကြပြီး သူမနောက် သို့ လိုက်ကြလေ ၏။

၃၂ မာရိယာ သည် ယေဇူး ရှိ တော်မူ သောနေရာ သို့ ရောက် ၍ ကိုယ်တော့်ကိုမြင် လျှင် ခြေတော်ရင်း ၌ ပျပ်ဝပ် လျက် သခင်ဘုရား၊ ကိုယ်တော် သည် ဤနေရာ ၌ ရှိ တော်မူ ခဲ့ပါ လျှင် ကျွန်မ ၏ မောင် သည် သေရ လိမ့်မည် မဟုတ် ပါဟု လျှောက်လေ ၏။

၃၃ ယေဇူး သည် မာရိယာငိုကြွေးနေ သည် ကို လည်းကောင်း ၊ သူမ နှင့် အတူပါလာသောဂျုးလူမျိုး များ ငိုကြွေးနေကြ သည် ကို လည်းကောင်း တွေ့မြင် တော်မူ လျှင် အလွန်စိတ်ထိခိုက်သ ဖြင့် စိတ်သောကရောက် တော်မူ ၏။

၃၄ ထို့နောက် ကိုယ်တော် က သူ့ ကို သင်တို့အဘယ်မှာထားကြသနည်းဟု မေး တော်မူ လျှင် သူတို့က သခင်ဘုရား၊ လာရောက် ၍ ကြည့်ရှု တော်မူ ပါဟု လျှောက်ထားကြ ၏။

၃၅ ယေဇူး သည် လည်း မျက်ရည်ကျ တော်မူ ၏။

၃၆ ထိုအခါ ဂျူးလူမျိုးတို့က သူ သည် လာဇရုကို ဤမျှလောက်ချစ် သည် ကို ကြည့် ကြလော့ဟု ပြောဆိုကြ ၏။

၃၇ သို့ သော် သူတို့ တွင် အချို့က မျက်မမြင် ၏ မျက်စိ များ ကို ပြန်မြင်စေခဲ့သောဤသူ သည် လာဇရုကိုမသေ ရန် မပြုလုပ်နိုင်သလောဟု ဆိုကြ ၏။

၃၈ ထို့နောက် တစ်ဖန် ယေဇူး သည် လွန်စွာ စိတ်မသာမယာဖြစ် လျက် သင်္ချိုင်း သို့ ကြွလာ တော်မူ ၏။ သင်္ချိုင်း တွင်း သည် ကား ကျောက်လိုဏ်ဂူ တစ်ခု ဖြစ်ပြီး ၎င်းကို ကျောက်တုံး တစ်တုံး နှင့် ပိတ်ထား လျက် ရှိ ၏။

၃၉ ယေဇူး က ကျောက်တုံး ကို ရွှေ့ ကြလော့ဟု မိန့် တော်မူ ၏။ ထိုအခါ သေ သော သူ ၏ အမဖြစ် သည့် မာဿက သခင်ဘုရား၊ ယခုအချိန်ဆို လျှင် အနံထွက်နေပါ လိမ့်မည်။ အဘယ်ကြောင့် ဆိုသော် သူသေဆုံး သည် မှာ လေးရက်ရှိပါပြီဟု လျှောက်ထားလေ ၏။

၄၀ ယေဇူး က သူမအား သင် သည် ယုံကြည် လျှင် ဘုရားသခင် ၏ ဘုန်းဂုဏ်တော်ကို မြင်ရမည့် အကြောင်း သင့်အား ငါဆိုခဲ့ သည် မဟုတ် လောဟု မိန့် တော်မူ ၏။

၄၁ ထို့ကြောင့် သူတို့ သည် လည်း ကျောက်တုံး ကိုရွှေ့ကြလေ ၏။ ထိုအခါ ယေဇူး သည် အထက် သို့ မျှော်ကြည့် လျက် အိုအဖ၊ အကျွန်ုပ် ကို နားညောင်း တော်မူ သောကြောင့် ကိုယ်တော် အား အကျွန်ုပ် ကျေးဇူး တင်ပါ သည်။

၄၂ ကိုယ်တော် သည် အကျွန်ုပ် ကို အစဉ်အမြဲနားညောင်း တော်မူ ကြောင်း အကျွန်ုပ် သိပါ ၏။ သို့ သော် ကိုယ်တော် သည် အကျွန်ုပ် ကို စေလွှတ် တော်မူ ကြောင်းကို ဤနေရာ တွင် ရပ်နေကြ သော သူ တို့ယုံကြည်လာကြစေ ရန် ယခုကဲ့ သို့ တောင်းလျှောက် ခြင်း ဖြစ်ပါ သည် ဟု မြွက်ဆို တော်မူ ၏။

၄၃ ဤကဲ့ သို့ မြွက်ဆိုပြီးနောက် ကိုယ်တော် က ကျယ်လောင်သောအသံ ဖြင့် လာဇရု၊ ထွက်ခဲ့လော့ဟု ခေါ် တော်မူ လျှင် ၊

၄၄ သေလွန်သူ သည် မိမိ ၏ ခြေ နှင့် လက်တို့ တွင် ပိတ်စ များ စည်းထား လျက် ၊ မျက်နှာ တွင် လည်းအဝတ် နှင့် ပတ်ရစ်ထား လျက် ထွက်လာလေ ၏။ ယေဇူး က လည်း သူ့ ကို ပိတ်စ များ ဖြေပေးကြ ၍ လွှတ်ပေး ကြလော့ဟု သူတို့အား မိန့် တော်မူ ၏။

၄၅ ထို့ကြောင့် မာရိယာ နှင့် အတူလိုက်လာခဲ့ ကြသော ဂျူးလူမျိုးတို့ သည် ကိုယ်တော် ပြု တော်မူ သောအမှုအရာ တို့ ကို မြင်ကြရ ၍ ကိုယ်တော့်ကို ယုံကြည်ကြ ၏။

scriptures